fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အသားအရေ ထိခိုက်ပျက်စီးလွယ်သူတွေ သတိထားဖို့

50
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/09/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

( Zawgyi )

မ်က္ႏွာအသားအေရဆိုတာ ပင္ကိုယ္က ႏုဖတ္တဲ့ သဘာဝရွိတာေၾကာင့္ ထိန္းသိမ္းတတ္မွ ေတာ္ကာက်ပါလိမ့္မယ္။ ခုေခတ္မွာ အလွျပင္ပစၥည္းေတြ၊ အသားအေရထိန္းသိမ္းတဲ့ ပစၥည္းေတြဆိုတာ အမ်ိဳးေပါင္း စုံလင္လြန္းတာေၾကာင့္ ဟိုဟာေကာင္းႏိုး ဒီဟာေကာင္းႏိုးနဲ႔ ထြက္သမွ်သုံးေနလို႔ အဆင္မေျပလွပါဘူး။ ဒါ့ျပင္ အသားအေရထိခိုက္လြယ္တဲ့ အေရျပားပိုင္ရွင္ေတြဆို ပိုလို႔ဂ႐ုစိုက္ရပါလိမ့္မယ္။ ဘာေတြ သုံးသင့္ၿပီး ဘာေတြေရွာင္ရမယ္ဆိုတာ ေလ့လာၾကည့္ရေအာင္။Moisturizerအသားအေရကို အစိုဓာတ္ေလးနဲ႔ ထိန္းသိမ္းဖို႔ဆိုတာ ဘယ္လိုအသားအေရမ်ိဳးမွာပဲျဖစ္ျဖစ္ လိုကိုလိုအပ္ပါတယ္။ မ်က္ႏွာသစ္ၿပီးတိုင္း အစိုဓာတ္ခံလိမ္းေဆး သုံးေပးရမယ္ဆိုတဲ့အခ်က္ကို ေမ့ေလ်ာ့ေနတတ္ပါတယ္။

ဒါဟာ အေရးမပါလွဘူးလို႔ ထင္ရေပမယ့္ ႏွစ္ေတြၾကာလာတဲ့အခါ သိသာထင္ရွားလာပါလိမ့္မယ္။ ေလေအးေပးစက္ တပ္ဆင္ထားတဲ့ အခန္းထဲမွာ အလုပ္လုပ္သူေရာ ေနပူထဲ သြားေနရသူအတြက္ပါ အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ပဲျဖစ္ပါတယ္။ Moisturizer က မ်က္ႏွာအသားအေရကို ေခ်ာ့ေမြ႕ၾကည္လင္ေစၿပီး အေရျပားကို ႏုပ်ိဳေစတဲ့အက်ိဳးေတြကိုေပးပါတယ္။ အေရျပားဟာ သူနဲ႔ေတြ႕ရင္ ေပ်ာ့ေပ်ာင္းသြားပါတယ္။ Moisturizer မွာ ဗီတာမင္စီႏွင့္ အီးတို႔ ပါဝင္ပါတယ္။

အခ်ိဳ႕တံဆိပ္ေတြမွာေတာ့ အဆိပ္ေတြကို ေျဖထုတ္ေပးတဲ့ antioxidant ေတြ ပါဝင္တာကို ေတြ႕ရမွာပါ။ ဘယ္လိုအသုံးျပဳရမလဲဆိုေတာ့ မ်က္ႏွာကို ေဆးေၾကာသန႔္စင္ၿပီးလို႔ ေျခာက္ေသြ႕ေအာင္ သုတ္ၿပီးၿပီဆိုရင္ Moisturizer လိမ္းေဆးခရင္ကို ပါးပါးေလးပြတ္ေပးရပါမယ္။Sun Screenေနကာခရင္မ္လို႔ေခၚတဲ့ SPF(Sun Protection Factor) ပါတဲ့ Sun Screen တို႔ဟာ အမ်ိဳးသမီးေတြအတြက္သာမက အမ်ိဳးသားေတြအတြက္လည္း လိုအပ္ပါတယ္။ ပုံမွန္လိမ္းေပးျခင္းအားျဖင့္ အေရျပားေပၚမွာ အျပစ္အနာအဆာေတြ မျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။ ဒါဟာ မ်က္ႏွာကို အ႐ုပ္ဆိုးေစတဲ့ အညိဳေရာင္နဲ႔ အနက္ေရာင္ အစက္အေပ်ာက္ေတြျဖစ္ျခင္းက ကာကြယ္ေပးပါတယ္။

အသုံးျပဳပုံကေတာ့ အျပင္မသြားခင္ မိနစ္ ၂၀ အလိုမွာ ေနေရာင္ကာခရင္မ္ကို လိမ္းေပးရပါမယ္။ Foundation Make Upေအာက္ခံမိတ္ကပ္က အရည္နဲ႔ အခဲဆိုၿပီးလာရာမွာ ထိခိုက္လြယ္တဲ့ အသားအေရပိုင္ရွင္ေတြ အတြက္ကေတာ့ ဆီလီကြန္ အေျခခံျပဳလုပ္ထားတဲ့ မိတ္ကပ္အခဲကို သုံးသင့္ပါတယ္။ Foundation Make Up တင္မကပါဘူး မ်က္ေတာင္ေကာ့ေဆးတို႔၊ အိုင္းလိုင္နာတို႔ကိုလည္း အရည္ပုံစံပစၥည္းေတြကို ေရွာင္သင့္တယ္လို႔ အေရျပားပညာရွင္ေတြက အႀကံျပဳထားပါတယ္။ Water proof eyeliner အစား ခဲတံေလးကို အသုံးျပဳၿပီး ဆြဲေပးတာ သင့္အတြက္ ဆိုးက်ိဳးကို နည္းသြားေစမွာပါ။

Mask မ်က္ႏွာျပင္ရဲ႕ ေသဆုံးသြားတဲ့ အေရျပားဆဲလ္ေတြေနရာမွာ ဆဲလ္အသစ္ေတြ အစားထိုးဝင္ေရာက္ဖို႔အတြက္ မ်က္ႏွာေပါင္းတင္ျခင္း (Face Mask) ကို ျပဳလုပ္ေပးရပါမယ္။ ဒါ့ျပင္ေပါင္းတင္ျခင္းျဖင့္ မ်က္ႏွာမွာ ေခြၽးေပါက္ေတြပိတ္ၿပီး အဖုအပိန႔္ေတြ ထြက္ေပၚလာျခင္းကို ကာကြယ္ေပးပါတယ္။ အသားအေရေပၚမူတည္ၿပီးေတာ့ အသုံးျပဳရမယ့္ Mask မတူၾကပါဘူး။ အဆီျပန္တဲ့သူေတြအတြက္ ဆီလီစီလစ္အက္ဆစ္ပါတာကို သုံးသင့္ၿပီး၊ ပုံမွန္အသားအေရအတြက္ ေစးပ်စ္တဲ့ဓာတ္ ပါဝင္မႈနည္းတာကို သုံးပါ။ တစ္လကို အနည္းဆုံးႏွစ္ႀကိမ္ေတာ့ ျပဳလုပ္ေပးပါ။ တစ္ပတ္တစ္ႀကိမ္ထက္ မပိုမိပါေစနဲ႔။

Color သင့္မ်က္ႏွာမွာ မ်က္ခြံေတြေပၚမွာ ျခယ္သမယ့္အေရာင္ေတြကို ဘယ္လိုအေရာင္ေ႐ြးခ်ယ္မလဲ။ အေရာင္ေတြအေပၚ မူတည္ၿပီး ဓာတ္မတည့္မႈေတြ ျဖစ္တတ္တယ္ဆိုတာ သိပါရဲ႕လား။ ဝါ၊ စိမ္း၊ နီ၊ ျပာစတဲ့ အေရာင္ေတာက္ေတာက္ေတြဟာ အသားအေရကို ထိခိုက္ေစပါတယ္။ အျပာရင့္၊ အစိမ္းရင့္ေတြ သုံးမယ့္အစား မီးခိုးတို႔ အနက္တို႔ကိုသာ သုံးလိုက္ပါ။ ဘာလို႔ဆိုရင္ ဓာတ္မတည့္ျဖစ္မႈဟာ မီးခိုးနဲ႔အနက္တို႔မွာ ျဖစ္ပြားမႈနည္းတာကို ေတြ႕ရလို႔ပါ။

အလွကုန္ေတြကို သိမ္းဆည္းရာမွာ အေကာင္းဆုံးကေတာ့ ေရခဲေသတၱာေတြထဲမွာ သိမ္းတာပါပဲ။ ေနေရာင္ထိေတြ႕တာပဲျဖစ္ျဖစ္၊ ပူလို႔ေျခာက္ေသြ႕တာပဲျဖစ္ျဖစ္ အလွကုန္ေတြ ပ်က္စီးႏိုင္ပါတယ္။ ေရခဲေသတၱာထဲမွာ မသိမ္းခ်င္ရင္လည္း ေနေရာင္ျခည္မေတြ႕ႏိုင္တဲ့ ေအးျမတဲ့ေနရာမွာထားပါ။ ႁခြင္းခ်က္အေနနဲ႔ မ်က္စိအတြက္ အသုံးျပဳတဲ့ အလွကုန္ေတြေတာ့ မလိုပါဘူး။ အလွကုန္ပစၥည္းေတြဟာ ဖြင့္ေဖာက္ၿပီး ၁ ႏွစ္ ၂ ႏွစ္အတြင္း ကုန္ေအာင္သုံးသင့္ပါတယ္။ ၂ ႏွစ္ေက်ာ္သြားရင္ေတာ့ လႊင့္သာပစ္လိုက္ပါေတာ့။ မိတ္ကပ္အရည္ဆိုရင္ ၁ ႏွစ္ေလာက္သာ ထားသင့္ပါတယ္။ အလွကုန္ေတြ ေဈးေလ်ာ့ၿပီး ေရာင္းတတ္တာကို သတိျပဳပါ။ ပုံမွန္ထက္ ေဈးေလ်ာ့ၿပီဆိုရင္ ဓာတ္မတည့္မႈ ျဖစ္လြယ္ပါတယ္။

အခ်ဳပ္အားျဖင့္ မိမိသုံးစြဲမယ့္ အလွကုန္၊ အေရျပားထိန္းသိမ္းပစၥည္းေတြမွာ ေပါင္းစပ္ပါဝင္တဲ့ ေဖာ္ျမဴလာေတြကို သတိထားၿပီးၾကည့္ပါ။ ဒီနည္းလမ္းေတြလိုက္နာက်င့္သုံးၿပီး အေရျပားထိခိုက္မႈ မရွိေအာင္ ထိန္းသိမ္းၾကပါစို႔။ ။

Author: ညီညီေက်ာ္, Healthcare Journal, vol 8,no 31 ( 18.8.17)

(Unicode)

မျက်နှာအသားအရေဆိုတာ ပင်ကိုယ်က နုဖတ်တဲ့ သဘာဝရှိတာကြောင့် ထိန်းသိမ်းတတ်မှ တော်ကာကျပါလိမ့်မယ်။ ခုခေတ်မှာ အလှပြင်ပစ္စည်းတွေ၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေဆိုတာ အမျိုးပေါင်း စုံလင်လွန်းတာကြောင့် ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုးနဲ့ ထွက်သမျှသုံးနေလို့ အဆင်မပြေလှပါဘူး။ ဒါ့ပြင် အသားအရေထိခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်တွေဆို ပိုလို့ဂရုစိုက်ရပါလိမ့်မယ်။ ဘာတွေ သုံးသင့်ပြီး ဘာတွေရှောင်ရမယ်ဆိုတာ လေ့လာကြည့်ရအောင်။Moisturizerအသားအရေကို အစိုဓာတ်လေးနဲ့ ထိန်းသိမ်းဖို့ဆိုတာ ဘယ်လိုအသားအရေမျိုးမှာပဲဖြစ်ဖြစ် လိုကိုလိုအပ်ပါတယ်။ မျက်နှာသစ်ပြီးတိုင်း အစိုဓာတ်ခံလိမ်းဆေး သုံးပေးရမယ်ဆိုတဲ့အချက်ကို မေ့လျော့နေတတ်ပါတယ်။

ဒါဟာ အရေးမပါလှဘူးလို့ ထင်ရပေမယ့် နှစ်တွေကြာလာတဲ့အခါ သိသာထင်ရှားလာပါလိမ့်မယ်။ လေအေးပေးစက် တပ်ဆင်ထားတဲ့ အခန်းထဲမှာ အလုပ်လုပ်သူရော နေပူထဲ သွားနေရသူအတွက်ပါ အရေးကြီးတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ Moisturizer က မျက်နှာအသားအရေကို ချော့မွေ့ကြည်လင်စေပြီး အရေပြားကို နုပျိုစေတဲ့အကျိုးတွေကိုပေးပါတယ်။ အရေပြားဟာ သူနဲ့တွေ့ရင် ပျော့ပျောင်းသွားပါတယ်။ Moisturizer မှာ ဗီတာမင်စီနှင့် အီးတို့ ပါဝင်ပါတယ်။

အချို့တံဆိပ်တွေမှာတော့ အဆိပ်တွေကို ဖြေထုတ်ပေးတဲ့ antioxidant တွေ ပါဝင်တာကို တွေ့ရမှာပါ။ ဘယ်လိုအသုံးပြုရမလဲဆိုတော့ မျက်နှာကို ဆေးကြောသန့်စင်ပြီးလို့ ခြောက်သွေ့အောင် သုတ်ပြီးပြီဆိုရင် Moisturizer လိမ်းဆေးခရင်ကို ပါးပါးလေးပွတ်ပေးရပါမယ်။Sun Screenနေကာခရင်မ်လို့ခေါ်တဲ့ SPF(Sun Protection Factor) ပါတဲ့ Sun Screen တို့ဟာ အမျိုးသမီးတွေအတွက်သာမက အမျိုးသားတွေအတွက်လည်း လိုအပ်ပါတယ်။ ပုံမှန်လိမ်းပေးခြင်းအားဖြင့် အရေပြားပေါ်မှာ အပြစ်အနာအဆာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါဟာ မျက်နှာကို အရုပ်ဆိုးစေတဲ့ အညိုရောင်နဲ့ အနက်ရောင် အစက်အပျောက်တွေဖြစ်ခြင်းက ကာကွယ်ပေးပါတယ်။

အသုံးပြုပုံကတော့ အပြင်မသွားခင် မိနစ် ၂၀ အလိုမှာ နေရောင်ကာခရင်မ်ကို လိမ်းပေးရပါမယ်။ Foundation Make Upအောက်ခံမိတ်ကပ်က အရည်နဲ့ အခဲဆိုပြီးလာရာမှာ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေ အတွက်ကတော့ ဆီလီကွန် အခြေခံပြုလုပ်ထားတဲ့ မိတ်ကပ်အခဲကို သုံးသင့်ပါတယ်။ Foundation Make Up တင်မကပါဘူး မျက်တောင်ကော့ဆေးတို့၊ အိုင်းလိုင်နာတို့ကိုလည်း အရည်ပုံစံပစ္စည်းတွေကို ရှောင်သင့်တယ်လို့ အရေပြားပညာရှင်တွေက အကြံပြုထားပါတယ်။ Water proof eyeliner အစား ခဲတံလေးကို အသုံးပြုပြီး ဆွဲပေးတာ သင့်အတွက် ဆိုးကျိုးကို နည်းသွားစေမှာပါ။

Mask မျက်နှာပြင်ရဲ့ သေဆုံးသွားတဲ့ အရေပြားဆဲလ်တွေနေရာမှာ ဆဲလ်အသစ်တွေ အစားထိုးဝင်ရောက်ဖို့အတွက် မျက်နှာပေါင်းတင်ခြင်း (Face Mask) ကို ပြုလုပ်ပေးရပါမယ်။ ဒါ့ပြင်ပေါင်းတင်ခြင်းဖြင့် မျက်နှာမှာ ချွေးပေါက်တွေပိတ်ပြီး အဖုအပိန့်တွေ ထွက်ပေါ်လာခြင်းကို ကာကွယ်ပေးပါတယ်။ အသားအရေပေါ်မူတည်ပြီးတော့ အသုံးပြုရမယ့် Mask မတူကြပါဘူး။ အဆီပြန်တဲ့သူတွေအတွက် ဆီလီစီလစ်အက်ဆစ်ပါတာကို သုံးသင့်ပြီး၊ ပုံမှန်အသားအရေအတွက် စေးပျစ်တဲ့ဓာတ် ပါဝင်မှုနည်းတာကို သုံးပါ။ တစ်လကို အနည်းဆုံးနှစ်ကြိမ်တော့ ပြုလုပ်ပေးပါ။ တစ်ပတ်တစ်ကြိမ်ထက် မပိုမိပါစေနဲ့။

Color သင့်မျက်နှာမှာ မျက်ခွံတွေပေါ်မှာ ခြယ်သမယ့်အရောင်တွေကို ဘယ်လိုအရောင်ရွေးချယ်မလဲ။ အရောင်တွေအပေါ် မူတည်ပြီး ဓာတ်မတည့်မှုတွေ ဖြစ်တတ်တယ်ဆိုတာ သိပါရဲ့လား။ ဝါ၊ စိမ်း၊ နီ၊ ပြာစတဲ့ အရောင်တောက်တောက်တွေဟာ အသားအရေကို ထိခိုက်စေပါတယ်။ အပြာရင့်၊ အစိမ်းရင့်တွေ သုံးမယ့်အစား မီးခိုးတို့ အနက်တို့ကိုသာ သုံးလိုက်ပါ။ ဘာလို့ဆိုရင် ဓာတ်မတည့်ဖြစ်မှုဟာ မီးခိုးနဲ့အနက်တို့မှာ ဖြစ်ပွားမှုနည်းတာကို တွေ့ရလို့ပါ။

အလှကုန်တွေကို သိမ်းဆည်းရာမှာ အကောင်းဆုံးကတော့ ရေခဲသေတ္တာတွေထဲမှာ သိမ်းတာပါပဲ။ နေရောင်ထိတွေ့တာပဲဖြစ်ဖြစ်၊ ပူလို့ခြောက်သွေ့တာပဲဖြစ်ဖြစ် အလှကုန်တွေ ပျက်စီးနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာ မသိမ်းချင်ရင်လည်း နေရောင်ခြည်မတွေ့နိုင်တဲ့ အေးမြတဲ့နေရာမှာထားပါ။ ခြွင်းချက်အနေနဲ့ မျက်စိအတွက် အသုံးပြုတဲ့ အလှကုန်တွေတော့ မလိုပါဘူး။ အလှကုန်ပစ္စည်းတွေဟာ ဖွင့်ဖောက်ပြီး ၁ နှစ် ၂ နှစ်အတွင်း ကုန်အောင်သုံးသင့်ပါတယ်။ ၂ နှစ်ကျော်သွားရင်တော့ လွှင့်သာပစ်လိုက်ပါတော့။ မိတ်ကပ်အရည်ဆိုရင် ၁ နှစ်လောက်သာ ထားသင့်ပါတယ်။ အလှကုန်တွေ ဈေးလျော့ပြီး ရောင်းတတ်တာကို သတိပြုပါ။ ပုံမှန်ထက် ဈေးလျော့ပြီဆိုရင် ဓာတ်မတည့်မှု ဖြစ်လွယ်ပါတယ်။

အချုပ်အားဖြင့် မိမိသုံးစွဲမယ့် အလှကုန်၊ အရေပြားထိန်းသိမ်းပစ္စည်းတွေမှာ ပေါင်းစပ်ပါဝင်တဲ့ ဖော်မြူလာတွေကို သတိထားပြီးကြည့်ပါ။ ဒီနည်းလမ်းတွေလိုက်နာကျင့်သုံးပြီး အရေပြားထိခိုက်မှု မရှိအောင် ထိန်းသိမ်းကြပါစို့။ ။

Author: ညီညီကျော်, Healthcare Journal, vol 8,no 31 ( 18.8.17)

Previous Post

ဆီးကပြောသောရောဂါများ

Next Post

အရပ်ရှည်စေလိုလျှင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
545
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
801

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရပ်ရှည်စေလိုလျှင်

ရေယုန် မကြာခဏပေါက်တဲ့ အကြောင်းရင်း

စိတ်ဓာတ်ကျခြင်းနဲ့ အစားအသောက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.