fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လေဖြတ်ခြင်းအကြောင်းတစေ့တစောင်း

118
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/07/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi code)

တစ္ေန႔ေဆးခန္းထဲ ေန႔လည္စာထိုင္စားေနတုန္း ေဘးအိမ္က အသိေကာင္ေလးေရာက္လာၿပီး’ဆရာ ဘာလုပ္လဲဗ် ။ဝင္လာလို႔ရလား ။အလုပ္ရႈပ္ေနလား’။
‘ ေၾသာ္ ေမာင္ၿပဳံး လာေလကြာ။ ထမင္းစားေနတာ စားပါဦးကြ’။

ေမာင္ၿပဳံး နာမည္နဲ႔လိုက္ေအာင္တၿပဳံးၿပဳံးနဲ႔ ဝင္လာရင္း
‘ မစားေတာ့ပါဘူးဆရာ ။ကြၽန္ေတာ္ခုပဲစားခဲ့တာ ။ဆရာ ဘာဟင္းလဲ ‘
‘ ဝက္သားဟင္းပါ’။

‘ ဆရာ သတိထားေနာ္ ၊ ဝက္သားစားတာ” ဘာလို႔လဲဗ်’
‘ ကြၽန္ေတာ့အသိ ဦးေလးႀကီးတစ္ေယာက္ ဝက္သားစားၿပီးေလျဖတ္သြားတာ။ ဘယ္လိုမွျပန္မေကာင္းေတာ့ဘူးဗ်။ ဝက္သားစားၿပီးေလေတြျဖတ္မွာစိုးလို႔’။
‘ ေဟ့ေကာင္ ေမာင္ၿပဳံးရ၊ ဝက္သားကေလမျဖတ္ပါဘူးကြ။ မင္း ဦးေလးက တျခားေရာဂါအခံတစ္ခုခုရွိလို႔ျဖစ္မွာေပါ့’။
‘ အဲဒါေတာ့မသိဘူးဆရာ ။ဝက္သားစားၿပီး ေန႔လည္ တစ္ေရးအိပ္တာ ျပန္ႏိုးေတာ့ မလႈပ္ေတာ့ဘူး။ ေဆးခန္း ဆရာေခၚေတာ့ ေသြးေပါင္ေတြတက္လိုက္တာမတအားပဲတဲ့ ။ေနာက္ေတာ့ ေဆး႐ုံေတြလႊဲတာေရာ ေဆး႐ုံမွာတင္ ေတာ္ေတာ္ၾကာတယ္တဲ့’။

‘ ေလျဖတ္တဲ့အေၾကာင္းအရင္းေရာ သိၿပီလား’။
‘ အဲ့လိုေတာ့ကြၽန္ေတာ္မသိဘူးဆရာ။ သူတို႔ကေတာ့အခုထိေဆး႐ုံေဆးခန္းရက္ခ်ိန္းေတြျပလိုက္၊ ေဆးေတြေသာက္ေနလိုက္နဲ႔၊ ေတာက္ေလွ်ာက္ပဲဆရာ’။
‘ ေအးေပါ့ကြာ၊ ေလျဖတ္ေတာ့လည္း ေနာက္ဆက္တြဲေတြ ဆက္လုပ္ရတာေပါ့’။
‘ ဒါဆို အေတာ္ပဲဆရာ ၊ ဆရာအားရင္ ကြၽန္ေတာ့္ကိုေလျဖတ္တာနဲ႔ပက္သက္ၿပီး နည္းနည္းေျပာျပပါလား။ ဗဟုသုတေပါ့။ ကြၽန္ေတာ္လည္းသူမ်ားေတြျပန္ေျပာလို႔ရတာေပါ့’။

‘ ဟုတ္ပါၿပီကြာ။ ေလျဖတ္တာက အဓိကကေတာ့ ေသြးေၾကာေပါက္တာနဲ႔ ပိတ္တာေတြေၾကာင့္ျဖစ္တတ္တယ္။ တျခားအေၾကာင္းေတြလည္းရွိေပမယ့္ အဓိကကေတာ့ဒါေတြကြ။ ေသြးေၾကာေပါက္တယ္ဆိုတာက ေသြးတိုးသမားေတြ ေသြးတိုးေသခ်ာမထိန္းလို႔ပဲျဖစ္ျဖစ္ ၊အေၾကာင္းတခုခုေၾကာင့္ပဲျဖစ္ျဖစ္ ၊ေသြးေဆာင့္တက္သြားတဲ့အခါ ျဖစ္တတ္တယ္ ။ေခါင္းကိုထိခိုက္တာေတြ ၊ေသြးက်ဲေဆးေသာက္ေနရတဲ့သူေတြလည္းျဖစ္တတ္တယ္။
ေသြးေၾကာပိတ္တာက်ေတာ့ ႏွလုံးေသြးေၾကာနဲ႔ဆိုင္တဲ့ေရာဂါေတြ ၊ႏွလုံးခုန္မမွန္တာေတြမွာျဖစ္တတ္တယ္။တျခားအေနနဲ႔ကေတာ့ အသက္ႀကီးတဲ့အခါ တခ်ိဳ႕ေသြးေၾကာႀကီးေတြ က်ဥ္းလာတာေတြ မွာ တစ္ခါတစ္ေလ ျဖစ္တတ္တယ္။ ေသြးေၾကာေတြေရာင္တဲ့ေရာဂါေတြ ၊ေသြးပ်စ္တဲ့ေရာဂါေတြ မွာလည္းျဖစ္တတ္တယ္ကြ။’

‘ ဒီေရာဂါေတြကေန ဘယ္လိုလုပ္ၿပီးေလျဖတ္ရတာလဲ ဆရာ’
‘ သက္ဆိုင္ရာဦးေႏွာက္ေသြးေၾကာအလိုက္ ေသြးပို႔ေပးရတဲ့ ဦးေႏွာက္အစိတ္အပိုင္းေတြရွိတယ္ကြ ။ေသြးေၾကာေပါက္သြားတဲ့အခါ အဲ့ဒီအစိတ္အပိုင္းေတြမွာ ေသြးေကာင္းေကာင္းမရေတာ့ဘူး။ ေသြးမရေတာ့တဲ့ အစိတ္အပိုင္းေတြက အလုပ္ေကာင္းေကာင္းမလုပ္ႏိုင္ၾကေတာ့ဘူး ။ေနာက္ၿပီး ေသြးေၾကာေပါက္လို႔ထြက္လာတဲ့ေသြးေတြက ဦးေႏွာက္အစိတ္အပိုင္းေတြကို ဖိလာတယ္။ ေသြးကနည္းတယ္ဆိုအသက္အႏၲရာယ္မရွိေပမယ့္ ဖိထားတဲ့ေသြးပမဏမ်ားတဲ့အခါ အသက္ေတာင္စိုးရိမ္ရတယ္။

ေသြးေၾကာပိတ္တာလည္းဒီလိုပဲ ။ေသြးေၾကာက်ဥ္းလာတာျဖစ္ျဖစ္ ၊ေသြးေၾကာေရာင္တာျဖစ္ျဖစ္၊ ေသြးပ်စ္တာျဖစ္ျဖစ္ ေတြမွာ ေသြးစီးဆင္းႏိုင္တဲ့ အလ်င္ကေႏွးတယ္ကြ ။ေႏွးလာတာနဲ႔အမွ် ေသြးထဲမွာ ပါတဲ့ ဆဲလ္ေတြက အနည္ထိုင္ဖို႔ ေသြးခဲေစဖို႔ျဖစ္လာတယ္။ ဒီအခဲေလးေတြ ေၾကာင့္ပဲျဖစ္ေစ တစ္ေနရာရာကျပဳတ္ထြက္လာတဲ့ ေသြးခဲေၾကာင့္ျဖစ္ေစ၊ ဦးေႏွာက္ကိုသြားတဲ့ ေသြးေၾကာေတြမွာ ပိတ္မိတဲ့အခါ ဦးေႏွာက္အစိတ္အပိုင္းေတြမွာ ေသြးေကာင္းေကာင္းမရေတာ့တာေတြျဖစ္ၿပီး အလုပ္မလုပ္ႏိုင္ၾကေတာ့ဘူးကြ။’

‘ေၾသာ္ ဒီလိုကိုး။ အခုမွပဲ ေသခ်ာသေဘာေပါက္ေတာ့တယ္။ ဒါေပမယ့္ ဆရာ ကြၽန္ေတာ္မရွင္းတာတစ္ခုရွိေသးတယ္။’
‘ ဘာလဲကြ’
‘ ကြၽန္ေတာ့ဦးေလးေလ ဘာလို႔ဝက္သားစားၿပီ ေလျဖတ္ရတာလဲ ။’
‘ ဝက္သားသက္သက္ကေတာ့ ေလမျဖတ္ဘူးကြ။ မင္းေျပာေတာ့မင္းဦးေလးမွာ ေသြးတိုးအခံရွိတယ္ဆို တာလည္းစဥ္းစားစရာပဲ။ ဝက္သားဟင္းမွမဟုတ္ဘူး။ ဘယ္ဟင္းမဆို အဆီအဆိမ့္အငံေတြမ်ားရင္ ေသြးတိုးေစမွာပဲ ။ေသြးေပါင္အရမ္းတက္သြားတာလည္းျဖစ္ႏိုင္တယ္။ တျခားအေၾကာင္းေတြလည္းျဖစ္ႏိုင္ေသးတယ္။ ဘာေၾကာင့္ေလျဖတ္လဲဆိုတာကေတာ့ ျဖစ္ႏိုင္ေခ်ေတြ စစ္ေဆးရမွာပဲ။ တျခားေရာဂါအခံေတြရွိေသးလားတို႔ ၊ဘာေဆးေတြေသာက္ေနလဲတို႔ ၊ေသြးတိုးကိုေရာေသခ်ာထိန္းလားတို႔ စတာေတြလည္း ျပန္ၾကည့္ရမွာေပါ့။’

‘ ဆရာ ေျပာပုံက ေဆးေတြကေရာ ေလျဖတ္ႏိုင္လို႔လားဆရာ’
‘ တခ်ိဳ႕ေဆးေတြက ေသြးေပါင္တက္ေစတယ္ကြ။ အဓိကက steroid ပါတဲ့ ေဆးေတြ၊ ေဟာ္မုန္းေဆးေတြေပါ့။ ေနာက္ၿပီး ေစာေစာကေျပာတဲ့ ေသြးက်ဲေဆးေတြက ေသြးယိုစိမ့္တာေတြ ျဖစ္တတ္တယ္ကြ။ ဒါေၾကာင့္ ဘာေဆးပဲေသာက္ေသာက္ ဆရာဝန္ေတြတိုင္ပင္ၿပီးမွေသာက္ပါ ။မလိုရင္ မေသာက္ပါနဲ႔။ ေသာက္ရင္လည္းရက္ခ်ိန္းေသခ်ာျပန္ျပပါလို႔ လူနာေတြကို တဖြဖြ မွာေနရတာေပါ့။’

‘ ေၾသာ္ ဟုတ္ကဲ့ပါ။ ကြၽန္ေတာ့နားလည္ပါၿပီ ။ဒါနဲ႔ တစ္ခ်ိဳ႕ေတြ ငယ္ငယ္႐ြယ္႐ြယ္လည္းေလျဖတ္တယ္ေနာ္ ဆရာ’
‘ အသက္ငယ္လည္းေလျဖတ္ႏိုင္တာပဲကြ ။အေပၚမွာေျပာထားတဲ့ ေရာဂါေတြ ငယ္ငယ္႐ြယ္႐ြယ္ျဖစ္လာရင္၊ သူတို႔လည္း ေလျဖတ္ႏိုင္တယ္။ ကိုယ္ဝန္ေဆာင္သည္ေတြ ၊မီးေနသည္ေတြ ၊သေႏၶသားေဆးေသာက္ေနတဲ့သူေတြမွာလည္း ပိုသတိထားရမယ္။’

‘ဟုတ္ကဲ့ပါ ဆရာ။ ေနာက္တစ္ခုက ေလျဖတ္တိုင္းကိုယ္တစ္ျခမ္းျခမ္းျဖတ္တတ္ၾကတယ္ေနာ္ဆရာ။ အဲလိုပဲလားဆရာ’
‘ အဲလိုအၿမဲမဟုတ္ပါဘူးကြ ။ကိုယ္တစ္ျခမ္းျဖတ္တာလည္းရွိတယ္။ တစ္ခ်ိဳ႕က်ေတာ့ အာ႐ုံေၾကာေတြပဲ ထိတယ္။ ထိတဲ့ေနရာေပၚမူတည္ၿပီးျဖစ္တာပါကြ’
‘ ေၾသာ္ အဲလိုလား ။မသိပါဘူး ။ကြၽန္ေတာ္က ေလျဖတ္ရင္ကိုယ္တစ္ျခမ္းပဲ ထင္ေနတာ။ ေလျဖတ္သြားရင္ေရာ ဘာဆက္လုပ္ရလဲ ဆရာ’
‘မင္း ဦးေလးလိုပဲေပါ့ ၊ေဆး႐ုံေတာ့သြားရမယ္။ ဘာေၾကာင့္ေလျဖတ္တယ္ရွာရမယ္။ လိုအပ္ရင္ CT Scan ႐ိုက္ရမယ္။ ေသြးေၾကာပိတ္တာေၾကာင့္ျဖစ္တာဆိုရင္ ေလျဖတ္ၿပီးသုံးနာရီအတြင္းဆို ျပန္ကုလို႔လြယ္တယ္။ ကုၿပီးလည္း ေနာက္ဆက္ၿပီး ေဆးေတြနဲ႔ဆက္ထိန္းရမွာပဲ ။ေသြးေၾကာေပါက္တာဆိုလည္း လုပ္လို႔ရႏိုင္တာေတြ ရွိလားၾကည့္ရမယ္။ ေဆးကုတဲ့အပိုင္းေရာ ေလ့က်င့္ခန္းေတြလုပ္တာေရာေပါ့။’

‘ ေလျဖတ္တာကိုေရာ ႀကိဳတင္ၿပီးကာကြယ္လို႔ရလားဆရာ’
‘ ရတာေပါ့ကြ။ အဓိကကေတာ့ ကိုယ့္မွာရွိတဲ့ ေရာဂါအခံကို ေသခ်ာထိန္းရမယ္။ ေဆးေတြပုံမွန္ေသာက္တာ ၊ဆရာဝန္ေတြ ရက္ခ်ိန္းျပတာေတြ၊ လိုအပ္တာစစ္ေဆးတာေတြ လုပ္ရတယ္။ အစားအေသာက္အေနအထိုင္လည္းပုံစံေျပာင္းရမယ္ကြ။’
‘ ဘယ္လိုပုံစံေျပာင္းရမွာလဲ ဆရာ’
‘ အစားအေသာက္ဆိုတာက အဆီအဆိမ့္အငံေတြေရွာင္။ အခ်ိဳမႈန႔္ေရွာင္။ ဟင္းခတ္အေမႊးအႀကိဳင္ေတြ ေလွ်ာ့ေပါ့ကြာ။ ဆီေၾကာ္မုန႔္ေတြေရွာင္ ။အခ်ိဳေလွ်ာ့ အအီစာေတြေလွ်ာ့ေပါ့ကြာ ။အသီးအ႐ြက္မ်ားမ်ားစားေပးေပါ့ ။ေဆးလိပ္အရက္ကြမ္းလုပ္တတ္တယ္ဆိုရင္ျဖတ္ရမယ္။ ေန႔တိုင္းပုံမွန္ေလ့က်င့္ခန္းလုပ္ေပါ့ကြာ။ လမ္းေလွ်ာက္ေပးတာစသျဖင့္ေပါ့ကြာ။ အထိုင္မမ်ားေစရဘူးကြ။ စိတ္ဖိစီးတာေတြေလွ်ာ့ေပါ့ကြာ ။ဒါေတြကေတာ့ ကိုယ္ပိုင္လုပ္ႏိုင္တဲ့ အရာေတြေပါ့။’
‘ ဟုတ္ကဲ့ဆရာ ၊ကြၽန္ေတာ္နားလည္ၿပီဗ် ။ေက်းဇူးဆရာ ။ဒီေန႔တကယ္ ဗဟုသုတရတယ္။ ဆရာလည္းကြၽန္ေတာ့ေၾကာင့္ ထမင္းစားပ်က္သြားၿပီ ။အားနာလိုက္တာ’

‘ ရပါတယ္ကြာ ။မင္းသာအခုရတဲ့ဗဟုသုတကို လိုက္ၿပီး မွ်ေဝေပးရင္ ထမင္းစားပ်က္ရက်ိဳးနပ္တာေပါ့ကြာ။’
‘ ဟုတ္ကဲ့ ဆရာ။ ဒါေတာ့စိတ္ခ် မွ်ေဝမွာ အခုေတာ့သြားၿပီဗ်’
‘ ေအးပါ ေနာက္လည္းလာဦးေပါ့’
‘ ဟုတ္ကဲ့ဆရာ’
ေမာင္ၿပဳံးထြက္သြားေတာ့ ထမင္းဆက္စားရင္း …

Author. Dr.CST

(Unicode)

တစ်နေ့ဆေးခန်းထဲ နေ့လည်စာထိုင်စားနေတုန်း ဘေးအိမ်က အသိကောင်လေးရောက်လာပြီး
‘ဆရာ ဘာလုပ်လဲဗျ ။ဝင်လာလို့ရလား ။အလုပ်ရှုပ်နေလား’။
‘ သြော် မောင်ပြုံး လာလေကွာ။ ထမင်းစားနေတာ စားပါဦးကွ’။
မောင်ပြုံး နာမည်နဲ့လိုက်အောင်တပြုံးပြုံးနဲ့ ဝင်လာရင်း
‘ မစားတော့ပါဘူးဆရာ ။ကျွန်တော်ခုပဲစားခဲ့တာ ။ဆရာ ဘာဟင်းလဲ ‘
‘ ဝက်သားဟင်းပါ’။
‘ ဆရာ သတိထားနော် ၊ ဝက်သားစားတာ’

‘ ဘာလို့လဲဗျ’
‘ ကျွန်တော့အသိ ဦးလေးကြီးတစ်ယောက် ဝက်သားစားပြီးလေဖြတ်သွားတာ။ ဘယ်လိုမှပြန်မကောင်းတော့ဘူးဗျ။ ဝက်သားစားပြီးလေတွေဖြတ်မှာစိုးလို့’။
‘ ဟေ့ကောင် မောင်ပြုံးရ၊ ဝက်သားကလေမဖြတ်ပါဘူးကွ။ မင်း ဦးလေးက တခြားရောဂါအခံတစ်ခုခုရှိလို့ဖြစ်မှာပေါ့’။
‘ အဲဒါတော့မသိဘူးဆရာ ။ဝက်သားစားပြီး နေ့လည် တစ်ရေးအိပ်တာ ပြန်နိုးတော့ မလှုပ်တော့ဘူး။ ဆေးခန်း ဆရာခေါ်တော့ သွေးပေါင်တွေတက်လိုက်တာမတအားပဲတဲ့ ။နောက်တော့ ဆေးရုံတွေလွှဲတာရော ဆေးရုံမှာတင် တော်တော်ကြာတယ်တဲ့’။
‘ လေဖြတ်တဲ့အကြောင်းအရင်းရော သိပြီလား’။

‘ အဲ့လိုတော့ကျွန်တော်မသိဘူးဆရာ။ သူတို့ကတော့အခုထိဆေးရုံဆေးခန်းရက်ချိန်းတွေပြလိုက်၊ ဆေးတွေသောက်နေလိုက်နဲ့၊ တောက်လျှောက်ပဲဆရာ’။
‘ အေးပေါ့ကွာ၊ လေဖြတ်တော့လည်း နောက်ဆက်တွဲတွေ ဆက်လုပ်ရတာပေါ့’။
‘ ဒါဆို အတော်ပဲဆရာ ၊ ဆရာအားရင် ကျွန်တော့်ကိုလေဖြတ်တာနဲ့ပက်သက်ပြီး နည်းနည်းပြောပြပါလား။ ဗဟုသုတပေါ့။ ကျွန်တော်လည်းသူများတွေပြန်ပြောလို့ရတာပေါ့’။
‘ ဟုတ်ပါပြီကွာ။ လေဖြတ်တာက အဓိကကတော့ သွေးကြောပေါက်တာနဲ့ ပိတ်တာတွေကြောင့်ဖြစ်တတ်တယ်။ တခြားအကြောင်းတွေလည်းရှိပေမယ့် အဓိကကတော့ဒါတွေကွ။ သွေးကြောပေါက်တယ်ဆိုတာက သွေးတိုးသမားတွေ သွေးတိုးသေချာမထိန်းလို့ပဲဖြစ်ဖြစ် ၊အကြောင်းတခုခုကြောင့်ပဲဖြစ်ဖြစ် ၊သွေးဆောင့်တက်သွားတဲ့အခါ ဖြစ်တတ်တယ် ။ခေါင်းကိုထိခိုက်တာတွေ ၊သွေးကျဲဆေးသောက်နေရတဲ့သူတွေလည်းဖြစ်တတ်တယ်။
သွေးကြောပိတ်တာကျတော့ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေ ၊နှလုံးခုန်မမှန်တာတွေမှာဖြစ်တတ်တယ်။တခြားအနေနဲ့ကတော့ အသက်ကြီးတဲ့အခါ တချို့သွေးကြောကြီးတွေ ကျဉ်းလာတာတွေ မှာ တစ်ခါတစ်လေ ဖြစ်တတ်တယ်။ သွေးကြောတွေရောင်တဲ့ရောဂါတွေ ၊သွေးပျစ်တဲ့ရောဂါတွေ မှာလည်းဖြစ်တတ်တယ်ကွ။’

‘ ဒီရောဂါတွေကနေ ဘယ်လိုလုပ်ပြီးလေဖြတ်ရတာလဲ ဆရာ’
‘ သက်ဆိုင်ရာဦးနှောက်သွေးကြောအလိုက် သွေးပို့ပေးရတဲ့ ဦးနှောက်အစိတ်အပိုင်းတွေရှိတယ်ကွ ။သွေးကြောပေါက်သွားတဲ့အခါ အဲ့ဒီအစိတ်အပိုင်းတွေမှာ သွေးကောင်းကောင်းမရတော့ဘူး။ သွေးမရတော့တဲ့ အစိတ်အပိုင်းတွေက အလုပ်ကောင်းကောင်းမလုပ်နိုင်ကြတော့ဘူး ။နောက်ပြီး သွေးကြောပေါက်လို့ထွက်လာတဲ့သွေးတွေက ဦးနှောက်အစိတ်အပိုင်းတွေကို ဖိလာတယ်။ သွေးကနည်းတယ်ဆိုအသက်အန္တရာယ်မရှိပေမယ့် ဖိထားတဲ့သွေးပမဏများတဲ့အခါ အသက်တောင်စိုးရိမ်ရတယ်။
သွေးကြောပိတ်တာလည်းဒီလိုပဲ ။သွေးကြောကျဉ်းလာတာဖြစ်ဖြစ် ၊သွေးကြောရောင်တာဖြစ်ဖြစ်၊ သွေးပျစ်တာဖြစ်ဖြစ် တွေမှာ သွေးစီးဆင်းနိုင်တဲ့ အလျင်ကနှေးတယ်ကွ ။နှေးလာတာနဲ့အမျှ သွေးထဲမှာ ပါတဲ့ ဆဲလ်တွေက အနည်ထိုင်ဖို့ သွေးခဲစေဖို့ဖြစ်လာတယ်။ ဒီအခဲလေးတွေ ကြောင့်ပဲဖြစ်စေ တစ်နေရာရာကပြုတ်ထွက်လာတဲ့ သွေးခဲကြောင့်ဖြစ်စေ၊ ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေမှာ ပိတ်မိတဲ့အခါ ဦးနှောက်အစိတ်အပိုင်းတွေမှာ သွေးကောင်းကောင်းမရတော့တာတွေဖြစ်ပြီး အလုပ်မလုပ်နိုင်ကြတော့ဘူးကွ။’

‘သြော် ဒီလိုကိုး။ အခုမှပဲ သေချာသဘောပေါက်တော့တယ်။ ဒါပေမယ့် ဆရာ ကျွန်တော်မရှင်းတာတစ်ခုရှိသေးတယ်။’
‘ ဘာလဲကွ’
‘ ကျွန်တော့ဦးလေးလေ ဘာလို့ဝက်သားစားပြီ လေဖြတ်ရတာလဲ ။’
‘ ဝက်သားသက်သက်ကတော့ လေမဖြတ်ဘူးကွ။ မင်းပြောတော့မင်းဦးလေးမှာ သွေးတိုးအခံရှိတယ်ဆို တာလည်းစဉ်းစားစရာပဲ။ ဝက်သားဟင်းမှမဟုတ်ဘူး။ ဘယ်ဟင်းမဆို အဆီအဆိမ့်အငံတွေများရင် သွေးတိုးစေမှာပဲ ။သွေးပေါင်အရမ်းတက်သွားတာလည်းဖြစ်နိုင်တယ်။ တခြားအကြောင်းတွေလည်းဖြစ်နိုင်သေးတယ်။ ဘာကြောင့်လေဖြတ်လဲဆိုတာကတော့ ဖြစ်နိုင်ချေတွေ စစ်ဆေးရမှာပဲ။ တခြားရောဂါအခံတွေရှိသေးလားတို့ ၊ဘာဆေးတွေသောက်နေလဲတို့ ၊သွေးတိုးကိုရောသေချာထိန်းလားတို့ စတာတွေလည်း ပြန်ကြည့်ရမှာပေါ့။’

‘ ဆရာ ပြောပုံက ဆေးတွေကရော လေဖြတ်နိုင်လို့လားဆရာ’
‘ တချို့ဆေးတွေက သွေးပေါင်တက်စေတယ်ကွ။ အဓိကက steroid ပါတဲ့ ဆေးတွေ၊ ဟော်မုန်းဆေးတွေပေါ့။ နောက်ပြီး စောစောကပြောတဲ့ သွေးကျဲဆေးတွေက သွေးယိုစိမ့်တာတွေ ဖြစ်တတ်တယ်ကွ။ ဒါကြောင့် ဘာဆေးပဲသောက်သောက် ဆရာဝန်တွေတိုင်ပင်ပြီးမှသောက်ပါ ။မလိုရင် မသောက်ပါနဲ့။ သောက်ရင်လည်းရက်ချိန်းသေချာပြန်ပြပါလို့ လူနာတွေကို တဖွဖွ မှာနေရတာပေါ့။’
‘ သြော် ဟုတ်ကဲ့ပါ။ ကျွန်တော့နားလည်ပါပြီ ။ဒါနဲ့ တစ်ချို့တွေ ငယ်ငယ်ရွယ်ရွယ်လည်းလေဖြတ်တယ်နော် ဆရာ’
‘ အသက်ငယ်လည်းလေဖြတ်နိုင်တာပဲကွ ။အပေါ်မှာပြောထားတဲ့ ရောဂါတွေ ငယ်ငယ်ရွယ်ရွယ်ဖြစ်လာရင်၊ သူတို့လည်း လေဖြတ်နိုင်တယ်။ ကိုယ်ဝန်ဆောင်သည်တွေ ၊မီးနေသည်တွေ ၊သန္ဓေသားဆေးသောက်နေတဲ့သူတွေမှာလည်း ပိုသတိထားရမယ်။’

‘ဟုတ်ကဲ့ပါ ဆရာ။ နောက်တစ်ခုက လေဖြတ်တိုင်းကိုယ်တစ်ခြမ်းခြမ်းဖြတ်တတ်ကြတယ်နော်ဆရာ။ အဲလိုပဲလားဆရာ’
‘ အဲလိုအမြဲမဟုတ်ပါဘူးကွ ။ကိုယ်တစ်ခြမ်းဖြတ်တာလည်းရှိတယ်။ တစ်ချို့ကျတော့ အာရုံကြောတွေပဲ ထိတယ်။ ထိတဲ့နေရာပေါ်မူတည်ပြီးဖြစ်တာပါကွ’
‘ သြော် အဲလိုလား ။မသိပါဘူး ။ကျွန်တော်က လေဖြတ်ရင်ကိုယ်တစ်ခြမ်းပဲ ထင်နေတာ။ လေဖြတ်သွားရင်ရော ဘာဆက်လုပ်ရလဲ ဆရာ’
‘မင်း ဦးလေးလိုပဲပေါ့ ၊ဆေးရုံတော့သွားရမယ်။ ဘာကြောင့်လေဖြတ်တယ်ရှာရမယ်။ လိုအပ်ရင် CT Scan ရိုက်ရမယ်။ သွေးကြောပိတ်တာကြောင့်ဖြစ်တာဆိုရင် လေဖြတ်ပြီးသုံးနာရီအတွင်းဆို ပြန်ကုလို့လွယ်တယ်။ ကုပြီးလည်း နောက်ဆက်ပြီး ဆေးတွေနဲ့ဆက်ထိန်းရမှာပဲ ။သွေးကြောပေါက်တာဆိုလည်း လုပ်လို့ရနိုင်တာတွေ ရှိလားကြည့်ရမယ်။ ဆေးကုတဲ့အပိုင်းရော လေ့ကျင့်ခန်းတွေလုပ်တာရောပေါ့။’
‘ လေဖြတ်တာကိုရော ကြိုတင်ပြီးကာကွယ်လို့ရလားဆရာ’
‘ ရတာပေါ့ကွ။ အဓိကကတော့ ကိုယ့်မှာရှိတဲ့ ရောဂါအခံကို သေချာထိန်းရမယ်။ ဆေးတွေပုံမှန်သောက်တာ ၊ဆရာဝန်တွေ ရက်ချိန်းပြတာတွေ၊ လိုအပ်တာစစ်ဆေးတာတွေ လုပ်ရတယ်။ အစားအသောက်အနေအထိုင်လည်းပုံစံပြောင်းရမယ်ကွ။’
‘ ဘယ်လိုပုံစံပြောင်းရမှာလဲ ဆရာ’

‘ အစားအသောက်ဆိုတာက အဆီအဆိမ့်အငံတွေရှောင်။ အချိုမှုန့်ရှောင်။ ဟင်းခတ်အမွှေးအကြိုင်တွေ လျှော့ပေါ့ကွာ။ ဆီကြော်မုန့်တွေရှောင် ။အချိုလျှော့ အအီစာတွေလျှော့ပေါ့ကွာ ။အသီးအရွက်များများစားပေးပေါ့ ။ဆေးလိပ်အရက်ကွမ်းလုပ်တတ်တယ်ဆိုရင်ဖြတ်ရမယ်။ နေ့တိုင်းပုံမှန်လေ့ကျင့်ခန်းလုပ်ပေါ့ကွာ။ လမ်းလျှောက်ပေးတာစသဖြင့်ပေါ့ကွာ။ အထိုင်မများစေရဘူးကွ။ စိတ်ဖိစီးတာတွေလျှော့ပေါ့ကွာ ။ဒါတွေကတော့ ကိုယ်ပိုင်လုပ်နိုင်တဲ့ အရာတွေပေါ့။’
‘ ဟုတ်ကဲ့ဆရာ ၊ကျွန်တော်နားလည်ပြီဗျ ။ကျေးဇူးဆရာ ။ဒီနေ့တကယ် ဗဟုသုတရတယ်။ ဆရာလည်းကျွန်တော့ကြောင့် ထမင်းစားပျက်သွားပြီ ။အားနာလိုက်တာ’
‘ ရပါတယ်ကွာ ။မင်းသာအခုရတဲ့ဗဟုသုတကို လိုက်ပြီး မျှဝေပေးရင် ထမင်းစားပျက်ရကျိုးနပ်တာပေါ့ကွာ။’
‘ ဟုတ်ကဲ့ ဆရာ။ ဒါတော့စိတ်ချ မျှဝေမှာ အခုတော့သွားပြီဗျ’
‘ အေးပါ နောက်လည်းလာဦးပေါ့’
‘ ဟုတ်ကဲ့ဆရာ’
မောင်ပြုံးထွက်သွားတော့ ထမင်းဆက်စားရင်း …

Author. Dr.CST

Previous Post

မြွေဆိုးမြွေဟောက်အန္တရာယ်

Next Post

သားအိမ်ရောင်ရမ်းခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားအိမ်ရောင်ရမ်းခြင်း

ဦးနှောက်ထဲကရေတွေ

ရေရှည်ကျောက်ကပ်အားနည်းရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.