fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း
အင်ဆူလင်ထိုးဆေးအကြောင်း
349
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/07/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A
(Zawgyi)
ဆောင်ရန်
ရှောင်ရန်
Author; Dr528
(Unicode)
အင်ဆူလင်သည်ဟော်မုန်းတစ်မျိုးဖြစ်သည်။
ဆီးချိုရောဂါ မရှိသည့်ပုံမှန်လူများတွင် တစ်နေ့စာ ရှိသင့်သောအင်ဆူလင်ပမာဏကိုမုန့်ချိုအိတ်(Pancreas) အင်္ဂါမှ ထုတ်ပေးသည်။ အစာစားပြီးချိန် သွေးထဲတွင် သကြားဓါတ်မြင့်တက်လာပြီး ထိုသွေးထဲမှ သကြားဓါတ်ကို လျှေ့ာချပေးနိုင်ရန် ပန်ကရိယ ခေါ် မုန့်ချိုအိတ်သည် အင်ဆူလင်ပမာဏကို အခြေခံပမာဏထက်ပိုပြီးထုတ်ပေးရသည်။ ဆီးချိုရောဂါဖြစ်လာပြီဆိုရင် သင့်ခန္ဓာကိုယ်သည် အင်ဆူလင်ကိုလုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းသို့မဟုတ် သင့်လျော်စွာ အသုံးပြုနိုင်ခြင်းမရှိတော့ပါ။ထိုအခါ သွေးထဲရှိအချိုဓါတ်ကို ထိန်းပေးနိုင်ခြင်းမရှိတော့ပါ။ထိုအခါဆီးချိုအတွက်သောက်ဆေးသို့မဟုတ်    ထိုုးဆေး(insulin)  တို့နှင့် ပြန်ထိန်းရသည်။
အင်ဆူလင်ထိုးဆေးအမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ။
ဆေးအာနိသင်ကို အချိန်ကြာမြင့်စွာ သက်ရောက်မှုရှိသည့် အင်ဆူလင်အမျိုးအစား(eg Insulatard, Levemir)ဒီအမျိုးအစားသည် တစ်နေ့လျှင် နာရီ၂၀ မှ ၂၄နာရီအတွင်း အာနိသင်ပေးပြီး ပုံမှန်လိုအပ်သောအင်ဆူလင်ပမာဏအတိုင်း နေ့ရောညပါ အလုပ်လုပ်ပေးသည်။
ဆေးအာနိသင်ကို လျှင်မြန်စွာသက်ရောက်မှုရှိသည့် အင်ဆူလင် အမျိုးအစား(eg Actrapid, NovoRapid)ဒီအမျိုးအစားသည် အစာစားပြီးချိန်တွင် သွေး  တွင်းအချိုဓါတ်ကျဆင်းစေရန် ထိုးရသောအင်ဆူလင်အမျိူးအစားဖြစ်သည်။ဆေးထိုးပြီး အကြမ်းအားဖြင့် (၃နာရီမှ ၅နာရီကြား)တွင်အာနိသင်ရရှိနိုင်သည်။
အာနိသင်နှစ်မျိုးစလုံး(အစာမစားမီနှင့်အစာစားပြီး သကြားဓါတ်ထိန်းရန်)ရရှိစေရန်အတွက်အသင့်ရောစပ်ပြီးသား အင်ဆူလင်အမျိုးအစား
(eg Mixtard 30, NovoMix)ဒီအမျိုးအစား အင်ဆူလင်ထိုးဆေးသည် တစ်နေ့လျှင် နှစ်ကြိမ်မှသုံးကြိမ်ခန့်အထိထိုးရလေ့ရှိသည်။ပုံမှန်ထွက်ရှိသောအင်ဆူလင် ပမာဏနှင့် အစာစားပြီးချိန်တွင်ထွက်ရှိသော အင်ဆူလင်ပမာဏ အစွမ်းနှစ်မျိုးလုံးကိုရရှိစေနိုင်သည်။
တစ်နေ့ဘယ်နှစ်ကြိမ်ထိုးရမလဲ ဘာအမျိုးအစားထိုးရမလဲ။
ဒါကတော့ သင့်ရဲ့ဆီးချိုအထူးကု ဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါတယ်။ လူနာများရဲ့စားသောက်နေထိုင်မှုပုံစံပေါ်မူတည်ပီး ထိုးရမည့်အင်ဆူလင် အမျိူးအစား   ကွဲပြားမှုရှိနိုင်သလို ထိုးရမည့်အကြိမ်အရေအတွက်မှာလည်း တစ်ကြိမ် မှငါးကြိမ်အထိရှိနိုင်ပါသည်။
အင်ဆူလင်ကိုဘယ်လိုထိုးရမလဲ
ဆေးပုလင်းနဲ့ ဆေးထိုးပြွန် /အပ်များကို ယနေ့ခေတ်တွင်အသုံးနည်းလာကြပါသည်။အဘယ်ကြောင့်ဆိုသော် အင်ဆူလင် ထည့်၍ ထိုးရသည့် ဘောလ်ပင်ပုံစံဆေးထိုးကိရိယာများ ပေါ်လာသောကြောင့်ဖြစ်သည်။ အင်ဆူလင် ထည့်၍ ထိုးရသည့် ဘောလ်ပင်ပုံစံဆေးထိုးကိရိယာများ သည် ဆီးချိုဝေဒနာရှင်များ မိမိဘာသာထိုးရသည့်အခါတွင်လွယ်ကူအောင်တီထွင်ထားခြင်းဖြစ်သည်။ထိုကိရိယာအတွင်းသို့ သင်ထိုးရမည့် အင်ဆူလင်အမျိုးအစားထည့်ထားသည့်ဆေးဗူး(cartridge)အားအရင်ထည့်ရပါမည်။သင်သုံးပြီး ဆေးများကုန်သွားသည့်အခါ(ပုံမှန်အားဖြင့် တစ်လကြာပီးနောက်) တွင်ထိုကိရိယာအားလွှင့်ပစ်ပီး   နောက်အသစ်တစ်ချောင်းထပ်သုံးရပါမယ်။
အင်ဆူလင်ထိုးဆေးကို အရေပြားအောက်အဆီပြင်ထဲသို့ထိုးသွင်းရခြင်းဖြစ်သည်။(တချို့တွေထင်သလို သွေးကြောထဲထိုးရတာမဟုတ်ပါ)  အင်ဆူလင်ထိုးရန်အကောင်းဆုံးနေရာများမှာ ဗိုက်ခေါက် သို့မဟုတ် ပေါင်သားအရှေ့ဘက်အဆီများသည့်နေရာများ ဖြစ်ပါသည်။တစ်နေရာတည်းကို ခဏခဏ မထိုးမိပါစေနှင့်။နေရာတစ်ခုတည်းကို ခဏခဏထိုးပါက အဆီကျိတ်အဆီခဲ ဖြစ်ပေါ်စေနိုင်ပြီး ထိုအဆီခဲ အဆီကျိတ်များသည် ထိုးလိုက်သောအင်ဆူလင်ရဲ့အာနိသင်ကိုလျော့ကျစေနိုင်ပါသည်။
အင်ဆူလင်ဆေးကိုဘယ်လိုထားသိုသိမ်းဆည်းရမလဲ
အသုံးမပြုခင် သိမ်းဆည်းထားသိုခြင်း
ရေခဲသေတ္တာ ထဲတွင် အပူချိန် ၂ ဒီဂရီဆဲလ်ဆီးယပ် နှင့် ၈ ဒီဂရီဆဲလ်ဆီးယပ် ကြားတွင် သိမ်းဆည်းပါ
ရေခဲသေတ္တာထဲရှိ ရေခဲသောအခန်းတွင် မထည့်ရခရီးသွားသည့်အခါ အပိုယူဆောင်သွားရမည့် အင်ဆူလင်ထိုးဆေးပုလင်းများကို ရေခဲဗူး သို့မဟုတ်
လေလုံသည့် ဓါတ်ဗူးများဖြင့် သယ်သွားပါ။
အသုံးပြုနေစဉ် သိမ်းဆည်းထားသိုခြင်း
အသုံးပြုနေစဉ် ရေခဲသေတ္တာထဲတွင် ထားရန်မလိုပါအပူချိန် ၃၀ဒီဂရီဆဲလ်ဆီးယပ် အောက်ရှိသော အခန်းအပူချိန်တွင် သိမ်းဆည်းထားပါ  အင်ဆူလင်ထိုးဆေးထုတ်လုပ်သည့် ကုမ္ပဏီများ အကြံပြုထားသည့်အတိုင်း စတင်အသုံးပြုသည့်အချိန်မှစပြီး လေးပတ်မှ ခြောက်ပတ်အတွင်းသာ အသုံးပြုပါ
အင်ဆူလင်ထည်ြ့ပီးထိုးရမည့် ဆေးထိုးဘောလ်ပင်ကိရိယာကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းထားရန်မလိုသော်လည်းဆေးပုလင်း(Cartridge)အားနေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့စေရန် ဆေးပုလင်းအဖုံးကိုအသုံးပြုပြီးတိုင်း ပြန်တပ်ပေးပါ။
ဆောင်ရန်
မိမိထိုးရမည့် အင်ဆူလင်အမျိုးအစား ဟုတ် မဟုတ်ဦးစွာစစ်ဆေးပါရိုးရိုးဆေးထိုးအပ်သုံးပါက ဆေးတစ်ခါထိုးတိုင်း ဆေးထိုးအပ်အသစ်ကို လဲလှယ်အ  သုံးပြုပါဘောလ်ပင်ပုံစံဆေးကိရိယာ သုံးပါက ဆေးတစ်ခါထိုးပြီးတိုင်း ဆေးထိုးအပ်ကို ဘောလ်ပင်မှ ဖြုတ်ပြီးသိမ်းထားခြင်းဖြင့် ဆေးများစိမ့် ထွက်ခြင်း မရှိတော့ဘဲ တိကျသော ဆေးပမာဏကိုရနိုင်သည်။
ရှောင်ရန်
အနည်၊အဖတ် များဖြစ်နေသော အင်ဆူလင် ထိုးဆေး သို့မဟုတ် အရောင်ပြောင်းနေသောထိုးဆေးများကို မသုံးပါနဲ့နောက်ဆုံးအသုံးပြုရမည့်ရက်စွဲထက်ကျော်နေသော အင်ဆူလင်ထိုးဆေးများကိုမသုံးပါနဲ့အင်ဆူလင်ပုလင်းများကို နေရောင်ခြည်ဖြင့် တိုက်ရိုက်ထိတွေ့ခြင်း ခဲအောင်ထားခြင်းအပူလွန်ကဲသောနေရာများတွင်ထားခြင်းများကို ရှောင်ပါ
Author; Dr528
Previous Post
မိခင်နို့
Next Post
နာကျင်ခြင်းကို ဖြစ်စေနိုင်သည့် အပြုအမှုများ
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Vitamin B12 Deficiency and Neuropathy
ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း
1 year ago
2.2k
An eye cloud that should not be neglected
မပေါ့ဆသင့်သော မျက်စိတိမ်
1 year ago
849
UV rays and eye health
ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး
1 year ago
844
Why is memory weak at a young age?
ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?
1 year ago
1.3k
The consequences of a weak immune system
ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
1 year ago
1.3k
နွေရာသီနှင့်မိတ်ပြဿနာ
1 year ago
1.4k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
နာကျင်ခြင်းကို ဖြစ်စေနိုင်သည့် အပြုအမှုများ
အမျိုးသားတွေ နေ့စဉ်မှတ်တမ်းထားသင့်တယ်
မိန်းမများ အဖြူဆင်းခြင်း
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.