fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အရိုးအကြောနှင့် လေးဖက်နာ

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

knee pain Lifestyle mistakes that cause back pain
262
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/10/2023
in အရိုးအကြောနှင့် လေးဖက်နာ
1 min read
A A

ဒူးနာ၊ ခါးနာတယ်ဆိုတာ အသက်ကြီးတဲ့သူတွေမှာ ပိုအဖြစ်များပေမယ့် အသက်ငယ်တဲ့သူတွေမှာလည်း ခံစားရနိုင်တဲ့ ဝေဒနာတစ်ခုပါ။ ပစ္စည်းတွေကို ကြာရှည်သုံးတဲ့အခါ ပျက်စီးယိုယွင်းလာတတ်သလိုပဲ အမြဲတမ်းအသုံးပြုနေရတဲ့ ကျောရိုးဆစ်နဲ့ ဒူးဆစ်က ကူရှင်သဘောမျိုး လုပ်ဆောင်ပေးနေတဲ့ အရိုးနုလေးတွေဟာလည်း ပွန်းပဲ့ပျက်စီးလာတဲ့အတွက် ဒူးနာ၊ ခါးနာဝေဒနာတွေ ခံစားကြရတာ ဖြစ်ပါတယ်။

ခါးနာ၊ ဒူးနာတာဟာ ကျောရိုးနဲ့ ဒူးဆစ်ရိုးတွေကို ဒဏ်ဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုနေထိုင်မှုပုံစံအလွဲတွေက ဒူးနာ၊ ခါးနာခြင်းကို ဖြစ်စေသလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

1. ဒေါက်ဖိနပ်တွေ စီးလေ့ရှိတာ
ဒေါက်ဖိနပ်တွေက ကြွကြွရွရွနဲ့ လှပစေတာ သေချာသလို ခြေဖနောင့်နာကျင်ပြီး ဒူးနာ၊ ခါးနာစေမှာလည်း သေချာပါတယ်။ ဒေါက်ဖိနပ်ရဲ့ သဘောသဘာဝကိုက ခန္ဓာကိုယ်မျှခြေကို ထိန်းထားနိုင်ခြင်း မရှိတဲ့အတွက် ဒေါက်ဖိနပ်စီးထားပြီး ခြေဖျားထောက်ထားရတဲ့ ပုံစံနဲ့ နေရတာ အချိန်ကြာလာတာနဲ့အမျှ ကျောရိုးနဲ့ ဒူးဆစ်ရိုးတွေအပေါ် ဖိအားပိုမိုကျရောက်လာမှာပါ။ အဲဒီအခါ နောက်ဆက်တွဲ ဒူးနာ၊ ခါးနာခြင်းပါ ဖြစ်လာပါလိမ့်မယ်။

2. လှုပ်ရှားမှု မရှိတာ
အထိုင်များတဲ့သူတွေ၊ အလုပ်များတဲ့သူတွေမှာ ဖြစ်တဲ့ ပြဿနာကတော့ လှုပ်ရှားမှု မရှိတာပါပဲ။ လှုပ်ရှားမှုမရှိဘဲ ထိုင်တာဖြစ်ဖြစ်၊ ရပ်တာဖြစ်ဖြစ်၊ လဲလျောင်းတာဖြစ်ဖြစ် ခန္ဓာကိုယ်အနေအထားတစ်ခုမှာ ကြာရှည်နေတဲ့အခါ ကြွက်သားတွေ၊ အရိုးနုတွေနဲ့ အဆစ်တွေမှာ တင်းအားတွေ ဖြစ်ပေါ်လာသလို သွေးစီးဆင်းမှုလည်း နည်းသွားတဲ့အတွက် အရိုးအဆစ်တွေရဲ့ သန်မာမှုကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် သတိထားပြီး ၁၀-၁၅ မိနစ်တစ်ခါ ကိုယ်အနေအထားကို ပြောင်းဖို့ မမေ့ပါနဲ့။

3. နာကျင်နေတာကို ပေါ့ပေါ့တန်တန် သဘောထားတာ
ဒူးနာ၊ ခါးနာနေတာ၊ တင်းတောင့်နေတာ၊ ရောင်နေတာက ရက်သတ္တပတ်ထက် ကျော်လွန်တဲ့ထိ မသက်သာရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်နေပါပြီ။ ကောင်းသွားမယ်ထင်ပြီး နာကျင်နေတာကို ပေါ့ပေါ့တန်တန်သဘောထားရင် အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်ရတဲ့အဖြစ်မျိုး ရောက်သွားပါလိမ့်မယ်။

4. ကြွက်သားသန်မာတဲ့ လေ့ကျင့်ခန်းတွေ မလုပ်တာ
လေ့ကျင့်ခန်းတွေထဲမှာ အကြောလျော့လေ့ကျင့်ခန်းနဲ့ တွန်းကန်ရတဲ့ လေ့ကျင့်ခန်းတွေက အရိုးအဆစ်တွေနဲ့ အနီးတဝိုက်က ကြွက်သားတွေကို သန်မာစေပါတယ်။ ယောဂလေ့ကျင့်ခန်းတွေ၊ အလေးမလေ့ကျင့်ခန်းတွေနဲ့ နံရံကိုတွန်းကန်ရတဲ့ လေ့ကျင့်ခန်းတွေက ကျောရိုးနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေမို့ တစ်ပတ်မှာ မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်းလုပ်ဖို့ ဂရုပြုသင့်ပါတယ်။

5. လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာ
လေ့ကျင့်ခန်းဆိုတာ မလုပ်ရင် မကျန်းမာသလို အပြင်းအထန်လုပ်ရင်လည်း အရိုးအဆစ်တွေကို ဒဏ်ဖြစ်စေနိုင်ပါသေးတယ်။ လေ့ကျင့်ခန်းလုပ်ပြီးလို့ နာရီအနည်းငယ် ကြာတဲ့အထိ ခန္ဓာကိုယ်နဲ့ အရိုးအဆစ်တွေက နာကျင်ကိုက်ခဲနေပြီဆိုရင် လေ့ကျင့်ခန်းလုပ်တာက ပြင်းထန်နေပြီလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ဖြည်းဖြည်းမှန်မှန်နဲ့ ခန္ဓာကိုယ်ကို မထိခိုက်ရအောင် သတိထား စတင်သင့်ပါတယ်။

6. အိပ်ရေးဝအောင် မအိပ်တာ
အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေကို ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ သွေးထဲမှာ များပြားလာစေပါတယ်။ ဒါ့အပြင် အိပ်ရေးဝအောင် မအိပ်ရင် ကျောရိုးအာရုံကြောမနဲ့ ဦးနှောက်က နာကျင်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဆဲလ်တွေက မူမမှန်ဖြစ်လာပြီး ရောင်ရမ်းနာကျင်မှုတွေကို ပိုခံစားရနိုင်ပါတယ်။

7. ဆေးလိပ်သောက်တာ
ဆေးလိပ်နဲ့ ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်းဓာတ်က အရိုးအဆစ်တွေ အထူးသဖြင့် ကျောရိုးဆီကို စီးဆင်းတဲ့ သွေးကြောငယ်လေးတွေကို ကျဥ်းစေ၊ ပိတ်ဆို့စေပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲသူတွေဟာ အသက် ၃၀ ဝန်းကျင်ခန့်တည်းက ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ်တွေနာကျင်တဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။

8. ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီ လုံလောက်အောင် မမှီဝဲတာ
အရိုးအဆစ်တွေ သန်မာဖို့ အရေးအကြီးဆုံးဓာတ်တွေက ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီပါ။ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ပဲနို့၊ ပဲပိစပ်ပဲ၊ ဗာဒံစေ့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက် စတာတွေမှာ ကယ်လ်ဆီယမ်ကြွယ်ဝပြီး ဆယ်လ်မွန်ငါးလို အဆီများတဲ့ ငါးတွေ၊ အုတ်ဂျူံနဲ့ အစေ့အဆန်တွေမှာ ဗိုက်တာမင်ဒီ ကြွယ်ဝပါတယ်။ နေရောင်ခြည်ခံတာကလည်း ဗိုက်တာမင်ဒီ ရစေတာမို့ မနက်ခင်း ၁၀ နာရီမတိုင်ခင် နေရောင်ခြည်နွေးနွေးလေးကို ခံယူသင့်ပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီ မလုံလောက်ခဲ့ရင် ဖြည်စွက်စာအားဆေးတွေကိုလည်း မှီဝဲလို့ ရပါတယ်။

9. ကိုယ်အလေးချိန် တက်လာတာ
ဝခြင်းရဲ့ ဆိုးကျိုးတွေထဲမှာ ဒူးနာ၊ ခါးနာတာကလည်း တစ်ခုအပါအဝင်ပါ။ ကိုယ်အလေးချိန်တက်လာတာနဲ့အမျှ ကိုယ်အလေးချိန်ကို သယ်ယူထားရတဲ့ ကျောရိုးနဲ့ ဒူးဆစ်ရိုးတွေက ဒဏ်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဖက်ထားလို့ရတာကလွဲပြီး ဘာမှကောင်းကျိုးမပေးတဲ့ ဝတာကို ကျေနပ်မနေဘဲ ကိုယ်အလေးချိန်လျှော့ဖို့ စဥ်းစားသင့်ပါတယ်။

10. ကျောပိုးအိတ်နဲ့ ပိုက်ဆံအိတ် အလေးကြီးတွေ သယ်လေ့ရှိတာ
ခေတ်ရဲ့ဆိုးကျိုးတွေထဲမှာ ကျောပိုးအိတ်အလေးကြီးတွေ နေ့စဥ် သယ်ရတဲ့ကလေးတွေလည်း ပါဝင်ပါတယ်။ နုနယ်လှတဲ့ ကျောရိုးဆစ်လေးတွေဟာ စာအုပ်များစွာ ပါဝင်တဲ့ ကျောပိုးအိတ်အလေးကြီးတွေကြောင့် ထိခိုက်လာပြီး ကလေးတွေမှာ ကျောရိုးမူမမှန်တာ၊ ခါးနာတာတွေ ဖြစ်လာရပါတယ်။ တိုလီမုတ်စ ပစ္စည်းပေါင်းသောင်းခြောက်ထောင်ပါဝင်တဲ့ ဘေးလွယ်အိတ်တွေ လွယ်တတ်တဲ့ အမျိုးသမီးတွေမှာလည်း ခါးနာခြင်းဝေဒနာ ခံစားရတတ်ပါတယ်။

နာကျင်ခြင်းဝေဒနာကို ခံစားချင်တဲ့သူရယ်လို့တော့ ဘယ်သူမှ မရှိပါဘူး။ ဒါပေမယ့် အခုဖော်ပြခဲ့တဲ့ နေထိုင်မှုပုံစံအလွဲတွေကို ဆက်လက်ကျင့်သုံးနေမယ်ဆိုရင်တော့ ဒူးနာ၊ ခါးနာခြင်း ဝေဒနာနဲ့ အတူယှဥ်တွဲ နေထိုင်ရတဲ့ဘဝကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် သတိထားဆင်ခြင် ပြုပြင်ခြင်းဖြင့် ကြံ့ခိုင်သန်မာတဲ့ အရိုးအဆစ်တွေကို ပိုင်ဆိုင်လိုက်ကြရအောင်။

Author: Dr.Yee Mon

Previous Post

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

Next Post

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

သတိထားသင့်တဲ့ လေးဘက်နာရောဂါအမျိုးမျိုး

1 year ago
2.3k
Arthritis should not be neglected

မပေါ့ဆသင့်တဲ့ အဆစ်ရောင်ရောဂါ

1 year ago
382
Winter and arthritis

ဆောင်းရာသီနှင့်အဆစ်ရောင်ရောဂါ

1 year ago
179
Age and bone health

1 year ago
101
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

2 years ago
294

အရိုးပွ၊ အရိုးပါးရောဂါကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ

2 years ago
230

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.