ကျောကုန်းပေါ်မှာပေါက်တဲ့ ဝက်ခြံ
ဝက်ခြံများက မျက်နှာမှာပေါက်ရင် စိတ်ညစ်သလို ကျောကုံးမှာ ပေါက်ရင်လည်း စိတ်ဒုက္ခများလှပါတယ်။ အခုလို ပခုံးပျောက်အကျႌ အလှများ ဝတ်ဆင်တဲ့ခေတ်မှာ အကျည်းတန်စေပါတယ်။ ကျွန်ပ်တို့ရဲ့ ကျောဘက်နှင့် ပခုံးအနီးတဝိုက်မှာ အနီရောင်အဖု သေးသေးလေးတွေ ပေါက်တတ်ကြပါတယ်။ ထိုအဖုလေးတွေက ဝက်ခြံနဲ့ဆင်တူလို့ ကျောဝက်ခြံလို့ခေါ်ပါတယ်။ ဝက်ခြံလိုပဲ အမဲထိပ်ရှိပြီး အထဲမှာအရည်ရှိတတ်တယ်။ တစ်ခါတစ်ရံ အရမ်းနာပြီး အဆီစုရာမှ ပြည်ဖု ဖြစ်သွားတတ်တယ်။ ကျောဝက်ခြံသည် လူပျို အပျိုဖြစ်ချိန်တွေ အဆီဂလင်းများစုကာ အမွှေးပေါက်ပိတ်၍ ဖြစ်လာခြင်းဖြစ်ပါတယ်။ ထိုမှတဆင့် ဘတ်တီးရီယားပိုးများဝင်ကာ နီရဲလာပါတယ်။
ကျောဝက်ခြံဘာလို့ပေါက်တာလဲ??
အဆီဂလင်းများက sebumလို့ခေါ်တဲ့ အရေပြား ချောမွေ့စေသော အဆီထုတ်ပေးပါတယ်။ နွေရာသီ ၊ဆောင်းရာသီအလိုက် အရေပြားပြောင်းလဲ၍ အဆီထုတ်ခြင်းသည်လည်း များလိုက် နည်းလိုက်ဖြစ်တတ်တယ်။ ထိုအခါ ကျောဝက်ခြံများ ပေါက်လာပါတယ်။ ချွေးထွက်များခြင်းသည်လည်း ကျောဝက်ခြံကို ပိုမိုဆိုးရွားစေပါတယ်။
ကျောဝက်ခြံပျောက်စေသောနည်းလမ်းများမှာ
-(၁)ကျောကုန်းကို ညင်သာစွာ တိုက်ခြင်းဖြင့် ကျောကုန်းချေးချွတ်ပါ။ ဆားသို့မဟုတ် သကြားကို သံလွင်ဆီ သို့မဟုတ် နို့ဖြင့်ရောစပ်ကာ ဖော့ဖြင့် ကျောကိုတိုက် ချေးချွတ်ပါ။ ကြမ်းတမ်းစွာ ဖိတိုက်လျှင်လည်း အရေပြားယားယံပြီး အဆင်းကြောင်းနှင့် အမာရွတ်ကျန်တတ်ပါတယ်။
(၂)နွေရာသီတွင် လေဝင်လေထွက်ကောင်းမွန်သော သက်တောင့်သက်သာဖြစ်စေသော ချွေးထွက်နည်းသော အဝတ်အစားများ ရွေးဝတ်ပါ။ နွေရာသီမှာ ချည်ထည် အဝတ်အစားဝတ်ပါ။ ဆောင်းရာသီတွင် သိုးမွှေးအနု ဝတ်ပါ။ အဝတ်အစား ကျပ်ကျပ်ဝတ်ခြင်းက ကျောဝက်ခြံ ပေါက်စေပါတယ်။ နိုင်လွန်နှင့်မတူပဲ ချည်ထည်များက အရေပြားအတွက် အထူးကောင်းပါတယ်။
(၃)လေ့ကျင့်ခန်းလုပ်ပြီး အချိန်နှင့် ချွေးထွက်များသော အလုပ်လုပ်ပြီးစ အချိန်များတွင် အကျႌချက်ချင်း လဲလှယ်ဝတ်ဆင်ပါ။ ကြက်သီးနွေးရေ ဖြင့် ရေချိုးပါက ချွေးထွက်တာ သက်သာပြီး ကျောဝက်ခြံ ဖြစ်စေသော ပိုးများသေစေနိုင်ပါတယ်။ ချောင်ချိသက်တောင့်သက်သာ အဝတ်အစား ဝတ်ဖိုမမေ့ပါနဲ့။
(၄)အရေပြားအတွက် အသားလှဆီ ၊နွားနို့နှင့် စိုပြေသောခရမ်များဖြင့် ပြုလုပ်ထားသော ပိုးမွှားသေစေနိုင်သော ဆပ်ပြာနှင့်တိုက်ပါ။ ရေချိုးပါ။ ကြမ်းတမ်းသော ဆပ်ပြာများဖြင့်တိုက်လျှင် သဘာဝအဆီများဖယ်ရှားပြီး အရေပြား ခြောက်သွေ့ ကြမ်းတမ်းစေပါတယ်။
(၅)အဝတ်အစားများ လျှော်ဖွတ်ရာတွင် ပိုးသေစေနိုင်သော ဆပ်ပြာမှုန့်ဖြင့် သေချာစွာ လျှော်ဖွတ် နေလှန်းပါ။
(၆)သင့်တင့်မျှတသော အစားအစာများ ရွေးချယ်စားသုံးပါ။ သစ်သီးဖျော်ရည်နှင့် အစိမ်းရောင်ရှိသောအသီးအရွက်များ စားသုံးပါ။ အစိမ်းရောင်ရှိသော အသီးအရွက်များက မလိုလားအပ်သော အဆီများကို လျော့ချပေးပါတယ်။
(၇)သဘာဝပစ္စည်းများဖြင့် ထုတ်လုပ်သော ပစ္စည်းများဖြင့်သာ ကျောဝက်ခြံပျောက်ရန် အသုံးပြုပါ။
(၈)ကျောဝက်ခြံ များပြားစွာပေါက်လျှင် အရေပြားဆရာရဲ့ အကြံဉာဏ်ရယူပါ။
(၉)လဘက်ဆီသည် ကျောဝက်ခြံကုသရာတွင် အလွန်အသုံးတည့်ပါတယ်။
(၁၀)ရှားစောင်းလက်ပတ်သည် ကျောဝက်ခြံ နီရဲ ရောင်ရမ်းခြင်းကို သက်သာပျောက်ကင်းစေပါတယ်။
(၁၁)မိမိအသုံးအဆောင် အိပ်ရာခင်း ခေါင်းအုံး မွေ့ယာများ မကြာခဏလဲလှယ်ပေးပါ။
Author : Dr. ပြည့်ရှင်း
–