fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသည်းအဆီဖုံးခြင်းဆိုတာ

508
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/04/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အသည်းအဆီဖုံးတယ်ဆိုတာ အသည်းထဲမှာ အဆီတွေ ရှိနေတာကို ခေါ်တာပါ။ အသည်းအဆီဖုံးနေတဲ့အခါ အဆီဖုံးနေတဲ့ အသည်းရဲ့ ဧရိယာမှာရှိတဲ့ ဆဲလ်တွေ၊ တစ်ရှူးတွေဟာ တဖြည်းဖြည်း ပျက်စီးသွားပြီး ပုံမှန်လုပ်ငန်း မလုပ်နိုင်တော့ဘဲ ကြာလာရင် အသည်းခြောက်တာ၊ အသည်းကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

အသည်းအဆီဖုံးခြင်းမှာ အရက်ကြောင့် ဖြစ်သော အသည်းအဆီဖုံးခြင်းနဲ့ အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။

အသည်းအဆီဖုံးတဲ့အခါ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကတော့
• လက်ဖဝါးတွေ နီရဲနေတာ
• ယောကျ်ားတွေမှာ မိန်းကလေးတွေလို ရင်သားထွက်တာ
• ရေဖျဉ်းစွဲပြီး ဝမ်းဗိုက်ဖောင်းလာတာ
• ခန္ဓာကိုယ် အတွင်းအပြင် သွေးယိုစီးတာ (သွေးအန်၊သွေးဝမ်းသွားတာ၊ ထိခိုက်ဒဏ်ရာရရင် သွေးမတိတ်တာ)
• spleen ဘေလုံးကြီးတာ
• အပြုအမူနဲ့ သတိတွေ မူမမှန်တော့ဘဲ ကယောင်ကတမ်း ဖြစ်လာတာ
• အသည်းပျက်စီးသွားတာ အထိ ဖြစ်နိုင်ပါတယ်။

အရက်ကြောင့် အသည်းအဆီဖုံးရင် ရောဂါလက္ခဏာ ပြင်းထန်လေ့ရှိပြီး အထက်မှာ ဖော်ပြခဲ့တဲ့ အသည်းအဆီဖုံးခြင်း လက္ခဏာတွေအပြင် အသည်းရောင်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်တဲ့ အသားဝါ၊ ဆီးဝါတာ၊ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်း အောင့်တာ၊ ဖျားတာ အန်တာ တို့ပါ ဖြစ်နိုင်ပါတယ်။

အရက်ကြောင့် မဟုတ်ဘဲ အသည်းအဆီဖုံးတာမှာ ရိုးရိုးအသည်းအဆီဖုံးခြင်း (simple fatty liver) နဲ့ အသည်းဆဲလ်များ ရောင်ယမ်းပျက်စီးသော အသည်းအဆီဖုံးခြင်း ( non alcoholic steatohepatitis – NASH) ဆိုပြီး ၂မျိုး ရှိပါတယ်။ ရိုးရိုးအသည်းအဆီဖုံးရင် ပင်ပန်းနွမ်းနယ်နေယုံကလွဲလို့ လက္ခဏာကြီးကြီးမားမား မရှိတတ်ပါဘူး။ အသည်းဆဲလ်များ ရောင်ရမ်းပျက်စီးသော အသည်းအဆီဖုံးခြင်းမှာတော့ အထက်မှာ ပြောထားတဲ့ လက္ခဏာတွေအပြင် အသည်းခြောက်တာ၊ အသည်းကင်ဆာ ဖြစ်တာအထိ ဖြစ်နိုင်ခြေ ရှိပါတယ်။

ဘာကြောင့် အသည်းအဆီဖုံးရတာလဲ?

အရက်ကြောင့် အသည်းအဆီဖုံးတာဟာ အရက်အလွန်အကျွံသောက်တာ အပြင်
– နာတာရှည် အသည်းရောင်ပိုး ရှိတာ (အထူးသဖြင့် စီပိုး)
– အဝလွန်တာ
– အာဟာရချို့တဲ့တာ
– မျိုးရိုးဗီဇကြောင့် ဖြစ်တာ
– အသက်အရွယ် ရလာတာတွေကြောင့် အဖြစ်များပါတယ်။
အရက်ကြောင့်မဟုတ်ဘဲ အသည်းအဆီဖုံးတာကတော့ မျိုးရိုးဗီဇကြောင့်နဲ့အတူ
– နံပါတ် ၂ အမျိုးအစား ဆီးချိုရှိတာ
– သွေးထဲမှာ triglycerides နဲ့ LDL လို့ခေါ်တဲ့ အဆီတွေများနေပြီး HDL လို့ခေါ်တဲ့ အဆီတွေ နည်းနေတာ
– သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တာ
– Hypopitutarism လို့ခေါ်တဲ့ ပီကျူထရီဂလင်း အလုပ်မလုပ်တာ
– အဝလွန်တာ
– အာဟာရချို့တဲ့တာ
– ကိုယ်အလေးချိန် ရုတ်တရက် များစွာကျသွားတာ
– အသည်းအဆိပ်သင့်တာ (အသည်းကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာ၊ ဆေးတွေ၊ သစ်ရွက်သစ်ဖုမှ ဖော်စပ်ထားတဲ့ ဆေးတွေ အလွယ်တကူသောက်တာ) တွေ ပါဝင်ပါတယ်။
အသည်းအဆီဖုံးတာကို အမှတ်တမဲ့ ထားလိုက်ရင် နောက်ဆက်တွဲ အသည်းခြောက်တာနဲ့ အသည်းကင်ဆာထိ ဖြစ်နိုင်တာမို့ မပေါ့ဆသင့်တဲ့ အရာပါ။

အသည်းအဆီဖုံးရင် ဘာတွေလုပ်ရမလဲ?

• ကိုယ်အလေးချိန်ချပါ
• တစ်နေ့ကို နာရီဝက်မှ တစ်နာရီခန့်၊ တစ်ပတ်ကို ၅ ရက် လေ့ကျင့်ခန်းလုပ်ပါ
• အရက်ဖြတ်ပါ
• ဆီးချိုရှိနေရင် ထိန်းနိုင်ဖို့ ကြိုးစားပါ
• ကိုလက်စထရော လျှော့ပါ
• ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ နေကြာစေ့၊ ဗာဒံစေ့တို့လို အစေ့အဆံတွေ၊ omega 3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေ၊ ပင်လယ်ငါး၊ ကြက်သွန်ဖြူ၊ ထောပတ်သီး၊ ဘယ်ရီသီး၊ ပဲအမျိုးမျိုး၊ ဆီဆိုရင် သံလွင်ဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ canola oil တို့လို ဟင်းသီးဟင်းရွက်က ရတဲ့ဆီတွေ များများစားပါ။
• အနီရောင်အသားတွေ၊ ကလီစာတွေ၊ အသားတိုးကြက်၊ အဆီပြည့်နို့နဲ့ အဆီပြည့်ဒိန်ချဉ်တွေ၊ ဆီကြော်တွေ၊ အကင်တွေ၊ သကြား၊ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ ရယ်ဒီမိတ်အစားအစာတွေဟာ အသည်းအဆီဖုံးတာကို ပိုမိုဆိုးရွားစေလို့ ရှောင်ရပါမယ်။

အဆီဖုံးပြီးသား အသည်းရဲ့ဧရိယာတွေကတော့ ပုံမှန်လို ပြန်မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် အသည်းခြောက်၊ အသည်းကင်ဆာ မဖြစ်အောင်နဲ့ အဆီဖုံးတဲ့ အသည်းရဲ့ ဧရိယာတွေ ထပ်များမလာအောင် ကာကွယ်ဖို့ အခုပြောခဲ့တဲ့ အချက်တွေကို လိုက်နာဖို့ လိုပါလိမ့်မယ်။

Author: Dr.Yee Mon

Previous Post

အိပ်ရေးပျက်ခြင်းနှင့်ဝိတ်တက်ခြင်းအကြောင်း တစေ့တစောင်း

Next Post

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
822
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

အရက်မသောက်ဘဲ အသည်းရောဂါဖြစ်နိုင်လား?

အိပ်ရေးပျက်တာများတဲ့အခါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.