(Zawgyi)
အေမ ေမြးစဥ္က ပုလဲတစ္လုံး ႐ြဲတစ္လုံးသဖြယ္ စီစီညီညီ ျဖဴျဖဴေသာ သြားေတြသည္ အ႐ြယ္ေရာက္ေတာ့ အရင္လို မျဖဴဘဲ သြားေတြက အစြန္းအထင္းမ်ားနဲ႔ ျဖစ္ေနတဲ့ လူေတြ ဇီဝကတို႔ ပတ္ဝန္းက်င္မွာ ေတြ႕ဖူးၾကမွာပါ ။
ဘာေၾကာင့္ သြားေတြမွာ အစြန္းအထင္း ျဖစ္သလဲ ။
-သြားေႂကြလႊာေတြ မေကာင္းေတာ့လို႔
-သြားေရာဂါမ်ား
-တခ်ိဳ႕ေသာ ပိုးသတ္ေဆးမ်ား (တက္ထရာဆိုင္ကလင္း စတဲ့)
-tannin ပါေသာ လက္ဖက္ရည္ ၊ေကာ္ဖီ ၊ကိုလာမ်ား
-ကြမ္း ၊ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီးမ်ား
-တခ်ိဳ႕ေသာ သြားနဲ႔ခံတြင္း ေရာဂါပိုးမ်ား
ဘယ္လို ကုသ ကာကြယ္ၾကမလဲ ။
ဘာေၾကာင့္ျဖစ္တာလဲ ဆိုတာ အေၾကာင္းအရင္း ရွာဖို႔လိုမယ္ ။သြားေရာဂါမ်ား ၊သြားနဲ႔ ခံတြင္းေရာဂါပိုးမ်ား ၊သြားေႂကြလႊာမေကာင္းတဲ့အခါ သြားဆရာဝန္နဲ႔ ျပသဖို႔ လိုတယ္ ။သြားဆရာဝန္က ေရာဂါအလိုက္ ကုေပးပါလိမ့္မယ္ ။ဥပမာ-သြားေခ်းခြၽတ္တာ ၊အေရာင္တင္တာ စသျဖင့္ ကုသမႈေပးပါလိမ့္မယ္ ။
က်န္တဲ့ အေျခအေနမ်ားမွာေတာ့ ေအာက္ပါအတိုင္း ကာကြယ္ပါ ။
-လက္ဖက္ရည္ ၊ေကာ္ဖီ ၊ကိုလာ ေရွာင္ပါ ။ေလ်ာ့ေသာက္ပါ ။
-အခ်ိဳဓာတ္မ်ားတာေတြ ေလ်ာ့စားပါ ။
-တစ္ခုခု စားေသာက္ၿပီးတိုင္း ေရျဖင့္ အာလုတ္က်င္းပါ ။
-တစ္ေန႔ ၂ႀကိမ္ အနည္းဆုံး သြားကို စနစ္တက် တိုက္ပါ ။
-ႂကြပ္ဆတ္တဲ့ အစားအေသာက္ေတြျဖစ္တဲ့ ပန္းသီး ၊သစ္ေတာ္သီးမ်ား စားျခင္းျဖင့္
သြားမွာ ကပ္ၿငိေနတဲ့ စားႂကြင္းစားက်န္မ်ားကို ပြတ္တိုက္ ဖယ္ရွားေပးပါတယ္ ။
Author: ေခတ္သစ္ ဇီဝက
(Unicode)
အမေ မွေးစဉ်က ပုလဲတစ်လုံး ရွဲတစ်လုံးသဖွယ် စီစီညီညီ ဖြူဖြူသော သွားတွေသည် အရွယ်ရောက်တော့ အရင်လို မဖြူဘဲ သွားတွေက အစွန်းအထင်းများနဲ့ ဖြစ်နေတဲ့ လူတွေ ဇီဝကတို့ ပတ်ဝန်းကျင်မှာ တွေ့ဖူးကြမှာပါ ။
ဘာကြောင့် သွားတွေမှာ အစွန်းအထင်း ဖြစ်သလဲ ။
-သွားကြွေလွှာတွေ မကောင်းတော့လို့
-သွားရောဂါများ
-တချို့သော ပိုးသတ်ဆေးများ (တက်ထရာဆိုင်ကလင်း စတဲ့)
-tannin ပါသော လက်ဖက်ရည် ၊ကော်ဖီ ၊ကိုလာများ
-ကွမ်း ၊ဆေးလိပ်နဲ့ ဆေးရွက်ကြီးများ
-တချို့သော သွားနဲ့ခံတွင်း ရောဂါပိုးများ
ဘယ်လို ကုသ ကာကွယ်ကြမလဲ ။
ဘာကြောင့်ဖြစ်တာလဲ ဆိုတာ အကြောင်းအရင်း ရှာဖို့လိုမယ် ။သွားရောဂါများ ၊သွားနဲ့ ခံတွင်းရောဂါပိုးများ ၊သွားကြွေလွှာမကောင်းတဲ့အခါ သွားဆရာဝန်နဲ့ ပြသဖို့ လိုတယ် ။သွားဆရာဝန်က ရောဂါအလိုက် ကုပေးပါလိမ့်မယ် ။ဥပမာ-သွားချေးချွတ်တာ ၊အရောင်တင်တာ စသဖြင့် ကုသမှုပေးပါလိမ့်မယ် ။
ကျန်တဲ့ အခြေအနေများမှာတော့ အောက်ပါအတိုင်း ကာကွယ်ပါ ။
-လက်ဖက်ရည် ၊ကော်ဖီ ၊ကိုလာ ရှောင်ပါ ။လျော့သောက်ပါ ။
-အချိုဓာတ်များတာတွေ လျော့စားပါ ။
-တစ်ခုခု စားသောက်ပြီးတိုင်း ရေဖြင့် အာလုတ်ကျင်းပါ ။
-တစ်နေ့ ၂ကြိမ် အနည်းဆုံး သွားကို စနစ်တကျ တိုက်ပါ ။
-ကြွပ်ဆတ်တဲ့ အစားအသောက်တွေဖြစ်တဲ့ ပန်းသီး ၊သစ်တော်သီးများ စားခြင်းဖြင့်
သွားမှာ ကပ်ငြိနေတဲ့ စားကြွင်းစားကျန်များကို ပွတ်တိုက် ဖယ်ရှားပေးပါတယ် ။
Author: ခေတ်သစ် ဇီဝက