fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ေတာ္ေတာ္စိတ္ဒုကၡေပးႏိုင္တဲ့အေရျပားေရာဂါေတြ

49
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/08/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

ဆိုရီးယားစစ္ (Psoriasis)
အေရျပားေရာဂါေတြဟာ ျဖစ္ပြားေနတဲ့သူရဲ႕ စိတ္ဖိစီးမႈကို ပိုျဖစ္ေစႏိုင္တာေၾကာင့္ အေရျပားေရာဂါျဖစ္ပြားေနသူေတြကို ကုသမႈေပးရာမွာ ေရာဂါရဲ႕ သေဘာသဘာဝကို လူတို႔နားလည္ေအာင္ ရွင္းျပဖို႔ဆိုတာ အေရးႀကီးတဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ ဘယ္ေရာဂါမဆို လူနာနဲ႔ လူနာရွင္တို႔ကို ေရာဂါရဲ႕ သေဘာသဘာဝကို ရွင္းျပရမွာျဖစ္ေပမယ့္ အေရျပားေရာဂါရွင္ေတြမွာေတာ့ သူတို႔ရဲ႕ စိတ္ဖိစီးမႈ သက္သာေစဖို႔အတြက္ကိုပါ ထည့္သြင္းစဥ္းစားၿပီး ေသေသခ်ာခ်ာ ရွင္းလင္းေျပာျပေပးရတယ္ဆိုတာကို ေျပာခ်င္တာပါ။ ဒီတစ္ပတ္ ေဆာင္းပါးမွာေတာ့ အေရျပားေရာဂါေတြထဲက ျဖစ္ပြားေနတဲ့သူနဲ႔ သူ႔အသိုက္အဝန္းကို ေတာ္ေတာ္ေလးစိတ္ဒုကၡေပးႏိုင္တဲ့ ဆိုရီးယားစစ္ (Psoriasis) ဆိုတဲ့ အေရျပားထူလာတဲ့၊ အေၾကးခြံေတြကြာတတ္တဲ့ ေရာဂါအေၾကာင္း ေျပာျပခ်င္ပါတယ္။

ဆိုရီးယားစစ္ေရာဂါဟာ အေရျပားေပၚမွာ နီရဲေနတဲ့ အေရျပား ထူလာတဲ့အကြက္ေတြ ျဖစ္ေပၚၿပီး အေၾကးခြံကြာတတ္တဲ့ ေရာဂါတစ္မ်ိဳး ျဖစ္ပါတယ္။ အေရျပားမွာျဖစ္တဲ့ နာတာရွည္ျဖစ္တတ္တဲ့ ေရာင္ရမ္းမႈျဖစ္စဥ္တစ္ခု ျဖစ္ပါတယ္။ ဆိုရီးယားစစ္ေရာဂါ ျဖစ္ပြားမႈဟာ ပ်မ္းမွ်အားျဖင့္ ၂ ရာခိုင္ႏႈန္းေလာက္ရွိတယ္လို႔ ဆိုပါတယ္။

တိုင္းျပည္တစ္ခုနဲ႔တစ္ခု၊ လူမ်ိဳးတစ္မ်ိဳးနဲ႔ တစ္မ်ိဳးၾကားမွာ ျဖစ္ပြားမႈႏႈန္းဟာ မတူညီကြဲျပားတာမ်ိဳးေတြ ေတြ႕ရပါတယ္။ ဥပမာေျပာရရင္ အေမရိကန္ျပည္ေထာင္စုမွာ ျဖစ္ပြားမႈဟာ ၁ ရာခိုင္ႏႈန္းမျပည့္ေပမဲ့ ေနာ္ေဝႏိုင္ငံမွာေတာ့ ၈.၅ ရာခိုင္ႏႈန္းေလာက္ ရွိတယ္လို႔ဆိုပါတယ္။ ဆိုရီးယားစစ္ဟာ အီေကြတာနဲ႔ ေဝးတဲ့ႏိုင္ငံေတြမွာ ပိုအျဖစ္မ်ားၿပီး လူျဖဴေတြမွာလဲ ပိုျဖစ္တတ္တယ္ လို႔ဆိုပါတယ္။

ဆိုရီးယားစစ္ျဖစ္တဲ့ အသက္အ႐ြယ္ ႏွစ္မ်ိဳးရွိပါတယ္။ ၁၆ ႏွစ္က ၂၂ ၾကားနဲ႔ ၅၇ ႏွစ္ကေန ၆၂ ႏွစ္ၾကား အသက္အ႐ြယ္ေတြဟာ ဆိုရီးယားစစ္ျဖစ္တာမ်ားတဲ့ အသက္အ႐ြယ္ေတြျဖစ္ပါတယ္။ အဲဒီလိုျဖစ္တဲ့ အသက္အ႐ြယ္ေပၚ မူတည္ၿပီး ဆိုရီးယားစစ္ အမ်ိဳးအစား (၁)နဲ႔ အမ်ိဳးအစား (၂)ဆိုၿပီး ခြဲျခားေဖာ္ျပထားတာမ်ိဳး ရွိပါတယ္။ ဒါေပမဲ့လဲ ဆိုရီးယားစစ္ေရာဂါဟာ ဒီအသက္အပိုင္း အျခားအတြင္းမွာသာ စၿပီးျဖစ္ရမယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ အျပင္မွာ အေတြ႕ရမ်ားတတ္တဲ့ အသက္အပိုင္းအျခားကို ေဖာ္ျပထားတာသာ ျဖစ္ပါတယ္။ ဆိုရီးယားစစ္က က်ားမ ျဖစ္ပြားႏႈန္း အတူတူပဲျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေသာ ေလ့လာမႈေတြမွာေတာ့ အသက္ငယ္ငယ္မွာ ျဖစ္တဲ့ ဆိုရီးယားစစ္မွာေတာ့ မိန္းကေလးေတြမွာ ပိုျဖစ္တယ္လို႔ ဆိုလိုပါတယ္။ လူႀကီးေတြမွာ ေရာဂါျဖစ္ပြားမႈႏႈန္းက က်ားမ အတူတူပဲျဖစ္ပါတယ္။

ဆိုရီးယားစစ္ေရာဂါ ျဖစ္ပြားမႈမွာ မ်ိဳး႐ိုးဗီဇဟာ အေရးႀကီးတဲ့ အခန္းက႑တစ္ခုအေနနဲ႔ ပါဝင္တယ္လို႔ လက္ခံထားၾကပါတယ္။ မိဘေတြမွာ ဆိုရီးယားစစ္ေရာဂါရွိရင္ သားသမီးေတြမွာပါ ျဖစ္ႏိုင္ေခ်မ်ားလာပါတယ္။ မိဘတစ္ဦးမွာ ျဖစ္တာနဲ႔စာရင္ မိဘႏွစ္ဦးစလုံးမွာ ဆိုရီးယားစစ္ျဖစ္ေနခဲ့ရင္ သားသမီးေတြမွာ လိုက္ျဖစ္ဖို႔ ရာႏႈန္းပိုတိုးလာပါတယ္။ ဒီေနရာမွာ အသက္အ႐ြယ္ ငယ္ငယ္မွာျဖစ္တဲ့ ဆိုရီးယားစစ္ဟာ မ်ိဳး႐ိုးဗီဇနဲ႔ ပိုၿပီး ဆက္စပ္မႈရွိတယ္လို႔ ယူဆၾကပါတယ္။

Author: ေဒါက္တာေက, Healthcare Journal, vol 8,no 28 (28.7.17)

(Unicode)

ဆိုရီးယားစစ် (Psoriasis)
အရေပြားရောဂါတွေဟာ ဖြစ်ပွားနေတဲ့သူရဲ့ စိတ်ဖိစီးမှုကို ပိုဖြစ်စေနိုင်တာကြောင့် အရေပြားရောဂါဖြစ်ပွားနေသူတွေကို ကုသမှုပေးရာမှာ ရောဂါရဲ့ သဘောသဘာဝကို လူတို့နားလည်အောင် ရှင်းပြဖို့ဆိုတာ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဘယ်ရောဂါမဆို လူနာနဲ့ လူနာရှင်တို့ကို ရောဂါရဲ့ သဘောသဘာဝကို ရှင်းပြရမှာဖြစ်ပေမယ့် အရေပြားရောဂါရှင်တွေမှာတော့ သူတို့ရဲ့ စိတ်ဖိစီးမှု သက်သာစေဖို့အတွက်ကိုပါ ထည့်သွင်းစဉ်းစားပြီး သေသေချာချာ ရှင်းလင်းပြောပြပေးရတယ်ဆိုတာကို ပြောချင်တာပါ။ ဒီတစ်ပတ် ဆောင်းပါးမှာတော့ အရေပြားရောဂါတွေထဲက ဖြစ်ပွားနေတဲ့သူနဲ့ သူ့အသိုက်အဝန်းကို တော်တော်လေးစိတ်ဒုက္ခပေးနိုင်တဲ့ ဆိုရီးယားစစ် (Psoriasis) ဆိုတဲ့ အရေပြားထူလာတဲ့၊ အကြေးခွံတွေကွာတတ်တဲ့ ရောဂါအကြောင်း ပြောပြချင်ပါတယ်။

ဆိုရီးယားစစ်ရောဂါဟာ အရေပြားပေါ်မှာ နီရဲနေတဲ့ အရေပြား ထူလာတဲ့အကွက်တွေ ဖြစ်ပေါ်ပြီး အကြေးခွံကွာတတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အရေပြားမှာဖြစ်တဲ့ နာတာရှည်ဖြစ်တတ်တဲ့ ရောင်ရမ်းမှုဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဆိုရီးယားစစ်ရောဂါ ဖြစ်ပွားမှုဟာ ပျမ်းမျှအားဖြင့် ၂ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဆိုပါတယ်။

တိုင်းပြည်တစ်ခုနဲ့တစ်ခု၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားမှာ ဖြစ်ပွားမှုနှုန်းဟာ မတူညီကွဲပြားတာမျိုးတွေ တွေ့ရပါတယ်။ ဥပမာပြောရရင် အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားမှုဟာ ၁ ရာခိုင်နှုန်းမပြည့်ပေမဲ့ နော်ဝေနိုင်ငံမှာတော့ ၈.၅ ရာခိုင်နှုန်းလောက် ရှိတယ်လို့ဆိုပါတယ်။ ဆိုရီးယားစစ်ဟာ အီကွေတာနဲ့ ဝေးတဲ့နိုင်ငံတွေမှာ ပိုအဖြစ်များပြီး လူဖြူတွေမှာလဲ ပိုဖြစ်တတ်တယ် လို့ဆိုပါတယ်။

ဆိုရီးယားစစ်ဖြစ်တဲ့ အသက်အရွယ် နှစ်မျိုးရှိပါတယ်။ ၁၆ နှစ်က ၂၂ ကြားနဲ့ ၅၇ နှစ်ကနေ ၆၂ နှစ်ကြား အသက်အရွယ်တွေဟာ ဆိုရီးယားစစ်ဖြစ်တာများတဲ့ အသက်အရွယ်တွေဖြစ်ပါတယ်။ အဲဒီလိုဖြစ်တဲ့ အသက်အရွယ်ပေါ် မူတည်ပြီး ဆိုရီးယားစစ် အမျိုးအစား (၁)နဲ့ အမျိုးအစား (၂)ဆိုပြီး ခွဲခြားဖော်ပြထားတာမျိုး ရှိပါတယ်။ ဒါပေမဲ့လဲ ဆိုရီးယားစစ်ရောဂါဟာ ဒီအသက်အပိုင်း အခြားအတွင်းမှာသာ စပြီးဖြစ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အပြင်မှာ အတွေ့ရများတတ်တဲ့ အသက်အပိုင်းအခြားကို ဖော်ပြထားတာသာ ဖြစ်ပါတယ်။ ဆိုရီးယားစစ်က ကျားမ ဖြစ်ပွားနှုန်း အတူတူပဲဖြစ်ပါတယ်။ တစ်ချို့သော လေ့လာမှုတွေမှာတော့ အသက်ငယ်ငယ်မှာ ဖြစ်တဲ့ ဆိုရီးယားစစ်မှာတော့ မိန်းကလေးတွေမှာ ပိုဖြစ်တယ်လို့ ဆိုလိုပါတယ်။ လူကြီးတွေမှာ ရောဂါဖြစ်ပွားမှုနှုန်းက ကျားမ အတူတူပဲဖြစ်ပါတယ်။

ဆိုရီးယားစစ်ရောဂါ ဖြစ်ပွားမှုမှာ မျိုးရိုးဗီဇဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်တယ်လို့ လက်ခံထားကြပါတယ်။ မိဘတွေမှာ ဆိုရီးယားစစ်ရောဂါရှိရင် သားသမီးတွေမှာပါ ဖြစ်နိုင်ချေများလာပါတယ်။ မိဘတစ်ဦးမှာ ဖြစ်တာနဲ့စာရင် မိဘနှစ်ဦးစလုံးမှာ ဆိုရီးယားစစ်ဖြစ်နေခဲ့ရင် သားသမီးတွေမှာ လိုက်ဖြစ်ဖို့ ရာနှုန်းပိုတိုးလာပါတယ်။ ဒီနေရာမှာ အသက်အရွယ် ငယ်ငယ်မှာဖြစ်တဲ့ ဆိုရီးယားစစ်ဟာ မျိုးရိုးဗီဇနဲ့ ပိုပြီး ဆက်စပ်မှုရှိတယ်လို့ ယူဆကြပါတယ်။

Author: ဒေါက်တာကေ, Healthcare Journal, vol 8,no 28 (28.7.17)

 

Previous Post

ေမြးလမ္းေၾကာင္းပိုးဝင္ျခင္း

Next Post

သတိထားရမည့်အခွင့်အရေးမျိုးစုံ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
524
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
785

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.4k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သတိထားရမည့်အခွင့်အရေးမျိုးစုံ

ဇီကာဗိုင်းရပ်စ်

လက်သည်းဆိုးတာဟာ အရေပြားကင်ဆာဖြစ်စေနိုင်သလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.