fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အရိုးအကြောနှင့် လေးဖက်နာ

မပေါ့ဆသင့်တဲ့ အဆစ်ရောင်ရောဂါ

Arthritis should not be neglected
414
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/02/2024
in အရိုးအကြောနှင့် လေးဖက်နာ
1 min read
A A

အဆစ်အမြစ်တွေ ရောင်တာက အတော်ကို ခံစားရခက်တဲ့ ဝေဒနာ ဖြစ်ပါတယ်။ နေ့စဥ် လူမှုဘဝ လှုပ်ရှားမှုတွေကိုတောင် ပုံမှန် မလုပ်နိုင်တော့လောက်အောင် နာကျင်ကိုက်ခဲ နေလေ့ရှိပါတယ်။

ဘာ့ကြောင့် အဆစ်ရောင်တာလဲ?

အရိုးတွေရဲ့အဆုံး၊ အရိုးတစ်ခုနဲ့တစ်ခု ဆက်စပ်တဲ့ နေရာမှာ ကူရှင်သဘောမျိုး ခံထားတဲ့ အရိုးနု (cartilage) လေးတွေနဲ့ ချောဆီအရည် (sinovial fluid) ရှိတတ်ပြီး အရိုးအဆစ်တွေ လွယ်ကူချောမွေ့စွာ လှုပ်ရှားနိုင်အောင် ကူညီပေးပါတယ်။အဲဒီအရိုးနုလေးတွေ ထိခိုက်ပျက်စီးသွားတဲ့အတွက် အဆစ်ရောင်ရောဂါ ဖြစ်လာတာပါ။

ဘယ်လိုလူတွေမှာ အဆစ်ရောင်ရောဂါ အဖြစ်များသလဲ?

*အဆစ်မှာ ထိခိုက်ဒဏ်ရာရဖူးပြီး သို့မဟုတ် ခွဲစိတ်ကုသမှု ခံယူပြီးနောက် လုံလောက်စွာ အနားမယူသူ

*လေးဘက်နာရောဂါ၊ ဂေါက်ရောဂါ ရှိသူ

*အသက်အရွယ်ကြီးသူ

*အဝလွန်သူနဲ့ (ဝိတ်ကို ထမ်းထားရတဲ့ တင်ပဆုံ၊ ဒူးဆစ်တို့မှာ အဖြစ်များပါတယ်)

*အမျိုးသမီးတွေမှာ (သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ ဟော်မုန်းလျော့နည်းသွားမှုကြောင့် အရိုးပါးအရိုးပွ လာတတ်ပါတယ်) အဆစ်ရောင်ရောဂါ ပိုပြီး အဖြစ်များပါတယ်။

ရောဂါလက္ခဏာအနေနဲ့…

*အဆစ်က နာနေတာ
*အဆစ်ခိုင်နေတာ
*လှုပ်ရှားရခက်တာတွေ ခံစားရတတ်ပြီး ပိုမိုဆိုးဝါးလာတဲ့အခါ
*အဆစ်ရောင်ရမ်းလာတာ
*တင်းလာတာ
*လှုပ်ရှားလိုက်တိုင်း အဆစ်ထဲက တခွပ်ခွပ် အသံမြည်နေတာမျိုး ခံစားရတတ်ပါတယ်။
အဆစ်ရောင်ရောဂါဟာ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါမဟုတ်ပါဘူး။ ဒါပေမယ့် အနေအထိုင်ဆင်ခြင်ပြီး ကုသမှု သေချာခံယူရင် ရောဂါလက္ခဏာတွေ လျော့ပါးသက်သာပြီး လူကောင်းနီးပါး နေထိုင်နိုင်ပါတယ်။

သက်သာအောင် ဘာတွေ လုပ်ရမလဲ?

*လေ့ကျင့်ခန်း ပုံမှန်လုပ်တာ
*အဝလွန်နေရင် ဝိတ်ချတာ
*အနာသက်သာစေရန် ထုတ်လုပ်ထားတဲ့ ဒူးစွပ်၊ ခြေစွပ်တွေ ဝတ်တာ
*အကိုက်အခဲပျောက်ဆေး သောက်တာ (ရေရှည်စွဲသောက်ရင် အစာအိမ်ထိခိုက်နိုင်ပါတယ်) တွေက အဆစ်ရောင်ရောဂါကို အနည်းနဲ့အများ သက်သာစေပါတယ်။

ဒါ့အပြင် အရိုးအဆစ်နဲ့ အရွတ်တွေ ကျန်းမာစေတဲ့ ကယ်လ်ဆီယမ်၊ ဗိုက်တာမင် D၊ type 2 collagen နဲ့ hyaluronic acid ပါတဲ့ အစားအစာတွေ စားတာ သို့မဟုတ် ဖြည့်စွက်စာအားဆေးတွေ သောက်သုံးတာက အဆစ်ရောင်ရောဂါကို သက်သာစေသလို အဆစ်ရောင်ရောဂါ မဖြစ်ရအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

အဆစ်ရောင်တာက သေစေနိုင်လောက်တဲ့ ရောဂါကြီး မဟုတ်ပေမယ့်လည်း ဝေဒနာခံစားရတဲ့အခါ သေချင်လောက်အောင် စိတ်ညစ်ရတဲ့ ရောဂါဖြစ်ပါတယ်။ ဒါ့ကြောင့် မပေါ့ဆဘဲ မိမိရဲ့ အရိုးအဆစ်လေးတွေကို တန်ဖိုးထားကာကွယ်နိုင်ကြပါစေ။

Author : Dr.Yee Mon

Previous Post

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

Next Post

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

သတိထားသင့်တဲ့ လေးဘက်နာရောဂါအမျိုးမျိုး

1 year ago
2.7k
Winter and arthritis

ဆောင်းရာသီနှင့်အဆစ်ရောင်ရောဂါ

1 year ago
181
Age and bone health

2 years ago
101
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

2 years ago
267
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

2 years ago
300

အရိုးပွ၊ အရိုးပါးရောဂါကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ

2 years ago
237

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

သတိထားသင့်တဲ့ လေးဘက်နာရောဂါအမျိုးမျိုး

နွေရာသီနှင့်မိတ်ပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.