fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ခံတွင်းပျက်လွန်းလို့ ဆေးလိပ်တောင်မသောက် ချင်ဘူး

50
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/08/2016
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ထြန္းေအာင္တစ္ေယာက္ အခုတစ္ေလာ ဖ်ားေနတာ တစ္ပတ္ေလာက္ရွိၿပီ။ မစားခ်င္မေသာက္ခ်င္နဲ႔ ပ်ိဳ႕ခ်င္အန္ခ်င္ေနတယ္။ အရမ္းႀကိဳက္တဲ့ Coffee ဆိုတာ လုံးဝမေသာက္ခ်င္။ မေသာက္ႏိုင္။ ခံတြင္းပ်က္ တာက အဆိုးဆုံးပဲ။

ခါတိုင္းေသာက္ေနက် ေဆးလိပ္ကိုေတာင္ လုံးဝမေသာက္ခ်င္ေလာက္ကို ခံတြင္းပ်က္ ေနတယ္။ ညာဘက္ ဗိုက္နားကလည္း ေအာင့္ေတာင့္ေတာင့္။ တစ္ပတ္ေလာက္ေနေတာ့ သြားတဲ့ဆီးေတြက ဝါလာတယ္။ ဝမ္းအေရာင္ကလည္း ေဖ်ာ့ေတာ့ေတာ့။ အဲဒီအခ်ိန္မွာပဲ မ်က္လုံးေတြ အသားေတြဝါလာတယ္။ ယားလည္း ယားလာတယ္။ အသည္းေရာင္ အသားဝါ ျဖစ္ၿပီလားဆိုၿပီး ဆရာဝန္ဆီေျပးတာေပါ့။

“ဆရာရယ္ အသားေတြဝါ၊ ဆီးေတြဝါေနတာ ၂ ရက္ေလာက္ရွိေနၿပီ။ ခႏၶာကိုယ္လည္း ယားလာတယ္။” “ ဟုတ္တာေပါ့အသည္းေရာင္ၿပီး အသားေတြေတာ္ေတာ္ဝါေနၿပီ။ ၂ ရက္မကေလာက္ေတာ့ဘူး။ငါ့ညီသတိမထားမိတာျဖစ္ပါလိမ့္မယ္။ျမန္မာလူမ်ိဳးေတြကအသားညိဳေတာ့အသားဝါတာကို တစ္ခါတစ္ေလ သတိ မထားမိဘူးေလ။ ေသခ်ာေအာင္ အသည္းေရာင္ အသားဝါ ပိုးစစ္ၾကည့္ရလိမ့္မယ္။”

“ဟုတ္ကဲ့ပါဆရာ” “ အသည္းေရာင္အသားဝါ ေအပိုး က မသန္႔ရွင္းတဲ့အစားအေသာက္ကေနကူးစက္တာပါ။ဒီေရာဂါပိုးကမသန္႔ရွင္းတဲ့အစားအေသာက္ေတြစားမိရင္ ၊ ဒါမွမဟုတ္ မသန္႔ရွင္းတဲ့ေရေသာက္မိရင္ ျဖစ္တတ္ ပါတယ္။ ေရာဂါပိုးရွိတဲ့ မစင္က သန႔္ရွင္းတဲ့ ေရေတြထဲကိုေရာက္၊ အဲ့ဒီေရေတြနဲ႔ေဆးတဲ့ အစားအစာေတြထဲကို ေရာက္သြားရင္ ကူးစက္တတ္ပါတယ္။ လူ႔မစင္ကို ဓာတ္ေျမၾသဇာအျဖစ္ သုံးရင္လည္းျဖစ္ပြားတတ္တယ္။

အဲဒီ့အခါေရာဂါပိုးဟာ ဟင္းသီးဟင္း႐ြက္ေတြမွာ ကပ္ေနမယ္။ အဲဒီ ဟင္းသီးဟင္း႐ြက္ေတြကို ခ်က္ျပဳတ္ မစားပဲနဲ႔ အစိမ္းစားၾကမယ္ဆိုရင ္ ေရာဂါပိုးကူးစက္ႏိုင္တယ္ေလ။ ဒီကညီ အျပင္စာေတြခဏခဏ စားျဖစ္ပါ သလား။” “အျပင္စာေတြ စားျဖစ္ပါတယ္။ ဒါေပမဲ့လမ္းေဘးစာေတြစားတာေတာ္ေတာ္ ရွားပါတယ္။ ဆိုင္ ေကာင္းေကာင္း မွာစားတာပါ။ salad ေတြကိုေတာ့ႀကိဳက္လို႔ခဏခဏ စားမိပါတယ္။”

“ အသည္းေရာင္ အသားဝါ ဘီပိုးနဲ႔ စီပိုးကေတာ့ ေရာဂါရွိသူနဲ႔ အကာအကြယ္မယူပဲ လိင္ဆက္ဆံ မိတဲ့အခါမ်ိဳးမွာ ကူးစက္ႏိုင္တယ္။ ေရာဂါပိုးရွိတဲ့သူရဲ႕ေသြးကို သြင္းမိရင္လည္း ကူးစက္ႏိုင္တယ္။ ေသြးစြန္းထားတဲ့မုတ္ဆိတ္ရိတ္ဓား၊ သြားပြတ္တံကို ေရာဂါရွိသူနဲ႔ မွ်သုံးမိရင္လည္း ကူးစက္ႏိုင္ပါတယ္။” “ကြၽန္ေတာ္က အိမ္ေထာင္မရွိပါဘူး။ အေပ်ာ္အပါးလည္းကင္းပါတယ္။ အသည္းေရာင္ ဘီကာကြယ္ ေဆးလည္း ထိုးထားပါတယ္” “အသည္းေရာင္အသားဝါေရာဂါမျဖစ္ခင္က ဗမာေဆးေတြ၊တိုင္းရင္းေဆးေတြကို ေသာက္မိေသးလား။တစ္ခ်ိဳ႕တိုင္းရင္းေဆးေတြ ေသာက္လို႔အသည္းေရာင္ အသားဝါ ျဖစ္တာကလည္း ျမန္မာႏိုင္ငံမွာ အျဖစ္ မ်ားပါတယ္။ ဒါအျပင္ တျခား အဂၤလိပ္ေဆးေတြကို လည္း ဆရာဝန္ မၫႊန္ၾကားပဲ ေသာက္တာေတြေရာ ရွိလား။”

“ ကြၽန္ေတာ္က ေဆးေသာက္တာ ေၾကာက္တဲ့သူဆိုေတာ့ တစ္ျခားေဆးေတြ မေသာက္တတ္ပါဘူး။ အဂၤလိပ္ေဆး၊တိုင္းရင္းေဆးဘာမွမေသာက္ပါဘူး။ဒီလိုမ်ိဳးေဆးေတြ ေသာက္ရင္အသည္းေရာင္တတ္လား ေဒါက္တာ” “ တစ္ခ်ိဳ႕ေဆးေတြက အသည္းကို ဒုကၡေပးတတ္ပါတယ္။ တစ္ခ်ိဳ႕ ေဆးေတြကေတာ့ ေက်ာက္ကပ္ ကို ဒုကၡေပးတတ္တယ္။ တန္ေဆးလြန္ေဘးဆိုတဲ့အတိုင္း အလြန္အကြၽံဆိုရင္ ေဘးျဖစ္တတ္ပါတယ္။အခုရက္ပိုင္းအတြင္းအရက္ေရာအလြန္အကြၽံေသာက္ေသးသလား။အရက္ေတြ ေန႔စဥ္ရက္ဆက္အလြန္အကြၽံ ေသာက္မိရင္လည္းအသည္းေရာင္တတ္ပါတယ္”

“အရက္ကေတာ့ခဏခဏေသာက္မိပါတယ္။မဖ်ားခင္ကလည္း ေသာက္မိပါတယ္။” “ တကယ္လို႔ အရက္ေသာက္ခ်င္တယ္ဆိုရင္လည္းအရက္ကို ေရမ်ားမ်ားေရာၿပီးေသာက္ရပါမယ္။အျမည္းလည္းမ်ားမ်ားစားရပါမယ္။ ကဲ၊ အခုေတာ့ေရာဂါပိုးေတြ စစ္ၾကည့္တာေပါ့။ အရက္အမ်ားႀကီး ေသာက္လို႔ အသည္းေရာင္တာလား ေရာဂါပိုးေၾကာင့္ျဖစ္တာလားဆိုတာသိရေအာင္။”“ဟုတ္ကဲ့ပါ ေဒါက္တာ” ေဆးစစ္ခ်က္ထြက္ေတာ့ထြန္းေအာင္တစ္ေယာက္ ျဖစ္တာအသည္းေရာင္အသားဝါ ေအပိုးေၾကာင့္အသည္းေရာင္တာပါ။ နာတာရွည္ေရာဂါမဟုတ္ပါဘူး။ ဆရာဝန္က လက္ကို ေသေသခ်ာခ်ာေဆးဖို႔။ အစားအစာေတြကိုသန႔္သန႔္ရွင္းစားဖို႔မွာလိုက္ပါေသးပါတယ္။အရက္မေသာက္ဖို႔လည္းမွာတယ္။ ေဆးစာလည္း ေရးေပးလိုက္တယ္။ ေဆးေသာက္ရတာ ေၾကာက္တဲ့ထြန္းေအာင္တစ္ေယာက္ ေဆးေတြ ေသာက္ရ ဦးမွာ ေတြးေၾကာက္ေနပါေတာ့တယ္။

AUTHOR – ေဒါက္တာေအးခ်မ္းမိုး

(Unicode)

ထွန်းအောင်တစ်ယောက် အခုတစ်လော ဖျားနေတာ တစ်ပတ်လောက်ရှိပြီ။ မစားချင်မသောက်ချင်နဲ့ ပျို့ချင်အန်ချင်နေတယ်။ အရမ်းကြိုက်တဲ့ Coffee ဆိုတာ လုံးဝမသောက်ချင်။ မသောက်နိုင်။ ခံတွင်းပျက် တာက အဆိုးဆုံးပဲ။

ခါတိုင်းသောက်နေကျ ဆေးလိပ်ကိုတောင် လုံးဝမသောက်ချင်လောက်ကို ခံတွင်းပျက် နေတယ်။ ညာဘက် ဗိုက်နားကလည်း အောင့်တောင့်တောင့်။ တစ်ပတ်လောက်နေတော့ သွားတဲ့ဆီးတွေက ဝါလာတယ်။ ဝမ်းအရောင်ကလည်း ဖျော့တော့တော့။ အဲဒီအချိန်မှာပဲ မျက်လုံးတွေ အသားတွေဝါလာတယ်။ ယားလည်း ယားလာတယ်။ အသည်းရောင် အသားဝါ ဖြစ်ပြီလားဆိုပြီး ဆရာဝန်ဆီပြေးတာပေါ့။

“ဆရာရယ် အသားတွေဝါ၊ ဆီးတွေဝါနေတာ ၂ ရက်လောက်ရှိနေပြီ။ ခန္ဓာကိုယ်လည်း ယားလာတယ်။” “ ဟုတ်တာပေါ့အသည်းရောင်ပြီး အသားတွေတော်တော်ဝါနေပြီ။ ၂ ရက်မကလောက်တော့ဘူး။ငါ့ညီသတိမထားမိတာဖြစ်ပါလိမ့်မယ်။မြန်မာလူမျိုးတွေကအသားညိုတော့အသားဝါတာကို တစ်ခါတစ်လေ သတိ မထားမိဘူးလေ။ သေချာအောင် အသည်းရောင် အသားဝါ ပိုးစစ်ကြည့်ရလိမ့်မယ်။”

“ဟုတ်ကဲ့ပါဆရာ” “ အသည်းရောင်အသားဝါ အေပိုး က မသန့်ရှင်းတဲ့အစားအသောက်ကနေကူးစက်တာပါ။ဒီရောဂါပိုးကမသန့်ရှင်းတဲ့အစားအသောက်တွေစားမိရင် ၊ ဒါမှမဟုတ် မသန့်ရှင်းတဲ့ရေသောက်မိရင် ဖြစ်တတ် ပါတယ်။ ရောဂါပိုးရှိတဲ့ မစင်က သန့်ရှင်းတဲ့ ရေတွေထဲကိုရောက်၊ အဲ့ဒီရေတွေနဲ့ဆေးတဲ့ အစားအစာတွေထဲကို ရောက်သွားရင် ကူးစက်တတ်ပါတယ်။ လူ့မစင်ကို ဓာတ်မြေသြဇာအဖြစ် သုံးရင်လည်းဖြစ်ပွားတတ်တယ်။

အဲဒီ့အခါရောဂါပိုးဟာ ဟင်းသီးဟင်းရွက်တွေမှာ ကပ်နေမယ်။ အဲဒီ ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ် မစားပဲနဲ့ အစိမ်းစားကြမယ်ဆိုရင ် ရောဂါပိုးကူးစက်နိုင်တယ်လေ။ ဒီကညီ အပြင်စာတွေခဏခဏ စားဖြစ်ပါ သလား။” “အပြင်စာတွေ စားဖြစ်ပါတယ်။ ဒါပေမဲ့လမ်းဘေးစာတွေစားတာတော်တော် ရှားပါတယ်။ ဆိုင် ကောင်းကောင်း မှာစားတာပါ။ salad တွေကိုတော့ကြိုက်လို့ခဏခဏ စားမိပါတယ်။”

“ အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုးကတော့ ရောဂါရှိသူနဲ့ အကာအကွယ်မယူပဲ လိင်ဆက်ဆံ မိတဲ့အခါမျိုးမှာ ကူးစက်နိုင်တယ်။ ရောဂါပိုးရှိတဲ့သူရဲ့သွေးကို သွင်းမိရင်လည်း ကူးစက်နိုင်တယ်။ သွေးစွန်းထားတဲ့မုတ်ဆိတ်ရိတ်ဓား၊ သွားပွတ်တံကို ရောဂါရှိသူနဲ့ မျှသုံးမိရင်လည်း ကူးစက်နိုင်ပါတယ်။” “ကျွန်တော်က အိမ်ထောင်မရှိပါဘူး။ အပျော်အပါးလည်းကင်းပါတယ်။ အသည်းရောင် ဘီကာကွယ် ဆေးလည်း ထိုးထားပါတယ်” “အသည်းရောင်အသားဝါရောဂါမဖြစ်ခင်က ဗမာဆေးတွေ၊တိုင်းရင်းဆေးတွေကို သောက်မိသေးလား။တစ်ချို့တိုင်းရင်းဆေးတွေ သောက်လို့အသည်းရောင် အသားဝါ ဖြစ်တာကလည်း မြန်မာနိုင်ငံမှာ အဖြစ် များပါတယ်။ ဒါအပြင် တခြား အင်္ဂလိပ်ဆေးတွေကို လည်း ဆရာဝန် မညွှန်ကြားပဲ သောက်တာတွေရော ရှိလား။”

“ ကျွန်တော်က ဆေးသောက်တာ ကြောက်တဲ့သူဆိုတော့ တစ်ခြားဆေးတွေ မသောက်တတ်ပါဘူး။ အင်္ဂလိပ်ဆေး၊တိုင်းရင်းဆေးဘာမှမသောက်ပါဘူး။ဒီလိုမျိုးဆေးတွေ သောက်ရင်အသည်းရောင်တတ်လား ဒေါက်တာ” “ တစ်ချို့ဆေးတွေက အသည်းကို ဒုက္ခပေးတတ်ပါတယ်။ တစ်ချို့ ဆေးတွေကတော့ ကျောက်ကပ် ကို ဒုက္ခပေးတတ်တယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အလွန်အကျွံဆိုရင် ဘေးဖြစ်တတ်ပါတယ်။အခုရက်ပိုင်းအတွင်းအရက်ရောအလွန်အကျွံသောက်သေးသလား။အရက်တွေ နေ့စဉ်ရက်ဆက်အလွန်အကျွံ သောက်မိရင်လည်းအသည်းရောင်တတ်ပါတယ်”

“အရက်ကတော့ခဏခဏသောက်မိပါတယ်။မဖျားခင်ကလည်း သောက်မိပါတယ်။” “ တကယ်လို့ အရက်သောက်ချင်တယ်ဆိုရင်လည်းအရက်ကို ရေများများရောပြီးသောက်ရပါမယ်။အမြည်းလည်းများများစားရပါမယ်။ ကဲ၊ အခုတော့ရောဂါပိုးတွေ စစ်ကြည့်တာပေါ့။ အရက်အများကြီး သောက်လို့ အသည်းရောင်တာလား ရောဂါပိုးကြောင့်ဖြစ်တာလားဆိုတာသိရအောင်။”“ဟုတ်ကဲ့ပါ ဒေါက်တာ” ဆေးစစ်ချက်ထွက်တော့ထွန်းအောင်တစ်ယောက် ဖြစ်တာအသည်းရောင်အသားဝါ အေပိုးကြောင့်အသည်းရောင်တာပါ။ နာတာရှည်ရောဂါမဟုတ်ပါဘူး။ ဆရာဝန်က လက်ကို သေသေချာချာဆေးဖို့။ အစားအစာတွေကိုသန့်သန့်ရှင်းစားဖို့မှာလိုက်ပါသေးပါတယ်။အရက်မသောက်ဖို့လည်းမှာတယ်။ ဆေးစာလည်း ရေးပေးလိုက်တယ်။ ဆေးသောက်ရတာ ကြောက်တဲ့ထွန်းအောင်တစ်ယောက် ဆေးတွေ သောက်ရ ဦးမှာ တွေးကြောက်နေပါတော့တယ်။

AUTHOR – ဒေါက်တာအေးချမ်းမိုး

Previous Post

မီးယပ်သွေးဆုံးခြင်း

Next Post

ခရမ်းချဉ်သီးရဲ့ အာနိသင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
880
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
852
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခရမ်းချဉ်သီးရဲ့ အာနိသင်

သွယ်သွယ်လျလျ လှလှပပ

အသက်ကြီးမှ ကလေးရရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.