ဝက်တုတ်ကွေးခေါ် swine flu ( H1N1) ဟာ ၁၉၁၈ ခုနစ်က စတင်တွေ့ရှိတာပါ။ ပထမဆုံး လူနာတွေ့ရှိတာက အမေရိကန်နိုင်ငံ မက်စီကို မှာပါ။ ရိုးရိုး လူတုတ်ကွေးပိုး Flu virus ကနေထပ်ဆင့် မျိုရိုးဗီဇ ပြောင်းလဲလာပြီး ဖြစ်တာပါ။ subtype အုပ်စု များစွာရှိပါတယ်။ ရာစုနှစ် အလိုက် ကပ်ရောဂါ သဖွယ်ဖြစ်လေ့ရှိပါတယ်။ အနီးစပ်ဆုံး ပြောရရင် ၂၀၀၉ ခုနစ်မှာ တစ်ခါဖြစ်ပွားခဲ့ပါတယ်။ A H1N1 virus ကြောင့်ဖြစ်ပွားခဲ့တာပါ။ ၂၀၁၇ နှစ်စမှာ အိန္ဒိယ နိုင်ငံ မှာတစ်ခါ ဖြစ်ပွားခဲ့ပါတယ်။
ရောဂါလက္ခဏာတွေကတော့ ရာသီ အလိုက်ဖြစ်တတ်တဲ့ တုတ်ကွေးလိုပါပဲ။
ကိုယ်ပူ အဖျားတတ်ခြင်း
ချောင်းဆိုးခြင်း
နှာရည်ယို နှာစေးခြင်း
ခေါင်းကိုက် ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း
အသက်ရှူကျပ် မောပန်းခြင်း
သတိမေ့မြောခြင်း
စတဲ့ တုတ်ကွေးရောဂါ လက္ခဏာများပါပဲ။
ကူးစက်ပုံ
ကူးစက်ပုံတွေကတော့ ရောဂါရှိတဲ့ သူမှ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ တို့မှတဆင့်ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ချောင်းဆိုး နှာချေခြင်းမှ ထွက်သော အရည် အမှုန်အမွှားတို့ကို ထိကိုင်မိပြီးတဆင့် မျက်စိ နှာခေါင်း ပါးစပ်တို့ကို ပွတ်မိ သုတ်မိခြင်းမှလဲ ကူးစက်နိုင်ပါတယ်။ ဝက်သားစားခြင်းဖြင့် ကူးစက်နိုင်သည်ဟု ယနေ့ထိ ဖော်ပြထားခြင်းမရှိသေးဘူး။
စမ်းသပ်စစ်ဆေးခြင်း
သံသယရှိသူများအား ဓာတ်မှန်ရိုက်ခြင်း၊ CRP သွေးဖောက်စစ်ခြင်း၊ အပြင် နှာခေါင်းနှင့် အာခေါင်တို့မှ အချွဲယူ၍စစ်ဆေးခြင်း။
ကုသမှု
ဝက်တုတ်ကွေး ရောဂါ ကိုကုသဖို့ရန် ဆေးအများကြီးမရှိသေးပါဘူး။ Osetamiber (Tamiflu) ဆေးတော့ရှိပါတယ်။ တခြားဆေးတွေက တချို့နိုင်ငံတွေမှာတော့ ရှိပါတယ်။ ကိုယ်ပူ အဖျားတက်တာကုသရပါမယ်။ ချောင်းဆိုးခြင်းကို ကုသရပါမယ်။ ရေဓာတ်ပြည့်ဝအောင် ပြုလုပ်ပေးရမယ်။ ခုခံအားကောင်းအောင်လုပ်ပေးရပါမယ်။
ကာကွယ်ရန်
ဒီရာသီမှာ အဖျားတတ် ချောင်ဆိုး နှာစေးရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။ ချောင်းဆိုး နှာချေရင် လက်ကိုင်ပုဝါ နဲ့ အုပ်ပြီး ဆိုးပါ။ စပ်ဆေးတွေသောက်နေရင် အလွန်အန္တာရာယ်ကြီးပါတယ်။ လက် ခဏခဏ ဆေးကြောပါ။ ဒါ မှကူးစက်မှနည်းမှာပါ။ လူထူထပ်သောနေရာများမသွားပါနှင့်။ သွားလျှင် မျက်နှာဖုံးစွပ် (အထူးပြုလုပ်ထားသော) စွပ်ထားပါ။တတ်နိုင်သမျှ မကူးစက်အောင် သတိထားပါ။ ကလေးသူငယ်များ၊ အသက်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ အထူး အထူး ဂရုပြု သတိထားကြပါရန်။ တုတ်ကွေးကာကွယ်ဆေး ကြိုထိုးထားသင့်ပါတယ်။
ရောဂါပြင်းထန်မှု
သာမာန် အအေးမိ နှာစေး ချောင်းဆိုတာကနေ ကူးစက်မြန်ပြန်းထန် အဆုတ်ရောင် ရောဂါ ထိဖြစ်ကာ အသက်သေဆုံးသည်အထိဖြစ်ပွားပါတယ်။
အထူးဂရုပြုပါ…. ဝက်တုတ်ကွေးရောဂါ
ဆက်လက်မျှဝေ ပေးကြပါ….
Author : မောင်လူချော (အရေးပေါ်ကုသမှုဆေးပညာ)