fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သွေးအားနည်းခြင်းနှင့် ဆံပင်ကျွတ်ခြင်း( Anaemia and Hair Loss)

79
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/09/2016
in အထွေထွေရောဂါများအကြောင်း, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဆံပင်ကျွတ်ခြင်းသည် ကျန်းမာရေးဆိုင်ရာ ပြဿနာများစွာ၏ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါသည်။ ဆံပင် ကျွတ်ခြင်းနှင့်အတူ မောပန်းနွမ်းနယ်ခြင်၊ အသက်ရှုမဝဖြစ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အသားရေ ဖြူပတ်ဖြူရော်ဖြစ်ခြင်းတို့ တွေ့ရပါက သွေးအားနည်းခြင်း Anasmia သည်ပြဿနာရင်းမြစ် ဖြစ်နိုင်သည်။

သွးအားနည်းခြင်းမှာ ခန္ဓာကိုယ်၌ ရှိသင့်သော သွေးဥနီအရေအတွက်ထက် နည်းနေခြင်း သို့မဟုတ် သွေးနီဥ များတွင်ပါဝင်သော ဟေမိုဂလိုဘင် Hamoglobin ခေါ် ရောင်ခြည်ပစ္စည်း လျော့နည်းခြင်းကို ဆိုလိုပါ သည်။
ဟေမိုဂလိုဘင်မှာ သံဓာတ်နှင့် ပရိုတင်းတို့ ပေါင်းစပ်ထားသော ပစ္စည်းတစ်ခုဖြစ်ပြီး အောက်ဆီဂျင်ကို ခန္ဓာကိုယ်တစ်နေရာမှ တစ်နေရာသို့ သယ်ပို့ပေးသည်။ ဟေမိုဂလိုဘင် တည်ဆောက်ရန် သံဓာတ်၊ ကော့ပါး၊ ကိုဘော့ (Iron, Copper, Cobalt) စသည့် သတ္တုဓာတ်များ၊ ဗီတာမင် B12၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်စီ၊ ဗီတာမင် B6 စသည့် ဗီတာမင်များ နှင့် ပရိုတင်းတို့ လိုအပ်ပါသည်။
သွေးအားနည်းခြင်းမှာ-
(က) သွေးနီဥ တည်ဆောက်မှု မကောင်းခြင်း
ဥပမာ – အာဟာရချို့တဲ့ခြင်း
– ဟော်မုန်းချို့တဲ့ခြင်း
– ရောဂါများ
(ခ) သွေးနီဥများ ပျက်စီးမှု လွန်ကဲခြင်း
ဥပမာ – သွေးနီဥ၌ ဇီဝဓာတ်ကူပစ္စည်းချို့တဲ့ခြင်း
– Spleen ဘေလုံးလုပ်ငန်းလွန်ကဲခြင်း
(ဂ) သွေးတိုး ဆုံးရှုံးခြင်း
ဥပမာ – လိပ်ခေါင်းသွေးယိုစီးခြင်း
ထိခိုက်ဒဏ်ရာမှ သွေးဆုံးရှုံးခြင်း
စသည်တို့ကြောင့် ဖြစ်လေ့ရှိပါသည်။
ဆံပင်ကျွတ်ခြင်းနှင့် ဆက်နွယ်မှုရှိသော သွေးအားနည်းခြင်း သုံးမျိုးတွေ့ရသည်။
သံဓာတ်ချို့တဲ့၍ ဖြစ်သော သွေးအားနည်းခြင်း
ကော့ပါးဓာတ်ချို့တဲ့၍ ဖြစ်သော သွေးအားနည်းခြင်း
ဗီတာမင် B12 ချို့တဲ့၍ ဖြစ်သော သွေးအားနည်းခြင်း
ဖော်ပြပါ သွေးအားနည်းခြင်းမျိုးကြောင့် ဆံပင်ကျွတ်တတ်ပါသည်။
သံဓာတ်ချို့တဲ့၍ ဖြစ်သော သွေးအားနည်းခြင်း
ဟေမိုဂလိုဘင်တွင် သံဓာတ်သည် အဓိကပါဝင်သော ပစ္စည်းတစ်ခုဖြစ်ရာ သံဓာတ်ချို့တဲ့ပါက ဟေမို ဂလိုဘင် တည်ဆောက် ထုတ်လုပ်နိုင်ခြင်းမရှိတော့ဘဲ သွေးအားနည်းသွားမည်ဖြစ်၏။
သွေးအားနည်းခြင်းကြောင့် ဆံပင်များ လျင်မြန်စွာ ဆုံးရှုံးခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အသားရေ ဖြူဖပ်ဖြူရော်ဖြစ်ခြင်၊ လက်သည်းခြေသည်းများ ချိုင့်နေခြင်း (ဇွန်းပုံသဏ္ဍာန်တွေ့ရခြင်း)၊ စိတ်ကျဝေဒနာ ခံစား ရခြင်း၊ အားအင်ယုတ်လျော့ခြင်း၊ ဆံပင်အရောင်ဖျော့လာခြင်း၊ ဆံပင်များ ခြောက်သွေ့ခြင်းစသည့် လက္ခဏာ များ ဖြစ်စေနိုင်သည်။
သံဓာတ်ချို့တဲ့မှုမှာ ဗီတာမင်ချို့တဲ့မှုနှင့် ဆက်နွယ်နေတတ်သည်။ ကဖင်းပါသော အစားအစာများ စားသုံးခြင်းနှင့် အရက်အလွန်အကျွံသောက်ခြင်းတို့ကြောင့်ဖြစ်တတ်ပါသည်။
ကော့ပါးချို့တဲ့မှုကြောင့်ဖြစ်သော သွေးအားနည်းခြင်း
ကော့ပါးသည် ဟေမိုဂလိုဘင် တည်ဆောက်ရာတွင် ဓတ်ကူပစ္စည်းအဖြစ် လိုအပ်သည်။ ကော့ပါးကို မှိုများ၊ ကောက်ပဲသီးနှံများ၊ အခွံမာသီးများ၊ ပဲအမျိုးမျိုးနှင့် ရေသွယ်တန်းရာတွင် ကော့ပါးပိုက်များ အသုံးပြုခြင်း ကြောင့် ရရှိနိုင်ပါသည်။
ကော့ပါးဓာတ်ချို့တဲ့၍ သွေးအားနည်းခြင်းဖြစ်လှျှင် ဆံပင်များ ယိုယွင်းပျက်စီးပြီး ကျွတ်မည်ဖြစ်သည်။
ဗီတာမင် B12 ချို့တဲ့၍ ဖြစ်သော သွေးအားနည်းခြင်း
ဗီတာမင် B12 ကို နို့နှင့် နို့ထွက်ပစ္စည်း၊ ယိစ် Yeast နှင့် ကလီစာ(အူ၊ အသည်း၊ နှလုံး) စသည်တို့မှ ရရှိနိုငသည်။ သွေးနီဥ တည်ဆောက်ရာတွင် အရေးကြီးသော ပစ္စည်းဖြစ်၏။

ဆံပင်ကျွတ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း)၊ စိတ်ကျဝေဒနာ ခံစားရခြင်း၊ ပင်ပန်းနွမ်းနွယ်ခြင်း၊ ဆံပင်အရောင် ဖျော့တော့ခြင်း၊ လျှာနာခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ အစား အစာ စားလိုစိတ်မရှိခြင်း၊ ခန္ဓာကိုယ်အမွေးအမှင်များ ကျွတ်ကုန်ခြင်းစသည့် လက္ခဏာများသည် ဗီတာမင် B12 ချို့တဲ့၍ဖြစ်သော လက္ခဏာများ ဖြစ်ကြသည်။

 

AUTHOR – ဒေါက်တာနှင်းကေသီ

Previous Post

ASO တက်တာ လေးဘက်နာလား

Next Post

ရင်သားကင်ဆာအကြောင်း သိကောင်းစရာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
818
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Woman with a pink breast cancer awareness ribbon

ရင်သားကင်ဆာအကြောင်း သိကောင်းစရာများ

သားငယ်လေးက ပိန်လိုက်တာ

ညအချိန်ချွေးထွက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.