fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

About liposuction, which is becoming popular
524
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/05/2024
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

လှချင်ပေမယ့် လေ့ကျင့်ခန်းကလည်း မလုပ်ချင်၊ အစားကလည်း မလျှော့နိုင်၊ ပိန်ဆေးတွေလည်း မသောက်ရဲကြတဲ့ သူတွေဟာ liposuction လို့ခေါ်တဲ့ အဆီတွေ စုပ်ထုတ်ပေးတဲ့ ကုသမှုမျိုးကို အသုံးပြုလာကြပါတယ်။

ဒါဆို အဆီတွေ စုပ်ထုတ်တာကရော အန္တရာယ်ကင်းရဲ့လား၊ ဘာဆိုးကျိုးတွေ ဖြစ်စေနိုင်သလဲ ဆိုတာက စိတ်ဝင်စားစရာပါ။

အဆီစုပ်ထုတ်တယ်ဆိုတာ တကယ်တော့ အလှအပပြုပြင်ခြင်း တမျိုးပါပဲ။ အများအားဖြင့် ဗိုက်၊ ခါး၊ ပေါင်၊ တင်ပါး စတဲ့နေရာတွေမှာ စုနေတဲ့ အဆီတွေကို စုပ်ထုတ်ပြီး လှပသွယ်လျတဲ့ ခန္ဓာကိုယ်ကောင်းကြောင်းလေး ပေါ်လွင်အောင် လုပ်ကြတာ ဖြစ်ပါတယ်။

အဆီကို ဘယ်လို စုပ်ထုတ်သလဲ?

အဆီစုပ်ထုတ်တာက ငွေကုန်ကြေးကျများတဲ့ ကုသမှုဖြစ်ကာ အများအားဖြင့် မေ့ဆေးပေးပြီး ပြုလုပ်လေ့ရှိပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း တင်ပါး၊ ပေါင်စတဲ့ နေရာတွေ ဆိုရင်တော့ ခါးရိုးထုံဆေးထိုးပြီး လုပ်လည်းရပါတယ်။

အဆီထုတ်မယ့် နေရာကို မှတ်သားပြီး သွေးထွက်နည်းစေမယ့် ဆေးတွေ ထိုးပြီးတဲ့အခါ high-frequency vibrations သို့မဟုတ် weak laser pulse သို့မဟုတ် high-pressure water jet တွေသုံးပြီး အဆီတွေကို အရင်ချေပါတယ်။ ပြီးရင် ဓားရာပေးပြီး အဆီတွေကို စုပ်ထုတ်ပါတယ်။ သွေးနဲ့တခြားအရည်တွေကိုပါ ကုန်စင်အောင် လုပ်ပြီးရင် ဓားရာကို ပြန်ချုပ်ပြီး ပတ်တီးစည်းပါတယ်။ ။ ကုသချိန်ဟာ ၂ နာရီကနေ ၃ နာရီခန့် ကြာမြင့်တတ်ပါတယ်။ ခွဲစိတ်တဲ့နေ့ ဆေးရုံမှာ တညအိပ်ပြီး နောက်နေ့ ဆင်းလို့ ရပါတယ်။

ကုသမှုပြီးတဲ့နောက် ခါးစည်းကို ရက်သတ္တပတ် အနည်းငယ်ခန့် စည်းထားဖို့ လိုအပ်နိုင်ပါတယ်။ ဒဏ်ရာတွေ ပိုးမဝင်အောင် ပိုးသတ်ဆေးသောက်ဖို့ လိုအပ်ပါလိမ့်မယ်။ ၁၀ပတ်ကနေ ၁၂ပတ်ခန့် ပြင်းထန်တဲ့ လုပ်ရှားမှုတွေ မလုပ်ရပါဘူး။

ဘာဆိုးကျိုးတွေ ဖြစ်နိုင်သလဲ?

ခွဲစိတ်ပြီးနောက်…
• ညိုမဲရောင်ရမ်းတာ (၆လခန့်ထိ ကြာနိုင်ပါတယ်)
• ထုံကျဥ်တာ (၁လခွဲ ၂လခန့် ကြာနိုင်ပါတယ်)
• အမာရွတ်ကျန်တာ
• ဒဏ်ရာကနေ အရည်တွေထွက်လာတာ
• ဒဏ်ရာက သွေးထွက်လာတာ
• အနာကောင်းကောင်း မကျက်တာ
• ခြေထောက်မှာ ခွဲရတဲ့အခါ ခြေချင်းဝတ်တွေ ဖောယောင်နေတာ
• ခွဲထားတဲ့ နေရာမှာ အသားအရောင် ပြောင်းသွားတာ
• အနာပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။

ခွဲစိတ်နေစဥ်အတွင်းမှာ…
• မေ့ဆေးထုံဆေး ဓာတ်မတည့်တာ
• သွေးထွက်လွန်တာ
• အနီးနားက တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်မိတာ
• သွေးပြန်ကြောထဲမှာ သွေးခဲဖြစ်ပြီး နှလုံးမှာ ရုတ်တရက် ပိတ်ဆို့သွားတာ (pulmonary embolism) စတဲ့ အန္တရာယ်တွေလည်း ကြုံတွေ့နိုင်ခြေ ရှိပါတယ်။

အဆီစုပ်ထုတ်ခြင်း လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီးရင် ကိုယ့်ကိုခွဲပေးမယ့် ဆရာဝန်က…
• အရင်က liposuction ဘယ်နှခါ လုပ်ပေးဖူးပြီလဲ
• အရင်လူနာတွေရဲ့ ကျေနပ်မှု ရှိမရှိ
• တကယ်ကျွမ်းကျင်မှု ရှိတာ ဟုတ်ရဲ့လား စတဲ့ အချက်တွေကို သေချာစုံစမ်းသင့်သလို မခွဲခင်မှာ ဆရာဝန်နဲ့ သေချာဆွေးနွေးသင့်ပါတယ်။

အဆီစုပ်ထုတ်တာကို လုပ်သင့်၊ မလုပ်သင့်ဆိုတာထက် အန္တရာယ်ကင်းတဲ့ ကုသမှု ဖြစ်ဖို့တော့ လိုပါတယ်။ အဆီတွေ စုပ်ထုတ်ပြီးရင်လည်း စားချင်တိုင်းစားပြီး ကိုယ်လက်လှုပ်ရှားမှု မရှိရင်တော့ နောက်ထပ် နောက်ထပ် အဆီတွေ စုလာလိမ့်ဦးမှာဖြစ်လို့ ကျန်းမာသောစားသောက်နေထိုင်မှုပုံစံက အဓိကကျတယ်ဆိုတာ မမေ့ပါနဲ့နော်။

Author: Dr.Yee Mon

Previous Post

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
784

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.4k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k
The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

2 years ago
1.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.