fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

About common diseases of men over 50
1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/11/2023
in အမျိုးသားကျန်းမာရေး
1 min read
A A

ခန္ဓာရှိရင် ဝေဒနာရှိပါတယ်။ အနှစ် ၅၀ လောက် အသုံးပြုပြီးသား ခန္ဓာဆိုရင် ဝေဒနာတွေ ပိုလို့တောင် စုံနိုင်ပါတယ်။ ဒါကြောင့် အသက် ၅၀ ကျော် အမျိုးသားတွေမှာ ဘယ်လို ရောဂါတွေ ဖြစ်လေ့ဖြစ်ထရှိသလဲ၊ ဘာတွေ သတိထားသင့်သလဲ ဆိုတာကို ပြောပြမယ်နော်။

ဆီးကျိတ်နဲ့ဆိုင်တဲ့ ပြဿနာများ

အသက် ၅၀ ကျော် အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ပြဿနာတွေက ဆီးကျိတ်ကင်ဆာနဲ့ benign prostatic hyperplasia (BPH) လို့ခေါ်တဲ့ ဆီးကျိတ်ကြီးခြင်းတွေ ဖြစ်ပါတယ်။ ဆီးကျိတ်ဟာ ဆီးအိမ်နဲ့ လိင်တံအနီးမှာ တည်ရှိပြီး ဆီးအိမ်ကနေ အောက်ကိုဆင်းလာတဲ့ ဆီးလမ်းကြောင်း (urethra) ရဲ့ အပေါ်ပိုင်းကို ရစ်ပတ်လျက် ရှိတဲ့ သစ်ကြားသီးအရွယ်ခန့် ဂလင်းတစ်ခု ဖြစ်ပြီး ဆီးကျိတ်မှာ ပြဿနာတစ်ခုခု ရှိတဲ့အခါ ဆီးသွားခြင်းနဲ့ လိင်ဆက်ဆံခြင်းတွေ အပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။

ဆီးကျိတ်ကင်ဆာနဲ့ ဆီးကျိတ်ကြီးခြင်း နှစ်မျိုးလုံးဟာ ဆီးသွားရခက်ခြင်း၊ ဆီးသွားရင် နာကျင်ခြင်း၊ မကြာခဏ ဆီးသွားချင်ခြင်း၊ ဆီးအရှိန်လျော့လာခြင်း၊ ဆီးကျန်သလို ခံစားရခြင်းတွေ ခံစားရနိုင်ပြီး ဆီးကျိတ်ကင်ဆာဖြစ်ရင် ဆီးသွားချိန် သို့မဟုတ် သုတ်လွှတ်ချိန်မှာ သွေးပါခြင်း၊ ခါးနဲ့ တင်ပဆုံပိုင်း နာကျင်ခြင်းတွေပါ ခံစားရနိုင်ပါတယ်။

ဆီးကျိတ်ရောဂါတွေကို သိနိုင်ဖို့အတွက် အသက် ၅၀ ကျော် အမျိုးသားတွေဟာ PSA test (Prostate Specific Antigen) ကို စစ်ဖို့ လိုအပ်ပါတယ်။ သွေးထဲမှာ PSA တွေ များနေလေလေ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေများလေလေ ဖြစ်ပြီး ဆီးကျိတ်ကြီးနေရင်လည်း PSA တွေ များနေနိုင်ပါတယ်။

ဆီးအိမ်ကင်ဆာ

ဆီးမထိန်းနိုင်တာ၊ မကြာခဏ ဆီးသွားချင်တာ၊ ဆီးသွားရင် သွေးပါတာ၊ ဆီးကျန်တာ စတဲ့ လက္ခဏာတွေ ခံစားရတတ်တဲ့ နောက်ရောဂါတစ်ခုက ဆီးအိမ်ကင်ဆာပါ။ ဆီးအိမ်ကင်ဆာဟာ အမျိုးသားတွေမှာ ၄ ခုမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ဆေးလိပ်သောက်တဲ့သူတွေ၊ ဆိုးဆေး၊ သားရေနဲ့ ရာဘာစက်ရုံတွေမှာ အလုပ်လုပ်သူတွေမှာ ပိုအဖြစ်များနိုင်ပါတယ်။

ဝှေးစေ့နဲ့ဆိုင်တဲ့ ပြဿနာများ

အမျိုးသားတွေဟာ ဘယ်အရွယ်မှာပဲဖြစ်ဖြစ် ဝှေးစေ့မှာ မူမမှန်တဲ့ အလုံးအကျိတ်တွေ ရှိနေသလားဆိုတာကို စမ်းသပ်ကြည့်သင့်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တာက ဝှေးစေ့ပတ်လည်မှာ အရည်တွေစုလာတတ်တဲ့ ရေမုတ်ရောဂါဖြစ်ပြီး ခွဲစိတ်ကုသမှ ပျောက်ကင်းနိုင်ပါတယ်။

ပန်းသေပန်းညှိုးရောဂါကတော့ အသက် ၄၀ ကျော်လာရင် ပိုအဖြစ်များပြီး အသက် ၆၅ နှစ်ကျော် အမျိုးသားတွေရဲ့ ၂၅% က ပန်းသေပန်းညှိုးရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။ ဆီးချို၊ ကျောက်ကပ်ရောဂါနဲ့ နှလုံးရောဂါ ရှိသူတွေ၊ အရက်စွဲသောက်တတ်သူတွေမှာ ပန်းသေပန်းညှိုး ပိုဖြစ်နိုင်ပါတယ်။

သွေးတိုးနှင့် နှလုံးရောဂါများ

သွေးတိုး၊ နှလုံး၊ အမျိုးအစား (၂) ဆီးချိုစတဲ့ရောဂါတွေကလည်း အသက်ကြီးရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။ သုနေသနတွေအရ အမျိုးသား ၅ ယောက်မှာ ၁ ယောက်နှုန်းဟာ အသက် ၇၅ နှစ်မတိုင်ခင် နှလုံးရောဂါတွေကြောင့် သေဆုံးနေရတယ်လို့ သိရပါတယ်။ ဆေးလိပ်သောက်သူ၊ အထိုင်များပြီး လှုပ်ရှားမှုမရှိသူ၊ သွေးတွင်းအဆီများသူ၊ အဝလွန်သူ၊ မိသားစုမျိုးရိုးထဲမှာ သွေးတိုးနှလုံးရောဂါ ရာဇဝင်ရှိသူတွေမှာ အဖြစ်များပြီး ကုသမှု သေချာမခံယူရင် ဦးနှောက်သွေးကြောပြတ်တာ၊ လေဖြတ်တာ၊ နှလုံးအမောဖောက်ပြီး နှလုံးပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။

အမျိုးသားသွေးဆုံးကိုင် ပြဿနာများ

အမျိုးသမီးတွေမှာ သွေးဆုံးချိန်ရှိသလို အမျိုးသားတွေမှာလည်း testosterone ဟော်မုန်းတွေ ထုတ်လုပ်မှု လျော့နည်းသွားတဲ့ကာလကို သွေးဆုံးတယ်လို့ ပြောလေ့ရှိပါတယ်။ အသက် ၄၀ ကျော်ခန့်က စပြီး သွေးဆုံးကိုင်လက္ခဏာတွေ ဖြစ်တဲ့
• လိင်စိတ်ဆန္ဒ နည်းပါးခြင်း
• လိင်တံမထောင်မတ်နိုင်ခြင်း
• အားအင်ကုန်ခမ်းနေသလို ခံစားရခြင်း
• ဝိတ်တက်လာခြင်း၊ ဗိုက်ရွှဲလာခြင်း
• အာရုံစူးစိုက်နိုင်မှု နည်းလာခြင်း
• စိတ်အတက်အကျမြန်ခြင်း၊ စိတ်တိုလွယ်ခြင်း
• စိတ်ဓာတ်ကျခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ လိုအပ်ရင် testosterone ဟော်မုန်း အစားထိုးကုသမှု ခံယူနိုင်ပါတယ်။

အသက် ၅၀ ကျော်တွေမှာ အိမ်ထောင်ရေးပြဿနာတွေ၊ စီးပွားရေးပြဿနာတွေကြောင့် စိတ်ပိုင်းဆိုင်ရာရောဂါတွေလည်း အဖြစ်များနိုင်ပါတယ်။

အခုဖော်ပြခဲ့တဲ့ ရောဂါတွေ မဖြစ်ရအောင် အာဟာရဖြစ်ပြီး ကျန်းမာစေတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ အစေ့အဆံတွေ စားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ စိတ်ဖိစီးမှု လျော့နည်းအောင် နေခြင်း၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ပါဝင်တဲ့ ဖြည့်စွက်စာအားဆေး သောက်ခြင်းတို့ဖြင့် ကာကွယ်လျှော့ချနိုင်ပါတယ်။

Author: Dr.Yee Mon

Previous Post

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

Next Post

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
745
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
633

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
992

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ဘယ်လိုလူတွေမှာ ဆီးကျိတ်ရောဂါအဖြစ်များလဲ?

2 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

Age and bone health

About heart health and magnesium

နှလုံးကျန်းမာရေးနှင့်မဂ္ဂနီဆီယမ်ဓာတ်အကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.