လူတိုင္းလိုလို တစ္ခါမဟုတ္ တစ္ခါ ေခါင္းကိုက္ဖူးၾကမွာပါ ။ေခါင္းကိုက္ျခင္း အမ်ားစုရဲ႕ အေၾကာင္းအရင္းကို တိတိက်က် မသိႏိုင္ပါဘူး ။ေခါင္းကိုက္ျခင္းနဲ႔ အတူ နားထင္ေၾကာတင္းျခင္း ၊လည္ပင္းႂကြက္သား ေတာင့္တင္းျခင္း ေဝဒနာေတြပါ ခံစားရတတ္ပါတယ္ ။
ေခါင္းတစ္ျခမ္းကိုက္ျခင္းဟာဦးေႏွာက္ထဲရွိ ေသြးေၾကာမ်ား ပုံမမွန္ က်ဥ္းျခင္း က်ယ္ျခင္းမ်ား ျဖစ္လို႔ ျဖစ္တာပါ ။ဘာေတြေၾကာင့္ျဖစ္တယ္ဆိုတာ တိတိက်က် မေျပာႏိုင္ေပမယ့္ စိတ္ဖိစီးတဲ့အခ်ိန္မ်ား ၊အိပ္ေရးပ်က္တဲ့အခ်ိန္မ်ား ၊တခ်ိဳ႕ေသာ ေဆးဝါးမ်ားနဲ႔ အစားအေသာက္မ်ားကေတာ့ ေခါင္းတစ္ျခမ္းကိုက္ေဝဒနာကို လႈံ႕ေဆာ္ေပးပါတယ္ ။
ေခါင္းတစ္ျခမ္းကိုက္ ေဝဒနာကို လႈံ႕ေဆာ္ေပးတဲ့ အစားအေသာက္ေတြက တစ္ဦးနဲ႔ တစ္ဦးအေပၚ သက္ေရာက္မႈ မတူပါဘူး ။ဒါေၾကာင့္ မိမိ ေခါင္းကိုက္ေဝဒနာ ခံစားရရင္ ဘာေတြ စားေသာက္ခဲ့လဲ ဆိုတာ ဒိုင္ယာရီ ေရးမွတ္ထားပါ ။ဒါမွ ေနာင္မျဖစ္ေအာင္ ႀကိဳတင္ ကာကြယ္ႏိုင္မွာပါ ။
ေခါင္းတစ္ျခမ္းကိုက္ ေဝဒနာခံစားေနရသူ ေတာ္ေတာ္မ်ားမ်ားကိုလႈံ႕ေဆာ္ေပးတဲ့ အစားအေသာက္ေတြ အေၾကာင္း သတိထားႏိုင္ေအာင္ ေျပာျပပါ့မယ္ ။ကဖင္းပါတဲ့ အစားအေသာက္မ်ား (လက္ဖက္ရည္ ၊ေကာ္ဖီ ၊ကိုလာ စသျဖင့္)ေခ်ာကလက္ ၊ခ်ိစ္ ၊ျပဳျပင္စီမံထားတဲ့ အစားအေသာက္ေတြ ၊အခ်ဥ္ေဖာက္ထားတဲ့အစားအေသာက္ေတြ ၊အရက္ (ဘီယာ ၊ဝိုင္နီ ၊ဘရမ္ဒီ ၊ဝီစကီ စတာေတြ ) ၊အခြံမာငါး ၊ငွက္ေပ်ာသီး ၊ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြ ၊ဂ်ဳံနဲ႔ ျပဳလုပ္ထားေသာ အစားအေသာက္မ်ား စတာေတြကို ေရွာင္ၾကဥ္သင့္တယ္ ။
Vasoactive amine ပါတဲ့အစားအေသာက္ေတြကလည္း ေခါင္းတစ္ျခမ္းကိုက္ေစဖို႔ လႈံ႕ေဆာ္ေပးပါတယ္ ။ေအမင္းပါတဲ့ အစားအေသာက္ေတြကေတာ့ဝက္ေပါင္ေျခာက္ ၊ဝက္အူေခ်ာင္း ၊ၾကက္ဥေခ်ာင္း ၊ေရွာက္နဲ႔ သံပုရာႏြယ္ဝင္ အသီးမ်ား ၊ေခ်ာကလက္ ၊ဒိန္ခဲ ၊ဝိုင္နီ တို႔ပဲျဖစ္ပါတယ္ ။
ႏိုက္ထရိတ္ပါတဲ့ အစားအေသာက္မ်ားျဖစ္တဲ့ မုန္လာဥနီ ၊ဆလတ္ ၊နံနံပင္ ၊ဟင္းႏုႏြယ္ စတာေတြကလည္း ေသြးေၾကာေတြကို က်ယ္ေစတဲ့အတြက္ေရွာင္ရွားသင့္ပါတယ္ ။
အထက္မွာ ေဖာ္ျပထားတဲ့ အစားအေသာက္ေတြအျပင္ မိမိတို႔ေခါင္းတစ္ျခမ္းကိုက္ေဝဒနာကို ျဖစ္ေစတဲ့ အစားအေသာက္မ်ားကိုလည္း သတိျပဳၿပီး ေရွာင္ၾကဥ္ျခင္းျဖင့္ ေခါင္းတစ္ျခမ္းကိုက္ေဝဒနာသက္သာဖို႔ အစားအေသာက္ကို သတိျပဳႏိုင္ၾကပါေစ ။
Author : ေခတ္သစ္ ဇီဝက
လူတိုင်းလိုလို တစ်ခါမဟုတ် တစ်ခါ ခေါင်းကိုက်ဖူးကြမှာပါ ။ခေါင်းကိုက်ခြင်း အများစုရဲ့ အကြောင်းအရင်းကို တိတိကျကျ မသိနိုင်ပါဘူး ။ခေါင်းကိုက်ခြင်းနဲ့ အတူ နားထင်ကြောတင်းခြင်း ၊လည်ပင်းကြွက်သား တောင့်တင်းခြင်း ဝေဒနာတွေပါ ခံစားရတတ်ပါတယ် ။
ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာဦးနှောက်ထဲရှိ သွေးကြောများ ပုံမမှန် ကျဉ်းခြင်း ကျယ်ခြင်းများ ဖြစ်လို့ ဖြစ်တာပါ ။ဘာတွေကြောင့်ဖြစ်တယ်ဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် စိတ်ဖိစီးတဲ့အချိန်များ ၊အိပ်ရေးပျက်တဲ့အချိန်များ ၊တချို့သော ဆေးဝါးများနဲ့ အစားအသောက်များကတော့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို လှုံ့ဆော်ပေးပါတယ် ။
ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို လှုံ့ဆော်ပေးတဲ့ အစားအသောက်တွေက တစ်ဦးနဲ့ တစ်ဦးအပေါ် သက်ရောက်မှု မတူပါဘူး ။ဒါကြောင့် မိမိ ခေါင်းကိုက်ဝေဒနာ ခံစားရရင် ဘာတွေ စားသောက်ခဲ့လဲ ဆိုတာ ဒိုင်ယာရီ ရေးမှတ်ထားပါ ။ဒါမှ နောင်မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်မှာပါ ။
ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားနေရသူ တော်တော်များများကိုလှုံ့ဆော်ပေးတဲ့ အစားအသောက်တွေ အကြောင်း သတိထားနိုင်အောင် ပြောပြပါ့မယ် ။ကဖင်းပါတဲ့ အစားအသောက်များ (လက်ဖက်ရည် ၊ကော်ဖီ ၊ကိုလာ စသဖြင့်)ချောကလက် ၊ချိစ် ၊ပြုပြင်စီမံထားတဲ့ အစားအသောက်တွေ ၊အချဉ်ဖောက်ထားတဲ့အစားအသောက်တွေ ၊အရက် (ဘီယာ ၊ဝိုင်နီ ၊ဘရမ်ဒီ ၊ဝီစကီ စတာတွေ ) ၊အခွံမာငါး ၊ငှက်ပျောသီး ၊နို့နဲ့ နို့ထွက်ပစ္စည်းတွေ ၊ဂျုံနဲ့ ပြုလုပ်ထားသော အစားအသောက်များ စတာတွေကို ရှောင်ကြဉ်သင့်တယ် ။
Vasoactive amine ပါတဲ့အစားအသောက်တွေကလည်း ခေါင်းတစ်ခြမ်းကိုက်စေဖို့ လှုံ့ဆော်ပေးပါတယ် ။အေမင်းပါတဲ့ အစားအသောက်တွေကတော့ဝက်ပေါင်ခြောက် ၊ဝက်အူချောင်း ၊ကြက်ဥချောင်း ၊ရှောက်နဲ့ သံပုရာနွယ်ဝင် အသီးများ ၊ချောကလက် ၊ဒိန်ခဲ ၊ဝိုင်နီ တို့ပဲဖြစ်ပါတယ် ။
နိုက်ထရိတ်ပါတဲ့ အစားအသောက်များဖြစ်တဲ့ မုန်လာဥနီ ၊ဆလတ် ၊နံနံပင် ၊ဟင်းနုနွယ် စတာတွေကလည်း သွေးကြောတွေကို ကျယ်စေတဲ့အတွက်ရှောင်ရှားသင့်ပါတယ် ။
အထက်မှာ ဖော်ပြထားတဲ့ အစားအသောက်တွေအပြင် မိမိတို့ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ဖြစ်စေတဲ့ အစားအသောက်များကိုလည်း သတိပြုပြီး ရှောင်ကြဉ်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာသက်သာဖို့ အစားအသောက်ကို သတိပြုနိုင်ကြပါစေ ။
Author : ခေတ်သစ် ဇီဝက