(Unicode)
အရေပြား ကြည်လင်လန်းဆန်းလား၊ မကျန်းမာဘဲ အိုမင်းရင့်ရော်နေတဲ့ အသားအရေလားဆိုတာ ကိုယ်ရဲ့နေ့စဉ် နေထိုင်စားသောက်ပုံနဲ့ အမူအကျင့်တွေပေါ် များစွာမူတည် နေပါတယ်။ အလှပြင်ပစ္စည်းတွေရဲ့ အစွမ်းကိုပဲ အားကိုးနေမယ်ဆိုရင်တော့ နုပျိုပြီး ကြည်လင်တဲ့ အသားအရေ ရရှိလာမှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်း လုပ်ဆောင်မှုတွေ ကောင်းပြီး ကျန်းမာနေပါမှ စိုပြေတဲ့အသားအရေ၊ အိုမင်းရင့်ရော်မှုမရှိတဲ့၊ အရေးအကြောင်းကင်းတဲ့ အရေပြားကို ပိုင်ဆိုင်နိုင်မှာပါ။
အရေပြား ကျန်းမာရေးဟာ ကျန်းမာရေးနဲ့အညီ နေထိုင်မှု ရှိမရှိ ပေါ်မူတည်တဲ့အတွက် အသားအရေ တင်းရင်းလှပစေဖို့ ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို အကြံပေးလိုက်ပါတယ်။နေရောင်ခြည်ဟာ အရေပြားကို လျော့ရဲသွားစေပြီး မှဲ့ခြောက်၊ တင်းတိပ်တွေကို ဖြစ်ပေါ်စေကာ အရေပြားနီမြန်းတာ၊ အသားလောင်တာတွေအပြင် ဆဲလ်တွေကို သေဆုံးစေတဲ့အတွက် ခပ်မြန်မြန် အိုမင်းစေပါတယ်။ ထီးကိုင်ဖို့၊ ဦးထုပ်ဆောင်းဖို့ ပျင်းနေပြီ ဆိုရင်တော့ မူလဓာတ်ခံဘယ်လောက်ကောင်းတဲ့ အသားအရေဖြစ်နေပါစေ မကြာခင်နှစ်များအတွင်း အသားအရေပျက်စီးပြီး အရေးအကြောင်းနဲ့ မှဲ့ခြောက်တွေ ထွက်လာတော့မယ်ဆိုတာ မမေ့ပါနဲ့။ ဒါ့ကြောင့် နေရောင်ထဲထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် ဆောင်ပါ။ နေရောင်ခြည်ကို ကာကွယ်ပေးတာတို့ကို လိမ်းပေးပါ။
ညအိပ်ရာဝင်ချိန်မှာ မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်နှစ်ချက်က အိပ်ချိန်ကို ညဉ့်မနက်ဖို့နဲ့ မျက်နှာသန့်စင်ပြီးမှ အိပ်ရာဝင်ဖို့ပါပဲ။ မိတ်ကပ်လိမ်းထားတဲ့ အရေပြားကို မသန့်စင်ဘဲ ဒီအတိုင်း အိပ်လိုက်မယ်ဆိုရင် ချွေးပေါက်တွေပိတ်ပြီး အရေပြားနီမြန်းကာ ရေရှည်မှာ ထိခိုက်လာနိုင်ပါတယ်။ ဒါ့ပြင် တစ်နေကုန်သွားလာ လှုပ်ရှားနေလို့ အရေပြားမှာ ဖုန်နဲ့ အညစ်အကြေး ဘက်တီးရီးယားတွေ ကပ်ညိနေပါတယ်။ ဒါ့ကြောင့် မအိပ်ခင် နူးညံ့တဲ့ဆပ်ပြာနဲ့ အရေပြားကို သန့်စင်ဖို့ ပျင်းရိမနေပါနဲ့။အသင့်စားဖို့ ပြုလုပ်ထားတဲ့ တာရှည်ခံ အစားအစာတွေဟာ အရေပြားကျန်းမာရေးကို ဖျက်ဆီးမယ့် ရန်သူတွေဖြစ်လို့ ရယ်ဒီမိတ် အစားအသောက်တွေကို မုန်းပစ်လိုက်ပါ။
အသင့်စားဖို့ ပြုပြင်ထားတဲ့ အစာတွေကို စားသုံးရင် ခန္ဓာကိုယ်ရဲ့ ဆိုဒီယမ်လိုအပ်တဲ့ပမာဏထက် မြင့်တက်သွားပြီး သွေးကြောနံရံတွေ အားနည်းကာ အသားအရေ နွမ်းနယ်ထိခိုက်စေပါတယ်။ ဒါ့ပြင် သကြားဓာတ်ဟာလည်း ခန္ဓာကိုယ်အတွက် သင့်တော်ရုံထက် ပိုလာရင် အသားအရေကို အိုမင်းလွယ်စေလို့ သကြားများများပါတဲ့ မုန့်ပဲသရေစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ ရယ်ဒီမိတ်အချိုရည်၊ ဆော်ဒါတွေမှာ ကယ်လိုရီပါဝင်မှု များပြီး ကိုယ်အလေးချိန် တက်စေတဲ့အပြင် အရေပြားကို နွမ်းနယ်စေလို့ အချိုရည်တွေအစား လတ်ဆတ်သန့်ရှင်းတဲ့ အသီးဖျော်ရည်နဲ့ ရေကိုများများသောက်ပါ။အိုမီဂါသရီး ဖက်တီးအက်ဆစ် ပြည့်ဝတဲ့ အစားအစာတွေကို စားပေးပါ။
အိုမီဂါသရီးကို ငါးတွေထဲကနေ အမြောက်အမြားရနိုင်တဲ့အတွက် အသားတွေအစား ငါးနဲ့အဆီတွေကို စားသုံးပေးပါ။ ဒ့ါပြင် လက်ဖက်စိမ်းနဲ့ လက်ဖက်ရည်ကြမ်းတွေမှာလည်း အစွမ်းထက် အင်တီအောက်ဆီးဒင့် ပါဝင်တာကို တွေ့ရတဲ့အတွက် အရေပြားရောင်ရမ်းထိခိုက်မှုကို လျော့ကျကာ အရေးအကြောင်းထင်တာ၊ အမာရွတ်ထင်တာတွေကို လျော့ပါးသက်သာစေပါတယ်။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေက အိုမင်းမှုကို တားဆီးပေးကာ အရေးအကြောင်းထင်စေတဲ့ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်စီ၊ အီးနဲ့ ဘီတာကယ်ရိုတင်းတွေ များစွာပါလို့ စားသုံးပေးပါ။ သံလွင်ဆီ၊ နေကြာဆီနဲ့ နှမ်းဆီတို့မှာလည်း အင်တီအောက်ဆီးဒင့်၊ ဗီတာမင် အေ၊ စီ၊ အီးတို့ ပါဝင်လို့ အရွက်သုပ်တွေထဲ ထည့်စားသုံးရင်၊ သံလွင်ဆီကို အရေပြားလိမ်းပေးရင် အရေပြားတွေ ကြည်လင်တောက်ပစေပါတယ်။စိတ်ဖိစီးမှုတွေများမယ်။
အမြဲပဲ စိတ်ညစ်နေမယ်ဆိုရင် အသားအရေ မွဲခြောက်ကာ ညှိုနွမ်းပြီး ဝက်ခြံတွေလည်း ထွက်လာစေပါတယ်။ ဒါ့ကြောင့် နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ဘဝထဲက မွန်းကျပ်စရာတွေကို နောက်နောက်ပြောင်ပြောင် ပြောဆိုရယ်မောပြီး ကျော်လွှားပစ်လိုက်ပါ။ ဆဲလ်အသေတွေ နေရာမှာ ဆဲလ်အသစ်တွေ အစားထိုးဖို့အတွက် ခပ်ပျော်ပျော် နေတတ်တဲ့သူဖြစ်အောင် ကြိုးစားပြီး အသားအရေ နုပျိုမှုကို ရယူပါ။အရွယ်တင်နုပျိုပြီး လှပစိုပြေတဲ့ အသားအရေ ပိုင်ဆိုင်ဖို့ဆိုရင် အမှတ်တမဲ့ဖြစ်နေတဲ့ အရာလေးတွေကို ဂရုတစိုက် နေထိုင်စားသောက်ပြီး အသားအရေ စိုပြေလှပမှုတွေနဲ့အတူ အရွယ်တင် နုပျိုလှပနိုင်ကြပါစေ။
Author: ညီညီကျော်, Healthcare Journal, vol 8,no 28 (28.7.17)
(Zawgyi)
အေရျပား ၾကည္လင္လန္းဆန္းလား၊ မက်န္းမာဘဲ အိုမင္းရင့္ေရာ္ေနတဲ့ အသားအေရလားဆိုတာ ကိုယ္ရဲ႕ေန႔စဥ္ ေနထိုင္စားေသာက္ပုံနဲ႔ အမူအက်င့္ေတြေပၚ မ်ားစြာမူတည္ ေနပါတယ္။ အလွျပင္ပစၥည္းေတြရဲ႕ အစြမ္းကိုပဲ အားကိုးေနမယ္ဆိုရင္ေတာ့ ႏုပ်ိဳၿပီး ၾကည္လင္တဲ့ အသားအေရ ရရွိလာမွာ မဟုတ္ပါဘူး။ ခႏၶာကိုယ္တြင္း လုပ္ေဆာင္မႈေတြ ေကာင္းၿပီး က်န္းမာေနပါမွ စိုေျပတဲ့အသားအေရ၊ အိုမင္းရင့္ေရာ္မႈမရွိတဲ့၊ အေရးအေၾကာင္းကင္းတဲ့ အေရျပားကို ပိုင္ဆိုင္ႏိုင္မွာပါ။
အေရျပား က်န္းမာေရးဟာ က်န္းမာေရးနဲ႔အညီ ေနထိုင္မႈ ရွိမရွိ ေပၚမူတည္တဲ့အတြက္ အသားအေရ တင္းရင္းလွပေစဖို႔ ဂ႐ုစိုက္သင့္တဲ့ အခ်က္ေလးေတြကို အႀကံေပးလိုက္ပါတယ္။ေနေရာင္ျခည္ဟာ အေရျပားကို ေလ်ာ့ရဲသြားေစၿပီး မွဲ႔ေျခာက္၊ တင္းတိပ္ေတြကို ျဖစ္ေပၚေစကာ အေရျပားနီျမန္းတာ၊ အသားေလာင္တာေတြအျပင္ ဆဲလ္ေတြကို ေသဆုံးေစတဲ့အတြက္ ခပ္ျမန္ျမန္ အိုမင္းေစပါတယ္။ ထီးကိုင္ဖို႔၊ ဦးထုပ္ေဆာင္းဖို႔ ပ်င္းေနၿပီ ဆိုရင္ေတာ့ မူလဓာတ္ခံဘယ္ေလာက္ေကာင္းတဲ့ အသားအေရျဖစ္ေနပါေစ မၾကာခင္ႏွစ္မ်ားအတြင္း အသားအေရပ်က္စီးၿပီး အေရးအေၾကာင္းနဲ႔ မွဲ႔ေျခာက္ေတြ ထြက္လာေတာ့မယ္ဆိုတာ မေမ့ပါနဲ႔။ ဒါ့ေၾကာင့္ ေနေရာင္ထဲထြက္ရင္ ထီး၊ ဦးထုပ္၊ ေနကာမ်က္မွန္ ေဆာင္ပါ။ ေနေရာင္ျခည္ကို ကာကြယ္ေပးတာတို႔ကို လိမ္းေပးပါ။
ညအိပ္ရာဝင္ခ်ိန္မွာ မျဖစ္မေန လိုက္နာသင့္တဲ့ အခ်က္ႏွစ္ခ်က္က အိပ္ခ်ိန္ကို ညဥ့္မနက္ဖို႔နဲ႔ မ်က္ႏွာသန႔္စင္ၿပီးမွ အိပ္ရာဝင္ဖို႔ပါပဲ။ မိတ္ကပ္လိမ္းထားတဲ့ အေရျပားကို မသန႔္စင္ဘဲ ဒီအတိုင္း အိပ္လိုက္မယ္ဆိုရင္ ေခြၽးေပါက္ေတြပိတ္ၿပီး အေရျပားနီျမန္းကာ ေရရွည္မွာ ထိခိုက္လာႏိုင္ပါတယ္။ ဒါ့ျပင္ တစ္ေနကုန္သြားလာ လႈပ္ရွားေနလို႔ အေရျပားမွာ ဖုန္နဲ႔ အညစ္အေၾကး ဘက္တီးရီးယားေတြ ကပ္ညိေနပါတယ္။ ဒါ့ေၾကာင့္ မအိပ္ခင္ ႏူးညံ့တဲ့ဆပ္ျပာနဲ႔ အေရျပားကို သန႔္စင္ဖို႔ ပ်င္းရိမေနပါနဲ႔။အသင့္စားဖို႔ ျပဳလုပ္ထားတဲ့ တာရွည္ခံ အစားအစာေတြဟာ အေရျပားက်န္းမာေရးကို ဖ်က္ဆီးမယ့္ ရန္သူေတြျဖစ္လို႔ ရယ္ဒီမိတ္ အစားအေသာက္ေတြကို မုန္းပစ္လိုက္ပါ။
အသင့္စားဖို႔ ျပဳျပင္ထားတဲ့ အစာေတြကို စားသုံးရင္ ခႏၶာကိုယ္ရဲ႕ ဆိုဒီယမ္လိုအပ္တဲ့ပမာဏထက္ ျမင့္တက္သြားၿပီး ေသြးေၾကာနံရံေတြ အားနည္းကာ အသားအေရ ႏြမ္းနယ္ထိခိုက္ေစပါတယ္။ ဒါ့ျပင္ သၾကားဓာတ္ဟာလည္း ခႏၶာကိုယ္အတြက္ သင့္ေတာ္႐ုံထက္ ပိုလာရင္ အသားအေရကို အိုမင္းလြယ္ေစလို႔ သၾကားမ်ားမ်ားပါတဲ့ မုန႔္ပဲသေရစာေတြကို တတ္ႏိုင္သမွ် ေရွာင္ပါ။ ရယ္ဒီမိတ္အခ်ိဳရည္၊ ေဆာ္ဒါေတြမွာ ကယ္လိုရီပါဝင္မႈ မ်ားၿပီး ကိုယ္အေလးခ်ိန္ တက္ေစတဲ့အျပင္ အေရျပားကို ႏြမ္းနယ္ေစလို႔ အခ်ိဳရည္ေတြအစား လတ္ဆတ္သန႔္ရွင္းတဲ့ အသီးေဖ်ာ္ရည္နဲ႔ ေရကိုမ်ားမ်ားေသာက္ပါ။အိုမီဂါသရီး ဖက္တီးအက္ဆစ္ ျပည့္ဝတဲ့ အစားအစာေတြကို စားေပးပါ။
အိုမီဂါသရီးကို ငါးေတြထဲကေန အေျမာက္အျမားရႏိုင္တဲ့အတြက္ အသားေတြအစား ငါးနဲ႔အဆီေတြကို စားသုံးေပးပါ။ ဒ့ါျပင္ လက္ဖက္စိမ္းနဲ႔ လက္ဖက္ရည္ၾကမ္းေတြမွာလည္း အစြမ္းထက္ အင္တီေအာက္ဆီးဒင့္ ပါဝင္တာကို ေတြ႕ရတဲ့အတြက္ အေရျပားေရာင္ရမ္းထိခိုက္မႈကို ေလ်ာ့က်ကာ အေရးအေၾကာင္းထင္တာ၊ အမာ႐ြတ္ထင္တာေတြကို ေလ်ာ့ပါးသက္သာေစပါတယ္။ အစိမ္းေရာင္ရွိတဲ့ ဟင္းသီးဟင္း႐ြက္ေတြက အိုမင္းမႈကို တားဆီးေပးကာ အေရးအေၾကာင္းထင္ေစတဲ့ အင္တီေအာက္ဆီးဒင့္၊ ဗီတာမင္စီ၊ အီးနဲ႔ ဘီတာကယ္႐ိုတင္းေတြ မ်ားစြာပါလို႔ စားသုံးေပးပါ။ သံလြင္ဆီ၊ ေနၾကာဆီနဲ႔ ႏွမ္းဆီတို႔မွာလည္း အင္တီေအာက္ဆီးဒင့္၊ ဗီတာမင္ ေအ၊ စီ၊ အီးတို႔ ပါဝင္လို႔ အ႐ြက္သုပ္ေတြထဲ ထည့္စားသုံးရင္၊ သံလြင္ဆီကို အေရျပားလိမ္းေပးရင္ အေရျပားေတြ ၾကည္လင္ေတာက္ပေစပါတယ္။စိတ္ဖိစီးမႈေတြမ်ားမယ္။
အၿမဲပဲ စိတ္ညစ္ေနမယ္ဆိုရင္ အသားအေရ မြဲေျခာက္ကာ ညႇိဳႏြမ္းၿပီး ဝက္ၿခံေတြလည္း ထြက္လာေစပါတယ္။ ဒါ့ေၾကာင့္ ေန႔စဥ္လႈပ္ရွား႐ုန္းကန္ေနရတဲ့ဘဝထဲက မြန္းက်ပ္စရာေတြကို ေနာက္ေနာက္ေျပာင္ေျပာင္ ေျပာဆိုရယ္ေမာၿပီး ေက်ာ္လႊားပစ္လိုက္ပါ။ ဆဲလ္အေသေတြ ေနရာမွာ ဆဲလ္အသစ္ေတြ အစားထိုးဖို႔အတြက္ ခပ္ေပ်ာ္ေပ်ာ္ ေနတတ္တဲ့သူျဖစ္ေအာင္ ႀကိဳးစားၿပီး အသားအေရ ႏုပ်ိဳမႈကို ရယူပါ။အ႐ြယ္တင္ႏုပ်ိဳၿပီး လွပစိုေျပတဲ့ အသားအေရ ပိုင္ဆိုင္ဖို႔ဆိုရင္ အမွတ္တမဲ့ျဖစ္ေနတဲ့ အရာေလးေတြကို ဂ႐ုတစိုက္ ေနထိုင္စားေသာက္ၿပီး အသားအေရ စိုေျပလွပမႈေတြနဲ႔အတူ အ႐ြယ္တင္ ႏုပ်ိဳလွပႏိုင္ၾကပါေစ။
Author: ညီညီေက်ာ္, Healthcare Journal, vol 8,no 28 (28.7.17)