(Zawgyi)
ခႏၶာကိုယ္က်န္းမာဖို႔အျပင္ သြယ္လ်လွပခ်င္တာ ပ်ိဳေမတိုင္းပါပဲ။ အခ်ိန္နဲ႔အမွ် အလုပ္၊ ေက်ာင္း၊ သင္ခန္းစာစတာေတြနဲ႔ လုံးပမ္းေနရသူေတြအဖို႔ အားကစားခန္းမသြားၿပီး အခ်ိန္ယူ၊ ေလ့က်င့္ခန္းယူဖို႔ဆိုတာ ေတာ္ေတာ္မလြယ္တဲ့ကိစၥပါ။
တကယ္ေတာ့ အလြယ္ဆုံးနဲ႔ ငယ္ငယ္ကတည္းက ကစားတဲ့ ႀကိဳးခုန္ျခင္းေလ့က်င့္ခန္းကို ေမ့ေနၾကတာပါ။အိမ္မွာပဲျဖစ္ျဖစ္၊ ခရီးသြားလို႔ပဲျဖစ္ျဖစ္၊ ဘယ္ေနရာေရာက္ေနေန ႀကိဳးခုန္ေလ့က်င့္ခန္းကို ျပဳလုပ္ႏိုင္ၿပီး ခႏၶာကိုယ္အတြက္ အလြန္အက်ိဳးမ်ားတဲ့ ေလ့က်င့္ခန္းပါပဲ။ႀကိဳးခုန္ကစားနည္းဟာ ခႏၶာကိုယ္အေလးခ်ိန္ကို က်ဆင္းေစတဲ့အျပင္ အ႐ိုးမ်ားကိုလည္ သန္မာေစပါတယ္။ လက္ေကာက္ဝတ္နဲ႔ဒူးမ်ား သန္မာေစတဲ့အျပင္ အခ်က္မွန္မွန္ခုန္ေနရလို႔ ခႏၶာကိုယ္အထက္ပိုင္းကိုလည္း က်န္းမာေစပါတယ္။ ခႏၶာေအာက္ပိုင္းကို ေပါ့ပါးေစၿပီး ဟန္ခ်က္ညီေအာင္ ခုန္ရတဲ့အတြက္ ေျခေထာက္မၿမဲသူေတြပါ ေျခေထာက္ၿမဲလာေစပါတယ္။ အလြန္အလုပ္မ်ားလို႔ အခ်ိန္မေပးႏိုင္ရင္ေတာင္ တစ္ေန႔ကို အနည္းဆုံး ငါးမိနစ္ေလာက္ ႀကိဳးခုန္ျခင္းျဖင့္ အ႐ိုးနဲ႔ ပတ္သက္တဲ့ေရာဂါေတြကို ကာကြယ္ၿပီးသား ျဖစ္မွာပါ။
ႀကိဳးခုန္ျခင္းေၾကာင့္ ႏွလုံးႂကြက္သားေတြ သန္မာေစၿပီး အေမာခံႏိုင္ကာ ပင္ပန္းတဲ့အလုပ္ေတြကို လုပ္ႏိုင္လာၿပီး စိတ္ဖိစီးမႈကို ခံႏိုင္စြမ္းျမင့္တတ္လာပါတယ္။ အသက္ရွဴလမ္းေၾကာင္းကိုလည္း ပိုမိုေကာင္းမြန္လာေစပါတယ္။ တစ္ေန႔လွ်င္ ၁၀ မိနစ္မွ မိနစ္ ၂၀ အထိ တစ္ပတ္လွ်င္ အနည္းဆုံး ၅ ရက္ႀကိဳးခုန္ေပးရင္ ႏွလုံးခုန္ႏႈန္းမ်ား က်ဆင္းေစကာ ႏွလုံးသန္မာေစပါတယ္။ ႏွလုံးေရာဂါရွိသူမ်ားပင္ ႀကိဳးခုန္ျခင္းကို အားကစားတစ္ရပ္အေနျဖင့္ အနည္းငယ္အခ်ိန္ေပးကာ ျပဳလုပ္သင့္ပါတယ္။ တစ္ေန႔လွ်င္ ၁၀ မိနစ္ႀကိဳးခုန္ျခင္းဟာ မိနစ္ ၃၀ ေျပးျခင္းက ရရွိတဲ့ ႏွလုံးေသြးေၾကာဆိုင္ရာ အက်ိဳးသက္ေရာက္မႈနဲ႔ အတူတူပင္ျဖစ္ပါတယ္။
ႀကိဳးခုန္လို႔ ထြက္လာတဲ့ ေခြၽးေတြဟာ ပိုးသတ္ေဆးလို ျဖစ္ေစပါတယ္။ ထြက္လာတဲ့ ေခြၽးဂလင္းေတြဟာ ခႏၶာကိုယ္က ဓာတုပစၥည္းနဲ႔ ကိုယ္တြင္းက အႏၲရာယ္ျဖစ္ေစတဲ့ အညစ္အေၾကးေတြကို ဖယ္ရွားရွင္းလင္းေပးပါတယ္။ ထိခိုက္ဒဏ္ရာေတြကို ေပ်ာက္ကင္းေစပါတယ္။ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ေခ်ဖ်က္ေဆးေၾကာေပးတဲ့အျပင္ ေက်ာက္ကပ္ေက်ာက္တည္ျခင္းကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။
လုပ္ငန္းခြင္မွာ ပင္ပန္းႏြမ္းနယ္သူ၊ ေန႔ခင္းဘက္ေတြမွာ ေလးလံထိုင္းမႈိင္းေနသူေတြ ႀကိဳးခုန္သင့္ပါတယ္။ တစ္ေန႔ကို ၅ မိနစ္ေလာက္ ႀကိဳးခုန္ေပးျခင္းဟာ တစ္လကို အလုပ္လုပ္ႏိုင္တဲ့ စြမ္းေဆာင္ရည္ေတြ ၂၅ ရာခိုင္ႏႈန္းေလာက္ ပိုမိုတိုးတက္လာႏိုင္ပါတယ္။
ဝတဲ့သူေတြ၊ ဝိတ္က်ခ်င္သူေတြ တစ္ေန႔ကို နာရီဝက္ေလာက္ ႀကိဳးခုန္ေပးရင္ ဝိတ္က်ေစၿပီး ပိုေနတဲ့အဆီေတြ ေလ်ာ့က်ကာ ေပါ့ပါးသြက္လက္လာေစပါတယ္။
ေငြမကုန္ဘဲ အိမ္မွာပင္ျပဳလုပ္ႏိုင္တဲ့ ဒီႀကိဳးခုန္ေလ့က်င့္ခန္းဟာ က်န္းမာေရးကို မ်ားစြာအက်ိဳးျပဳတဲ့အတြက္ ခႏၶာကိုယ္သြယ္လ်ကာ သန္စြမ္းျဖတ္လတ္ဖို႔ တစ္ေန႔ ၁၅ မိနစ္၊ မိနစ္ ၂၀ေလာက္ ကစားၿပီး လွပက်န္းမာတဲ့ ခႏၶာကိုယ္ကို ရယူၾကပါစို႔။ ။Author: ေ႐ႊနန္းစံ, Healthcare Journal, vol 8,no 31 (18.8.17)
(Unicode)
ခန္ဓာကိုယ်ကျန်းမာဖို့အပြင် သွယ်လျလှပချင်တာ ပျိုမေတိုင်းပါပဲ။ အချိန်နဲ့အမျှ အလုပ်၊ ကျောင်း၊ သင်ခန်းစာစတာတွေနဲ့ လုံးပမ်းနေရသူတွေအဖို့ အားကစားခန်းမသွားပြီး အချိန်ယူ၊ လေ့ကျင့်ခန်းယူဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။
တကယ်တော့ အလွယ်ဆုံးနဲ့ ငယ်ငယ်ကတည်းက ကစားတဲ့ ကြိုးခုန်ခြင်းလေ့ကျင့်ခန်းကို မေ့နေကြတာပါ။အိမ်မှာပဲဖြစ်ဖြစ်၊ ခရီးသွားလို့ပဲဖြစ်ဖြစ်၊ ဘယ်နေရာရောက်နေနေ ကြိုးခုန်လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပြီး ခန္ဓာကိုယ်အတွက် အလွန်အကျိုးများတဲ့ လေ့ကျင့်ခန်းပါပဲ။
ကြိုးခုန်ကစားနည်းဟာ ခန္ဓာကိုယ်အလေးချိန်ကို ကျဆင်းစေတဲ့အပြင် အရိုးများကိုလည် သန်မာစေပါတယ်။ လက်ကောက်ဝတ်နဲ့ဒူးများ သန်မာစေတဲ့အပြင် အချက်မှန်မှန်ခုန်နေရလို့ ခန္ဓာကိုယ်အထက်ပိုင်းကိုလည်း ကျန်းမာစေပါတယ်။ ခန္ဓာအောက်ပိုင်းကို ပေါ့ပါးစေပြီး ဟန်ချက်ညီအောင် ခုန်ရတဲ့အတွက် ခြေထောက်မမြဲသူတွေပါ ခြေထောက်မြဲလာစေပါတယ်။ အလွန်အလုပ်များလို့ အချိန်မပေးနိုင်ရင်တောင် တစ်နေ့ကို အနည်းဆုံး ငါးမိနစ်လောက် ကြိုးခုန်ခြင်းဖြင့် အရိုးနဲ့ ပတ်သက်တဲ့ရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်မှာပါ။
ကြိုးခုန်ခြင်းကြောင့် နှလုံးကြွက်သားတွေ သန်မာစေပြီး အမောခံနိုင်ကာ ပင်ပန်းတဲ့အလုပ်တွေကို လုပ်နိုင်လာပြီး စိတ်ဖိစီးမှုကို ခံနိုင်စွမ်းမြင့်တတ်လာပါတယ်။ အသက်ရှူလမ်းကြောင်းကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။ တစ်နေ့လျှင် ၁၀ မိနစ်မှ မိနစ် ၂၀ အထိ တစ်ပတ်လျှင် အနည်းဆုံး ၅ ရက်ကြိုးခုန်ပေးရင် နှလုံးခုန်နှုန်းများ ကျဆင်းစေကာ နှလုံးသန်မာစေပါတယ်။ နှလုံးရောဂါရှိသူများပင် ကြိုးခုန်ခြင်းကို အားကစားတစ်ရပ်အနေဖြင့် အနည်းငယ်အချိန်ပေးကာ ပြုလုပ်သင့်ပါတယ်။ တစ်နေ့လျှင် ၁၀ မိနစ်ကြိုးခုန်ခြင်းဟာ မိနစ် ၃၀ ပြေးခြင်းက ရရှိတဲ့ နှလုံးသွေးကြောဆိုင်ရာ အကျိုးသက်ရောက်မှုနဲ့ အတူတူပင်ဖြစ်ပါတယ်။
ကြိုးခုန်လို့ ထွက်လာတဲ့ ချွေးတွေဟာ ပိုးသတ်ဆေးလို ဖြစ်စေပါတယ်။ ထွက်လာတဲ့ ချွေးဂလင်းတွေဟာ ခန္ဓာကိုယ်က ဓာတုပစ္စည်းနဲ့ ကိုယ်တွင်းက အန္တရာယ်ဖြစ်စေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။ ထိခိုက်ဒဏ်ရာတွေကို ပျောက်ကင်းစေပါတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ချေဖျက်ဆေးကြောပေးတဲ့အပြင် ကျောက်ကပ်ကျောက်တည်ခြင်းကို ထိန်းချုပ်နိုင်ပါတယ်။
လုပ်ငန်းခွင်မှာ ပင်ပန်းနွမ်းနယ်သူ၊ နေ့ခင်းဘက်တွေမှာ လေးလံထိုင်းမှိုင်းနေသူတွေ ကြိုးခုန်သင့်ပါတယ်။ တစ်နေ့ကို ၅ မိနစ်လောက် ကြိုးခုန်ပေးခြင်းဟာ တစ်လကို အလုပ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်တွေ ၂၅ ရာခိုင်နှုန်းလောက် ပိုမိုတိုးတက်လာနိုင်ပါတယ်။
ဝတဲ့သူတွေ၊ ဝိတ်ကျချင်သူတွေ တစ်နေ့ကို နာရီဝက်လောက် ကြိုးခုန်ပေးရင် ဝိတ်ကျစေပြီး ပိုနေတဲ့အဆီတွေ လျော့ကျကာ ပေါ့ပါးသွက်လက်လာစေပါတယ်။
ငွေမကုန်ဘဲ အိမ်မှာပင်ပြုလုပ်နိုင်တဲ့ ဒီကြိုးခုန်လေ့ကျင့်ခန်းဟာ ကျန်းမာရေးကို များစွာအကျိုးပြုတဲ့အတွက် ခန္ဓာကိုယ်သွယ်လျကာ သန်စွမ်းဖြတ်လတ်ဖို့ တစ်နေ့ ၁၅ မိနစ်၊ မိနစ် ၂၀လောက် ကစားပြီး လှပကျန်းမာတဲ့ ခန္ဓာကိုယ်ကို ရယူကြပါစို့။ ။
Author: ရွှေနန်းစံ, Healthcare Journal, vol 8,no 31 (18.8.17)