(Zawgyi)
လက္ပ႐ိုစီေရာဂါ ဆိုတာ ကူးစက္တတ္တဲ့ေရာဂါတစ္မ်ိဳးပါ။ Mycobacterium Leprae ဆိုတဲ့ ဘက္တီးရီးယားပိုး ေၾကာင့္ျဖစ္တာပါ။ ျမန္မာလိုေတာ့ အနာႀကီးေရာဂါေပါ့။ ကေလး လူႀကီး က်ားမ မေ႐ြး ျဖစ္ႏိုင္ေခ်ရွိပါတယ္။ ကေလးေတြကအထူးသျဖင့္ ပိုကူးစက္ခံရႏိုင္ပါတယ္။
ဒီေရာဂါက အေရျပားေပၚမွာ အကြက္ သို႔မဟုတ္ အနာကိုျဖစ္ေစ႐ုံသာမက အဲ့ျဖစ္တဲ့နားမွာရွိတဲ့ အေပၚယံအာ႐ုံေၾကာေတြကိုလည္း ပ်က္စီးေစပါတယ္။ အဲ့အခါမွာအေရျပားမွာ အာ႐ုံခံစားမႈေပ်ာက္ၿပီး ထုံေနတာကိုပဲခံစားရပါတယ္။
ဒီေရာဂါဟာ ေရွးကတည္းက ရွိတဲ့ေရာဂါပါ။ ေရွးေခတ္ကေတာ့ ကုစရာေဆးမရွိတဲ့အတြက္ရယ္ ကူးမွာစိုးလို႔ရယ္ေၾကာင့္ ဒီေရာဂါျဖစ္ရင္ လူမႈအသိုင္းအဝိုင္းကေန ဖယ္က်ဥ္ခံရတာမ်ိဳး ႐ြာျပင္ထုတ္ခံရတာမ်ိဴးေတြရွိခဲ့ပါတယ္။ အခုလည္းအာရွႏိုင္ငံအခ်ိဳ႕မွာ ခြဲျခားဆက္ဆံတာမ်ိဴးေတြရွိေနဆဲပါ။
ဒီေရာဂါက ကူးစက္ေရာဂါဆိုေပမယ့္ ေရာဂါျဖစ္သူအေရျပားနဲ႔ တစ္ခါတစ္ေလထိေတြ႕႐ုံနဲ႔ကူူူးတာမ်ိဴးမဟုတ္ပါ။ ခဏခဏႀကိမ္ဖန္မ်ားစြာ ေရရွည္ထိေတြ႕မွ ကူးတာပါ။ ေနာက္ၿပီး ေရာဂါရွိသူရဲ႕ ပါးစပ္တို႔ ႏွာေခါင္းတို႔ကေန ထြက္တဲ့ အမႈန္အမႊား(droplets)ေတြကို ေရရွည္ ရႈမိရင္လည္းကူးႏိုင္ပါတယ္။
အၾကမ္းအားျဖင့္ေတာ့ ေရာဂါပိုးဝင္ၿပီး ၃ႏွစ္ကေန ၅ ႏွစ္ၾကာမွ ေရာဂါလကၡဏာ ျပတာပါ။တခ်ိဳ႕ေတြမွာလည္း ေရာဂါပိုးဝင္ၿပီး ႏွစ္၂၀ေလာက္မွ ျပတာမ်ိဴးလည္းရွိပါတယ္။
ေရာဂါအမ်ိဴအစား၂မ်ိဳးရွိပါတယ္။ ေရာဂါလကၡဏေတြကလည္း အမ်ိဳးအစားလိုက္ၿပီး ကြဲျပားမႈရွိပါတယ္။
၁။Tuberculoid Leprosy(paucibacillary)
ဒီအမ်ိဴးအစားကသိပ္မဆိုးတဲ့အမ်ိဳးအစားပါ။ ျမန္မာလိုေတာ့ အနာႀကီးေရာဂါ အေျခာက္အမ်ိဳးအစားလို႔လည္း တခ်ိဳ႕ေခၚၾကပါတယ္။ ေရာဂါလကၡဏာေတြကေတာ့ အေရျပားေပၚမွာ အကြက္ တစ္ခု သို႔မဟုတ္ အကြက္နည္းနည္းပဲရွိမယ္။ အဲ့အကြက္ကေတာ့ ထုံေနႏိုင္တယ္။ ဒီအမ်ိဴးအစားက ကူးစက္ႏိုင္မႈ နည္းပါတယ္။
၂။Lepromatous Leprosy(multibacillary)
ဒီအမ်ိဴးအစားကေတာ့ ေတာ္ေတာ္ဆိုးပါတယ္။ အနာႀကီးေရာဂါအစိုလို႔လည္းေခၚၾကပါတယ္။ အေရျပားေပၚမွာအကြက္ေပၚ႐ုံတင္မဟုတ္ဘဲ အနာတို႔ အလုံး အက်ိတ္စတာေတြပါ ထြက္လာမယ္။ တျခားအသက္ရႈလမ္းေၾကာင္းတို႔ ေက်ာက္ကပ္တို႔ မ်ိဴးပြားအဂါေတၤြကိုလည္း ထိခိုက္ႏိုင္တယ္။ ကူးစက္ႏိုင္မႈ ျမင့္မားတယ္။
ယေန႔ေခတ္က သတင္းအခ်က္အလက္ ဆက္သြယ္မႈ ပညာေပးမႈေတြအားေကာင္းလာတဲ့အတြက္ အကြက္ရွိရင္ ထုံမထုံ ကိုယ့္ဘာသာစမ္းသပ္ၾကည့္ဖို႔ လူထုကသေဘာေပါက္ၿပီးသားပါ။ သို႔ေသာ္ အနာႀကီးေရာဂါမွာ အကြက္တိုင္းက ထုံသလားလို႔ေမးစရာရွိတယ္။ မ်က္ႏွာမွာရွိတဲ့ အနာႀကီးေရာဂါအကြက္မ်ိဴးက်ေတာ့ ထုံတာမ်ိဴးကို သိသိသာသာကြဲျပားမွာမဟုတ္ပါဘူး။ မ်က္ႏွာမွာအာ႐ုံေၾကာေသးေသးေလးေတြ ေျမာက္မ်ားစြာ ယွက္ႏြယ္ေနတာေၾကာင့္ လူနာအေနနဲ႔တိတိက်က် ထုံတယ္ လို႔ေျပာဖို႔ခက္ပါတယ္။
ၿပီးေတာ့အစို လူနာအမ်ိဴးအစားမွာဆိုရင္ ေရာဂါျဖစ္ခါစအေနအထားမွာ အကြက္ေတြက မထုံပါဘူး ေရာဂါရင့္လာမွ တျဖည္းျဖည္းထုံတာပါ။ အကြက္ေတြ႕ရင္ ထုံတာမထုံတာအျပင္ တျခားသတိထားရမယ့္အခ်က္ေတြလည္းရွိပါတယ္။ မ်ားေသာအားျဖင့္ အနာႀကီးေရာဂါအကြက္ေတြမွာ ေခြၽးထြက္နည္းတာ ေမြးညင္းႏုေလးေတြ ေလ်ာ့နည္းကင္းမဲ့ေနတာေတြရွိႏိုင္ပါတယ္။
ေနာက္တစ္ခုထပ္ေျပာခ်င္တာက အနာႀကီးေရာဂါက တစ္ခါတစ္ရံ အေရျပားေပၚမွာဘာအကြက္ ဘာအနာ အက်ိတ္မွမရွိဘဲ ေျခလက္ေတြထုံၿပီး အားနည္းလာတာမ်ိဴးလည္းျဖစ္ႏိုင္ပါတယ္။
ဒါေၾကာင့္ စာဖတ္သူတို႔ကို အႀကံေပးလိုတာက အနာႀကီးေရာဂါလားလို႔ မိမိကိုယ္ကို သံသယရွိတာနဲ႔ မရွက္မေၾကာက္ဘဲ နီးစပ္ရာ ေဆးခန္း ေဆး႐ုံ က်န္းမာေရးဌာနကိုျပပါ။ အဲ့ဒီမွာစမ္းသပ္စစ္ေဆးၿပီး ပိုေသခ်ာေအာင္ အသားစယူစစ္ေဆးတာ အသားျခစ္စစ္ေဆးတာေတြ လုပ္ႏိုင္ပါတယ္။ ေရာဂါဟုတ္ခဲ့ရင္လည္း အမ္ဒီတီေဆးနဲ႔ ျပည္သူ႔ေဆး႐ုံႀကီးေတြမွာ အခမဲ့ ေပ်ာက္ကင္းေအာင္ ကုသႏိုင္ပါတယ္။ ပထမ တစ္လေသာက္လိုက္တာနဲ႔တင္ တျခားသူေတြကို ကူးစက္ႏိုင္ႏႈန္းဟာ ေတာ္ေတာ္က်သြားပါၿပီ။ ေရာဂါေပ်ာက္ဖို႔ဆိုရင္ေတာ့ အမ်ိဳးအစားေပၚမႈတည္ၿပီး ေျခာက္လ တစ္ႏွစ္ေသာက္ဖို႔လိုႏိုင္ပါတယ္။
Author : Dr. 528
(Unicode)
လက်ပရိုစီရောဂါ ဆိုတာ ကူးစက်တတ်တဲ့ရောဂါတစ်မျိုးပါ။ Mycobacterium Leprae ဆိုတဲ့ ဘက်တီးရီးယားပိုး ကြောင့်ဖြစ်တာပါ။ မြန်မာလိုတော့ အနာကြီးရောဂါပေါ့။ ကလေး လူကြီး ကျားမ မရွေး ဖြစ်နိုင်ချေရှိပါတယ်။ ကလေးတွေကအထူးသဖြင့် ပိုကူးစက်ခံရနိုင်ပါတယ်။
ဒီရောဂါက အရေပြားပေါ်မှာ အကွက် သို့မဟုတ် အနာကိုဖြစ်စေရုံသာမက အဲ့ဖြစ်တဲ့နားမှာရှိတဲ့ အပေါ်ယံအာရုံကြောတွေကိုလည်း ပျက်စီးစေပါတယ်။ အဲ့အခါမှာအရေပြားမှာ အာရုံခံစားမှုပျောက်ပြီး ထုံနေတာကိုပဲခံစားရပါတယ်။
ဒီရောဂါဟာ ရှေးကတည်းက ရှိတဲ့ရောဂါပါ။ ရှေးခေတ်ကတော့ ကုစရာဆေးမရှိတဲ့အတွက်ရယ် ကူးမှာစိုးလို့ရယ်ကြောင့် ဒီရောဂါဖြစ်ရင် လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံရတာမျိုး ရွာပြင်ထုတ်ခံရတာမျိူးတွေရှိခဲ့ပါတယ်။ အခုလည်းအာရှနိုင်ငံအချို့မှာ ခွဲခြားဆက်ဆံတာမျိူးတွေရှိနေဆဲပါ။
ဒီရောဂါက ကူးစက်ရောဂါဆိုပေမယ့် ရောဂါဖြစ်သူအရေပြားနဲ့ တစ်ခါတစ်လေထိတွေ့ရုံနဲ့ကူူူးတာမျိူးမဟုတ်ပါ။ ခဏခဏကြိမ်ဖန်များစွာ ရေရှည်ထိတွေ့မှ ကူးတာပါ။ နောက်ပြီး ရောဂါရှိသူရဲ့ ပါးစပ်တို့ နှာခေါင်းတို့ကနေ ထွက်တဲ့ အမှုန်အမွှား(droplets)တွေကို ရေရှည် ရှုမိရင်လည်းကူးနိုင်ပါတယ်။
အကြမ်းအားဖြင့်တော့ ရောဂါပိုးဝင်ပြီး ၃နှစ်ကနေ ၅ နှစ်ကြာမှ ရောဂါလက္ခဏာ ပြတာပါ။တချို့တွေမှာလည်း ရောဂါပိုးဝင်ပြီး နှစ်၂၀လောက်မှ ပြတာမျိူးလည်းရှိပါတယ်။
ရောဂါအမျိူအစား၂မျိုးရှိပါတယ်။ ရောဂါလက္ခဏတွေကလည်း အမျိုးအစားလိုက်ပြီး ကွဲပြားမှုရှိပါတယ်။
၁။Tuberculoid Leprosy(paucibacillary)
ဒီအမျိူးအစားကသိပ်မဆိုးတဲ့အမျိုးအစားပါ။ မြန်မာလိုတော့ အနာကြီးရောဂါ အခြောက်အမျိုးအစားလို့လည်း တချို့ခေါ်ကြပါတယ်။ ရောဂါလက္ခဏာတွေကတော့ အရေပြားပေါ်မှာ အကွက် တစ်ခု သို့မဟုတ် အကွက်နည်းနည်းပဲရှိမယ်။ အဲ့အကွက်ကတော့ ထုံနေနိုင်တယ်။ ဒီအမျိူးအစားက ကူးစက်နိုင်မှု နည်းပါတယ်။
၂။Lepromatous Leprosy(multibacillary)
ဒီအမျိူးအစားကတော့ တော်တော်ဆိုးပါတယ်။ အနာကြီးရောဂါအစိုလို့လည်းခေါ်ကြပါတယ်။ အရေပြားပေါ်မှာအကွက်ပေါ်ရုံတင်မဟုတ်ဘဲ အနာတို့ အလုံး အကျိတ်စတာတွေပါ ထွက်လာမယ်။ တခြားအသက်ရှုလမ်းကြောင်းတို့ ကျောက်ကပ်တို့ မျိူးပွားအဂါင်္တွေကိုလည်း ထိခိုက်နိုင်တယ်။ ကူးစက်နိုင်မှု မြင့်မားတယ်။
ယနေ့ခေတ်က သတင်းအချက်အလက် ဆက်သွယ်မှု ပညာပေးမှုတွေအားကောင်းလာတဲ့အတွက် အကွက်ရှိရင် ထုံမထုံ ကိုယ့်ဘာသာစမ်းသပ်ကြည့်ဖို့ လူထုကသဘောပေါက်ပြီးသားပါ။ သို့သော် အနာကြီးရောဂါမှာ အကွက်တိုင်းက ထုံသလားလို့မေးစရာရှိတယ်။ မျက်နှာမှာရှိတဲ့ အနာကြီးရောဂါအကွက်မျိူးကျတော့ ထုံတာမျိူးကို သိသိသာသာကွဲပြားမှာမဟုတ်ပါဘူး။ မျက်နှာမှာအာရုံကြောသေးသေးလေးတွေ မြောက်များစွာ ယှက်နွယ်နေတာကြောင့် လူနာအနေနဲ့တိတိကျကျ ထုံတယ် လို့ပြောဖို့ခက်ပါတယ်။
ပြီးတော့အစို လူနာအမျိူးအစားမှာဆိုရင် ရောဂါဖြစ်ခါစအနေအထားမှာ အကွက်တွေက မထုံပါဘူး ရောဂါရင့်လာမှ တဖြည်းဖြည်းထုံတာပါ။ အကွက်တွေ့ရင် ထုံတာမထုံတာအပြင် တခြားသတိထားရမယ့်အချက်တွေလည်းရှိပါတယ်။ များသောအားဖြင့် အနာကြီးရောဂါအကွက်တွေမှာ ချွေးထွက်နည်းတာ မွေးညင်းနုလေးတွေ လျော့နည်းကင်းမဲ့နေတာတွေရှိနိုင်ပါတယ်။
နောက်တစ်ခုထပ်ပြောချင်တာက အနာကြီးရောဂါက တစ်ခါတစ်ရံ အရေပြားပေါ်မှာဘာအကွက် ဘာအနာ အကျိတ်မှမရှိဘဲ ခြေလက်တွေထုံပြီး အားနည်းလာတာမျိူးလည်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် စာဖတ်သူတို့ကို အကြံပေးလိုတာက အနာကြီးရောဂါလားလို့ မိမိကိုယ်ကို သံသယရှိတာနဲ့ မရှက်မကြောက်ဘဲ နီးစပ်ရာ ဆေးခန်း ဆေးရုံ ကျန်းမာရေးဌာနကိုပြပါ။ အဲ့ဒီမှာစမ်းသပ်စစ်ဆေးပြီး ပိုသေချာအောင် အသားစယူစစ်ဆေးတာ အသားခြစ်စစ်ဆေးတာတွေ လုပ်နိုင်ပါတယ်။ ရောဂါဟုတ်ခဲ့ရင်လည်း အမ်ဒီတီဆေးနဲ့ ပြည်သူ့ဆေးရုံကြီးတွေမှာ အခမဲ့ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ပထမ တစ်လသောက်လိုက်တာနဲ့တင် တခြားသူတွေကို ကူးစက်နိုင်နှုန်းဟာ တော်တော်ကျသွားပါပြီ။ ရောဂါပျောက်ဖို့ဆိုရင်တော့ အမျိုးအစားပေါ်မှုတည်ပြီး ခြောက်လ တစ်နှစ်သောက်ဖို့လိုနိုင်ပါတယ်။
Author : Dr.528