fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ကြည်လင်ဝင်းပတဲ့ မျက်နှာအလှ

47
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/08/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

 

(unicode)

အမျိုးသမီးတိုင်းလိုလိုသည် မျက်နှာကို အသားပေး အမွှမ်းတင်ခြယ်သူမှု အမျိုးမျိုး ပြုလုပ်လာကြသည်။ တချို့က ရိုးရိုးယဉ်ယဉ် ခြယ်သကြသည်။ တချို့က လွန်လွန်ကဲကဲ ခြယ်သကြသည်။ မည်သို့ဆိုစေ လူတကာကြည့်သော၊ မြင်နိုင်သော မျက်နှာကို ပြင်ဆင်မွမ်းမံခြယ်သခြင်းသည် သဘာဝကျသော်လည်း အလွန်အကျွံ မဖြစ်စေရပါ။

မျက်နှာပြင်ရှိ အရေပြားများလျော့တွဲမှု မဖြစ်စေရန် မျက်နှာပြင်ရှိ ကြွက်သားများ Facial Muscle များက ထိန်းသိမ်းထားကြသည်။ နူးညံ့ညက်ညောစေရန် အဆီ Fat Globules များက ထိန်းထားသည်။ ဝင်းပခန့်ထည် စိုပြေနူးညံ့ သိမ့်မွေ့စေရန် မျက်နှာပြင်ရှိ ချွေးပေါက်များ၊ အဆီဥများ၊ ချွေးဥများ၊ ချွေးပြွန်များက ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားလေသည်။

သို့ဖြစ်ပါ၍ နူးညံ့သိမ့်မွေ့ အိစက်ညက်ညော စိုပြည်ဝင်းပသော မျက်နှာပြင်ကို ပျက်စီးမှုမှ ကာကွယ်နိုင်ရန် လိုအပ်ပေသည်။ နည်းလမ်းကောင်းတချို့မှာ –

၁။ မျက်နှာကို တစ်နေ့နှစ်ကြိမ်ခန့် ရေသန့်သန့်နှင့်ဆေးပါ။

၂။ ဆပ်ပြာသုံးရာတွင် နူးညံ့သော ဆပ်ပြာသုံးရန်၊ ကုတ်ခြင်း၊ ဖဲ့ခြင်း၊ အားပါးတရ ပွတ်တိုက်ခြင်း မလုပ်ရပါ။

၃။ ကြမ်းတမ်းသော ပစ္စည်းများဖြင့် မပွတ်တိုက်ရပါ။

၄။ နူးညံ့၍ ခြောက်သွေ့သန့်ရှင်းသော မျက်နှာသုတ်ပဝါဖြင့် ညင်သာစွာ သုတ်ရမည်။

၅။ မိတ်ကပ်ပါးပါး လိမ်းနိုင်သည်။ မျက်နှာခရင်မ် လိမ်းနိုင်သည်။

၆။ နေပူထဲထွက်လျှင် သနပ်ခါးထူထူ (သို့မဟုတ်) ပါးပါးလိမ်းပါ။

၇။ မျက်နှာပြင်အဆီထွက်ခြင်းသည် သဘာဝအတားအဆီး အကာအကွယ်ဖြစ်၍ထိုအဆီပေါ်တွင်ဖုန်မှုန့်များ၊ဆိုးဆေးများ၊ အရက်ပျံပါသော လိမ်းဆေးများအပြင်းစားများ လိမ်းခြင်း၊ သုတ်ခြင်း၊ ပွတ်ခြင်း၊ အရာဝတ္ထုနှင့် ခြစ်ခြင်းမလုပ်ရပါ။

၈။ ချွေးပြန်ခြင်းများ၊ အဆီပြွန်များ ပိတ်၍ ရောဂါပိုးဝင်ပြီး သွေးစုများ၊ ဝက်ခြံများဖြစ်လာပါက တတ်ယောင်ကားရမ်းကု မလုပ်ဘဲ နားလည်သော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

၉။ မျက်နှာပြင်ရှိ မှဲ့များ၊ အမှတ်များ၊ သာမန်မဟုတ်ဘဲ ကြီးထွားပျံ့ကားလာပါက အထူးကု ဆရာဝန်များနှင့် ပြသဆွေးနွေးပါ။

အမြင်အာရုံသည် လူ့ဘဝအတွက် အထူးအရေးပါသည်။ အမြင်အာရုံချို့ယွင်းပါက လူ့ဘဝတွင် ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် မျက်စိကို အထူးဂရုစိုက်သင့်ပေသည်။ ကြည်လဲ့   တောက်ပသော မျက်ဝန်းတစ်စုံအတွက် နည်းလမ်းကောင်းတချို့မှာ-

၁။ မျက်စိကို ရေသန့်သန့်ဖြင့် ဆေးကြောပါ။

၂။ ဆရာဝန်၏ ညွှန်ကြားချက်မရဘဲ အခြားမည်သည့် ဆေးအရည်မှ မခတ်ရပါ။

၃။ မျက်စိကို သန့်ပြန့်သော မျက်နှာသုတ်ပဝါ၊ တစ်ရှူးလက်ကိုင်ပဝါများဖြင့် တို့ထိရပါမည်။ ပွတ်တိုက်ခြင်း မပြုရပါ။

၄။ မျက်တောင်ကော့ဆေး၊ မျက်စင်းဆေး၊ မျက်တောင်တု စသည်သုံးစွဲလျှင် သတိထားရမည်။ Allergic ခေါ် ဓာတ်မတည့်ဖြစ်လျှင် ချက်ခြင်းဖျက်၍ ရေသန့်ဖြင့်ဆေးကာ ဆရာဝန်နှင့်ပြပါ။

၅။ မျက်စိစွန်၊ မျက်တောင်မွေးစိုက်ခြင်းများကိုလည်း ဆရာဝန်နှင့်ပင် ပြသကုသရပါမည်။

၆။ မျက်ခုံးမွေး၊ မျက်တောင်စသည်တို့ကို ဆေးများဖြင့် သုံးစွဲရာတွင်လည်းကောင်း၊ ရိတ်ရာတွင်လည်းကောင်း သတိထားရပါမည်။

၇။ မျက်ရည်ယိုခြင်း၊ စပ်ခြင်း၊ ယားယံခြင်း၊ နီရဲခြင်း၊ မျက်ချေးထွက်ခြင်း၊ အောင့်ခြင်း၊ နာခြင်း၊ ထိခိုက်မိခြင်းတို့ကို မျက်စိအထူးကု သမားတော်များနှင့် ပြသကုသင့်သည်။

သွားသည် ငယ်သွားအဖြစ် အသက်ခြောက်လမှ စတင်ပေါက်ပြီး အသက်၁၆ နှစ်အထက်မှ သွားစုံတတ်သည်။သွားတွင်းအလွှာသုံးထပ်ရှိပြီးအပြင်လွှာ၊အလယ်အသားလွှာနှင့် အတွင်းလွှာတို့ဖြစ်သည်။ အပြင်ကြွေလွှာသည် တစ်စုံတစ်ခုကြောင့် ပွန်းပဲ့ကြွေသွားပါက အလယ်လွှာနှင့် အတွင်းလွှာကို ထိခိုက်မိပြီး အစားမစားနိုင်အောင် နာကျင်မှုကို ဖြစ်စေသဖြင့် အလွန်အနေရခက်တတ်ပါသည်။

သွားတိုက်ရာတွင် သွားပွတ်တံကို ညင်သာပျော့ပျောင်းစွာ အထက်အောက်လှိမ့်၍ ရှင်းထုတ်ရပါမည်။ ကြမ်းတမ်းသော သွားပွတ်တံနှင့် ပြင်းထန်သော သွားတိုက်ဆေးများ၊ အခြားပစ္စည်းများ (ဥပမာ – မီးသွေး၊ ဆပ်ပြာကြမ်း၊ သဲ စသည်) တို့ကို မသုံးသင့်ပါ။

နေရောင်ခြည်ဟာ ရောဂါပိုးတွေကို သေစေနိုင်ပေမယ့် ပြင်းထန်သော နေရောင်ခြည်က သင်၏မျက်နှာအပါအဝင် ခန္ဓာကိုယ်ပေါ်ကအရေပြားလွှာတွေကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ မှဲ့ခြောက်၊ တင်းတိပ်၊ အညိုရောင်နေလောင်ကွက်များ ဖြစ်ပေါ်နိုင်တာကြောင့် နံနက် ၁၀ နာရီမှ ညနေ ၃နာရီထိ ရှောင်ကြဉ်သင့်ပါတယ်။ မဖြစ်မနေသွားရပါကအဖျားအပြားကြီးပါသော ဦးထုပ်၊ ထီး၊ နေကာမျက်မှန်၊ အရောင်စုံသောအဝတ်အစား၊ ချည်သားအဝတ်အစားတို့ကို ရွေးချယ်ဝတ်ဆင်သုံးစွဲသင့်သည်။ကြည်လင်သန့်ရှင်းဝင်းပ အမူအရာများနှင့် ချစ်ခင်ကြည်နူး နှစ်သက်လန်းဆန်းနိုင်သော မျက်နှာပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ။

Author: ရွှေနန်းစံ, Healthcare Journal, vol 8,no 24 (30.6.17)

(Zawgyi)

အမ်ိဳးသမီးတိုင္းလိုလိုသည္ မ်က္ႏွာကို အသားေပး အမႊမ္းတင္ျခယ္သူမႈ အမ်ိဳးမ်ိဳး ျပဳလုပ္လာၾကသည္။ တခ်ိဳ႕က ႐ိုး႐ိုးယဥ္ယဥ္ ျခယ္သၾကသည္။ တခ်ိဳ႕က လြန္လြန္ကဲကဲ ျခယ္သၾကသည္။ မည္သို႔ဆိုေစ လူတကာၾကည့္ေသာ၊ ျမင္ႏိုင္ေသာ မ်က္ႏွာကို ျပင္ဆင္မြမ္းမံျခယ္သျခင္းသည္ သဘာဝက်ေသာ္လည္း အလြန္အကြၽံ မျဖစ္ေစရပါ။

မ်က္ႏွာျပင္ရွိ အေရျပားမ်ားေလ်ာ့တြဲမႈ မျဖစ္ေစရန္ မ်က္ႏွာျပင္ရွိ ႂကြက္သားမ်ား Facial Muscle မ်ားက ထိန္းသိမ္းထားၾကသည္။ ႏူးညံ့ညက္ေညာေစရန္ အဆီ Fat Globules မ်ားက ထိန္းထားသည္။ ဝင္းပခန႔္ထည္ စိုေျပႏူးညံ့ သိမ့္ေမြ႕ေစရန္ မ်က္ႏွာျပင္ရွိ ေခြၽးေပါက္မ်ား၊ အဆီဥမ်ား၊ ေခြၽးဥမ်ား၊ ေခြၽးႁပြန္မ်ားက ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ထားေလသည္။

သို႔ျဖစ္ပါ၍ ႏူးညံ့သိမ့္ေမြ႕ အိစက္ညက္ေညာ စိုျပည္ဝင္းပေသာ မ်က္ႏွာျပင္ကို ပ်က္စီးမႈမွ ကာကြယ္ႏိုင္ရန္ လိုအပ္ေပသည္။ နည္းလမ္းေကာင္းတခ်ိဳ႕မွာ –

၁။ မ်က္ႏွာကို တစ္ေန႔ႏွစ္ႀကိမ္ခန႔္ ေရသန႔္သန႔္ႏွင့္ေဆးပါ။

၂။ ဆပ္ျပာသုံးရာတြင္ ႏူးညံ့ေသာ ဆပ္ျပာသုံးရန္၊ ကုတ္ျခင္း၊ ဖဲ့ျခင္း၊ အားပါးတရ ပြတ္တိုက္ျခင္း မလုပ္ရပါ။

၃။ ၾကမ္းတမ္းေသာ ပစၥည္းမ်ားျဖင့္ မပြတ္တိုက္ရပါ။

၄။ ႏူးညံ့၍ ေျခာက္ေသြ႕သန႔္ရွင္းေသာ မ်က္ႏွာသုတ္ပဝါျဖင့္ ညင္သာစြာ သုတ္ရမည္။

၅။ မိတ္ကပ္ပါးပါး လိမ္းႏိုင္သည္။ မ်က္ႏွာခရင္မ္ လိမ္းႏိုင္သည္။

၆။ ေနပူထဲထြက္လွ်င္ သနပ္ခါးထူထူ (သို႔မဟုတ္) ပါးပါးလိမ္းပါ။

၇။ မ်က္ႏွာျပင္အဆီထြက္ျခင္းသည္ သဘာဝအတားအဆီး အကာအကြယ္ျဖစ္၍ထိုအဆီေပၚတြင္ဖုန္မႈန႔္မ်ား၊ဆိုးေဆးမ်ား၊ အရက္ပ်ံပါေသာ လိမ္းေဆးမ်ားအျပင္းစားမ်ား လိမ္းျခင္း၊ သုတ္ျခင္း၊ ပြတ္ျခင္း၊ အရာဝတၳဳႏွင့္ ျခစ္ျခင္းမလုပ္ရပါ။

၈။ ေခြၽးျပန္ျခင္းမ်ား၊ အဆီႁပြန္မ်ား ပိတ္၍ ေရာဂါပိုးဝင္ၿပီး ေသြးစုမ်ား၊ ဝက္ၿခံမ်ားျဖစ္လာပါက တတ္ေယာင္ကားရမ္းကု မလုပ္ဘဲ နားလည္ေသာ ဆရာဝန္ႏွင့္ တိုင္ပင္ေဆြးေႏြးပါ။

၉။ မ်က္ႏွာျပင္ရွိ မွဲ႔မ်ား၊ အမွတ္မ်ား၊ သာမန္မဟုတ္ဘဲ ႀကီးထြားပ်ံ႕ကားလာပါက အထူးကု ဆရာဝန္မ်ားႏွင့္ ျပသေဆြးေႏြးပါ။

အျမင္အာ႐ုံသည္ လူ႔ဘဝအတြက္ အထူးအေရးပါသည္။ အျမင္အာ႐ုံခ်ိဳ႕ယြင္းပါက လူ႔ဘဝတြင္ ႀကီးမားေသာ ဆုံးရႈံးမႈတစ္ခုပင္ ျဖစ္သည္။ ထို႔ေၾကာင့္ မ်က္စိကို အထူးဂ႐ုစိုက္သင့္ေပသည္။ ၾကည္လဲ့   ေတာက္ပေသာ မ်က္ဝန္းတစ္စုံအတြက္ နည္းလမ္းေကာင္းတခ်ိဳ႕မွာ-

၁။ မ်က္စိကို ေရသန႔္သန႔္ျဖင့္ ေဆးေၾကာပါ။

၂။ ဆရာဝန္၏ ၫႊန္ၾကားခ်က္မရဘဲ အျခားမည္သည့္ ေဆးအရည္မွ မခတ္ရပါ။

၃။ မ်က္စိကို သန႔္ျပန႔္ေသာ မ်က္ႏွာသုတ္ပဝါ၊ တစ္ရွဴးလက္ကိုင္ပဝါမ်ားျဖင့္ တို႔ထိရပါမည္။ ပြတ္တိုက္ျခင္း မျပဳရပါ။

၄။ မ်က္ေတာင္ေကာ့ေဆး၊ မ်က္စင္းေဆး၊ မ်က္ေတာင္တု စသည္သုံးစြဲလွ်င္ သတိထားရမည္။ Allergic ေခၚ ဓာတ္မတည့္ျဖစ္လွ်င္ ခ်က္ျခင္းဖ်က္၍ ေရသန႔္ျဖင့္ေဆးကာ ဆရာဝန္ႏွင့္ျပပါ။

၅။ မ်က္စိစြန္၊ မ်က္ေတာင္ေမြးစိုက္ျခင္းမ်ားကိုလည္း ဆရာဝန္ႏွင့္ပင္ ျပသကုသရပါမည္။

၆။ မ်က္ခုံးေမြး၊ မ်က္ေတာင္စသည္တို႔ကို ေဆးမ်ားျဖင့္ သုံးစြဲရာတြင္လည္းေကာင္း၊ ရိတ္ရာတြင္လည္းေကာင္း သတိထားရပါမည္။

၇။ မ်က္ရည္ယိုျခင္း၊ စပ္ျခင္း၊ ယားယံျခင္း၊ နီရဲျခင္း၊ မ်က္ေခ်းထြက္ျခင္း၊ ေအာင့္ျခင္း၊ နာျခင္း၊ ထိခိုက္မိျခင္းတို႔ကို မ်က္စိအထူးကု သမားေတာ္မ်ားႏွင့္ ျပသကုသင့္သည္။

သြားသည္ ငယ္သြားအျဖစ္ အသက္ေျခာက္လမွ စတင္ေပါက္ၿပီး အသက္၁၆ ႏွစ္အထက္မွ သြားစုံတတ္သည္။သြားတြင္းအလႊာသုံးထပ္ရွိၿပီးအျပင္လႊာ၊အလယ္အသားလႊာႏွင့္ အတြင္းလႊာတို႔ျဖစ္သည္။ အျပင္ေႂကြလႊာသည္ တစ္စုံတစ္ခုေၾကာင့္ ပြန္းပဲ့ေႂကြသြားပါက အလယ္လႊာႏွင့္ အတြင္းလႊာကို ထိခိုက္မိၿပီး အစားမစားႏိုင္ေအာင္ နာက်င္မႈကို ျဖစ္ေစသျဖင့္ အလြန္အေနရခက္တတ္ပါသည္။

သြားတိုက္ရာတြင္ သြားပြတ္တံကို ညင္သာေပ်ာ့ေပ်ာင္းစြာ အထက္ေအာက္လွိမ့္၍ ရွင္းထုတ္ရပါမည္။ ၾကမ္းတမ္းေသာ သြားပြတ္တံႏွင့္ ျပင္းထန္ေသာ သြားတိုက္ေဆးမ်ား၊ အျခားပစၥည္းမ်ား (ဥပမာ – မီးေသြး၊ ဆပ္ျပာၾကမ္း၊ သဲ စသည္) တို႔ကို မသုံးသင့္ပါ။

ေနေရာင္ျခည္ဟာ ေရာဂါပိုးေတြကို ေသေစႏိုင္ေပမယ့္ ျပင္းထန္ေသာ ေနေရာင္ျခည္က သင္၏မ်က္ႏွာအပါအဝင္ ခႏၶာကိုယ္ေပၚကအေရျပားလႊာေတြကိုဆိုး႐ြားစြာ ထိခိုက္ေစႏိုင္ပါတယ္။ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္း၊ မွဲ႔ေျခာက္၊ တင္းတိပ္၊ အညိဳေရာင္ေနေလာင္ကြက္မ်ား ျဖစ္ေပၚႏိုင္တာေၾကာင့္ နံနက္ ၁၀ နာရီမွ ညေန ၃နာရီထိ ေရွာင္ၾကဥ္သင့္ပါတယ္။ မျဖစ္မေနသြားရပါကအဖ်ားအျပားႀကီးပါေသာ ဦးထုပ္၊ ထီး၊ ေနကာမ်က္မွန္၊ အေရာင္စုံေသာအဝတ္အစား၊ ခ်ည္သားအဝတ္အစားတို႔ကို ေ႐ြးခ်ယ္ဝတ္ဆင္သုံးစြဲသင့္သည္။ၾကည္လင္သန႔္ရွင္းဝင္းပ အမူအရာမ်ားႏွင့္ ခ်စ္ခင္ၾကည္ႏူး ႏွစ္သက္လန္းဆန္းႏိုင္ေသာ မ်က္ႏွာပိုင္ရွင္မ်ား ျဖစ္ႏိုင္ၾကပါေစ။

Author: ေ႐ႊနန္းစံ, Healthcare Journal, vol 8,no 24 (30.6.17)

 

Previous Post

လက္ဖက္ရည္က အရသာတင္ ေကာင္းတာလား

Next Post

ကိုယ္ဝန္ေဆာင္မ်ား မေသာက္သုံးသင့္သည့္ ေဆးဝါးမ်ားႏွင့္ဆိုးက်ိဳးမ်ား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
553
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
815

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ္ဝန္ေဆာင္မ်ား မေသာက္သုံးသင့္သည့္ ေဆးဝါးမ်ားႏွင့္ဆိုးက်ိဳးမ်ား

အစာစားပြီးပြီးချင်း ရှောင်ကြဉ်ရမည့် အချက်များ

နေ့စဉ်လူမှုပုံစံအမှားမှ အသည်းရောဂါများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.