fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အုံးလွဲခြင်း

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/08/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

အုံးလြဲျခင္းကို လူေတာ္ေတာ္မ်ားမ်ား ျဖစ္ဖူးၾကတယ္။ ရာသီဥတု အေျပာင္းအလဲမွာ အုံးလြဲျခင္း ျဖစ္တတ္တယ္။ အုံးလြဲျခင္း မၾကာခဏျဖစ္ရင္ ခႏၶာကိုယ္  လြန္လြန္ကဲကဲ ပင္ပန္းေနၿပီလို႔ အခ်က္ျပတာပဲျဖစ္တယ္။ အမ်ိဳးသားေတြမွာ ပိုၿပီးျဖစ္တတ္တယ္။

ေဆး႐ုံတစ္ခုမွာ ေန႔ညၾကာရွည္ ဂ်ဳတီဝင္ေနတဲ့ ဆရာဝန္တစ္ဦး၊ ထိုင္ရာကထလိုက္ရာ ဇက္ခိုင္ၿပီး မလႈပ္ႏိုင္ျဖစ္သြားတယ္။ အုံးလြဲျခင္း ျဖစ္ၿပီး ဆယ့္ငါး     ရက္ေလာက္ ကုသမွ ေပ်ာက္တယ္။အုံးလြဲျခင္းဟာ လည္တိုင္ရဲ႕ ေသြးလွည့္ပတ္မႈညံ့ဖ်င္းလို႔၊ ေအာက္ဆီဂ်င္ဓာတ္ ခ်ိဳ႕တဲ့လို႔ ျဖစ္ေပၚေစတဲ့ ဇက္ခိုင္တဲ့ ေရာဂါလကၡဏာ ျဖစ္တယ္။ ေခါင္းငုံ႔ အလုပ္လုပ္သူေတြ၊ ေခါင္းအုံးျမင့္ျမင့္ အုံးသူေတြ၊ ပင္ပန္းလြန္ကဲသူေတြ၊ ကာယလႈပ္ရွားမႈနည္းသူေတြမွာ ျဖစ္တတ္တယ္။ ရာသီဥတု ေျပာင္းလဲခ်ိန္မွာ ပိုၿပီးျဖစ္တတ္တယ္။ ဇက္ခိုင္အုံးလြဲၿပီဆိုရင္ ပင္ပန္းလြန္ကဲၿပီလို႔ ဂ႐ုျပဳရမွာ ျဖစ္တယ္။

ေဆး႐ုံတစ္ခုက ဆရာဝန္တစ္ဦးဟာ သင့္ေလ်ာ္တဲ့ အနားယူမႈမရလို႔ တစ္ေန႔ ညဘက္ထရပ္လိုက္တဲ့အခါ ႐ုတ္တရက္ လည္တိုင္လႈပ္တာနဲ႔ နာက်င္တာကို ခံစားရတယ္။ သာမန္အုံးလြဲသလို လည္တိုင္ကို ဘယ္ညာမလႈပ္ႏိုင္ေတာ့ပါ။ အထက္နဲ႔ေအာက္ ေခါင္းငုံ႔ ေခါင္းေမာ့မရေတာ့ပါ။ တုပ္ေကြးေရာဂါလည္း ခံစားေနရတယ္။ တုပ္ေကြးဦးစြာကုၿပီးမွ ဇက္ခိုင္ျခင္းကို ကုသခဲ့ရပါတယ္။

ဇက္ခိုင္တဲ့ေရာဂါ (၃)ရက္အတြင္း မသက္သာပဲ၊ တစ္ပတ္ ဆယ္ရက္ၾကာသြားရင္ လည္ဆစ္႐ိုး ဖိႏွိပ္မႈ ျပႆနာ ရွိလိမ့္မယ္လို႔ သံသယဝင္သင့္တယ္။ ေရာဂါရွင္အခ်ိဳ႕ဟာ ၾကာရွည္စြာ ဇက္နာျခင္းကို “အုံးလြဲတယ္” လို႔ ႐ိုး႐ိုးယူဆၿပီး ဆက္လက္ကုသဖို႔ ရွည္ရွည္ေဝးေဝး မေတြးေတာ့ပါ။
ဇက္ခိုင္ျခင္းမူလမွာ “အုံးလြဲျခင္း” (သို႔)အနားမရပင္ပန္းလြန္းျခင္းေၾကာင့္ ျဖစ္တယ္ဆိုရင္၊ တုပ္ေကြးလည္း ျဖစ္ေနၿပီဆိုရင္၊ အလုပ္က အနားယူသင့္တယ္။ ေရေႏြး၊ ဆားရည္ေႏြးနဲ႔ ပလုတ္က်င္း ေပးသင့္တယ္။ အေအးမခံသင့္ဘူး။ ေလေအးစက္တပ္အခန္းမွာ ၾကာရွည္ မေနသင့္ဘူး။ ညေနဘက္ (၁၅)မိနစ္မွ နာရီဝက္ၾကာ အားကစား၊ အေျပး၊ လမ္းေလွ်ာက္၊ စက္ဘီးစီး၊ ေရကူး လုပ္ေပးသင့္ပါတယ္။

ဇက္ခိုင္အုံးလြဲျခင္း ႀကိဳတင္ကာကြယ္နည္းမွာ (၁) ရာသီဥတု ေျပာင္းလဲခ်ိန္မွာ လည္ပင္း ေႏြးေထြးေအာင္ လည္စည္း စည္းထားသင့္တယ္။ (၂) လည္တိုင္   ေညာင္းညာၿပီး နာရင္ အပူ၊ ေရေႏြးအိတ္ ကပ္ေပးသင့္တယ္။ (၃) မာတဲ့ေခါင္းအုံးကို ေ႐ြးသင့္တယ္။ (၄) ပခုံးနဲ႔လည္ပင္း တင္းမေနသင့္ပါ။
ဇက္ခိုင္အုံးလြဲျခင္းကို ေနထိုင္မႈ အေလ့အထ ျပဳျပင္ေျပာင္းလဲျခင္းနည္းနဲ႔ ေပ်ာက္ကင္းႏိုင္ပါတယ္။ဇက္ခိုင္ျခင္းမွာလည္ဆစ္႐ိုးအနည္းငယ္ ေနရာလြဲေနျခင္း   ျဖစ္တယ္။ တကယ္လို႔ ႏွိပ္နယ္လိုက္ရင္ ပိုမိုဆိုးဝါးတဲ့ အက်ိဳးဆက္ျဖစ္ႏိုင္ပါတယ္။ ပခုံးနဲ႔လည္တိုင္ တင္းေနျခင္းက “ဇက္ခိုင္ျခင္း ျဖစ္ေစတဲ့ အေၾကာင္းရင္းတစ္ခုျဖစ္တယ္” ပုခုံးနဲ႔လည္တိုင္ အပင္ပန္းမလြန္ေစဖို႔ ဂ႐ုစိုက္ႏိုင္ရင္ အုံးလြဲျခင္း အႏၲရာယ္ ေလ်ာ့ခ်ႏိုင္ပါတယ္။

ပုခုံးနဲ႔လည္တိုင္ ေျဖေလွ်ာ့တဲ့ နည္းလမ္းရွိပါတယ္။ ပထမအဆင့္မွာပုခုံးႏွစ္ဘက္ အၿပိဳင္ထားရမယ္။ (၂)ဒုတိယအဆင့္မွာ လက္ႏွစ္ဖက္ေရွ႕ကို(သို႔) ေနာက္ကိုဆန႔္ထြက္ရမယ္။ (၃) လက္ဖဝါးနဲ႔ စက္ဝိုင္းဆြဲသင့္တယ္။ (၄) စတုတၳအဆင့္မွာ လက္ေညာင္းတဲ့အထိ လုပ္ၿပီးရင္ပုခုံးကို ေျဖေလ်ာ့သင့္ပါတယ္။
အုံးလြဲနာက်င္မႈဟာ အျခားအာ႐ုံခံစားမႈနဲ႔မတူပဲ စိတ္မခ်မ္းေျမ့ဖြယ္ မႏွစ္သက္မႈ၊ ႐ြံမုန္းမႈ (unpleasant affect) နဲ႔ တြဲဖက္ေနတတ္တယ္။ နာက်င္မႈကို ခ်ိဳ     ေမႊးတဲ့ ရနံ႔နဲ႔သက္သာမႈ ရေစတယ္။ ဥပမာ – စပယ္ပန္းနံ႔၊ ႏွင္းဆီပန္းနံ႔တို႔ဟာ နာက်င္မႈေလ်ာ့ေစတယ္။
ပူေႏြးတဲ့ေရမွာ လက္နဲ႔ေျခေထာက္ကို စိမ္ထားျခင္း၊ အုံးလြဲတဲ့လည္ပင္းေနရာ ေရေႏြးအိတ္ကပ္ျခင္းက အုံးလြဲျခင္းကို ပိုမိုမဆိုး႐ြားပဲ သက္သာလာေစတယ္။ အေအးခန္းနဲ႔ အေအးေရွာင္ရမယ္။

တစ္ခါတစ္ရံ စိတ္ဖိစီးမႈေတြက အုံးလြဲျခင္းျဖစ္တယ္။ တစ္ၿပိဳင္နက္ လူအမ်ား ဖိစီးမႈျဖစ္ေစျခင္း၊ ဥပမာ – မီးေလာင္ျခင္း၊ ကားတိုက္ျခင္း၊ ရထားတိုက္ျခင္း၊   ေလယာဥ္ပ်က္က်ျခင္း၊သေဘၤာေမွာက္ျခင္းတို႔မွာ က်န္ရစ္သူတို႔ စိတ္ဖိစီးမႈ၊ ထိတ္လန႔္မႈ၊ နာက်င္မႈ ျဖစ္ေစတယ္။ လူတစ္ဦးခ်င္းနဲ႔ အက်ဳံးဝင္တဲ့ စိတ္ဖိစီးျခင္း ဥပမာ – ရာထူးအခ်ခံရျခင္း၊ ျပင္းထန္တဲ့ ေဝဒနာခံစားရျခင္း၊ ပစၥည္း ဥစၥာ ဆုံးရႈံးျခင္းမ်ိဳး ျဖစ္တယ္။ ေန႔စဥ္ႀကဳံေတြ႕ေနရတဲ့ စိတ္ဖိစီးမႈ ဥပမာ – နာရီေပါင္းမ်ားစြာ အလုပ္ဆင္းရတဲ့အခါ အခ်ိန္မလုံေလာက္ျခင္း၊ ေနာက္က်မွာ စိုးရိမ္ပူပန္ျခင္းတို႔က အုံးလြဲျခင္း ျဖစ္ႏိုင္တယ္။

စိတ္ဖိစီးမႈ အနည္းငယ္ရွိရင္ စိန္ေခၚမႈေတြကို ေျဖရွင္းရာမွာ အက်ိဳးရွိလွေပမယ့္ ေရရွည္စိတ္ဖိစီးမႈ ရွိေနခဲ့ရင္ မေကာင္းပါဘူး။ စိတ္ဖိစီးမႈက အေၾကာင္း     ေၾကာင္းေၾကာင့္ျဖစ္ႏိုင္ပါတယ္။
အလုပ္ခြင္၊ ေငြေရးေၾကးေရး ျပႆနာ၊ စီးပြားေရးျပႆနာ၊ ေပါင္းသင္းဆက္ဆံေရး၊ ဆူညံသံ၊ အလုပ္နဲ႔အိမ္ေဝးကြာလို႔ ကား (သို႔) ရထားနဲ႔ အသြားအလာလုပ္ရတာ၊ သတင္းအခ်က္အလက္ မ်ားျပားလြန္းတာ စတဲ့အေၾကာင္းအခ်က္ေတြက စိတ္ဖိစီးမႈ ရႏိုင္ပါတယ္။ အိမ္အေျပာင္းအေ႐ႊ႕၊ အလုပ္ အေျပာင္းအေ႐ႊ႕၊ မိသားစုဝင္ တစ္ဦးဦးေသဆုံးမႈ၊ စာက်က္ရမႈ၊ စာေမးပြဲေျဖဆိုရမႈ၊ က်ရႈံးမႈတို႔ ျဖစ္ပါတယ္။

စိတ္ဖိစီးမႈကို အေကာင္းျမင္ၿပီး တုန႔္ျပန္သင့္တယ္။ အခ်ိဳ႕က ႐ုပ္ပိုင္းေရာ၊ စိတ္ပိုင္းပါ အားအင္ကုန္ခန္းသလိုျဖစ္ကာ စိတ္ဖိစီးမႈနဲ႔ ဆက္ႏြယ္ေနတဲ့ အုံးလြဲ     ျခင္း၊ ႏွလုံးေသြးေၾကာေရာဂါ၊ ေသြးတိုးေရာဂါ၊ အစာေျခအဂၤါအဖြဲ႕အစည္း မူမမွန္ျခင္း၊ ဓာတ္မတည့္ျခင္းနဲ႔ အေရျပားေရာဂါေတြလို ျဖစ္တတ္တယ္။ ကိုယ္   ျဖစ္ခ်င္တာနဲ႔ ကိုယ္ျဖစ္ေနတာ တစ္ျခားစီျဖစ္ေနရင္ ဘဝတစ္ခုလုံး စိတ္ဖိစီးမႈ ခံၾကရတယ္။

ေရရွည္စိတ္ဖိစီးမႈကို ေက်ာ္လႊားဖို႔ဟာ ခက္ခဲရႈပ္ေထြးေပမယ့္၊ စားေသာက္မႈပုံစံကို အာ႐ုံစိုက္ၿပီး ဂ႐ုတစိုက္ စားေသာက္ျခင္းက လကၡဏာ သက္သာေစပါတယ္။ မွန္ကန္တဲ့ အစားအစာေ႐ြးခ်ယ္ စားေသာက္ရမယ္။
ျပဳျပင္ဖန္တီးထားတဲ့ ႏွံစားသီးႏွံ၊ ႏွံစားသီးႏွံ အေျခခံထားတဲ့ ေပါင္မုန႔္၊ ေခါက္ဆြဲေျခာက္၊ ထမင္းကို ေန႔စဥ္ ဟင္းသီးဟင္း႐ြက္ (၅)မ်ိဳး၊ သစ္သီးတစ္လုံးနဲ႔ ေန႔စဥ္ စားသုံးသင့္ပါတယ္။ အသီးအ႐ြက္ မ်ားမ်ားစားရမယ္။ ေဖ်ာ္ရည္ေသာက္သင့္တယ္။ ေရွာက္၊ သံပုရာ၊ လိေမၼာ္၊ သစ္သီး၊ သဘာဝေဖ်ာ္ရည္က ပိုမို     ေကာင္းမြန္ပါတယ္။
သစ္သီးေတြရဲ႕ အခြံေအာက္က အသားနဲ႔ ခြံမွာပါတဲ့ (Flavonoid) က ဆဲလ္ပ်က္စီးျခင္း ျဖစ္ေပၚေစတဲ့ ဖရီးရယ္ဒီကယ္ (Free Radical) ေခၚ ေအာက္စီဂ်င္   ေမာ္လီက်ဴးေတြကို တိုက္ဖ်က္ေပးတယ္။ လက္ဖက္၊ ပန္းသီး၊ အစိမ္းေရာင္ရွိ ပဲသီး၊ ဝိုင္အနီႏွင့္ ၾကက္သြန္နီတို႔ကို စားေပးသင့္တယ္။ ဖေလဗင္ႏြိဳက္က     ေသြးေၾကာနံရံကို သန္စြမ္းေစတဲ့အတြက္ စိတ္ဖိစီးမႈေၾကာင့္ ျဖစ္ရတဲ့ ႏွလုံးေရာဂါကို ကာကြယ္ေပးတယ္။

ျပည့္ဝဆီအစား မျပည့္ဝဆီ၊ ႏွမ္းဆီ၊ ေျမပဲဆီ၊ ေနၾကာဆီ၊ သံလြင္ဆီ သုံးသင့္တယ္။ ၾကက္အေရခြံ၊ ဥအမ်ိဳးမ်ိဳး၊ အဆီပါဝင္မႈ ေလွ်ာ့ထားတဲ့ ႏို႔ႏွင့္ႏို႔ထြက္ပစၥည္း၊ ပ႐ိုတင္း ျပည့္ဝတဲ့ငါး၊ ငါးေျခာက္၊ ပဲနီေလး၊ အခြံမာသီး စားသုံးသင့္တယ္။ ေရဆာရင္ ေရေသာက္သင့္ၿပီး၊ အခ်ိဳရည္၊ ဘီယာ၊ အရက္ေရွာင္ရွားသင့္ တယ္။
အာဟာရတန္ဖိုး နည္းပါးတဲ့အစာ အမ်ားအျပား စားေသာက္တာဟာ စိတ္ဖိစီးမႈျဖစ္ေပၚေစတဲ့ လူေနမႈပုံစံျဖစ္ေစတယ္။ သဘာဝအစာကေန ဗီတာမင္၊ သတၱဳဓာတ္၊ ေရဓာတ္ပါေအာင္ စားသုံးရင္ “အုံးလြဲျခင္း” ကင္းမယ္။

Author: Dr. လြင္သန႔္, Healthcare Journal, vol 8,no 28 (28.7.17)

(Unicode)

အုံးလွဲခြင်းကို လူတော်တော်များများ ဖြစ်ဖူးကြတယ်။ ရာသီဥတု အပြောင်းအလဲမှာ အုံးလွဲခြင်း ဖြစ်တတ်တယ်။ အုံးလွဲခြင်း မကြာခဏဖြစ်ရင် ခန္ဓာကိုယ်  လွန်လွန်ကဲကဲ ပင်ပန်းနေပြီလို့ အချက်ပြတာပဲဖြစ်တယ်။ အမျိုးသားတွေမှာ ပိုပြီးဖြစ်တတ်တယ်။

ဆေးရုံတစ်ခုမှာ နေ့ညကြာရှည် ဂျုတီဝင်နေတဲ့ ဆရာဝန်တစ်ဦး၊ ထိုင်ရာကထလိုက်ရာ ဇက်ခိုင်ပြီး မလှုပ်နိုင်ဖြစ်သွားတယ်။ အုံးလွဲခြင်း ဖြစ်ပြီး ဆယ့်ငါး     ရက်လောက် ကုသမှ ပျောက်တယ်။အုံးလွဲခြင်းဟာ လည်တိုင်ရဲ့ သွေးလှည့်ပတ်မှုညံ့ဖျင်းလို့၊ အောက်ဆီဂျင်ဓာတ် ချို့တဲ့လို့ ဖြစ်ပေါ်စေတဲ့ ဇက်ခိုင်တဲ့ ရောဂါလက္ခဏာ ဖြစ်တယ်။ ခေါင်းငုံ့ အလုပ်လုပ်သူတွေ၊ ခေါင်းအုံးမြင့်မြင့် အုံးသူတွေ၊ ပင်ပန်းလွန်ကဲသူတွေ၊ ကာယလှုပ်ရှားမှုနည်းသူတွေမှာ ဖြစ်တတ်တယ်။ ရာသီဥတု ပြောင်းလဲချိန်မှာ ပိုပြီးဖြစ်တတ်တယ်။ ဇက်ခိုင်အုံးလွဲပြီဆိုရင် ပင်ပန်းလွန်ကဲပြီလို့ ဂရုပြုရမှာ ဖြစ်တယ်။

ဆေးရုံတစ်ခုက ဆရာဝန်တစ်ဦးဟာ သင့်လျော်တဲ့ အနားယူမှုမရလို့ တစ်နေ့ ညဘက်ထရပ်လိုက်တဲ့အခါ ရုတ်တရက် လည်တိုင်လှုပ်တာနဲ့ နာကျင်တာကို ခံစားရတယ်။ သာမန်အုံးလွဲသလို လည်တိုင်ကို ဘယ်ညာမလှုပ်နိုင်တော့ပါ။ အထက်နဲ့အောက် ခေါင်းငုံ့ ခေါင်းမော့မရတော့ပါ။ တုပ်ကွေးရောဂါလည်း ခံစားနေရတယ်။ တုပ်ကွေးဦးစွာကုပြီးမှ ဇက်ခိုင်ခြင်းကို ကုသခဲ့ရပါတယ်။

ဇက်ခိုင်တဲ့ရောဂါ (၃)ရက်အတွင်း မသက်သာပဲ၊ တစ်ပတ် ဆယ်ရက်ကြာသွားရင် လည်ဆစ်ရိုး ဖိနှိပ်မှု ပြဿနာ ရှိလိမ့်မယ်လို့ သံသယဝင်သင့်တယ်။ ရောဂါရှင်အချို့ဟာ ကြာရှည်စွာ ဇက်နာခြင်းကို “အုံးလွဲတယ်” လို့ ရိုးရိုးယူဆပြီး ဆက်လက်ကုသဖို့ ရှည်ရှည်ဝေးဝေး မတွေးတော့ပါ။
ဇက်ခိုင်ခြင်းမူလမှာ “အုံးလွဲခြင်း” (သို့)အနားမရပင်ပန်းလွန်းခြင်းကြောင့် ဖြစ်တယ်ဆိုရင်၊ တုပ်ကွေးလည်း ဖြစ်နေပြီဆိုရင်၊ အလုပ်က အနားယူသင့်တယ်။ ရေနွေး၊ ဆားရည်နွေးနဲ့ ပလုတ်ကျင်း ပေးသင့်တယ်။ အအေးမခံသင့်ဘူး။ လေအေးစက်တပ်အခန်းမှာ ကြာရှည် မနေသင့်ဘူး။ ညနေဘက် (၁၅)မိနစ်မှ နာရီဝက်ကြာ အားကစား၊ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး လုပ်ပေးသင့်ပါတယ်။

ဇက်ခိုင်အုံးလွဲခြင်း ကြိုတင်ကာကွယ်နည်းမှာ (၁) ရာသီဥတု ပြောင်းလဲချိန်မှာ လည်ပင်း နွေးထွေးအောင် လည်စည်း စည်းထားသင့်တယ်။ (၂) လည်တိုင်   ညောင်းညာပြီး နာရင် အပူ၊ ရေနွေးအိတ် ကပ်ပေးသင့်တယ်။ (၃) မာတဲ့ခေါင်းအုံးကို ရွေးသင့်တယ်။ (၄) ပခုံးနဲ့လည်ပင်း တင်းမနေသင့်ပါ။
ဇက်ခိုင်အုံးလွဲခြင်းကို နေထိုင်မှု အလေ့အထ ပြုပြင်ပြောင်းလဲခြင်းနည်းနဲ့ ပျောက်ကင်းနိုင်ပါတယ်။ဇက်ခိုင်ခြင်းမှာလည်ဆစ်ရိုးအနည်းငယ် နေရာလွဲနေခြင်း   ဖြစ်တယ်။ တကယ်လို့ နှိပ်နယ်လိုက်ရင် ပိုမိုဆိုးဝါးတဲ့ အကျိုးဆက်ဖြစ်နိုင်ပါတယ်။ ပခုံးနဲ့လည်တိုင် တင်းနေခြင်းက “ဇက်ခိုင်ခြင်း ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်” ပုခုံးနဲ့လည်တိုင် အပင်ပန်းမလွန်စေဖို့ ဂရုစိုက်နိုင်ရင် အုံးလွဲခြင်း အန္တရာယ် လျော့ချနိုင်ပါတယ်။

ပုခုံးနဲ့လည်တိုင် ဖြေလျှော့တဲ့ နည်းလမ်းရှိပါတယ်။ ပထမအဆင့်မှာပုခုံးနှစ်ဘက် အပြိုင်ထားရမယ်။ (၂)ဒုတိယအဆင့်မှာ လက်နှစ်ဖက်ရှေ့ကို(သို့) နောက်ကိုဆန့်ထွက်ရမယ်။ (၃) လက်ဖဝါးနဲ့ စက်ဝိုင်းဆွဲသင့်တယ်။ (၄) စတုတ္ထအဆင့်မှာ လက်ညောင်းတဲ့အထိ လုပ်ပြီးရင်ပုခုံးကို ဖြေလျော့သင့်ပါတယ်။
အုံးလွဲနာကျင်မှုဟာ အခြားအာရုံခံစားမှုနဲ့မတူပဲ စိတ်မချမ်းမြေ့ဖွယ် မနှစ်သက်မှု၊ ရွံမုန်းမှု (unpleasant affect) နဲ့ တွဲဖက်နေတတ်တယ်။ နာကျင်မှုကို ချို     မွှေးတဲ့ ရနံ့နဲ့သက်သာမှု ရစေတယ်။ ဥပမာ – စပယ်ပန်းနံ့၊ နှင်းဆီပန်းနံ့တို့ဟာ နာကျင်မှုလျော့စေတယ်။
ပူနွေးတဲ့ရေမှာ လက်နဲ့ခြေထောက်ကို စိမ်ထားခြင်း၊ အုံးလွဲတဲ့လည်ပင်းနေရာ ရေနွေးအိတ်ကပ်ခြင်းက အုံးလွဲခြင်းကို ပိုမိုမဆိုးရွားပဲ သက်သာလာစေတယ်။ အအေးခန်းနဲ့ အအေးရှောင်ရမယ်။

တစ်ခါတစ်ရံ စိတ်ဖိစီးမှုတွေက အုံးလွဲခြင်းဖြစ်တယ်။ တစ်ပြိုင်နက် လူအများ ဖိစီးမှုဖြစ်စေခြင်း၊ ဥပမာ – မီးလောင်ခြင်း၊ ကားတိုက်ခြင်း၊ ရထားတိုက်ခြင်း၊   လေယာဉ်ပျက်ကျခြင်း၊သင်္ဘောမှောက်ခြင်းတို့မှာ ကျန်ရစ်သူတို့ စိတ်ဖိစီးမှု၊ ထိတ်လန့်မှု၊ နာကျင်မှု ဖြစ်စေတယ်။ လူတစ်ဦးချင်းနဲ့ အကျုံးဝင်တဲ့ စိတ်ဖိစီးခြင်း ဥပမာ – ရာထူးအချခံရခြင်း၊ ပြင်းထန်တဲ့ ဝေဒနာခံစားရခြင်း၊ ပစ္စည်း ဥစ္စာ ဆုံးရှုံးခြင်းမျိုး ဖြစ်တယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှု ဥပမာ – နာရီပေါင်းများစွာ အလုပ်ဆင်းရတဲ့အခါ အချိန်မလုံလောက်ခြင်း၊ နောက်ကျမှာ စိုးရိမ်ပူပန်ခြင်းတို့က အုံးလွဲခြင်း ဖြစ်နိုင်တယ်။

စိတ်ဖိစီးမှု အနည်းငယ်ရှိရင် စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အကျိုးရှိလှပေမယ့် ရေရှည်စိတ်ဖိစီးမှု ရှိနေခဲ့ရင် မကောင်းပါဘူး။ စိတ်ဖိစီးမှုက အကြောင်း     ကြောင်းကြောင့်ဖြစ်နိုင်ပါတယ်။
အလုပ်ခွင်၊ ငွေရေးကြေးရေး ပြဿနာ၊ စီးပွားရေးပြဿနာ၊ ပေါင်းသင်းဆက်ဆံရေး၊ ဆူညံသံ၊ အလုပ်နဲ့အိမ်ဝေးကွာလို့ ကား (သို့) ရထားနဲ့ အသွားအလာလုပ်ရတာ၊ သတင်းအချက်အလက် များပြားလွန်းတာ စတဲ့အကြောင်းအချက်တွေက စိတ်ဖိစီးမှု ရနိုင်ပါတယ်။ အိမ်အပြောင်းအရွှေ့၊ အလုပ် အပြောင်းအရွှေ့၊ မိသားစုဝင် တစ်ဦးဦးသေဆုံးမှု၊ စာကျက်ရမှု၊ စာမေးပွဲဖြေဆိုရမှု၊ ကျရှုံးမှုတို့ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို အကောင်းမြင်ပြီး တုန့်ပြန်သင့်တယ်။ အချို့က ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ အားအင်ကုန်ခန်းသလိုဖြစ်ကာ စိတ်ဖိစီးမှုနဲ့ ဆက်နွယ်နေတဲ့ အုံးလွဲ     ခြင်း၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ အစာခြေအင်္ဂါအဖွဲ့အစည်း မူမမှန်ခြင်း၊ ဓာတ်မတည့်ခြင်းနဲ့ အရေပြားရောဂါတွေလို ဖြစ်တတ်တယ်။ ကိုယ်   ဖြစ်ချင်တာနဲ့ ကိုယ်ဖြစ်နေတာ တစ်ခြားစီဖြစ်နေရင် ဘဝတစ်ခုလုံး စိတ်ဖိစီးမှု ခံကြရတယ်။

ရေရှည်စိတ်ဖိစီးမှုကို ကျော်လွှားဖို့ဟာ ခက်ခဲရှုပ်ထွေးပေမယ့်၊ စားသောက်မှုပုံစံကို အာရုံစိုက်ပြီး ဂရုတစိုက် စားသောက်ခြင်းက လက္ခဏာ သက်သာစေပါတယ်။ မှန်ကန်တဲ့ အစားအစာရွေးချယ် စားသောက်ရမယ်။
ပြုပြင်ဖန်တီးထားတဲ့ နှံစားသီးနှံ၊ နှံစားသီးနှံ အခြေခံထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ ထမင်းကို နေ့စဉ် ဟင်းသီးဟင်းရွက် (၅)မျိုး၊ သစ်သီးတစ်လုံးနဲ့ နေ့စဉ် စားသုံးသင့်ပါတယ်။ အသီးအရွက် များများစားရမယ်။ ဖျော်ရည်သောက်သင့်တယ်။ ရှောက်၊ သံပုရာ၊ လိမ္မော်၊ သစ်သီး၊ သဘာဝဖျော်ရည်က ပိုမို     ကောင်းမွန်ပါတယ်။
သစ်သီးတွေရဲ့ အခွံအောက်က အသားနဲ့ ခွံမှာပါတဲ့ (Flavonoid) က ဆဲလ်ပျက်စီးခြင်း ဖြစ်ပေါ်စေတဲ့ ဖရီးရယ်ဒီကယ် (Free Radical) ခေါ် အောက်စီဂျင်   မော်လီကျူးတွေကို တိုက်ဖျက်ပေးတယ်။ လက်ဖက်၊ ပန်းသီး၊ အစိမ်းရောင်ရှိ ပဲသီး၊ ဝိုင်အနီနှင့် ကြက်သွန်နီတို့ကို စားပေးသင့်တယ်။ ဖလေဗင်နွိုက်က     သွေးကြောနံရံကို သန်စွမ်းစေတဲ့အတွက် စိတ်ဖိစီးမှုကြောင့် ဖြစ်ရတဲ့ နှလုံးရောဂါကို ကာကွယ်ပေးတယ်။

ပြည့်ဝဆီအစား မပြည့်ဝဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ သံလွင်ဆီ သုံးသင့်တယ်။ ကြက်အရေခွံ၊ ဥအမျိုးမျိုး၊ အဆီပါဝင်မှု လျှော့ထားတဲ့ နို့နှင့်နို့ထွက်ပစ္စည်း၊ ပရိုတင်း ပြည့်ဝတဲ့ငါး၊ ငါးခြောက်၊ ပဲနီလေး၊ အခွံမာသီး စားသုံးသင့်တယ်။ ရေဆာရင် ရေသောက်သင့်ပြီး၊ အချိုရည်၊ ဘီယာ၊ အရက်ရှောင်ရှားသင့် တယ်။
အာဟာရတန်ဖိုး နည်းပါးတဲ့အစာ အများအပြား စားသောက်တာဟာ စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ လူနေမှုပုံစံဖြစ်စေတယ်။ သဘာဝအစာကနေ ဗီတာမင်၊ သတ္တုဓာတ်၊ ရေဓာတ်ပါအောင် စားသုံးရင် “အုံးလွဲခြင်း” ကင်းမယ်။

Author: Dr. လွင်သန့်, Healthcare Journal, vol 8,no 28 (28.7.17)

Previous Post

ဆန္ဒလွန်ကဲခြင်း

Next Post

မေ့မရတဲ့ပျားရည်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
853
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မေ့မရတဲ့ပျားရည်

မျက်နှာအရေးအကြောင်း ကင်းဝေးစေမည့် အပြုအမူများ

ကျောနာခြင်း၊ ခါးနာခြင်းအတွက် သမားရိုးကျနည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.