fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဆီးမထိန်းနိုင်ခြင်း

201
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/08/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ဆီးမထိန္းႏိုင္ျခင္းဆိုသည္မွာ ဆီးသြားျခင္း မသြားျခင္းကို မိမိရဲ႕သိစိတ္နဲ႔မထိန္းႏိုင္ေတာ့တဲ့ အေျခအေနတစ္ရပ္ကိုဆိုလိုပါတယ္။ ဆီးမထိန္းႏိုင္သည့္ေရာဂါခံစားေနရသူမ်ားသည္ အာရွတိုက္တစ္ဝန္းမွာပင္ သန္း၃၀၀ေက်ာ္ရွိသည္။ အမ်ိဴးသမီးမ်ားတြင္ ၁၅%ႏႈန္းခန႔္ ၊ အမ်ိဴးသားမ်ားတြင္ ၇%ခန႔္ ဆီးမထိန္းႏိုင္ေသာေဝဒနာကိုခံစားေနၾကရသည္။ ဆီးမထိန္းႏိုင္ေသာေရာဂါကိုခံစားရပါက ခရီးသြားလာျခင္း၊ ပြဲလမ္းသဘင္သြားျခင္း၊ ေန႔တဒူဝအလုပ္ကိစၥမ်ား လုပ္ျခင္းတို႔တြင္ မ်ားစြာအဆင္မေျပျဖစ္ႏိုင္သည္။

ျဖစ္ရတဲ့အေၾကာင္းရင္းေတြကေတာ့
စိတ္ဖိအားမ်ားတာ၊ ပူပန္ေသာကမ်ားတာေၾကာင့္ ျဖစ္ႏိုင္သလို ၊ဆီးလမ္းေၾကာင္းဖြဲ႕စည္းမႈအေနအထားေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ရျခင္း ၊ကေလးေမြးရျခင္း၊ ေသြးဆုံးရျခင္း၊ ဆီးလမ္းပိုးဝင္ရျခင္းတို႔ေၾကာင့္  အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ဆီးမထိန္းႏိုင္ျခင္းကိုပိုျဖစ္ေနၾကတယ္။ အာ႐ုံေၾကာထိခိုက္ရင္ေတာ့ က်ားေရာ မပါျဖစ္ႏိုင္တယ္။ ဆီးလမ္းကိုထိန္းေပးေနတဲ့ ႂကြက္သားေတြနဲ႔ အာ႐ုံေၾကာေတြမွာ တစ္ခုခုျဖစ္ရင္လည္း ျဖစ္ႏိုင္တယ္။

ဆီးမထိန္းႏိုင္ျခင္းကို အၾကမ္းအားျဖင့္ေအာက္ပါအတိုင္းခြဲထားပါတယ္။

Stress Incontinence(ဖိစီးမႈဒဏ္ေၾကာင့္ ဆီးမထိန္းႏိုင္ျခင္း)
ဒီအေျခအေနသည္ ေခ်ာင္းဆိုးျခင္း၊ ႏွာေခ်ျခင္း၊ အေလးအပင္မျခင္း၊ ေလွကားကိုတက္ျခင္း ၊အားရပါးရရယ္ျခင္း စေသာ ကိုယ္ကာယဖိစီးမႈဒဏ္တစ္ခုခုကို ခံစားရခ်ိန္တြင္ ဆီးမထိန္းႏိုင္ဘဲ ဆီးထြက္က်ျခင္းျဖစ္သည္။

ဆီးလမ္းေၾကာင္းရွိ ဖြင့္ႏိုင္ပိတ္ႏိုင္ေသာ Urethral Sphincter ေခၚႂကြက္သားကြင္းအားေပ်ာ့သြားေသာေၾကာင့္ သို႔မဟုတ္ တင္ပါးဆုံကြင္းရဲ႕ေအာက္ခံၾကမ္းျပင္အျဖစ္တာဝန္ထမ္းေဆာင္ေသာႂကြက္သားမ်ားအားေပ်ာ့သြားျခင္း (Poor Pelvic Floor Support)တို႔ေၾကာင့္ျဖစ္ပြားႏိုင္သည္။ ခက္ခက္ခဲခဲကေလးေမြးၿပီးေနာက္တြင္ ဒီအေျခအေနမ်ိဳးျဖစ္ႏိုင္သည္။ ဒီအမ်ိဴးအစားသည္ အမ်ိဴးသမီးမ်ားတြင္ ပိုျဖစ္ႏိုင္သည္။

Urge Incontinence(ဆီးသြားခ်င္လာလွ်င္ထသြားရျခင္း သို႔မဟုတ္ ဆီးသြားခ်င္မႈကိုေအာင့္မထားႏိုင္ျခင္း)

ဒီအေျခအေနကိုခံစားရသူသည္ ႐ုတ္တရက္ ထိန္းမႏိုင္ သိမ္းမရ ဆီးသြားခ်င္လာၿပီး တစ္ခါတစ္ရံတြင္ အိမ္သာသို႔မေရာက္မီ ဆီးထြက္က်တတ္သည္။ ဆီးသြားခ်င္တဲ့ေဆးေသာက္ထားရင္ျဖစ္ျဖစ္ အာ႐ုံေၾကာမွာေရာဂါရွိလို႔ျဖစ္ျဖစ္ စိုးရိမ္စိတ္မ်ားရင္ျဖစ္ျဖစ္ ျဖစ္ႏိုင္သည္။

Continual Incontinence (ဆီးတစက္စက္ထြက္ အဆက္မျပတ္ ထြက္က်ေနျခင္း)

ေက်ာက္ကပ္မွဆီးအိမ္သို႔ ဆီးပို႔ေသာ ဆီးပို႔ႁပြန္(Ureter)သည္ ဆီးအိမ္နဲ႔ႂကြက္သားကြင္း(sphincter)တို႔ကိုေက်ာ္ၿပီး ဆီးထြက္မည့္အေပါက္(urethra)အနီးသို႔ တိုက္႐ိုက္လာဆက္ေနျခင္း သို႔မဟုတ္ ဆီးအိမ္(bladder)နဲ႔မိန္းမကိုယ္(vagina)ၾကားတြင္ အေပါက္တစ္ခု(fistula)ျဖစ္ေနျခင္းတို႔ေၾကာင့္ျဖစ္သည္။ တင္ပဆုံခြဲစိတ္ထားသူမ်ား ကင္ဆာေၾကာင့္ဓါတ္ကင္ထားသူမ်ားတြင္ ျဖစ္ႏိုင္သည္။ ကလးေတြမွာ ေမြးရာပါဆီးပို႔ႁပြန္လြဲေနလွ်င္လည္း ေမြးကတည္းက ျဖစ္ႏိုင္သည္။

Overflow Incontinence(လွ်ံက်ျခင္း)

ဆီးအိမ္ထဲတြင္ ဆီးမ်ားျပည့္သည္အထိ ဆက္တိုက္စုေဆာင္းမိၿပီးေနာက္ပိုေသာဆီးမ်ား လွ်ံထြက္လာျခင္းျဖစ္သည္။ အမ်ိဴးသားမ်ားတြင္ ဆီးက်ိတ္ႀကီးမားလာျခင္းေၾကာင့္ ျဖစ္ႏိုင္သည္။ အမ်ိဴးသမီးမ်ားတြင္ ဆီးအိမ္ႂကြက္သား သို႔မဟုတ္ အာ႐ုံေၾကာအားနည္း ျခင္းေၾကာင့္ျဖစ္ႏိုင္သည္။ အမ်ားအားျဖင့္ ဗိုက္ခြဲကုသခံရၿပီးေနာက္ ျဖစ္တတ္သည္။ ဆီးခ်ိဳေရာဂါေၾကာင့္အာ႐ုံေၾကာအားနည္းတာ ဆီးေက်ာက္တည္တာေတြေၾကာင့္လည္းျဖစ္ႏိုင္တယ္။

ဘယ္လိုကုသရမလဲ

အရင္ဆုံး ဆီးမထိန္းႏိုင္တဲ့အေၾကာင္းရင္းကိုရွာဖို႔အတြက္ ဆီးလမ္းေၾကာင္းအထူးကုဆရာဝန္နဲ႔ျပၿပီး အာထရာေဆာင္း႐ိုက္တာ ဆီးစစ္တာ ေသြးစစ္တာ Urodynamic assessment လုပ္တာ stress test လုပ္တာစသျဖင့္ လုပ္ရပါမယ္။

ကုသလို႔ေကာေပ်ာက္လား

သုံးပုံတစ္ပုံခန႔္က ကုသမႈခံယူတာနဲ႔ေပ်ာက္ကင္းႏိုင္ပါတယ္။ အာ႐ုံေၾကာ ထိခိုက္ပ်က္စီးတာမ်ိဳးကေတာ့ မရႏိုင္ဘူး။ သို႔ေသာ္ေရာဂါအရွင္းေပ်ာက္ေအာင္မကုေပးႏိုင္သူမ်ားကိုလည္း ေျခာက္ေျခာက္ေသြ႕ေသြ႕ေနရေအာင္ သက္ေတာင့္သက္သာေနရေအာင္လုပ္ေပးႏိုင္တဲ့နည္းလမ္းမ်ားလည္းရွိသျဖင့္ ဆီးမထိန္းႏိုင္မႈျဖစ္ပါက ရွက္မေနဘဲ ဆီးလမ္းေၾကာင္းဆရာဝန္နဲ႔ျပသပါလို႔တိုက္တြန္းရင္း အဆုံးသတ္ပါရေစ။

Author : Dr 528

(Unicode)

ဆီးမထိန်းနိုင်ခြင်းဆိုသည်မှာ ဆီးသွားခြင်း မသွားခြင်းကို မိမိရဲ့သိစိတ်နဲ့မထိန်းနိုင်တော့တဲ့ အခြေအနေတစ်ရပ်ကိုဆိုလိုပါတယ်။ ဆီးမထိန်းနိုင်သည့်ရောဂါခံစားနေရသူများသည် အာရှတိုက်တစ်ဝန်းမှာပင် သန်း၃၀၀ကျော်ရှိသည်။ အမျိူးသမီးများတွင် ၁၅%နှုန်းခန့် ၊ အမျိူးသားများတွင် ၇%ခန့် ဆီးမထိန်းနိုင်သောဝေဒနာကိုခံစားနေကြရသည်။ ဆီးမထိန်းနိုင်သောရောဂါကိုခံစားရပါက ခရီးသွားလာခြင်း၊ ပွဲလမ်းသဘင်သွားခြင်း၊ နေ့တဒူဝအလုပ်ကိစ္စများ လုပ်ခြင်းတို့တွင် များစွာအဆင်မပြေဖြစ်နိုင်သည်။

ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့
စိတ်ဖိအားများတာ၊ ပူပန်သောကများတာကြောင့် ဖြစ်နိုင်သလို ၊ဆီးလမ်းကြောင်းဖွဲ့စည်းမှုအနေအထားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ရခြင်း ၊ကလေးမွေးရခြင်း၊ သွေးဆုံးရခြင်း၊ ဆီးလမ်းပိုးဝင်ရခြင်းတို့ကြောင့်  အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးမထိန်းနိုင်ခြင်းကိုပိုဖြစ်နေကြတယ်။ အာရုံကြောထိခိုက်ရင်တော့ ကျားရော မပါဖြစ်နိုင်တယ်။ ဆီးလမ်းကိုထိန်းပေးနေတဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေမှာ တစ်ခုခုဖြစ်ရင်လည်း ဖြစ်နိုင်တယ်။

ဆီးမထိန်းနိုင်ခြင်းကို အကြမ်းအားဖြင့်အောက်ပါအတိုင်းခွဲထားပါတယ်။

Stress Incontinence(ဖိစီးမှုဒဏ်ကြောင့် ဆီးမထိန်းနိုင်ခြင်း)
ဒီအခြေအနေသည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အလေးအပင်မခြင်း၊ လှေကားကိုတက်ခြင်း ၊အားရပါးရရယ်ခြင်း စသော ကိုယ်ကာယဖိစီးမှုဒဏ်တစ်ခုခုကို ခံစားရချိန်တွင် ဆီးမထိန်းနိုင်ဘဲ ဆီးထွက်ကျခြင်းဖြစ်သည်။

ဆီးလမ်းကြောင်းရှိ ဖွင့်နိုင်ပိတ်နိုင်သော Urethral Sphincter ခေါ်ကြွက်သားကွင်းအားပျော့သွားသောကြောင့် သို့မဟုတ် တင်ပါးဆုံကွင်းရဲ့အောက်ခံကြမ်းပြင်အဖြစ်တာဝန်ထမ်းဆောင်သောကြွက်သားများအားပျော့သွားခြင်း (Poor Pelvic Floor Support)တို့ကြောင့်ဖြစ်ပွားနိုင်သည်။ ခက်ခက်ခဲခဲကလေးမွေးပြီးနောက်တွင် ဒီအခြေအနေမျိုးဖြစ်နိုင်သည်။ ဒီအမျိူးအစားသည် အမျိူးသမီးများတွင် ပိုဖြစ်နိုင်သည်။

Urge Incontinence(ဆီးသွားချင်လာလျှင်ထသွားရခြင်း သို့မဟုတ် ဆီးသွားချင်မှုကိုအောင့်မထားနိုင်ခြင်း)

ဒီအခြေအနေကိုခံစားရသူသည် ရုတ်တရက် ထိန်းမနိုင် သိမ်းမရ ဆီးသွားချင်လာပြီး တစ်ခါတစ်ရံတွင် အိမ်သာသို့မရောက်မီ ဆီးထွက်ကျတတ်သည်။ ဆီးသွားချင်တဲ့ဆေးသောက်ထားရင်ဖြစ်ဖြစ် အာရုံကြောမှာရောဂါရှိလို့ဖြစ်ဖြစ် စိုးရိမ်စိတ်များရင်ဖြစ်ဖြစ် ဖြစ်နိုင်သည်။

Continual Incontinence (ဆီးတစက်စက်ထွက် အဆက်မပြတ် ထွက်ကျနေခြင်း)

ကျောက်ကပ်မှဆီးအိမ်သို့ ဆီးပို့သော ဆီးပို့ပြွန်(Ureter)သည် ဆီးအိမ်နဲ့ကြွက်သားကွင်း(sphincter)တို့ကိုကျော်ပြီး ဆီးထွက်မည့်အပေါက်(urethra)အနီးသို့ တိုက်ရိုက်လာဆက်နေခြင်း သို့မဟုတ် ဆီးအိမ်(bladder)နဲ့မိန်းမကိုယ်(vagina)ကြားတွင် အပေါက်တစ်ခု(fistula)ဖြစ်နေခြင်းတို့ကြောင့်ဖြစ်သည်။ တင်ပဆုံခွဲစိတ်ထားသူများ ကင်ဆာကြောင့်ဓါတ်ကင်ထားသူများတွင် ဖြစ်နိုင်သည်။ ကလးတွေမှာ မွေးရာပါဆီးပို့ပြွန်လွဲနေလျှင်လည်း မွေးကတည်းက ဖြစ်နိုင်သည်။

Overflow Incontinence(လျှံကျခြင်း)

ဆီးအိမ်ထဲတွင် ဆီးများပြည့်သည်အထိ ဆက်တိုက်စုဆောင်းမိပြီးနောက်ပိုသောဆီးများ လျှံထွက်လာခြင်းဖြစ်သည်။ အမျိူးသားများတွင် ဆီးကျိတ်ကြီးမားလာခြင်းကြောင့် ဖြစ်နိုင်သည်။ အမျိူးသမီးများတွင် ဆီးအိမ်ကြွက်သား သို့မဟုတ် အာရုံကြောအားနည်း ခြင်းကြောင့်ဖြစ်နိုင်သည်။ အများအားဖြင့် ဗိုက်ခွဲကုသခံရပြီးနောက် ဖြစ်တတ်သည်။ ဆီးချိုရောဂါကြောင့်အာရုံကြောအားနည်းတာ ဆီးကျောက်တည်တာတွေကြောင့်လည်းဖြစ်နိုင်တယ်။

ဘယ်လိုကုသရမလဲ

အရင်ဆုံး ဆီးမထိန်းနိုင်တဲ့အကြောင်းရင်းကိုရှာဖို့အတွက် ဆီးလမ်းကြောင်းအထူးကုဆရာဝန်နဲ့ပြပြီး အာထရာဆောင်းရိုက်တာ ဆီးစစ်တာ သွေးစစ်တာ Urodynamic assessment လုပ်တာ stress test လုပ်တာစသဖြင့် လုပ်ရပါမယ်။

ကုသလို့ကောပျောက်လား

သုံးပုံတစ်ပုံခန့်က ကုသမှုခံယူတာနဲ့ပျောက်ကင်းနိုင်ပါတယ်။ အာရုံကြော ထိခိုက်ပျက်စီးတာမျိုးကတော့ မရနိုင်ဘူး။ သို့သော်ရောဂါအရှင်းပျောက်အောင်မကုပေးနိုင်သူများကိုလည်း ခြောက်ခြောက်သွေ့သွေ့နေရအောင် သက်တောင့်သက်သာနေရအောင်လုပ်ပေးနိုင်တဲ့နည်းလမ်းများလည်းရှိသဖြင့် ဆီးမထိန်းနိုင်မှုဖြစ်ပါက ရှက်မနေဘဲ ဆီးလမ်းကြောင်းဆရာဝန်နဲ့ပြသပါလို့တိုက်တွန်းရင်း အဆုံးသတ်ပါရစေ။

Author : Dr 528

Previous Post

ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား

Next Post

လေထိုးလေအောင့်ဝေဒနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
871
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
849
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လေထိုးလေအောင့်ဝေဒနာ

ကလေးနေမကောင်းတဲ့အခါ အစာကျွေးရမှာလား အစာဖြတ်ရမှာလား

အိမ်ထောင် မပြုခင် မပေါ့စေချင် ကျန်းမာရေးသတိရှိစေချင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.