(Zawgyi)
ဆယ္ေက်ာ္သက္အ႐ြယ္ဆိုတာ တကယ္ေတာ့ အလွအပေတြ စတင္ပြင့္လန္းလာတဲ့ အခ်ိန္ပါ။ မိန္းကေလးတစ္ေယာက္ရဲ႕ ၿပီးျပည့္စုံျခင္းဆိုတဲ့ အလွအပဆီ ေရာက္ဖို႔ ေျခလွမ္းေတြ လွမ္းေနခ်ိန္လို႔ လည္း ဆိုႏိုင္ပါတယ္။
ဒီအ႐ြယ္က သဘာဝအတိုင္း လွပေနတဲ့ အ႐ြယ္ျဖစ္လို႔ ျပင္ဆင္ျခယ္သတာထက္ တျဖည္းျဖည္း ျပည့္စုံလာတဲ့ အလွအပကို ေရရွည္တည္တံ့ႏိုင္ဖို႔ ထိန္းသိမ္းေစာင့္ေရွာက္ျခင္းကိုသာ လုပ္သင့္ပါတယ္။ ဆယ္ေက်ာက္သက္မိန္းမပ်ိဳတို႔ လိုက္နာသင့္တဲ့ အခ်က္ကေလးေတြ ေျပာရရင္…။
ေအာက္ခံမိတ္ကပ္ဟာ ဆယ္ေက်ာက္သက္ ပ်ိဳေမတို႔ရဲ႕ သဘာဝအလွကို ဖုံးကြယ္ပစ္ႏိုင္ပါတယ္။ မိတ္ကပ္ဟာ အိုမင္းရင့္ေရာ္မႈကို ျမန္ဆန္ေစပါတယ္။ ဒါ့ျပင္ အသားအေရ ႏူးညံ့ေနခ်ိန္မွာ မိတ္ကပ္ ေၾကာင့္ မလိုလားအပ္တဲ့ ဝက္ၿခံေတြ ထြက္လာႏိုင္သလို မိတ္ကပ္မွာပါတဲ့ ဓာတုပစၥည္းေတြက ဓာတ္မတည့္လို႔ မ်က္ႏွာအသားအေရကို ပ်က္စီးေစႏိုင္ပါတယ္။ ခ်က္ျခင္း မပ်က္စီးရင္ေတာင္ အသက္ ၂၅ ႏွစ္ေက်ာ္တဲ့အခါအမည္းစက္ေတြနဲ႔ အ႐ြယ္မတိုင္ခင္အေရးအေၾကာင္းေတြ ျဖစ္လာပါလိမ့္မယ္။ ဒါေၾကာင့္ မိတ္ကပ္အစား Skin Care နဲ႔ ႏို႔ရည္ပါတဲ့ Lotion တို႔ကိုသာ သုံးဖို႔ တိုက္တြန္းခ်င္ပါတယ္။
ဒီအ႐ြယ္က အသားအေရ ႏူးညံ့တဲ့ အတြက္ ၂၀ ေက်ာ္ ၃၀ ေက်ာ္ေတြသုံးတဲ့ မ်က္ႏွာသစ္ေဆးေတြ၊ မ်က္ႏွာအတြင္းပိုင္းထိ သန႔္စင္ႏိုင္တယ္ဆိုတဲ့ မ်က္ႏွာသစ္ ဆပ္ျပာေတြ အတက္ႏိုင္ဆုံး ေရွာင္ပါ။ ဓာတုပစၥည္းအနည္းဆုံးပါတဲ့ မ်က္ႏွာသစ္ေဆးကို သုံးပါ။အေကာင္းဆုံးကေတာ့Baby Mild လိုမ်ိဳးကေလးေတြ အတြက္ ထုတ္လုပ္ထားတဲ့မ်က္ႏွာသစ္တဲ့အခါလည္း ႏူးညံ့ညင္သာစြာ ပြတ္တိုက္ျခင္းျဖင့္ မ်က္ႏွာကဆဲလ္ေတြ က်န္းမာသန္စြမ္းၿပီး မပ်က္စီးေစေအာင္ ဂ႐ုစိုက္ပါ။
ဆယ္ေက်ာ္သက္တို႔အတြက္ မ်က္ေတာင္ေကာ့ေဆးနဲ႔ ႏႈတ္ခမ္းအေရာင္တင္ဆီေလာက္နဲ႔တင္ မ်က္ႏွာအလွ ေပၚလြင္ဖို႔ လုံေလာက္ပါတယ္။ Moisturizer ပါတဲ့ ႏို႔ရည္၊ တစ္ခုခုလိမ္း၊ ေပါင္ဒါအႏုစား ေလး ႐ိုက္လို႔ မ်က္ေတာင္ေကာ့ေဆးေလးသုံး၊ ႏႈတ္ခမ္းနီအေရာင္တင္ဆီေလးနည္းနည္း လိမ္းလိုက္႐ုံနဲ႔ ဆြဲေဆာင္မႈ ရွိတဲ့အလွ ပိုမိုေပၚလြင္ေစမွာပါ။
ဆံပင္ပုံစံက ကိုယ္ရဲ႕ ဒုတိယမ်က္ႏွာလို႔ ဆိုတဲ့အတြက္ လန္းဆန္းတက္ႂကြတဲ့စတိုင္ ျဖစ္ေနဖို႔ လိုပါတယ္။ အတိုပဲထားထား၊ အရွည္ပဲထားထား ကိုယ္ရဲ႕ငယ္႐ြယ္တဲ့ အလွကို ဖုံးအုပ္သတိျပဳပါ။ အေကာင္းဆုံးကေတာ့ အထပ္အလႊာ( စတက္ပ္) ဆံပင္ပုံစံပါပဲ။ စတက္ပ္က အတိုပဲျဖစ္ျဖစ္ အရွည္ပဲျဖစ္ျဖစ္ ဆံသားေျဖာင့္စင္းသူပဲျဖစ္ျဖစ္၊ လႈိင္းတြန႔္ဆံႏြယ္ပဲ ျဖစ္ျဖစ္ လိုက္ဖက္ပါတယ္။ ဒါ့ျပင္ ေပါ့ပါးလန္းဆန္းပုံလည္း ေပါက္လို႔ ဆယ္ေက်ာ္သက္တို႔နဲ႔ အလိုက္ဖက္ဆုံးပါပဲ။
ပုံမွန္ျပဳလုပ္ရမွာက အိပ္ရာက ႏိုးတာနဲ႔ ေရတစ္ဖန္ခြက္ေသာက္ဖို႔ မေမ့ပါနဲ႔။ ညဘက္ ဘယ္ေလာက္ပဲ အိပ္ခ်င္ေနပါေစ မ်က္ႏွာသစ္၊ သြားတိုက္ၿပီးမွ အိပ္ရာဝင္ပါ။ တစ္ပတ္တစ္ခါေလာက္ အသီးအႏွံ (ဥပမာ- ခရမ္းခ်ဥ္သီး၊ သခြားသီး) ေတြနဲ႔ မ်က္ႏွာေပါင္းတင္ပါ။ တစ္ပတ္ႏွစ္ခါေလာက္ ဆားနဲ႔ သံလြင္ဆီ ဒါမွမဟုတ္ အုန္းဆီထည့္ထားတဲ့ ေရေႏြးေႏြးနဲ႔ ေျခေထာက္ကို စိမ္ေပးပါ။ ေနပူထဲသြားတဲ့အခါ ထီး၊ ဦးထုပ္ အၿမဲေဆာင္သြားပါ။ တစ္ကိုယ္ေရသန႔္ရွင္းမႈကို ဂ႐ုစိုက္ပါ။ လစဥ္ကိစၥေတြမွာ သန႔္ရွင္းဖို႔ ရက္မွန္ဖို႔နဲ႔ အနည္းအမ်ားကို ဂ႐ုစိုက္ၿပီး လိုအပ္ရင္ ဆရာဝန္ျပဖို႔ မရွက္ပါနဲ႔။
တက္ႂကြလန္းဆန္းႏုပ်ိဳတဲ့ ဆယ္ေက်ာ္သက္ေလးေတြ ျဖစ္ပါေစ။
Author: ညီညီေက်ာ္, Healthcare Journal, vol 8,no 23 (23.6.17)
(Unicode)
ဆယ်ကျော်သက်အရွယ်ဆိုတာ တကယ်တော့ အလှအပတွေ စတင်ပွင့်လန်းလာတဲ့ အချိန်ပါ။ မိန်းကလေးတစ်ယောက်ရဲ့ ပြီးပြည့်စုံခြင်းဆိုတဲ့ အလှအပဆီ ရောက်ဖို့ ခြေလှမ်းတွေ လှမ်းနေချိန်လို့ လည်း ဆိုနိုင်ပါတယ်။
ဒီအရွယ်က သဘာဝအတိုင်း လှပနေတဲ့ အရွယ်ဖြစ်လို့ ပြင်ဆင်ခြယ်သတာထက် တဖြည်းဖြည်း ပြည့်စုံလာတဲ့ အလှအပကို ရေရှည်တည်တံ့နိုင်ဖို့ ထိန်းသိမ်းစောင့်ရှောက်ခြင်းကိုသာ လုပ်သင့်ပါတယ်။ ဆယ်ကျောက်သက်မိန်းမပျိုတို့ လိုက်နာသင့်တဲ့ အချက်ကလေးတွေ ပြောရရင်…။
အောက်ခံမိတ်ကပ်ဟာ ဆယ်ကျောက်သက် ပျိုမေတို့ရဲ့ သဘာဝအလှကို ဖုံးကွယ်ပစ်နိုင်ပါတယ်။ မိတ်ကပ်ဟာ အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ ဒါ့ပြင် အသားအရေ နူးညံ့နေချိန်မှာ မိတ်ကပ် ကြောင့် မလိုလားအပ်တဲ့ ဝက်ခြံတွေ ထွက်လာနိုင်သလို မိတ်ကပ်မှာပါတဲ့ ဓာတုပစ္စည်းတွေက ဓာတ်မတည့်လို့ မျက်နှာအသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ချက်ခြင်း မပျက်စီးရင်တောင် အသက် ၂၅ နှစ်ကျော်တဲ့အခါအမည်းစက်တွေနဲ့ အရွယ်မတိုင်ခင်အရေးအကြောင်းတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မိတ်ကပ်အစား Skin Care နဲ့ နို့ရည်ပါတဲ့ Lotion တို့ကိုသာ သုံးဖို့ တိုက်တွန်းချင်ပါတယ်။
ဒီအရွယ်က အသားအရေ နူးညံ့တဲ့ အတွက် ၂၀ ကျော် ၃၀ ကျော်တွေသုံးတဲ့ မျက်နှာသစ်ဆေးတွေ၊ မျက်နှာအတွင်းပိုင်းထိ သန့်စင်နိုင်တယ်ဆိုတဲ့ မျက်နှာသစ် ဆပ်ပြာတွေ အတက်နိုင်ဆုံး ရှောင်ပါ။ ဓာတုပစ္စည်းအနည်းဆုံးပါတဲ့ မျက်နှာသစ်ဆေးကို သုံးပါ။အကောင်းဆုံးကတော့Baby Mild လိုမျိုးကလေးတွေ အတွက် ထုတ်လုပ်ထားတဲ့မျက်နှာသစ်တဲ့အခါလည်း နူးညံ့ညင်သာစွာ ပွတ်တိုက်ခြင်းဖြင့် မျက်နှာကဆဲလ်တွေ ကျန်းမာသန်စွမ်းပြီး မပျက်စီးစေအောင် ဂရုစိုက်ပါ။
ဆယ်ကျော်သက်တို့အတွက် မျက်တောင်ကော့ဆေးနဲ့ နှုတ်ခမ်းအရောင်တင်ဆီလောက်နဲ့တင် မျက်နှာအလှ ပေါ်လွင်ဖို့ လုံလောက်ပါတယ်။ Moisturizer ပါတဲ့ နို့ရည်၊ တစ်ခုခုလိမ်း၊ ပေါင်ဒါအနုစား လေး ရိုက်လို့ မျက်တောင်ကော့ဆေးလေးသုံး၊ နှုတ်ခမ်းနီအရောင်တင်ဆီလေးနည်းနည်း လိမ်းလိုက်ရုံနဲ့ ဆွဲဆောင်မှု ရှိတဲ့အလှ ပိုမိုပေါ်လွင်စေမှာပါ။
ဆံပင်ပုံစံက ကိုယ်ရဲ့ ဒုတိယမျက်နှာလို့ ဆိုတဲ့အတွက် လန်းဆန်းတက်ကြွတဲ့စတိုင် ဖြစ်နေဖို့ လိုပါတယ်။ အတိုပဲထားထား၊ အရှည်ပဲထားထား ကိုယ်ရဲ့ငယ်ရွယ်တဲ့ အလှကို ဖုံးအုပ်သတိပြုပါ။ အကောင်းဆုံးကတော့ အထပ်အလွှာ( စတက်ပ်) ဆံပင်ပုံစံပါပဲ။ စတက်ပ်က အတိုပဲဖြစ်ဖြစ် အရှည်ပဲဖြစ်ဖြစ် ဆံသားဖြောင့်စင်းသူပဲဖြစ်ဖြစ်၊ လှိုင်းတွန့်ဆံနွယ်ပဲ ဖြစ်ဖြစ် လိုက်ဖက်ပါတယ်။ ဒါ့ပြင် ပေါ့ပါးလန်းဆန်းပုံလည်း ပေါက်လို့ ဆယ်ကျော်သက်တို့နဲ့ အလိုက်ဖက်ဆုံးပါပဲ။
ပုံမှန်ပြုလုပ်ရမှာက အိပ်ရာက နိုးတာနဲ့ ရေတစ်ဖန်ခွက်သောက်ဖို့ မမေ့ပါနဲ့။ ညဘက် ဘယ်လောက်ပဲ အိပ်ချင်နေပါစေ မျက်နှာသစ်၊ သွားတိုက်ပြီးမှ အိပ်ရာဝင်ပါ။ တစ်ပတ်တစ်ခါလောက် အသီးအနှံ (ဥပမာ- ခရမ်းချဉ်သီး၊ သခွားသီး) တွေနဲ့ မျက်နှာပေါင်းတင်ပါ။ တစ်ပတ်နှစ်ခါလောက် ဆားနဲ့ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီထည့်ထားတဲ့ ရေနွေးနွေးနဲ့ ခြေထောက်ကို စိမ်ပေးပါ။ နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ် အမြဲဆောင်သွားပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။ လစဉ်ကိစ္စတွေမှာ သန့်ရှင်းဖို့ ရက်မှန်ဖို့နဲ့ အနည်းအများကို ဂရုစိုက်ပြီး လိုအပ်ရင် ဆရာဝန်ပြဖို့ မရှက်ပါနဲ့။
တက်ကြွလန်းဆန်းနုပျိုတဲ့ ဆယ်ကျော်သက်လေးတွေ ဖြစ်ပါစေ။
Author: ညီညီကျော်, Healthcare Journal, vol 8,no 23 (23.6.17)