(Zawgyi)
ကမာၻေပၚတြင္ အသည္းေရာင္အသားဝါ ဘီပိုး ကူးစက္ခံရသူဦးေရ သန္း(၄၀၀)နီးပါးရွိပါသည္။ ျမန္မာႏိုင္ငံတြင္ လူဦးေရ၏ ၁၂%ခန႔္ေရာဂါ ကူးစက္ခံေနရပါသည္။
ဘယ္လိုကူးစက္သလဲ
ကူးစက္တဲ့နည္းေတြကေတာ့ အသည္းေရာင္အသားဝါ ဘီ ပိုး ပါေသာ ေသြး၊ေသြးရည္ၾကည္၊ အနာမန္းရည္၊ လိင္အဂၤါရည္၊ တံေတြးတို႔မွတဆင့္ ေရာဂါပိုးရွိသူမွ ေနာက္တစ္ဦးဆီသို႔ ကူးစက္ပ်ံ႕ပြားသည္။ ေရာဂါပိုးရွိသူမိခင္မွတဆင့္ ရင္ေသြးသို႔ ကူးစက္ျခင္း၊ ေရာဂါပိုးပါေသာ ေသြးသြင္းမိျခင္း၊ ေရာဂါပိုးရွိေသာ ေဆးထိုးအပ္ ေသြးေၾကာသြင္း ကိရိယာမ်ား စုတ္တံမ်ားမွတဆင့္ကူးစက္ျခင္း၊ ေရာဂါပိုးပါေသာ အပ္မ်ားနဲ႔စုတ္ထိုးျခင္း၊ အပ္စိုက္ကုသျခင္း၊ နားေဖာက္ျခင္း၊ မူးယစ္ေဆးဝါးသုံးျခင္း၊ ေရာဂါပိုးရွိေသာလူနာအား ေဆးထိုးရာမွ မေတာ္တဆ အပ္စူးမိျခင္း၊ ေရာဂါပိုးရွိသူနဲ႔ လိင္တူ သို႔မဟုတ္ လိင္ကြဲ ဆက္ဆံျခင္း၊ ေရာဂါပိုးရွိသူနဲ႔အတူ ပန္းကန္ ခြက္ေယာက္မ်ားမွ်ေဝသုံးစြဲမိျခင္း စသည္တို႔ျဖစ္ပါသည္။
အသည္းေရာင္အသားဝါ ဘီပိုး လကၡဏာမ်ား
ေရာဂါနာမည္အတိုင္းပဲ အသားဝါျခင္း၊ မ်က္လုံးဝါျခင္း၊ ဆီးဝါျခင္းေတြျဖစ္မယ္။ ပ်ိဳ႕အန္ခ်င္တာ၊ အစားေသာက္ပ်က္တာ၊ ဗိုက္ေအာင့္ ဗိုက္နာတာေတြလည္းျဖစ္ႏိုင္တယ္။ ဒါေပမယ့္ ဘီပိုးရွိသူေတြရဲ႕ ၃၀%ရာခိုင္ႏႈန္းဟာ မည္သည့္လကၡဏာမွ မျပတာမ်ိဳးလည္းရွိႏိုင္တယ္။ ကေလးမ်ားမွာလည္း ေရာဂါလကၡဏာမျပတတ္ပါဘူး။
သို႔ေသာ္ ဘီပိုးဟာရွိမွန္းမသိလို႔ မကုဘဲ ထားရင္ ေနာက္ဆက္တြဲအေနနဲ႔ နာတာရွည္ အသည္းေရာဂါျဖစ္ၿပီး ေနာက္ပိုင္းမွာ အသည္းေျခာက္တာ၊ အသည္းကင္ဆာျဖစ္တာေတြ ျဖစ္လာႏိုင္ပါတယ္။
ဘယ္လိုကာကြယ္မလဲ
လိင္ကိစၥဆင္ျခင္ပါ။
အေပ်ာ္အပါးမေရွာင္ႏိုင္ပါက ကြန္ဒုံးသုံးပါ။ ႏႈတ္ခမ္းခ်င္းစုတ္တာမလုပ္ပါနဲ႔။
မလိုအပ္ဘဲ ေဆးမထိုးပါနဲ႔ ေသြးမသြင္းပါနဲ႔။
မူးယစ္ေဆးဝါးမသုံးစြပါနဲ႔။
သြားတိုက္တံ၊ မုတ္ဆိတ္ရိတ္ ကိရိယာစေသာ ကိုယ္ပိုင္အသုံးေဆာင္မ်ား သီးသန႔္ထားပါ။ တျခားသူနဲ႔မွ်မသုံးပါနဲ႔။
နားေဖာက္တာ၊ စုတ္ထိုးတာမ်ားကို တစ္ခါသုံးအပ္ျဖင့္သာလုပ္ပါ။
အသည္းေရာင္အသားဝါ ဘီပိုးသည္ စီပိုးနဲ႔မတူတာက ကာကြယ္ေဆးထိုးလို႔ရျခင္းျဖစ္သည္။
သို႔ေသာ္ဘီပိုးရွိမရွိ အရင္စစ္ၿပီးမွ ကာကြယ္ေဆးထိုးရမည္။ လူႀကီးမ်ားတြင္ လက္မွာထိုးႏိုင္သည္။ ေမြးကင္းစႏွင့္ ကေလးမ်ားတြင္ ေပါင္မွာထိုးသည္။
ဘီပိုးကာကြယ္ေဆးထိုးနည္းမ်ားကေတာ့
၁။ ပုံမွန္၃ႀကိမ္(ဝ၊ ၁၊ ၆)ထိုးနည္း
ပထမတစ္လုံးကို ခ်က္ခ်င္းထိုးမယ္။ ဒုတိယတစ္လုံးကို ပထမတစ္လုံး စထိုးရက္မွ (၁)လအၾကာမွာ ထိုးရမယ္။ တတိယတစ္လုံးကို ပထမတစ္လုံးစထိုးရက္မွ (၆)လအၾကာမွာ ထိုးမယ္။ ေနာက္အားျဖည့္ (Booster dose)တစ္လုံးကို ပထမတစ္လုံးစထိုးရက္မွ ၅ႏွစ္အၾကာတြင္ထပ္မံထိုးရမည္။
၂။ ။ ပုံမွန္၄ႀကိမ္ (ဝ၊ ၁၊ ၂၊ ၁၂)ထိုးနည္း
ပထမတစ္လုံးကို ခ်က္ခ်င္းထိုးမယ္။ ဒုတိယတစ္လုံးကို ပထမတစ္လုံးစထိုးရက္မွ (၁)လအၾကာမွာ ထိုးမယ္။ တတိယတစ္လုံးကို ပထမတလုံးစထိုးရက္မွ (၂)လအၾကာမွာ ထပ္ထိုးမယ္။ စတုတၱတစ္လုံးကိုေတာ့ ပထမတစ္လုံးစထိုးရက္မွ (၁၂)လအၾကာမွာ ထိုးရမယ္။ ေနာက္အားျဖည့္ (Booster dose) တစ္လုံးကို ပထမတလုံးစထိုးရက္မွ ၅ႏွစ္အၾကာတြင္ထပ္မံထိုးရမည္
၃။ ။အျမန္(၄)ႀကိမ္ (ဝ၊ ၇၊ ၂၁၊ ၁၂) ထိုးနည္း
ပထမတစ္လုံးကို ခ်က္ခ်င္းထိုးမယ္။ ဒုတိယတလုံးကို ပထမတစ္လုံးစထိုးရက္မွ ၇ ရက္အၾကာ ၊တတိယတစ္လုံးကို ပထမတလုံး စထိုးရက္မွ ၂၁ ရက္အၾကာ၊ စတုတၱ တစ္လုံးကို ပထမတလုံး စထိုးရက္မွ ၁၂ လအၾကာ၊ ေနာက္အားျဖည့္ (Booster dose) တစ္လုံးကို ပထမတစ္လုံးစထိုးရက္မွ ၅ ႏွစ္အၾကာတြင္ထပ္မံထိုးရပါမည္။
ကာကြယ္ေဆးထိုးၿပီးရင္လည္း ကာကြယ္ေဆးေအာင္မေအာင္ ေသြးစစ္ၾကည့္ရပါမယ္။ ကာကြယ္ေဆးမေအာင္တာမ်ိဴးလည္းျဖစ္ႏိုင္လို႔ပါ။ ေနာက္ဆုံးအလုံးထိုးၿပီး အားျဖည့္ (Booster Dose) မထိုးရေသးခင္ၾကားကာလမွာ Anti HBs level ကိုဓါတ္ခြဲခန္းမ်ားတြင္ တိုင္းတာစစ္ေဆးၾကည့္ျခင္းျဖင့္ ေအာင္မေအာင္သိႏိုင္ပါတယ္။
ကာကြယ္ေဆးမေအာင္ရသည့္အေၾကာင္းရင္းမ်ား
Prednisolone ကဲ့သို႔ေသာ ေဆးမ်ားေသာက္ေနရျခင္း ၊ HIV ပိုး ကူးစက္ခံေနရျခင္း ၊ စနစ္တက် သိုေလွာင္သိမ္းဆည္းထားျခင္းမရွိေသာေဆးမ်ားထိုးမိျခင္း စတာေတြေၾကာင့္ျဖစ္သည္။
Author : Dr. 528
(Unicode)
ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခံရသူဦးရေ သန်း(၄၀၀)နီးပါးရှိပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေ၏ ၁၂%ခန့်ရောဂါ ကူးစက်ခံနေရပါသည်။
ဘယ်လိုကူးစက်သလဲ
ကူးစက်တဲ့နည်းတွေကတော့ အသည်းရောင်အသားဝါ ဘီ ပိုး ပါသော သွေး၊သွေးရည်ကြည်၊ အနာမန်းရည်၊ လိင်အင်္ဂါရည်၊ တံတွေးတို့မှတဆင့် ရောဂါပိုးရှိသူမှ နောက်တစ်ဦးဆီသို့ ကူးစက်ပျံ့ပွားသည်။ ရောဂါပိုးရှိသူမိခင်မှတဆင့် ရင်သွေးသို့ ကူးစက်ခြင်း၊ ရောဂါပိုးပါသော သွေးသွင်းမိခြင်း၊ ရောဂါပိုးရှိသော ဆေးထိုးအပ် သွေးကြောသွင်း ကိရိယာများ စုတ်တံများမှတဆင့်ကူးစက်ခြင်း၊ ရောဂါပိုးပါသော အပ်များနဲ့စုတ်ထိုးခြင်း၊ အပ်စိုက်ကုသခြင်း၊ နားဖောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးခြင်း၊ ရောဂါပိုးရှိသောလူနာအား ဆေးထိုးရာမှ မတော်တဆ အပ်စူးမိခြင်း၊ ရောဂါပိုးရှိသူနဲ့ လိင်တူ သို့မဟုတ် လိင်ကွဲ ဆက်ဆံခြင်း၊ ရောဂါပိုးရှိသူနဲ့အတူ ပန်းကန် ခွက်ယောက်များမျှဝေသုံးစွဲမိခြင်း စသည်တို့ဖြစ်ပါသည်။
အသည်းရောင်အသားဝါ ဘီပိုး လက္ခဏာများ
ရောဂါနာမည်အတိုင်းပဲ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးဝါခြင်းတွေဖြစ်မယ်။ ပျို့အန်ချင်တာ၊ အစားသောက်ပျက်တာ၊ ဗိုက်အောင့် ဗိုက်နာတာတွေလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဘီပိုးရှိသူတွေရဲ့ ၃၀%ရာခိုင်နှုန်းဟာ မည်သည့်လက္ခဏာမှ မပြတာမျိုးလည်းရှိနိုင်တယ်။ ကလေးများမှာလည်း ရောဂါလက္ခဏာမပြတတ်ပါဘူး။
သို့သော် ဘီပိုးဟာရှိမှန်းမသိလို့ မကုဘဲ ထားရင် နောက်ဆက်တွဲအနေနဲ့ နာတာရှည် အသည်းရောဂါဖြစ်ပြီး နောက်ပိုင်းမှာ အသည်းခြောက်တာ၊ အသည်းကင်ဆာဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
- လိင်ကိစ္စဆင်ခြင်ပါ။
- အပျော်အပါးမရှောင်နိုင်ပါက ကွန်ဒုံးသုံးပါ။ နှုတ်ခမ်းချင်းစုတ်တာမလုပ်ပါနဲ့။
- မလိုအပ်ဘဲ ဆေးမထိုးပါနဲ့ သွေးမသွင်းပါနဲ့။
- မူးယစ်ဆေးဝါးမသုံးစွပါနဲ့။
- သွားတိုက်တံ၊ မုတ်ဆိတ်ရိတ် ကိရိယာစသော ကိုယ်ပိုင်အသုံးဆောင်များ သီးသန့်ထားပါ။ တခြားသူနဲ့မျှမသုံးပါနဲ့။
- နားဖောက်တာ၊ စုတ်ထိုးတာများကို တစ်ခါသုံးအပ်ဖြင့်သာလုပ်ပါ။
အသည်းရောင်အသားဝါ ဘီပိုးသည် စီပိုးနဲ့မတူတာက ကာကွယ်ဆေးထိုးလို့ရခြင်းဖြစ်သည်။
သို့သော်ဘီပိုးရှိမရှိ အရင်စစ်ပြီးမှ ကာကွယ်ဆေးထိုးရမည်။ လူကြီးများတွင် လက်မှာထိုးနိုင်သည်။ မွေးကင်းစနှင့် ကလေးများတွင် ပေါင်မှာထိုးသည်။
ဘီပိုးကာကွယ်ဆေးထိုးနည်းများကတော့
၁။ ပုံမှန်၃ကြိမ်(ဝ၊ ၁၊ ၆)ထိုးနည်း
ပထမတစ်လုံးကို ချက်ချင်းထိုးမယ်။ ဒုတိယတစ်လုံးကို ပထမတစ်လုံး စထိုးရက်မှ (၁)လအကြာမှာ ထိုးရမယ်။ တတိယတစ်လုံးကို ပထမတစ်လုံးစထိုးရက်မှ (၆)လအကြာမှာ ထိုးမယ်။ နောက်အားဖြည့် (Booster dose)တစ်လုံးကို ပထမတစ်လုံးစထိုးရက်မှ ၅နှစ်အကြာတွင်ထပ်မံထိုးရမည်။
၂။ ။ ပုံမှန်၄ကြိမ် (ဝ၊ ၁၊ ၂၊ ၁၂)ထိုးနည်း
ပထမတစ်လုံးကို ချက်ချင်းထိုးမယ်။ ဒုတိယတစ်လုံးကို ပထမတစ်လုံးစထိုးရက်မှ (၁)လအကြာမှာ ထိုးမယ်။ တတိယတစ်လုံးကို ပထမတလုံးစထိုးရက်မှ (၂)လအကြာမှာ ထပ်ထိုးမယ်။ စတုတ္တတစ်လုံးကိုတော့ ပထမတစ်လုံးစထိုးရက်မှ (၁၂)လအကြာမှာ ထိုးရမယ်။ နောက်အားဖြည့် (Booster dose) တစ်လုံးကို ပထမတလုံးစထိုးရက်မှ ၅နှစ်အကြာတွင်ထပ်မံထိုးရမည်
၃။ ။အမြန်(၄)ကြိမ် (ဝ၊ ၇၊ ၂၁၊ ၁၂) ထိုးနည်း
ပထမတစ်လုံးကို ချက်ချင်းထိုးမယ်။ ဒုတိယတလုံးကို ပထမတစ်လုံးစထိုးရက်မှ ၇ ရက်အကြာ ၊တတိယတစ်လုံးကို ပထမတလုံး စထိုးရက်မှ ၂၁ ရက်အကြာ၊ စတုတ္တ တစ်လုံးကို ပထမတလုံး စထိုးရက်မှ ၁၂ လအကြာ၊ နောက်အားဖြည့် (Booster dose) တစ်လုံးကို ပထမတစ်လုံးစထိုးရက်မှ ၅ နှစ်အကြာတွင်ထပ်မံထိုးရပါမည်။
ကာကွယ်ဆေးထိုးပြီးရင်လည်း ကာကွယ်ဆေးအောင်မအောင် သွေးစစ်ကြည့်ရပါမယ်။ ကာကွယ်ဆေးမအောင်တာမျိူးလည်းဖြစ်နိုင်လို့ပါ။ နောက်ဆုံးအလုံးထိုးပြီး အားဖြည့် (Booster Dose) မထိုးရသေးခင်ကြားကာလမှာ Anti HBs level ကိုဓါတ်ခွဲခန်းများတွင် တိုင်းတာစစ်ဆေးကြည့်ခြင်းဖြင့် အောင်မအောင်သိနိုင်ပါတယ်။
ကာကွယ်ဆေးမအောင်ရသည့်အကြောင်းရင်းများ
Prednisolone ကဲ့သို့သော ဆေးများသောက်နေရခြင်း ၊ HIV ပိုး ကူးစက်ခံနေရခြင်း ၊ စနစ်တကျ သိုလှောင်သိမ်းဆည်းထားခြင်းမရှိသောဆေးများထိုးမိခြင်း စတာတွေကြောင့်ဖြစ်သည်။
Author : Dr. 528