fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ?

What is the temperature of the body to define a fever?
4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/08/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ကိုယ်အပူချိန်တိုင်းတဲ့ သာမိုမီတာလေးဆောင်ထားတယ် ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ?

ဒီမေးခွန်းကို အိမ်ရှင်မတိုင်းသိချင်ကြပါတယ်။ အိမ်မှာမိသားစုဝင်တစ်ယောက် နေမကောင်းဘူးဆိုတာနဲ့ ဖျားနေလား ပုံမှန်ကိုယ်အပူချိန်လား ဆုံးဖြတ်ရခက်ဒွိဟဖြစ်စေတဲ့ အချက်များလည်းကြုံတွေ့ရတတ်ပါတယ်။

ပုံမှန်ကိုယ်အပူချိန်ဟာ လူတစိယောက်ရဲ့ အသက်အရွယ်၊ ကျား/မ၊ လက်ရှိလူပ်ရှားမူအခြေအနေ စတဲ့အချက်တွေအပေါ်မူတည်ပါတယ်။

ပုံမှန်လူတစ်ယောက်ရဲ့အပူချိန်ဟာ 98.6°F ( 36°C) သတ်မှတ်ထားသော်လည်း တစ်ဦးနှင့်တစ်ဦး အနည်းငယ်တော့ကွာခြားတတ်ပါတယ်။

ကိုယ်အပူချိန်တိုင်းခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကို ကိရိယာထားတိုင်းသလဲဆိုတဲ့ အချက်ပေါ်မူတည်ပြီးလည်းကွဲပြားခြားနားပါတယ်။

ကိုယ်အပူချိန်ကိုသက်ရောက်စေတဲ့ အချက်တွေကတော့

– အသက်အရွယ်

– ကျား/မ

– တိုင်းတာတဲ့အချိန် (ပုံမှန်အားဖြင့် မနက်စောစောတွင် အပူချိန်သည်ကျနေတတ်ပြီး နေ့လည်ပိုင်းတွင်မြင့်နေတတ်ပါတယ်) ။

– လူပ်ရှားမူ

– အစာစားထားမှု၊ သောက်ထားမူ

– အမျိုးသမီးများရာသီလာချိန်

– တိုင်းသောနေရာ (ပါးစပ်၊ စအို၊ ချိုင်း) စတဲ့နေရာတွေက များစွာသက်ရောက်မူရှိပါတယ်။

 

(၁) လူကြီးတစ်ယောက်ရဲ့ ပုံမှန်ကိုယ်အပူချိန်

ပုံမှန်လူကြီးတစ်ယောက်ရဲ့ကိုယ်အပူချိန်ဟာ 97.6-99.6°F အတွင်းဖြစ်နိုင်ပါတယ်။လူကြီးတစ်ယောက် အဖျားရှိမရှိဆုံးဖြတ်ခြင်းဟာ ပုံမှန်အားဖြင့် အပူချိန်100.4°F အနည်းဆုံးရှိရပါမယ်။အပူချိန် 103.1°F ဆို အဖျားကြီးတယ်လို့ယူဆပြီး အပူချိန် 105.8°F ဆို စိုးရိမ်ရသော အခြေအနေဟု သတ်မှတ်ပါတယ်။

သုတေသနပြုချက်အရ အသက်ကြီးသူများဟာ ပုံမှန်အပူချိန်ကျတတ်ပြီး အာဖရိက-အမေရိကန် အမျိုးသမီးများကတော့ လူဖြူများထက်အပူချိန်များတတ်ပါတယ်။အချို့သောရောဂါရှိသူများဟာလည်း အပူချိန်အနည်းအများဖြစ်စေပါတယ်။သိုင်းရွိုက်ဟော်မုန်းနည်းသူများဟာ အပူချိန်ကျတတ်ပြီး ကင်ဆာရှိသူများကတော့ အပူချိန်မြင့်မားတတ်ပါတယ်။

 

(၂) ကလေးကြီးတစ်ယောက်ရဲ့ပုံမှန်ကိုယ်အပူချိန်

အသက် ၃နှစ်မှ၁၀ နှစ်ကလေးတစ်ယောက်ကို ပါးစပ်မှတိုင်းမယ်ဆို ပုံမှန်ကိုယ်အပူချိန်ဟာ 99.5_99.5°F အတွင်းရှိတတ်ပါတယ်။ကလေးရဲ့ကိုယ်အပူချိန်ဟာ လူကြီးအပူချိန်နှင့် တူညီပါတယ်။

 

(၃) ကလေးငယ်တစ်ယောက်ရဲ့ပုံမှန်ကိုယ်အပူချိန်

ကလေးငယ်တစ်ယောက်ရဲ့ပုံမှန်ကိုယ်အပူချိန်ဟာ လူကြီးပုံမှန်အပူချိန်ထက်မြင့်ပါတယ်။မွေးစမှအသက်၂နှစ်ကလေးငယ်ရဲ့ပုံမှန်စအိုမှတိုင်းသောအပူချိန်ဟာ 97.9-100.4°Fအတွင်းရှိတတ်ပါတယ်။သွားပေါက်စအချိန်မှာပိုပူတတ်ပါတယ်။မွေးစကလေးငယ်ရဲ့ပျမ်းမျှကိုယ်အပူချိန်ကတော့ 99.5°F ဖြစ်ပါတယ်။

ကလေးငယ်များရဲ့ ကိုယ်ခန္ဓာဇီဝဖြစ်ပျက်မူဟာမြန်ပြီး အပူများများထုတ်သောကြောင့်ဖြစ်ပါတယ်။

ကလေးငယ်တွေဟာ လူကြီးများနှင့်ယှဉ်လျှင် ကိုယ်အပူချိန်ကို မထိန်းညှိနိုင်ပါ။ဆိုလိုတာက အနွေးဓာတ်ရလျှင်ချွေးထွက်နည်းခြင်းကိုဆိုလိုပါတယ်။ဒါ့အပြင် ဖျားနေစဉ်အတွင်း ကိုယ်အပူချိန်မြင့်မားနေရာမှ ပုံမှန်အပူချိန်ရောက်ရန် ခက်ခဲကြာမြင့်တတ်ပါတယ်။

 

(၄) ဘယ်လိုအပူချိန်ဆို ဆေးခန်းပြသင့်လဲ?

လူတစ်ယောက်ရဲ့အသက်အရွယ်ပေါ်မူတည်ပြီး အရေးကြီးသောကိုယ်အပူချိန်ဆိုတာ ရှိပါတယ်။

လူကြီး

ရောဂါအခံမရှိသောလူတစ်ယောက်ဟာ အခြားထူးခြားသောလက္ခဏာများမရှိဘဲ အပူချိန် 100.4-104°Fအတွင်းဟာ နာတာရှည်အဖျားကြောင့်လို့ ယူဆမရပါ။သို့သော် နှလုံးရောဂါ။အဆုတ်ရောဂါရှိသောသူတွေမှာ အဖျားအနည်းငယ်တက်ရုံမျှပင် စိုးရိမ်စရာလို့ ယူဆနိုင်ပါတယ်။

ကိုယ်အပူချိန်အပြင်အခြားသော သတိမေ့ခြင်း၊ခေါင်းကိုက်ခြင်းနှင့်မောခြင်းစသော လက္ခဏာများရှိပါက ကိုယ်ပူချိန်ဟာ 104°F အထက်နှင့် 95°F အောက်ဖြစ်ခဲ့လျှင် နီးစပ်ရာဆရာဝန်နှင့်သေချာကုသမူခံယူပါ။ကိုယ်အပူချိန် 95°Fအောက် ကျနေခြင်းဟာ အထူးအန္တရာယ်ရှိသော အပူချိန်ပင်ဖြစ်ပါတယ်။

ကလေး

ကလေးငယ်အသက် ၃လမှ ၃နှစ်အတွင်းရှိ ကလေးငယ်များသည် အပူချိန်ရှိသော်လည်း 102.2°F မကျော်လျှင် သောက်ဆေးသောက်ရန် အမြဲမလိုအပ်ပါ။ 102.2°F ကျော်ခဲ့လျှင် သို့မဟုတ် အန်ခြင်း သို့မဟုတ် ဝမ်းလျောခြင်း၊ရေဓာတ်ခမ်းခြောက်ခြင်းစတဲ့အခြေအနေရှိပါက အမြန်ဆုံးကုသမူခံယူပါ။

မွေးစကလေးငယ်များ

မွေးစမှအသက်၃နှစ်အောက်ကလေးငယ်များဟာ စအိုမှအပူချိန်တိုင်းကြည့်ပြီး 100.4°F နှင့်အထက်ဖြစ်ခဲ့လျှင် အရေးပေါ်ကုသမူလိုအပ်ပါတယ်။ အလွန်ငယ်သောကလေးများတွင် ကိုယ်အပူချိန်အနည်းငယ်တက်လျှင်လည်း ပြင်းထန်သောရောဂါကူးစက်ခံနေရသည်ဟု ယူဆနိုင်ပါတယ်။

 

(၅) အသက်အရွယ်လိုက် ကိုယ်အပူချိန်တိုင်းနည်းများ

– မွေးစမှ၃လ အရွယ်သည် စအိုမှတိုင်းပါ။

– ၃လမှ၃နှစ်ကလေးငယ်သည် စအို၊ နားနှင့်ချိုင်းကြား မှတိုင်းပါ။

– ၄နှစ်မှ၅နှစ်ကလေးသည် ပါးစပ်၊ စအို၊ နားနှင့်ချိုင်းကြားမှတိုင်းပါ။

– ၅နှစ်အထက်သည် ပါးစပ်၊ နားနှင့် ချိုင်းကြားမှတိုင်းပါ။

 

မိမိအသုံးပြုသောသာမိုမီတာ အသုံးပြုနည်းကို သေချာဖတ်၍တိုင်းပါ။

ကလေးလူကြီးမရွေး ကိုယ်အပူချိန်ဟာ ပုံမှန်ထက်ပိုများနေရင်ဖြစ်ဖြစ် ပုံမှန်ထက်ပိုအေးစက်နေရင်ဖြစ်ဖြစ် အမြန်ဆုံး နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်ထိရောက်သောကုသမူခံယူသင့်ပါတယ်။

 

Author: Dr. Pyae Shin

Previous Post

မျက်လုံးတိမ်စွဲခြင်းက မျိုးရိုးလိုက်တတ်လား?

Next Post

ဆေးရုံသွားသင့်တဲ့ တုပ်ကွေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
823
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Flu that should go to the hospital

ဆေးရုံသွားသင့်တဲ့ တုပ်ကွေး

အဆီချပြီး အဆီမကျဖြစ်နေပြီလား?

Rainy season and flu

မိုးရာသီနဲ့ တုပ်ကွေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.