fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အူစွပ်ခြင်း

338
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/07/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ကြၽန္ေတာ္တို႔ရဲ႕အူဟာ ပိုက္ေပ်ာ့အရွည္ႀကီးတစ္ခုနဲ႔ဆင္တူပါတယ္ ။ အူစြပ္တယ္(Intussusception)ဆိုတာက အူရဲ႕အစိတ္အပိုင္းတစ္ေနရာက သူနဲ႔ကပ္လ်က္ရွိတဲ့ေရွ႕အပိုင္းထဲ စြပ္ဝင္သြားျခင္းကို ဆိုလိုတာပါ ။အမ်ားအားျဖင့္ အူသိမ္ႏွင့္ အူမႀကီး ဆက္ေသာေနရာတြင္ အေသးပိုင္းက အႀကီးပိုင္းထဲ စြပ္ဝင္သြားသည္။

အသက္၅လကေန၁၀လ စကားေကာင္းေကာင္းမေျပာတတ္ေသးတဲ့ကေလးေတြမွာ အျဖစ္မ်ားပါတယ္။ ေယာက်္ားေလးေတြမွာပိုျဖစ္ႏိုင္တယ္ ။ေဆာင္းရာသီမွာပိုျဖစ္တယ္။ ကေလးေလးေတြမွာျဖစ္ရတဲ့အေၾကာင္းရင္းကေတာ့ ခုထိေသခ်ာမသိရေသးပါဘူး။ ေဆာင္းရာသီမွာဘာလို႔ပိုျဖစ္ရတာလဲဆိုေတာ့ ေဆာင္းရာသီမွာတုပ္ေကြးျဖစ္ေစတဲ့ဗိုင္းရပ္ပိုးတစ္မ်ိဳးဟာ အူစြပ္တာကိုျဖစ္ေစတာနဲ႔ဆက္စပ္မႈ ရွိေနႏိုင္တယ္လို႔ သုေတသနပညာရွင္တခ်ိဳ႕က ယူဆၾကတယ္ ။ေနာက္ၿပီး ၅လကေန၁၀လဆိုတာဟာ မိခင္ႏို႔အျပင္ တျခားဟာေတြ(ျဖည့္စြက္စာ)ေတြစေကြၽးလို႔ ေကြၽးတဲ့အစာထဲမွာပါတဲ့ဓါတ္တစ္မ်ိဳး(Antigen) နဲ႔လည္းဆက္စပ္ႏိုင္တယ္ လို႔လည္း သုံးသပ္ၾကတယ္။

လူႀကီးေတြမွာလည္းျဖစ္ႏိုင္တယ္။ လူႀကီးေတြမွာျဖစ္ရတဲ့အေၾကာင္းရင္းေတြကေတာ့ အရင္ကအူခြဲစိတ္ဖူးတာ ၊အူမွာအနာျဖစ္ဖူးတာ၊ အူလမ္းေၾကာင္းေရာင္တဲ့ေရာဂါရွိေနတာ(Crohn’s Disease) ၊အူမွာအလုံး(polyp)ရွိေနတာေတြေၾကာင့္ပါ။ အရင္ကအူစြပ္တာျဖစ္ဖူးရင္ ေနာက္ထပ္ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။ မိသားစု ညီအကိုေမာင္ႏွမ ထဲမွာျဖစ္တဲ့သူရွိဖူးရင္လည္း မိမိမွာျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္ ။

လကၡဏာေတြကေတာ့ ၅လကေန၁၀လသားေတြမွာဆိုရင္ စကားမေျပာတတ္ေသးတဲ့အတြက္ ဗိုက္နာလို႔ ႐ုတ္တရက္အေကာင္းႀကီးကေန ငိုမယ္။ ငိုတဲ့အခါမွာ ဗိုက္နာတဲ့အတြက္ ကေလးေတြက သူတို႔ရဲ႕ဒူးကို ရင္ဘတ္ဆီေျမႇာက္ထားမယ္။ အူစြပ္တဲ့အခါမွာျဖစ္တဲ့ ဗိုက္နာျခင္းဟာ ျဖစ္လိုက္ ေပ်ာက္လိုက္ပါ ။ စစနာခ်င္းမွာ တစ္ႀကိမ္နဲ႔တစ္ႀကိမ္ ဟာ၁၅ မိနစ္သို႔မဟုတ္ မိနစ္၂၀ျခားပါတယ္။ ေနာက္ပိုင္းမွာၾကားထဲကျခားတဲ့အခ်ိန္ဟာတိုပီး နာတာစိတ္လာပါတယ္ ။ေသြးနဲ႔အက်ိအခြၽဲေရာတဲ့ဝမ္းလည္းသြားႏိုင္တယ္ ။ ပ်ိဳ႕အန္တာ ဖ်ားေတြလည္းျဖစ္တတ္ပါတယ္။

လူႀကီးေတြမွာေတာ့ငိုတာရွိခ်င္မွရွိမွာပါ။ က်န္တာကေတာ့အၾကမ္းအားျဖင့္အတူတူပါပဲ ။ဒါေပမယ့္ လူႀကီးေတြမွာဒီလကၡဏာေတြရွိတိုင္းေတာ့အူစြပ္တယ္လို႔ယူဆလို႔မရေသးပါ ။တျခားေရာဂါေတြပါထည့္စဥ္းစားရပါတယ္။ အူစြပ္တာဟာခ်က္ခ်င္းနီးပါးကုသင့္တဲ့အေျခအေနတစ္ခုပါ ။အူရဲ႕အစိတ္ပိုင္းတခုက ေရွ႕အစိတ္ပိုင္းတစ္ခုထဲသြားစြပ္တဲ့အခါ အဲ့အပိုင္းမွာရွိတဲ့အူကိုေသြးေထာက္ပံမႈျပတ္ေတာက္သြားပါတယ္။ မကုဘဲထားရင္ ေသြးမရတဲ့အခါမွာအဲ့အစိတ္အပိုင္းကတျဖည္းျဖည္းနဲ႔ပုပ္ေဆြးလာပါတယ္။ ေဆြးတာၾကာေတာ့ ဝမ္းတြင္းေခါင္းအေျမႇးပါးထဲေပါက္က်ပါတယ္။ အဲ့အခါက်ပိုးဝင္ၿပီး အေျမႇးပါးေရာင္ပါတယ္။ အေျမႇးပါးေရာင္တာကေနအသက္အႏၲရာယ္စိုးရိမ္ရတဲ့(SHOCK)အေျခအေန ထိေရာက္သြားတတ္လို႔ပါ ။

အူစြပ္တာအတြက္ လုပ္ႏိုင္တဲ့စမ္းသပ္မႈေတြကေတာ့ ဗိုက္ဓါတ္မွန္႐ိုက္တာ ၊ဝမ္းဗိုက္ကိုအာထရာေဆာင္း႐ိုက္တာ ၊ ေဆးဓါတ္မွန္႐ိုက္တာေတြ လုပ္ႏိုင္ပါတယ္ ။
အူစြပ္တာျဖစ္တိုင္းခြဲစရာမလိုပါဘူး လိုအပ္မွသာခြဲရတာပါ ။ဒါေၾကာင့္အထက္ပါလကၡဏေတြ ရွိခဲ့ရင္ အထူးသျဖင့္ စကားမေျပာတတ္ေသးတဲ့ ကေလးေလးေတြဆိုရင္ ေဆးခန္းကို ေစာစီးစြာျပထားဖို႔ တိုက္တြန္းပါရေစ။

Author: Dr.528

(Unicode)

ကျွန်တော်တို့ရဲ့အူဟာ ပိုက်ပျော့အရှည်ကြီးတစ်ခုနဲ့ဆင်တူပါတယ် ။ အူစွပ်တယ်(Intussusception)ဆိုတာက အူရဲ့အစိတ်အပိုင်းတစ်နေရာက သူနဲ့ကပ်လျက်ရှိတဲ့ရှေ့အပိုင်းထဲ စွပ်ဝင်သွားခြင်းကို ဆိုလိုတာပါ ။အများအားဖြင့် အူသိမ်နှင့် အူမကြီး ဆက်သောနေရာတွင် အသေးပိုင်းက အကြီးပိုင်းထဲ စွပ်ဝင်သွားသည်။

အသက်၅လကနေ၁၀လ စကားကောင်းကောင်းမပြောတတ်သေးတဲ့ကလေးတွေမှာ အဖြစ်များပါတယ်။ ယောကျ်ားလေးတွေမှာပိုဖြစ်နိုင်တယ် ။ဆောင်းရာသီမှာပိုဖြစ်တယ်။ ကလေးလေးတွေမှာဖြစ်ရတဲ့အကြောင်းရင်းကတော့ ခုထိသေချာမသိရသေးပါဘူး။ ဆောင်းရာသီမှာဘာလို့ပိုဖြစ်ရတာလဲဆိုတော့ ဆောင်းရာသီမှာတုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်ပိုးတစ်မျိုးဟာ အူစွပ်တာကိုဖြစ်စေတာနဲ့ဆက်စပ်မှု ရှိနေနိုင်တယ်လို့ သုတေသနပညာရှင်တချို့က ယူဆကြတယ် ။နောက်ပြီး ၅လကနေ၁၀လဆိုတာဟာ မိခင်နို့အပြင် တခြားဟာတွေ(ဖြည့်စွက်စာ)တွေစကျွေးလို့ ကျွေးတဲ့အစာထဲမှာပါတဲ့ဓါတ်တစ်မျိုး(Antigen) နဲ့လည်းဆက်စပ်နိုင်တယ် လို့လည်း သုံးသပ်ကြတယ်။

လူကြီးတွေမှာလည်းဖြစ်နိုင်တယ်။ လူကြီးတွေမှာဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ အရင်ကအူခွဲစိတ်ဖူးတာ ၊အူမှာအနာဖြစ်ဖူးတာ၊ အူလမ်းကြောင်းရောင်တဲ့ရောဂါရှိနေတာ(Crohn’s Disease) ၊အူမှာအလုံး(polyp)ရှိနေတာတွေကြောင့်ပါ။ အရင်ကအူစွပ်တာဖြစ်ဖူးရင် နောက်ထပ်ဖြစ်နိုင်ချေပိုများပါတယ်။ မိသားစု ညီအကိုမောင်နှမ ထဲမှာဖြစ်တဲ့သူရှိဖူးရင်လည်း မိမိမှာဖြစ်နိုင်ချေပိုများပါတယ် ။

လက္ခဏာတွေကတော့ ၅လကနေ၁၀လသားတွေမှာဆိုရင် စကားမပြောတတ်သေးတဲ့အတွက် ဗိုက်နာလို့ ရုတ်တရက်အကောင်းကြီးကနေ ငိုမယ်။ ငိုတဲ့အခါမှာ ဗိုက်နာတဲ့အတွက် ကလေးတွေက သူတို့ရဲ့ဒူးကို ရင်ဘတ်ဆီမြှောက်ထားမယ်။ အူစွပ်တဲ့အခါမှာဖြစ်တဲ့ ဗိုက်နာခြင်းဟာ ဖြစ်လိုက် ပျောက်လိုက်ပါ ။ စစနာချင်းမှာ တစ်ကြိမ်နဲ့တစ်ကြိမ် ဟာ၁၅ မိနစ်သို့မဟုတ် မိနစ်၂၀ခြားပါတယ်။ နောက်ပိုင်းမှာကြားထဲကခြားတဲ့အချိန်ဟာတိုပီး နာတာစိတ်လာပါတယ် ။သွေးနဲ့အကျိအချွဲရောတဲ့ဝမ်းလည်းသွားနိုင်တယ် ။ ပျို့အန်တာ ဖျားတွေလည်းဖြစ်တတ်ပါတယ်။

လူကြီးတွေမှာတော့ငိုတာရှိချင်မှရှိမှာပါ။ ကျန်တာကတော့အကြမ်းအားဖြင့်အတူတူပါပဲ ။ဒါပေမယ့် လူကြီးတွေမှာဒီလက္ခဏာတွေရှိတိုင်းတော့အူစွပ်တယ်လို့ယူဆလို့မရသေးပါ ။တခြားရောဂါတွေပါထည့်စဉ်းစားရပါတယ်။ အူစွပ်တာဟာချက်ချင်းနီးပါးကုသင့်တဲ့အခြေအနေတစ်ခုပါ ။အူရဲ့အစိတ်ပိုင်းတခုက ရှေ့အစိတ်ပိုင်းတစ်ခုထဲသွားစွပ်တဲ့အခါ အဲ့အပိုင်းမှာရှိတဲ့အူကိုသွေးထောက်ပံမှုပြတ်တောက်သွားပါတယ်။ မကုဘဲထားရင် သွေးမရတဲ့အခါမှာအဲ့အစိတ်အပိုင်းကတဖြည်းဖြည်းနဲ့ပုပ်ဆွေးလာပါတယ်။ ဆွေးတာကြာတော့ ဝမ်းတွင်းခေါင်းအမြှေးပါးထဲပေါက်ကျပါတယ်။ အဲ့အခါကျပိုးဝင်ပြီး အမြှေးပါးရောင်ပါတယ်။ အမြှေးပါးရောင်တာကနေအသက်အန္တရာယ်စိုးရိမ်ရတဲ့(SHOCK)အခြေအနေ ထိရောက်သွားတတ်လို့ပါ ။

အူစွပ်တာအတွက် လုပ်နိုင်တဲ့စမ်းသပ်မှုတွေကတော့ ဗိုက်ဓါတ်မှန်ရိုက်တာ ၊ဝမ်းဗိုက်ကိုအာထရာဆောင်းရိုက်တာ ၊ ဆေးဓါတ်မှန်ရိုက်တာတွေ လုပ်နိုင်ပါတယ် ။
အူစွပ်တာဖြစ်တိုင်းခွဲစရာမလိုပါဘူး လိုအပ်မှသာခွဲရတာပါ ။ဒါကြောင့်အထက်ပါလက္ခဏတွေ ရှိခဲ့ရင် အထူးသဖြင့် စကားမပြောတတ်သေးတဲ့ ကလေးလေးတွေဆိုရင် ဆေးခန်းကို စောစီးစွာပြထားဖို့ တိုက်တွန်းပါရစေ။

Author: Dr.528

Previous Post

အစာစားပြီး ဘယ်အချက်တွေ မလုပ်သင့်လဲ

Next Post

အူမကြီးကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
851
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အူမကြီးကင်ဆာ

မြွေဆိုးမြွေဟောက်အန္တရာယ်

လေဖြတ်ခြင်းအကြောင်းတစေ့တစောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.