(Zawgyi)
မ်က္ႏွာမွာ အေရးအေၾကာင္းေတြ ထင္လာၿပီဆိုရင္ မိန္းကေလးတိုင္း စိတ္ညစ္တတ္ပါတယ္။ ဘာေၾကာင့္ အေရးအေၾကာင္းေတြ ထင္ရသလဲဆိုရင္ အသားအေရကို တင္းရင္းႏုပ်ိဳေစတဲ့ ေကာ္လာဂ်င္နဲ႔ အလက္စတစ္ေတြ ဆုံးရႈံးလာလို႔ပါ။ အဲဒီဓာတ္ ယိုယြင္းလာၿပီဆိုရင္ အသားအေရ တြဲက်လာၿပီး အိုမင္းရင့္ေရာ္မႈေတြ ျဖစ္လာပါၿပီ။ အသက္ ၂၅ ႏွစ္ ေနာက္ပိုင္းမွာ အေရျပားဟာ စတင္ယုတ္ေလ်ာ့လာတယ္ ဆိုေပမယ့္ တခ်ိဳ႕ေတြဟာ အ႐ြယ္မတိုင္ခင္ အိုမင္းကာ အေရးအေၾကာင္း ထင္လာေစပါတယ္။ အေရးအေၾကာင္း ျဖစ္ေစတဲ့ အဓိက တရားခံကေတာ့ အသားအေရ ေျခာက္ေသြ႕လာေစတာပါပဲ။ အသားအေရ စိုေျပေစၿပီး တင္းရင္းလွပခ်င္တယ္ဆိုရင္…
ခရမ္းလြန္ေရာင္ျခည္ဟာ အေရျပားအတြင္းက ေကာ္လိုက္ဖိုင္ဘာမွ်င္ကို ဖ်က္ဆီးပစ္ႏိုင္တဲ့အတြက္ ေနေရာင္နဲ႔ ထိေတြ႕မႈမ်ားရင္ အိုမင္းရင့္ေရာ္မႈကို ျမန္ဆန္ေစကာ အေရးအေၾကာင္းေတြ ျဖစ္ေပၚလာပါလိမ့္မယ္။ ဒါေၾကာင့္ ေနေရာင္ျခည္နဲ႔ အသားအေရကို တိုက္႐ိုက္ထိေတြ႕မႈ မရွိရေလေအာင္ ဂ႐ုစိုက္ပါ။ အျပင္မထြက္ခင္ SPF 30 ပါတဲ့ ေနေလာင္ခံလိမ္းေဆးေတြ၊ ေနေလာင္ခံ ကာကြယ္ေပးတဲ့ Sun-block ေတြကို မျဖစ္မေန လိမ္းေပးသင့္ပါတယ္။ ေနေရာင္ေအာက္သြားတဲ့အခါ ဦးထုပ္၊ ထီးေဆာင္းပါ။ ေနကာမ်က္မွန္တပ္ပါ။
စီးကရက္နဲ႔ အရက္တို႔မွာပါတဲ့ ဓာတုပစၥည္းေတြ၊ နီကိုတင္းေတြဟာ အေရျပားက ေကာ္လာဂ်င္ေတြကို ပ်က္စီးေစၿပီး အသားအေရကို ပါးလႊာေစပါတယ္။ေဆး႐ြက္ႀကီးမွာပါတဲ့ နီကိုတင္းဓာတ္ဟာ ေသြးလွည့္ပတ္မႈကို ေႏွးေစၿပီး အေရျပားေတြကို ေလ်ာ့ရဲတြဲက်ေစကာ အေရးအေၾကာင္းေတြ ျဖစ္ေပၚေစပါတယ္။ အရက္နဲ႔ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ေကာ္လဂ်င္နဲ႔ အေရျပားတင္းရင္းမႈေတြ ဆုံးရႈံးကာ အသားအေရကို နီရဲေစပါတယ္။ အဲဒီအက်င့္ဆိုးေတြေၾကာင့္ အေရျပားဟာ ေရဓာတ္ ခမ္းေျခာက္ၿပီး ေဖာေရာင္လာေစကာ အိုမင္းရင့္ေရာ္မႈကို ျမန္ေစၿပီး အေရးအေၾကာင္းေတြ ျဖစ္ေပၚေစပါတယ္။
အသားအေရ ေျခာက္ေသြ႕လာတာဟာ မ်က္ႏွာမွာ အတြန႔္အရစ္နဲ႔ အေရးအေၾကာင္းေတြ ျဖစ္ေပၚေစတဲ့ ဇစ္ျမစ္တစ္ခုပါပဲ။ Moisturizer ဟာ အစိုဓာတ္ကို ထိန္းေပး႐ုံမက ေကာ္လာဂ်င္ ထုတ္ေပးရာမွာလည္း လႈံ႕ေဆာ္ေပးတဲ့ အတြက္ မ်က္ႏွာသစ္ၿပီးကာစမွာ ပုံမွန္ေလးလိမ္းေပးပါ။ ေရဓာတ္လုံေလာက္စြာ ထိန္းသိမ္းထားႏိုင္မႈ မရွိရင္ ႐ႊန္းစိုေျပာင္လက္မႈနဲ႔ ႂကြက္သားေတြ ေလ်ာ့ပါးကင္းမဲ့ေစၿပီး အေရးအေၾကာင္းေတြ ထလာေစပါတယ္။
ခႏၶာကိုယ္က ထုတ္လႊတ္တဲ့ ေကာ္တီေစာဆိုတဲ့ ေဟာ္မုန္းက အေရျပားဆဲလ္ေတြကို ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ အိပ္ခ်ိန္မွန္ဖို႔နဲ႔ အိပ္ေရးဝဖို႔ ဂ႐ုစိုက္ပါ။ တစ္ေန႔ကို ေျခာက္နာရီ ဒါမွမဟုတ္ ရွစ္နာရီေလာက္ေတာ့ ပုံမွန္အိပ္ေပးပါ။ ေဘးေစာင္းအိပ္တာ၊ ေမွာက္အိပ္တာဟာ အသားအေရကို ေလ်ာ့တြဲဖို႔ လြယ္ကူၿပီး အေရးအေၾကာင္းေတြ ျဖစ္ေစတာမို႔ ပက္လက္အေနအထား အိပ္တာဟာ အေရျပားအတြက္ အေကာင္းဆုံးပါပဲ။
ခႏၶာကိုယ္ေရ ေရဓာတ္လုံေလာက္စြာရွိရင္ အေရျပားက်န္းမာၿပီး ႐ႊန္းစိုေတာက္ပေစပါတယ္။ ဒါေၾကာင့္ တစ္ေန႔ကို ေရႏွစ္လီတာေလာက္ ေသာက္ေပးမယ္ဆိုရင္ အေရျပားအစိုဓာတ္ ထိန္းေပးတဲ့အျပင္ အသားအေရ တင္းရင္းကာ အေရးအေၾကာင္းျဖစ္ျခင္းကို ကာကြယ္ေပးပါတယ္။ ကဖင္းဓာတ္ပါတဲ့ ေဖ်ာ္ရည္ေသာက္သုံးမႈကို ေရွာင္ၾကဥ္ပါ။
အစားအေသာက္ စားသုံးတဲ့အခါ အငံကို ေလ်ာ့စားပါ။ Antioxidant မ်ားမ်ားပါတဲ့ အသီးအႏွံ၊ ဟင္းသီးဟင္း႐ြက္ကို ပိုမိုစားသုံးေပးပါ။ လက္ဖက္စိမ္းနဲ႔ လက္ဖက္နက္တို႔မွာ Antioxidant မ်ားစြာပါဝင္ပါတယ္။အသားအေရ တင္းရင္းဖို႔အတြက္ ငါးႀကီးဆီကို စားေပးပါ။ ငါးႀကီးဆီမွာ Omega 3 ဟာ အသားအေရအတြက္တင္မက ႏွလုံးအတြက္ပါ အထူးသင့္ေတာ္ပါတယ္။ ငါးႀကီးဆီဓာတ္ကို ပင္လယ္ငါးေတြကေန ရႏိုင္ၿပီး Salmon လိုငါးမ်ိဳးေတြမွာလည္း Omega 3 ပါဝင္ပါတယ္။
မ်က္ႏွာသစ္တဲ့အခါ နည္းစနစ္မွန္ဖို႔ လိုအပ္ပါတယ္။မ်က္ႏွာကို လက္နဲ႔တအားပြတ္တိုက္ရင္၊ အားနဲ႔ ဆြဲလြန္းဖိလြန္းရင္ အေရးအေၾကာင္းေတြ ပိုျဖစ္တတ္ပါတယ္။ မ်က္ႏွာသစ္ဖို႔ မျဖစ္မေန လိုအပ္တဲ့ အခ်ိန္က ညအိပ္ရာဝင္ခါနီး အခ်ိန္ပါပဲ။ ညအိပ္ရာဝင္ခ်ိန္ မ်က္ႏွာမွာရွိတဲ့ မိတ္ကပ္၊ သနပ္ခါးစတာေတြကို သန႔္စင္ေပးဖို႔ လိုအပ္ပါတယ္။
ကဲ… ပ်ိဳေမတို႔ေရ၊ မွန္ကန္တဲ့ ထိန္းသိမ္းမႈေတြနဲ႔ အေရးအေၾကာင္းေတြ ကင္းႏိုင္ၾကပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္။
Author: Nyi Nyi Kyaw, Healthcare Journal, Vol 8,no 21 (9.6.17)
(Unicode)
မျက်နှာမှာ အရေးအကြောင်းတွေ ထင်လာပြီဆိုရင် မိန်းကလေးတိုင်း စိတ်ညစ်တတ်ပါတယ်။ ဘာကြောင့် အရေးအကြောင်းတွေ ထင်ရသလဲဆိုရင် အသားအရေကို တင်းရင်းနုပျိုစေတဲ့ ကော်လာဂျင်နဲ့ အလက်စတစ်တွေ ဆုံးရှုံးလာလို့ပါ။ အဲဒီဓာတ် ယိုယွင်းလာပြီဆိုရင် အသားအရေ တွဲကျလာပြီး အိုမင်းရင့်ရော်မှုတွေ ဖြစ်လာပါပြီ။ အသက် ၂၅ နှစ် နောက်ပိုင်းမှာ အရေပြားဟာ စတင်ယုတ်လျော့လာတယ် ဆိုပေမယ့် တချို့တွေဟာ အရွယ်မတိုင်ခင် အိုမင်းကာ အရေးအကြောင်း ထင်လာစေပါတယ်။ အရေးအကြောင်း ဖြစ်စေတဲ့ အဓိက တရားခံကတော့ အသားအရေ ခြောက်သွေ့လာစေတာပါပဲ။ အသားအရေ စိုပြေစေပြီး တင်းရင်းလှပချင်တယ်ဆိုရင်…
ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားအတွင်းက ကော်လိုက်ဖိုင်ဘာမျှင်ကို ဖျက်ဆီးပစ်နိုင်တဲ့အတွက် နေရောင်နဲ့ ထိတွေ့မှုများရင် အိုမင်းရင့်ရော်မှုကို မြန်ဆန်စေကာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် နေရောင်ခြည်နဲ့ အသားအရေကို တိုက်ရိုက်ထိတွေ့မှု မရှိရလေအောင် ဂရုစိုက်ပါ။ အပြင်မထွက်ခင် SPF 30 ပါတဲ့ နေလောင်ခံလိမ်းဆေးတွေ၊ နေလောင်ခံ ကာကွယ်ပေးတဲ့ Sun-block တွေကို မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။ နေရောင်အောက်သွားတဲ့အခါ ဦးထုပ်၊ ထီးဆောင်းပါ။ နေကာမျက်မှန်တပ်ပါ။
စီးကရက်နဲ့ အရက်တို့မှာပါတဲ့ ဓာတုပစ္စည်းတွေ၊ နီကိုတင်းတွေဟာ အရေပြားက ကော်လာဂျင်တွေကို ပျက်စီးစေပြီး အသားအရေကို ပါးလွှာစေပါတယ်။ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်းဓာတ်ဟာ သွေးလှည့်ပတ်မှုကို နှေးစေပြီး အရေပြားတွေကို လျော့ရဲတွဲကျစေကာ အရေးအကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။ အရက်နဲ့ ဆေးလိပ်သောက်ခြင်းကြောင့် ကော်လဂျင်နဲ့ အရေပြားတင်းရင်းမှုတွေ ဆုံးရှုံးကာ အသားအရေကို နီရဲစေပါတယ်။ အဲဒီအကျင့်ဆိုးတွေကြောင့် အရေပြားဟာ ရေဓာတ် ခမ်းခြောက်ပြီး ဖောရောင်လာစေကာ အိုမင်းရင့်ရော်မှုကို မြန်စေပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။
အသားအရေ ခြောက်သွေ့လာတာဟာ မျက်နှာမှာ အတွန့်အရစ်နဲ့ အရေးအကြောင်းတွေ ဖြစ်ပေါ်စေတဲ့ ဇစ်မြစ်တစ်ခုပါပဲ။ Moisturizer ဟာ အစိုဓာတ်ကို ထိန်းပေးရုံမက ကော်လာဂျင် ထုတ်ပေးရာမှာလည်း လှုံ့ဆော်ပေးတဲ့ အတွက် မျက်နှာသစ်ပြီးကာစမှာ ပုံမှန်လေးလိမ်းပေးပါ။ ရေဓာတ်လုံလောက်စွာ ထိန်းသိမ်းထားနိုင်မှု မရှိရင် ရွှန်းစိုပြောင်လက်မှုနဲ့ ကြွက်သားတွေ လျော့ပါးကင်းမဲ့စေပြီး အရေးအကြောင်းတွေ ထလာစေပါတယ်။
ခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ ကော်တီစောဆိုတဲ့ ဟော်မုန်းက အရေပြားဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် အိပ်ချိန်မှန်ဖို့နဲ့ အိပ်ရေးဝဖို့ ဂရုစိုက်ပါ။ တစ်နေ့ကို ခြောက်နာရီ ဒါမှမဟုတ် ရှစ်နာရီလောက်တော့ ပုံမှန်အိပ်ပေးပါ။ ဘေးစောင်းအိပ်တာ၊ မှောက်အိပ်တာဟာ အသားအရေကို လျော့တွဲဖို့ လွယ်ကူပြီး အရေးအကြောင်းတွေ ဖြစ်စေတာမို့ ပက်လက်အနေအထား အိပ်တာဟာ အရေပြားအတွက် အကောင်းဆုံးပါပဲ။
ခန္ဓာကိုယ်ရေ ရေဓာတ်လုံလောက်စွာရှိရင် အရေပြားကျန်းမာပြီး ရွှန်းစိုတောက်ပစေပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေနှစ်လီတာလောက် သောက်ပေးမယ်ဆိုရင် အရေပြားအစိုဓာတ် ထိန်းပေးတဲ့အပြင် အသားအရေ တင်းရင်းကာ အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်သောက်သုံးမှုကို ရှောင်ကြဉ်ပါ။
အစားအသောက် စားသုံးတဲ့အခါ အငံကို လျော့စားပါ။ Antioxidant များများပါတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်ကို ပိုမိုစားသုံးပေးပါ။ လက်ဖက်စိမ်းနဲ့ လက်ဖက်နက်တို့မှာ Antioxidant များစွာပါဝင်ပါတယ်။အသားအရေ တင်းရင်းဖို့အတွက် ငါးကြီးဆီကို စားပေးပါ။ ငါးကြီးဆီမှာ Omega 3 ဟာ အသားအရေအတွက်တင်မက နှလုံးအတွက်ပါ အထူးသင့်တော်ပါတယ်။ ငါးကြီးဆီဓာတ်ကို ပင်လယ်ငါးတွေကနေ ရနိုင်ပြီး Salmon လိုငါးမျိုးတွေမှာလည်း Omega 3 ပါဝင်ပါတယ်။
မျက်နှာသစ်တဲ့အခါ နည်းစနစ်မှန်ဖို့ လိုအပ်ပါတယ်။မျက်နှာကို လက်နဲ့တအားပွတ်တိုက်ရင်၊ အားနဲ့ ဆွဲလွန်းဖိလွန်းရင် အရေးအကြောင်းတွေ ပိုဖြစ်တတ်ပါတယ်။ မျက်နှာသစ်ဖို့ မဖြစ်မနေ လိုအပ်တဲ့ အချိန်က ညအိပ်ရာဝင်ခါနီး အချိန်ပါပဲ။ ညအိပ်ရာဝင်ချိန် မျက်နှာမှာရှိတဲ့ မိတ်ကပ်၊ သနပ်ခါးစတာတွေကို သန့်စင်ပေးဖို့ လိုအပ်ပါတယ်။
ကဲ… ပျိုမေတို့ရေ၊ မှန်ကန်တဲ့ ထိန်းသိမ်းမှုတွေနဲ့ အရေးအကြောင်းတွေ ကင်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Author: Nyi Nyi Kyaw, Healthcare Journal, Vol 8,no 21 (9.6.17)