fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အစာအိမ်အနာအကြောင်း

842
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/09/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အစာအိမ်ဆိုတာ အစာခြေအဖွဲ့အစည်းမှာအရေးပါတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်စားသောက်သော အစားအစာများကို ချေဖျက်ပေးပါတယ်။ အစာအိမ်မှာဖြစ်နိုင်တဲ့ ရောဂါတွေကတော့အများကြီးပါ။ အစာအိမ်ရောင်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာအိမ်မှာအလုံးဖြစ်တာ၊ အစာအိမ်ကင်ဆာ စသဖြင့် အများကြီးဖြစ်နိုင်ပါတယ်။

အဲ့ထဲကမှ အစာအိမ်အနာအကြောင်း ပြောပြချင်ပါတယ်။ တကယ်တော့ အစာအိမ်အနာမှာ အစာအိမ်မှာ ဖြစ်တဲ့အနာ (Gastric Ulcer) လည်းပါသလို၊ အူသိမ်ပထမပိုင်းမှာဖြစ်တဲ့အနာ(Duodenal Ulcer) လည်း ပါပါတယ်။ ဖြစ်တဲ့နေရာကွဲပေမယ့် ဒီရောဂါနှစ်ခုကို ဆရာတို့ အစာအိမ်အနာ အနေနဲ့ပဲ တစ်တန်းတည်းထားပါတယ်။

အစာအိမ်အနာဖြစ်ရတဲ့ အကြောင်းတွေ အများကြီးရှိပါတယ်။ အဲ့အများကြီးထဲမှာမှ နံပါတ်တစ်က တော့ H pylori ဆိုတဲ့ပိုးတစ်မျိုး ကြောင့်ပါ။ တခြားပိုးတွေဆိုရင် အစာအိမ်ကထွက်တဲ့အက်စစ်ဓါတ်ကြောင့် သေကုန်ပါတယ်။ ဒီပိုးကတော့သူ့မှာ အစာအိမ်ကထွက်တဲ့ အက်စစ်ကို ကာကွယ်နိုင်တဲ့စွမ်းအင် ရှိပါတယ်။ ဒါအပြင့် သူကထွက်တဲ့အာနိသင်တစ်မျိူးက အစာအိမ် နံရံကို ပျက်စီးစေပါတယ်။ အစာအိမ်နံရံက ခုခံကာကွယ်နိုင်စွမ်းလည်း ကျသွားပါတယ်။ ဆိုလိုတာက အစာအိမ်က အက်ဆစ်သာထုတ်ပြီး အစာချေပေမယ့် အစာအိမ်နံရံက လောင်မသွားပါဘူး။ အစာအိမ်ရဲ့နံရံ အတွင်းမှာ ဂျယ်လီလို အလွှာနဲ့အုပ်ထားလို့ပါ။

ဒါပေမယ့် ဒီပိုးဝင်လာတဲ့အခါမှာ သူကထုတ်တဲ့ ဓါတ်တစ်မျိူးကြောင့် အစာအိမ်နံရံက အစာအိမ်မှထုတ်တဲ့ အက်စစ်ဓါတ်ကိုခုခံအားနည်းလာပြီး နောက်ဆုံးမှာ အဲ့အလွှာလေးပျက်စီးကာ အစာအိမ်အနာ ဖြစ်လာပါတယ်။ အဲ့ပိုးကဘယ်လိုဝင်တာလဲဆိုတာတော့ အတိအကျ မသိသေးပါဘူး။ သို့သော်သုတေသနတွေအရ မသန့်ရှင်းတဲ့အစားအစာတွေ၊ ရေတွေ သောက်မိစားမိရာကနေတဆင့် ကူးစက်နိုင်သလို လူတစ်ဦးရဲ့တံတွေးကနေ နောက်လူတစ်ဦးကိုလည်းကူးစက်နိုင်ပါတယ်တဲ့။

နံပါတ်နှစ်အချက်ကတော့ အခုခေတ်မှာ ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် သောက်လာကြပါတယ်။ ရာသီဥတုမမှန်တဲ့အခါမှာ ခေါင်းကိုက် ဖျားနာ အအေးမိစတာတွေလည်း အဖြစ်များလာပါတယ်။ အဲ့အခါမှာ ထစ်ခနဲဆိုလွယ်လင့်တကူ အကိုက်အခဲပျောက်ဆေး သောက်ကြပါတယ်။ အဲ့ဆေးတွေကလည်း အစာအိမ်နံရံကို ပျက်စီးစေတတ်ပါတယ်။

တခြားဖြစ်တတ်တဲ့အကြောင်းအရာများကတော့ ဆေးလိပ်သောက်တာ၊  အရက်သောက်တာပါ။ သက်သေ အတိအကျမရှိသေးပေမယ့် ဆေးလိပ်သောက်၊ အရက်သောက်တဲ့အခါမှာ  အစောပိုင်းကပြောတဲ့ အစာအိမ်နံရံအတွင်းမှာရှိတဲ့ ဂျယ်လီလိုအလွှာလေး အားနည်းသွားပါတယ်။ ဒါကြောင့် ဆေးလိပ်သောက် အရက်သောက်တဲ့သူတွေမှာ ကြာလာရင် အစာအိမ်အနာ ပိုဖြစ်တတ်ပါတယ်။

ထပ်ပြီးဖြစ်နိုင်တဲ့အထဲမှာ  လက်ဖက်ရည်၊ လက်ဖက်၊ ကော်ဖီ၊ ကိုလာ၊ အအေးတွေလည်း ပါပါတယ်။အဲ့ဟာတွေအထဲမှာ ကဖင်းဓါတ်ပါပါတယ်။ ကဖင်းဓါတ်က အစာအိမ်နံရံကို ပါးစေတဲ့အပြင် အက်စစ်ကိုပိုထွက်စေပါတယ်။

နောက်ဒီဘက်ခေတ်မှာ အစာအိမ်အနာဖြစ်တဲ့ အရေးကြီးအကြောင်းရင်း တစ်ခုကတော့ Life Style ပါ။ စိတ်ပူပန်သောကများလာတာ၊ စိတ်ဖိစီးမှုများလာတာတွေပါ။ အဲ့အချိန်ကျ အစာအိမ်ထဲမှာ အက်စစ်ဓါတ်ကို ထုတ်တာများလာပါတယ်။ အက်စစ်ဓါတ်ထုတ်တာများရင် ကြာလာတဲ့အခါ အစာအိမ်နံရံအားနည်းလာပြီး အစာအိမ်အနာဖြစ်တတ်ပါတယ်။

တခြားအက်စစ်ဓါတ်အထွက်များတဲ့အခြေအနေတွေကတော့ ခေါင်းထဲမှာကျူမာအကျိတ်ဖြစ်တဲ့အခြေအနေမျိုးတို့ ၊ မီးလောင်လို့ ဆေးရုံတက်ဆေးကုသခံရတဲ့ အခြေအနေမျိူး၊ ကျောက်ကပ်ရောဂါဖြစ်တာမျိူး စတဲ့အခြေအနေမျိူးတွေပါ။ ဒီလိုမျိူးတွေနဲ့ကြုံရရင် အက်စစ်ဓါတ်အထွက်များပြီး အစာအိမ်အနာ ဖြစ်တတ်ပါတယ်။

ဒါတွေကတော့ အဖြစ်များတဲ့အကြောင်းရင်းတွေပါ။ အစာအိမ်အနာဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာမျိူးရိုးလိုက်တာ၊ သွေးအုပ်စုလိုက်တာစသဖြင့် အကြောင်းတွေလည်း ကျန်နိုင်ပါသေးတယ်။(ဥပမာ အေသွေးဆိုရင် အစာအိမ်ကင်ဆာ ပိုဖြစ်နိုင်ချေများပြီး အိုသွေးဆိုရင် အစာအိမ်အနာပိုဖြစ်နိုင်ချေများပါတယ်။)

အစာအိမ်ရောဂါ အစပျိူးနေပြီဆိုတာ ဘယ်လိုလက္ခဏာတွေကို ကြည့်ပြီးသိနိုင်လဲ။

အဓိကအချက်ကတော့ အစာအိမ်ရောဂါဖြစ်ပြီဆိုရင် ဗိုက်ထဲမှာနေလို့ မအီမသာဖြစ်ပါမယ်။ ရင်ညွန့်အောက်နားက ပူပူကြီးနဲ့နာသလို အောင့်သလိုဖြစ်နိုင်ပါတယ်။ အစာအိမ်မှာဖြစ်တဲ့အနာ (Gastric Ulcer) ဆိုရင် အစာစားရင်ပိုအောင့်တတ်ပြီး အစာမရှိတာက ပိုနေလို့ကောင်းသလိုဖြစ်တတ်တယ်။ အူသိမ်မှာဖြစ်တဲ့အနာ (Duodenal Ulcer) ဆိုရင် အစာမရှိရင်ပိုအောင့်တတ်ပြီး အစာစားမှ သက်သာသလိုရှိတတ်တယ်။ ဒီလက္ခဏာတွေက သည်းခြေမှာ ကျောက်တည်ရင်လည်း ဖြစ်တတ်တယ်။ ဒါကြောင့်အတိအကျသိဖို့ကတော့ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်သင့်တယ်။

အစာအိမ်နာရဲ့နောက်ဆက်တွဲလက္ခဏာတွေကတော့ သွေးဝမ်းသွားတာ နဲ့သွေးအန်တာပါ။ အစာအိမ်အနာဖြစ်ဖြစ်၊ အူသိမ်အနာဖြစ်ဖြစ်၊ အနာကတအားကြီးလာပြီဆိုရင် နံရံမှာရှိတဲ့ သွေးကြောတွေကပေါက်ပြီး သွေးထွက်တဲ့အတွက် အဲ့ထွက်တဲ့သွေးနဲ့ အစာအိမ်ကထွက်တဲ့ အက်စစ်နဲ့ဓါတ်ပြုပြီး ဝမ်းမည်းတွေ သွားတာဖြစ်တတ်ပါတယ်။ အနံကလည်း ဘာအနံနဲ့မှနှိုင်းလို့မရအောင် တော်တော်ကိုဆိုးရွားပါတယ်။ သွေးထွက်တအားများလာမယ်ဆိုရင် ဝမ်းမည်းမည်းတွေသွားရုံမက၊ စအိုထဲကနေ သွေးအနီတွေပါ ထွက်လာတတ်ပါတယ်။ ဒါ့အပြင် ပါးစပ်ကနေလည်း သွေးအန်တတ်ပါတယ်။

ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေလုပ်ရမလဲဆိုတော့

– အစာအိမ်မှန်ပြောင်းကြည့်တာ
– ဆေးဓါတ်မှန်ရိုက်တာ
– Helicobacter pylori tests
– သွေးစစ်တာ
– အာထရာဆောင်းရိုက်တာ(USG Abdomen)စသဖြင့် လုပ်ရပါတယ်။
အစာအိမ်အနာ ကုသတာကတော့ ရောဂါအခြေအနေနဲ့ ဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပြီးကုသမှုတွေ အမျိူးမျိူးရှိပါတယ်။

နိဂုံးချူပ်အနေနဲ့ အကြံပေးလိုတာကတော့ ရောဂါပျောက်ဖို့ရာ ဆေးချည်းပဲ အားကိုးလို့မရပါဘူး။ မိမိကိုယ်တိုင်လည်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အပူအစပ်စားခြင်း၊ လက်သုပ်ချဉ် နှင့်အသုပ်များစားခြင်း၊ မာသောအရာများ (ကောက်ညင်း)၊ အကိုက်အခဲပျောက် ဆေးများ၊ ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်းတို့ကို ရှောင်ကြည်ရပါမယ်။

အစာကို အချိန်မှန်မှန်စားခြင်း၊ အစာကိုကြေညက်စွာဝါးစားခြင်းတို့ကအစာအိမ်ကျန်းမာရေး ကို များစွာအထောက်အကူဖြစ်စေပါတယ်။ အနာဖြစ်ချိန်တွင် အစာပျော့ပျော့ အဖြူထည်စားခြင်းနှင့် နွားနို့သောက် ခြင်းတို့သည် အနာကျက်မြန်စေနိုင်ပါတယ်။ အစာအိမ်နာရှိပါက အစာစားတဲ့အခါ အဆီနည်းပါစေ၊ အဝကြီးတစ်ခါတည်းမစားပါနဲ့။

နည်းနည်းချင်းခွဲစားပါ။ ထောပတ်ပါတဲ့ အစာ၊ ကြော်ထားတဲ့အစာတွေ ကို လျှော့စားပါ။ လတ်ဆတ်တဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပါ။ အစာကိုအချိန်မှန်စားပါ။ အမျိုးအစား မှန်စားပါ။ တစ်ခါစား မများစေရပါ။ အရက် မသောက်သင့်ပါ။ ဆေးလိပ်ဖြတ်ပါ။ စိတ်ဖိစီးမှု လျှော့ချပါ။ အစာပျော့ပျော့စားပါ။ စားပြီးလမ်းလျှောက်ပေးပါ။ အပူအစပ်များမစားပါနဲ့။ ရေများများ သောက်ပါ လို့ မှာလိုက်ချင်ပါတယ်။

Author : Dr. 528

Previous Post

ဗီတာမင် ဘီအုပ်စု အကြောင်း သိကောင်းစရာ အပိုင်း ( ၂ )

Next Post

ဦးနှောက်အကျိတ်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဦးနှောက်အကျိတ်များ

အရပ်ကလေးရယ်တဲ့ ရှည်စေလို

ဗိုက်တောင့်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.