fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ASO တက်တာ လေးဘက်နာလား

689
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/09/2016
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ကြားနေတတ်တာလေးပါ….

အများစုက ဆေးခန်းတွေမှာ အဆစ်နာရင် လေးဘက်နာပိုး (ASO) စစ်ပြီး များနေရင် Penicillin သောက်နေ တတ်ကြတယ်။ ASO ကျသွားရင် ဆေးရပ်လိုက်၊ တက်လာရင် ပြန်သောက်လိုက် လုပ်မှာလား၊
အဆစ်နာတိုင်း လေးဘက်နာလား၊ အဆစ်နာတယ်ဆိုတာ ရောဂါအများကြီးကြောင့်ဖြစ်နိုင်ပါတယ်။ လေးဘက်နာ တစ်ခုပဲမဟုတ်ပါဘူး။ လေးဘက်နာမှာတောင် အမျိုးအစား အများကြီးရှိပါတယ်။ လေးဘက်နာ ပိုးလို့ခေါ်တဲ့ ASO တက်တိုင်း လေးဘက်နာလားပေါ့၊ လေးဘက်နာ တစ်ခုထဲကြောင့် ASO တက်တာ မဟုတ် ပါဘူး၊ တခြားအကြောင်းတွေ ရှိပါတယ်။ အဆစ်နာတာနဲ့ ASO တက်တာ ပေါင်းဖြစ်နေတာပဲ၊ လေးဘက်နာ မဟုတ်ဘူးလား ထင်ချင်စရာပါ။ သိစေချင်လို့ပါ။

လေးဘက်နာရောဂါမှာ အမျိုးအစားများ ရှိပါတယ်။ လေးဘက်နာတိုင်းမှာ အဆစ်တွေနာတတ်ပါတယ်။ တစ်ခုချင်းစီမှာလည်း ရောဂါဟုတ်မဟုတ် သတ်မှတ်ထားတဲ့ အချက်လေးတွေ ရှိပါတယ်။ အဆစ်နာတောင်မှ နာပုံချင်း ကွာခြားပါတယ်၊ အဆစ်နာတာအပြင် တခြားရောဂါ လက္ခဏာများလည်း ရှိပါတယ်။ သတ်မှတ်ချက် တွေအရ ရောဂါဖြစ်မဖြစ် သိနိုင်ပါတယ်။ လေးဘက်နာအပြင် တခြားအကြောင်းအမျိုးမျိုးကြောင့်လည်း အဆစ် နာနိုင်ပါတယ်။ အဆစ်နာတာကို သေချာမေးပြီး လိုတာစစ်ဆေးပြီးမှ ဘာရောဂါလဲ သိနိုင်မှာပါ။ လေးဘက်နာ လို့ခေါ်နေကြတဲ့ ASO ဆိုတာ Antistreptolysin O ကို အတိုခေါ်တာပါ။
ဘတ်တီးရီယား တစ်မျိုးဖြစ်တဲ့ Streptococcus ဝင်နေခြင်း၊ ဝင်ထားခြင်းကို စစ်ဖို့ အဓိက သုံးတာပါ။ ဒီဘတ်တီးရီယားက လည်ပင်းနာခြင်း၊ အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်အအေးမိခြင်းစသဖြင့် အမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါတွေဖြစ်ရင် Streptococcus ဘတ်တီးရီးယားကြောင့်လား သေချာအောင် စစ်ကြည့်ပြီး ဆေးသောက်လို့ ရပါတယ်။ တစ်ချို့က ရောဂါလက္ခဏာ မသိလိုက်လို့ပဲဖြစ်ဖြစ်၊ မကုမိလ့ိုဘဲဖြစ်ဖြစ် ဆေးမ သောက်ခဲ့တဲ့ သူတွေမှာ နောက်ဆက်တွဲအနေနဲ့ နှလုံးလေးဘက်နာတို့ ကျောက်ကပ် ယောင်ခြင်းတို့ ဖြစ်လာ နိုင်ပါတယ်။
ASO က Streptococcus ဘတ်တီးရီးယား ခန္ဓာကိုယ်ထဲ ဝင်ပြီးချိန်မှ တစ်ပတ်ကနေ တစ်လအတွင်း တက်နိုင်ပါတယ်။ ရောဂါပိုးကြောင့် တက်တာမဟုတ်ပါဘူး။ ရောဂါပိုးဝင်လို့ ခန္ဓာကိုယ်မှာ Antibody level တက်လာတာပါ။ ရောဂါပိုးက ခန္ဓာကိုယ်ထဲမှာ ရှိချင်မှ ရှိတော့မှာပါ။
ASO စစ်ရင်လည်း နှစ်ခါစစ်ရပါတယ်။ ရောဂါ လက္ခဏာ စပြတဲ့အချိန်မှာ တစ်ခါစစ်ပါ။ လိုအပ်ရင် ပိုးသတ်ဆေးသောက်ပြီး ပြန်စစ်ရပါတယ်။ ၂ ပတ်ခြားစစ်လို့ ရပါတယ်။ ပြန်စစ်ရင် များသောအားဖြင့် ASO level ပြန်ကျသွားတတ်ပါတယ်။ တစ်ချို့ကတော့ မကျဘဲ ဆက်ပြီး များနေတတ်ပါတယ်။
ASO များနေပေမယ့် ရောဂါလက္ခဏာ ပြနေတဲ့လူနာမှာ AOS တက်ရင် ဒီရောဂါက Streptococcus ဘတ်တီးရီယားကြောင့် ဖြစ်နိုင်တာကို သိစေဖို့ပါ၊ ရောဂါသေချာဖို့ တခြားသော စစ်ဆေးစရာများ လိုနိုင်ပါ သေးတယ်။ တကယ် ရောဂါရှိနေပြီဆိုရင်တောင် ဆေးကို ဘယ်လိုသောက်မှာလဲ၊ ဘယ်လောက်ကြာအောင် သောက်မှာလဲ၊ ဘာတွေ ပြန်စစ်ဖို့လိုလဲ ဆိုတာတွေကို ဆရာဝန်နဲ့ တိုင်ပင်ရပါတယ်။

ASO တက်တိုင်း ဆေးသောက်နေရင် ကြာရင် Penicillin မတိုးတော့ပဲ Penicillin resistant တွေ များလာနိုင်ပါတယ်။ ပိုးသတ်ဆေး စွဲသောက်ရတာကြောင့်လည်း နုံးလာနိုင်ပါတယ်။ မလိုအပ်ပဲ ဆေးသောက် နေတာ မဖြစ်ရအောင် ဘာကြောင့်ဖြစ်တယ်ဆိုတာ သေချာစစ်ဆေး ကြည့်စေချင်ပါတယ်။ ရောဂါသိမှဘဲ ဘာဆေးသောက်ရမလဲ၊ ဘာဆက်လုပ်ရမလဲ သိမှာပါ။
သိစေချင်လို့ပါ။

 

AUTHOR – Dr.CST

Previous Post

ရေကြီးရေလျှံဖြစ်နေလျှင်

Next Post

သွေးအားနည်းခြင်းနှင့် ဆံပင်ကျွတ်ခြင်း( Anaemia and Hair Loss)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
818
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးအားနည်းခြင်းနှင့် ဆံပင်ကျွတ်ခြင်း( Anaemia and Hair Loss)

Woman with a pink breast cancer awareness ribbon

ရင်သားကင်ဆာအကြောင်း သိကောင်းစရာများ

သားငယ်လေးက ပိန်လိုက်တာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.