ကျောက်ချဉ်ကို ပိုတက်စီယမ် အလန် Potassium Alum လို့ခေါ်ပါတယ်။ စတိုးဆိုင်တွေ ၊ ဈေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ကျောက်ချဉ်ကို ချွေးနံ့ပျောက်စေဖို့ ချိုင်းလိမ်းဆေးအဖြစ်အသုံးများတာ သိကြပြီးသားဖြစ်မှာပါ။ ဒါ့အပြင် ဝက်ခြံကုသရာမှာလည်း ပိုးသေစေဖို့ သုံးနိုင်ပါတယ်။
ဒါ့အပြင် အစားအသောက်ပြင်ဆင် ချက်ပြုတ်ရာမှာလည်း စူးရှရှ အရသာရအောင် သုံးစွဲနိုင်ပါသေးတယ်။ ရေသန့်ရာတွင်လည်း သုံးလို့ ရပါတယ်။ မုန့်ဖုတ်ဆိုဒါထဲမှာလည်းပါသလို အဝတ်အစားတွေ ဆေးဆိုးရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ သားရေထည် ပစ္စည်းများ အရောင်တင်ရာတွင်သာမက ချည်မျှင်နဲ့ အထည်လုပ်ငန်းများတွင် မီးဒဏ် ကာကွယ်တဲ့ပစ္စည်းအနေနဲ့ပါ သုံးကြပါသေးတယ် ။
ဒါ့အပြင် ဆိုဒီယမ်ပါတဲ့ ဆိုဒါကျောက်ချဉ် Soda Alumကိုတော့ မုန့်ဖုတ်ဆိုဒါအဖြစ် အသုံးများကြပါတယ်။ အလူမီနီယမ်ကျောက်ချဉ် Ammonium Alum ကိုတော့ ချိုင်းချွေးပျောက်ဆေး ၊ရေသန့်ဆေး အနေနဲ့ သုံးသလို အဝတ်အထည်တွေ ဆေးဆိုးရာမှာ ၊စဉ့်အိုးလုပ်ငန်းများ ၊ကော်လုပ်ငန်းများတွင်လည်း တွင်
ကျယ်စွာ အသုံးပြုကြပါတယ် ။
ခရမ်းရင့်ရောင်ရှိတဲ့ ခရမ်းကျောက်ချဉ် Chrome Alum ကိုတော့ ဆေးဆိုးရာမှာ သုံးပါတယ်။ ဆယ်လီနိတ်ကျောက်ချဉ် Selenate Alum တွေဟာ ပိုးသေ
စေတဲ့အစွမ်းရှိတဲ့အတွက် မိန်းမကိုယ်ထဲ ပိုးဝင်တဲ့အခါ မိန်းမကိုယ်သန့်ဆေး အနေနဲ့ သုံးနိုင်ပါတယ်။ အလူမီနီယမ် ကျောက်ချဉ် Aluminium Alum ကိုတော့ ရေသန့်ရာမှာ သုံးပါတယ် ။
Author: ခေတ်သစ် ဇီဝက