fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အမျိုးသမီးများနှင့် အမွေးအမျှင်ပြဿနာ

428
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/08/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

 

ဟုတ်တဲ့နေရာမှာမထူးချွန်ဘဲ မဟုတ်တဲ့နေရာမှာထူးချွန်နေရင် လူကြီးမိဘ တွေက ဒီကောင် တလွဲဆံပင်ကောင်းနေတယ်လို့ဆုံးမလေ့ရှိပါတယ်။

အမျိုးသမီးအချို့တွင်လည်း ပုံမှန်အမွေးရှိရမယ့်နေရာမှာ အမွေးမရှိဘဲ မရှိသင့်တဲ့နေရာ(ဥပမာ အမျိူးသားတွေသာရှိသင့်သော ရင်ဘတ် နှုတ်ခမ်း ခြေသလုံး စသည့်နေရာများ) တွင် အမွေးထူထပ်စွာ ပေါက်နေခြင်းသည်လည်း တလွဲဆံပင်ကောင်းခြင်းပင်ဖြစ်သည်။

ဘာလို့ဒီလိုမျိုးဖြစ်ရတာပါလဲ

အဓိကအကြောင်းရင်းကတော့  ထိုအမျိူးသမီးများတွင် Androgen(အမျိုးသားဟော်မုန်း) လွန်ကဲစွာများပြားလာခြင်းကြောင့်ဖြစ်သည်။
Androgen များလာရတဲ့အကြောင်းရင်းတွေကတော့
-သားဥအိမ်တွင် အရည်အိတ်များစွာတည်သောရောဂါ(Polycystic Ovarian Sydrome)ဖြစ်ခြင်း
-အဝလွန်ခြင်း
-တချို့သောအကျိတ်ရောဂါများခံစားနေရခြင်း(pituitary adenoma)
-စတီးရွိုက်ပါသော သောက်ဆေးများသောက်နေခြင်း
-မျိူးရိုးလိုက်ခြင်း
-ဟော်မုန်းတစ်ခုတည်းပါသော တားဆေးများသောက်ခြင်း(Progesterone Only pills) စသည်တို့ကြောင့်ဖြစ်နိုင်သည်။

ဘယ်လိုကုသရမလဲ။
တကယ်လို့ ရုတ်တရက် ရက်အနည်းငယ်အတွင်းမှာ အမွေးထူလာပြီး ရာသီထိန်သွားတာ အသံပြောင်းလာတာ တွေပါရှိခဲ့ရင်တော့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူပါ။ ဖြစ်တဲ့အကြောင်းရာကိုလိုက်ရှာပြီးကုသရပါမယ်။

ဘာရောဂါမှ မရှိဘဲ အမွေးထူတာမျိူးဆိုရင်တော့ အောက်ပါနည်းလမ်းများကို သုံးနိုင်ပါတယ်။

၁။ရိတ်ခြင်း

သင်တုန်းဓါး မုတ်ဆိတ်ရိတ်ဓါး စတာတွေကို သုံးပြီး ရိတ်လို့ရပါတယ်။ အားသာချက်က မြန်တယ် လွယ်တယ် ငွေကုန်သက်သာတယ်။ အားနည်းချက်က မကြာခဏ ပြန်ပြီး ရိတ်နေရတတ်တယ်။ ညအခါမှာသာရိတ်သင့်ပြီး ရိတ်ပြီးခါစမှာ နေပူမိခြင်း ပင်လယ်ရေထိခြင်းတွေမဖြစ်အောင်ကာကွယ်ရပါမယ်။ အမွေးတွေ နူးညံ့နေအောင် ရေဆွတ်ခြင်း ခရင်မ်လိမ်းခြင်းတို့ကိုလုပ်ရပါမယ်။

၂။ကျောက်တုံးနဲ့ပွတ်ခြင်း

ကျောက်ပွတုံး(Pumice stone)ကိုလဲ ဓါးအစားသုံးနိုင်ပါတယ်။ ကျောက်ပွတုံးနဲ့ပွတ်တိုက်ခြင်းအားဖြင့် အမွေးတွေပြုတ်ပြီး ချောမွေ့စေနိုင်ပေမယ့် အခြောက်ပွတ်တိုက်ခြင်းကို လုံးဝမလုပ်ရပါဘူး။ အားလုံးပွန်းပဲကုန်နိုင်ပါတယ်။ ရေချိုးနေတုန်းမှာသာပွတ်တိုက်ပေးသင့်ပါတယ်။

၃။ဖယောင်းကပ်ခြင်း

အရည်ပျော်နေတဲ့ဖယောင်းကို ဇွန်းပြားကလေးနဲ့ ကလော်ပြီး အရေပြားပေါ်မှာ ဖယောင်းမခြောက်ခင်ဖြန့်သုတ်ပေးရပါတယ်။ တချို့ကတော့အပူပေးစရာမလိုတဲ့ဖယောင်းချပ်ပြားကို အရေပြားပေါ်မှာဖိကပ်ပေးရပါတယ်။ တအောင့်အကြာမှာ ကပ်နေတဲ့ဖယောင်းချပ်ကို ပလာစတာခွာသလို ဆတ်ခနဲ့ ဆွဲခွာလိုက်ရပါမယ်။ အဲ့အခါမှာ ဖယောင်းထဲမှာမြုပ်နေတဲ့ အမွေးတွေက အမြစ်ကကျွတ်ပြီး ပါကုန်ပါတယ်။

အားသာချက်က ဖယောင်းခွာပြီးစမှာ အရေပြားဟာ အမွှေးအမျှင်လုံးဝကင်းစင်သွားတာမို့ ပိုးသားလေးလိုချောမွတ်နေစေပါတယ်။တစ်လ နှစ်လလောက်ထိခံပါတယ်။ ပြန်ပေါက်လာတ့အမွေးဟာလဲ အရင်လောက်မသန်စွမ်းတော့ဘဲ ပိုပျော့ပြီး ပိုပါးနေတတ်ပါတယ်။ တစ်ကြိမ်ထက်တစ်ကြိမ်ပိုလွယ်လာပါတယ်။

အားနည်းချက်ကတော့ ဖယောင်းကပ်ဖို့ အမွေးငုတ်တိုလေးတွေဟာ အနည်းဆုံး တစ်လက်မရဲ့ လေးပုံတစ်ပုံရှိဖို့လိုပါတယ်။ ဒါမှဖယောင်းကမြဲအောင်ဆုပ်ထားနိုငမှာဖြစ်ပါတယ်။ ဖယောင်းပူကြောင့် ပူလောင်နာကျင်ခြင်းနဲ့ ဓါတ်မတည့်လို့အရေပြားယားယံခြင်းတွေလည်းဖြစ်နိုင်ပါတယ်။ အချိန်လဲပေးရပါတယ်။ ဖယောင်းအအေးချပ်ပြားကိုကပ်ပေးရင် အပူဒဏ်မခံရပေမယ့် ခွာတဲ့အခါ အမွေးအားလုံးမပါပဲ ကျိူးတိုးကျဲတဲ ကျန်နေတတ်ပါတယ်။

၄။ဆေးလိမ်းခြင်း

ဒီဘက်ခေတ်မှာ အမွေးကျွတ်ဆေးတွေအများကြီးပေါ်လာပါတယ်။ သို့သော်ကျွန်တော်ကတော့အားမပေးချင်ပါဘူး။ ဓါတ်မတည့်ဘဲ အရေပြားလောင်တာတွေဖြစ်နိုင်လို့ပါ။ မဖြစ်မနေလိမ်းချင်တယ်ဆိုရင် ဦးဆုံးလက်ဖမိုးနေရာမှာ ၁၀ပြားစေ့လောက်လေးကွက်ပြီး အရင်စမ်းလိမ်းပါ။ အမွေးလည်းကျွတ်တယ် ကိုယ့်အရေပြားနဲ့လဲတည့်တယ်ဆိုမှသုံးပါ။ ဒါတောင်ကြာရှည်သုံးမှ ဓါတ်မတည့်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ အရေပြားပေါ်မှာခြစ်ရာ ကုတ်ရာတွေ ဓါးရှတာမျိူးတွေရှိရင် မသုံးပါနဲ့။

၅။နုတ်ခြင်း

ရှေးတုန်းကတော့ ဇာဂနာနဲ့တစ်ချောင်းချင်းစီနုတ်ပါတယ်။ အခုခေတ်မှာတော့ အမွေးနုတ်တဲ့စက်လေးတွေရှိပါတယ်။ အားနည်းချက်ကတော့ အမွေးနုတ်တဲ့အချိန်မှာနာကျင်ပါတယ်။ နုတ်ပြီးအချိန်မှာလည်း နာနေ ရောင်နေ ယားနေတာတွေလည်းခံစားရနိုင်ပါတယ်။ အရေပြားမှာ ယားနာတွေ မိတ်တွေပေါက်နေရင်လဲ မသုံးသင့်ပါဘူး။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ဦးဆုံးဖယောင်းကပ်တဲ့နည်းကိုသုံးပြီး အမွေးအတော်ကျဲသွားတဲ့အခါ ရိတ်တဲ့နည်း နုတ်တဲ့နည်းတွေကို လုပ်ကြည့်ပါလို့ ပြောလိုပါတယ်။

Author : Dr 528

Previous Post

မိန်းမကိုယ်ကို သန့်စင်ဆေးနဲ့ နေ့စဉ် ဆေးကြောတာ ကောင်းရဲ့လား

Next Post

ပုခုံးနာခြင်း ၊ပုခုံးခဲခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
524
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
785

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.4k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပုခုံးနာခြင်း ၊ပုခုံးခဲခြင်း

ဆီးချိုရောဂါ နှင့် အင်ဆူလင်

တဘူဘူနဲ့ ပေါက်တဲ့ အီး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.