fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဆံပင်ဖြူခြင်း

914
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/10/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အခုခေတ် ပြောင်းလဲနေသောခေတ်နှင့် ဦးနှောက်ခြောက်သော ဖြစ်ရပ်များရဲ့ နောက်ဆက်တွဲ ပြဿနာများက ဆံပင်တွေ ဖြူလာခြင်း ဖြစ်ပါတယ်။ အရွယ်မတိုင်ခင် ဆံပင်ဖြူလာလို့ စိတ်ညစ်နေသူများက OnDoctor မှာ မေးလေ့ရှိပါတယ်။

အသက်ကြီးလာလို့ ဆံပင်ဖြူလာတာ လူတိုင်း လက်ခံကြပါတယ်။ အသက် ၃၀ နဲ့ ၂၀ အရွယ်များ ဆံပင်ဖြူလာခြင်းက လူငယ်များအတွက် အလွန်စိတ်ညစ်စရာ ပြဿနာတစ်ရပ်ပင် ဖြစ်ပါတယ်။ ဆံပင်ရဲ့အရောင် ကျွတ်၍ ဆံပင်တွေ ဖြူလာတာ ဖြစ်ပါတယ်။ ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းအတိအကျမသိရသော်လည်း ဖြစ်နိုင်သောအကြောင်းရင်းများမှာ ဆံပင်ဆဲလ်အဟောင်းများဖယ်၍ ဆံပင်ဆဲလ်အသစ်များပေါက်ခြင်းဖြင့် ဆံပင်များ ရှည်လာပါတယ်။

ဆံပင်ရှည်ရာတွင် အဆင့် ၃ ဆင့် ရှိပါတယ်။ ကြီးထွားမယ်၊ ရပ်မယ်၊ နားမယ်။ ထိုနားတဲ့ အဆင့်တွင် ဆံပင်ကျွတ်ပြီး အသစ်ပေါက်ပါတယ်။ ဆံပင်အသစ်ထွက်စဉ် အရောင် စုပ်ယူ၍ ကာလာထွက်လာပါတယ်။ အသက်အရွယ် ကြီးသောအခါ အရောင်စုပ် ယူမှု့မရှိဘဲ ကာလာ မထွက်သောကြောင့် ဆံပင်ဖြူပေါက်ခြင်း ဖြစ်ပါတယ်။

(၁) မျိုးရိုးဗီဇ

မျိုးရိုးဗီဇကြောင့် ဘယ်အသက်အရွယ်မဆို ဆံပင်ဖြူနိုင်ပါတယ်။ အချို့လူများအတွက် အသက် ၂၀ မတိုင်ခင် ဖြူတတ်ပါတယ်။ အချို့ကတော့ တဖြေးဖြေး ဖြူလာတတ်ပါတယ်။

(၂) မယ်လနင်း/Melanin ဟော်မုန်း

လိုအပ်သော အစာအာဟာရနှင့် အသားဓာတ်မရလျှင် Melanin ဟော်မုန်း မထုတ်လုပ်နိုင်ပါ။ အများစုသည် melanin ဟော်မုန်းချို့တဲ့သောကြောင့် ဆံပင်ဖြူကြပါတယ်။

(၃) ဟော်မုန်း

ဆံပင်ကာလာထွက်ရန် လိုအပ်သော ဟော်မုန်းများ မညီမျှလျှင်လည်း ဆံပင်ဖြူကြပါတယ်။

(၄) ရောဂါများ

အချို့ရောဂါများသည် ဆံပင်ကာလာ မရှိဖြစ်ခြင်းကို ဖြစ်စေပါတယ်။ ဥပမာ Vitamin b12 ချို့တဲ့ခြင်း၊ သိုင်းရွိုက်နှင့် ပစ်ကျုထရီဂလင်းများရောဂါ ဖြစ်ခြင်း

(၅) စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှု့များခြင်းက အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း အဓိက အကြောင်းရင်းဖြစ်ပါတယ်။ အရက်အလွန်အကျွံ သောက်ခြင်းကလည်း ဖြစ်စေပါတယ်။

(၆) ဓာတုဗေဒပစ္စည်းများနှင့် အခြားသောအရာများ

ဓာတုဗေဒပစ္စည်းများ ပါဝင်သော ခေါင်းလျှော်ရည်၊ ဆပ်ပြာ၊ ဆံပင်ဆိုးဆေးများကြောင့် ဆံပင်ဖြူစေပါတယ်။ ဓာတ်မတည့်မှု့ ကြောင့်လည်း ဖြစ်နိုင်တယ်။ ဆံပင်ကာလာ ခဏခဏ ပြောင်း၍ ဆံပင်သည် ရာသီဥတုဒဏ်၊ ဖုန်တို့ထိတွေ့၍ ဆံပင်ဖြူစေပါတယ်။

ဆံပင်အမြစ်မှ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အနည်းငယ် ထွက်ပါတယ်။ ထိုအရာက တဖြေးဖြေးစုလာပြီး ဆံပင်အရောင် ကျွတ်စေပါတယ်။ ထိုဓာတ်ကို ဖယ်ခြင်းဖြင့် သဘာဝအတိုင်း ဆံပင်ကာလာ ပြန်ရရှိပါလိမ့်မယ်။

ဆံပင်မဖြူအောင် ကာကွယ်နည်းများ

ဆံပင်ဖြူစေသော အကြောင်းရင်းများကို ဂရုစိုက်ခြင်းသည် ဆံပင်မဖြူအောင် ကာကွယ်နည်းပင် ဖြစ်ပါတယ်။ မျိုးရိုးဗီဇကြောင့်က ပြောင်းလဲမရပေမယ့် တခြားအရာများက ကာကွယ်လို့ရပါတယ်။

ဟော်မုန်းဖြင့်ကုသခြင်း၊ ရောဂါများကုသခြင်းနှင့် Vitamin b12 ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။

ဆံပင်ဖြူခြင်းအတွက် အိမ်တွင်းကုသနည်းများမှာ

(၁) ကုလားဆီးဖြူသီး

အခြောက်လှမ်းထားသော ကုလားဆီးဖြူသီးနှင့် အုန်းဆီဆတူပြုတ်၍ အဆီရည်ပြုလုပ်ပါ။ ထို ခေါင်းလိမ်းဆီကို ဆံပင်အမြစ်မှ အဖျားထိ လိမ်း၍ နှိပ်နယ်ပေးပါ။ ၁၅မိနစ် ဦးရေ နှိပ်နယ်ပြီး မိနစ် ၃၀ သို့မဟုတ် တစ်ညအိပ်ပါ။ နောက်နေ့တွင် ခေါင်းလျှော်ရည်အပျော့ဖြင့် လျှော်ပါ။ တစ်ပတ် ၂ ကြိမ်ပြုလုပ်ပါ။

ကုလားဆီးဖြူသီးက ပျက်ဆီးနေသော ဆံပင်များ ပြန်လည်သန်စွမ်းကာ ပါဝင်သော Vitamin c သည်အသက်အရွယ်ကြောင့် ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပါတယ်။ အမှုန့်ပြုလုပ်ကာ မက်မွန်ဆီနဲ့ တွဲလိမ်းလည်း ရပါတယ်။

(၂) ဘလက် လဘက်ရည် black tea

ဘလက်လက်ဘက်ရည်ကို အဆူခံ ပွက်လာရင် အအေးခံပြီး ဆံပင်ကိုလိမ်းပါ။ ဦးရေထိ စိမ့်ဝင်အောင်နှိပ်နယ်ပါ။ မိနစ်အနည်းငယ် အကြာ ခေါင်းလျှော်လိုက်ပါ။ တစ်ပတ် ၂-၃ ကြိမ် ပြုလုပ်လျှင် ဘလက်လက်ဘက်ရည်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဆံပင်ဖြူခြင်း ကာကွယ်ပြီး မည်းနက်စေပါတယ်။

(၃) အုန်းဆီနှင့် လိမ္မော်ရည်

လိမ္မော်ရည်နှင့် အုန်းဆီဆတူရော၍ အပူပေးကာ ထိုခပ်နွေးနွေး အဆီကို ခေါင်းမလျှော်ခင် သုတ်လိမ်းပေးပါ။ ပြီးမှ လျှော်ပါ။ တစ်ပတ်၂ ကြိမ် ပြုလုပ်ပါ။

(၄)ကြက်ဆူဆီ

ကြက်ဆူဆီကိုလည်း ခေါင်းမလျှော်ခင် လိမ်းပါက ဆံပင်သန်စွမ်းစေပါတယ်။ ဆံပင်ကာလာ ထိန်းထားနိုင်ပါတယ်။

(၅) ကြက်သွန်နီရည်

ကြက်သွန်နီရည်ကို ဦးရေပြားကို ခေါင်းမလျှော်ခင် မိနစ် ၃၀ သုတ် လိမ်းထားလျှင် ဆံပင်မကျွတ်ခြင်း၊ ဆံပင်သန်စွမ်း မည်းနက်စေပါတယ်။

(၆) ကော်ဖီနှင့် ဒန်းမှုန့်

ကော်ဖီတစ်ခွက်နှင့် ဒန်းမှုန့်ရောကာ ဦးရေပြားပေါ် သုတ်လိမ်းပေးခြင်းဖြင့် ဆံပင်ဖြူခြင်း သက်သာစေပါတယ်။ ၃ ပတ် တစ်ခါပြုလုပ်ပါ။

(၇) ခဝဲသီး

ခဝဲသီးကို အုန်းဆီထဲတွင် လေလုံအောင် ၃ ရက်စိမ်ပါ။ ၄ ရက်မြောက်နေ့တွင် အဆိုပါ အုန်းဆီကို မီးအပူပေးကာ ခေါင်းမလျှော်ခင် လိမ်းပါက ဆံပင်အမြစ်ထိ အားဖြည့်သန်စွမ်းကာ ဆံပင်အရောင်မကျွတ်ပါ။

(၈) နှမ်းနက်ဆီ

နှမ်းနက်ဆီနှင့် အုန်းဆီဆတူရော၍ ဆံပင်ကိုလိမ်းပါ။ သဘက်ဖြင့် ဆံပင်ကိုပေါင်းပါ။ ၃၀ မိနစ်အကြာခေါင်းလျှော်ပါ။ ဆံပင်အတွက်လိုအပ်သော အက်စစ်ဓာတ်ရရှိကာ Melanin ဟော်မုန်း အားကောင်းစေပါတယ်။ ပုံမှန်သုံးလျှင် ဆံပင်နက်စေပါတယ်။

အခြားသော ဆံပင်ဖြူခြင်း ကင်းဝေးစေသော နည်းလမ်းများမှာ

– vitamin b12 လုံလောက်စွာ ရရှိအောင် စားပါ။ ချို့တဲ့လျှင် သွေးအားနည်းကာ ဆံပင်ကျွတ်ခြင်းနှင့်ဆံပင်ဖြူခြင်း ဖြစ်နိုင်ပါတယ်။

– သိုင်းရွိုက်ဂလင်းတွင် ရောဂါရှိ၊ မရှိ စစ်ဆေးပါ။

– ဆေးလိပ်သောက်သုံးခြင်းသည် ကျန်းမာရေးထိခိုက်ပြီး ဆံပင်ဖြူစေပါတယ်။ ဆေးလိပ်ဖြတ်ပါ။

– ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါသော အစာအစားများ စားသုံးပါ။ ဥပမာ ဘယ်ရီသီး၊ အကြေးခွံပာသောငါး၊ အသား၊ ဥနီ၊ ဥအမျိုးမျိုး၊ ပဲ၊ နေကြာစေ့ဆံပင်ဖြူနေရာကနေ ပြန်လည်၍ အနက်ရောင် ဖြစ်ဖို့ရာက မှန်ကန်သော ရောဂါဇစ်မြစ် ရှာဖွေကုသမှု့ ပေါ် မူတည်ပါတယ်။ အသက်အရွယ်နှင့် မျိုးရိုးကြောင့်သော်လည်း အထက်ပါနည်းများသုံးလျှင် ဆံပင်မဖြူအောင် ထိန်းထားနိုင်ပါတယ်။ အဆိုပါနည်းများကို ပုံမှန်ပြုလုပ်ပေးပါက ဆံပင်ကျွတ်ခြင်းနှင့် ဖြူခြင်းကို ထိရောက်စွာ ကာကွယ်ပေးပါလိမ့်မယ်။

Author : Dr. ပြည့်ရှင်း

Previous Post

ရေဖျဉ်း

Next Post

မျက်နှာသွယ်လျ လှပစေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
545
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
802

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျက်နှာသွယ်လျ လှပစေဖို့

အမေးများတဲ့ရေအိတ်

ရာသီမလာခင် ကိုက်ခဲနာကျင်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.