‘ အစာလည်းဆေး ဆေးလည်းအစာ ’ ဆိုတဲ့ မြန်မာစကားပုံအရ နေမကောင်းရင် ဘာစားရမလဲမေးခွန်း မေးလေ့ရှိပါတယ်။ ဖျားနာနေချိန်မှာ မှန်ကန်တဲ့ အစာရွေးချယ်မှုက အဓိက ကျပါတယ်။ အာဟာရ ပြည့်ဝသော အစားအစာများက နာလန်ထူဖို့ အထောက်အကူပြုတာမို့ အောက်ပါ အစားအစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။
(၁) ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ် သောက်ပေးခြင်းဟာ အအေးမိ ဖျားနာသူတွေအတွက် သင့်တော်သော အစာအစာဖြစ်ပြီး ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များ၊ ကယ်လိုရီဓာတ်များ၊ အသားဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကြက်စွပ်ပြုတ်မှာ ရေဓာတ်များ ပါဝင်တာကြောင့် ကိုယ်ခန္ဓာအတွက် လိုအပ်သော ရေဓာတ်ခမ်းခြောက်မှုကို ဖြည့်တင်းပေးပါတယ်။
ဖျားနာနေစဉ် ရေဓာတ်ပိုမိုလိုအပ်ပြီး ကြက်စွပ်ပြုတ်တွင် amino acid cysteine ပါဝင်တာကြောင့် ချွဲပျော်စေကာ ဗိုင်းရပ်စ်သေစေနိုင်သော၊ အရောင်ကျစေနိုင်သော ဓာတ်တိုးဆန့်ကျင်သော အစွမ်းရှိပါတယ်။ ကြက်စွပ်ပြုတ်တွင် အအေးမိနှာစေးခြင်းကို သက်သာစေနိုင်သော အစွမ်းရှိပါတယ်။
(၂) အရည်များ
ကြက်စွပ်ပြုတ်ကဲ့သို့ အားရှိသော အရည်များ သောက်သုံးခြင်းဖြင့် ရေဓာတ်ဖြည့်တင်းပေးပါတယ်။ အာဟာရှိသော အရည်များတွင် ကယ်လိုရီဓာတ်၊ ဗီတာမင်များ၊ သတ္တုဓာတ်များ ပါဝင်ပါတယ်။
(၃) ကြက်သွန်ဖြူ
ကြက်သွန်ဖြူ စားခြင်းဟာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။ ကြက်သွန်ဖြူတွင် ဗိုင်းရပ်စ်၊ ဘက်တီးရီယား၊ မှိုသေစေနိုင်သော အစွမ်းသတ္တိရှိပြီး ကိုယ်ခံအား ကောင်းစေပါတယ်။ ကြက်သွန်ဖြူ စားသုံးသောသူများတွင် အဖျားအနာ ကင်းစင်ကြောင်း တွေ့ရှိရပါတယ်။ ဖျားနာမှုကို အမြန်ဆုံး သက်သာ ပျောက်ကင်းစေပါတယ်။