fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေ

266
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/09/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

ဆိုရီးယားစစ္ဆိုတဲ့ အေရျပားေရာဂါဟာ ခံစားေနရသူေတြကို အေတာ္ေလး စိတ္ဒုကၡေပးတတ္တဲ့ အေရျပားေရာဂါတစ္ခုပါ။ သက္သာလိုက္ ျပန္ျဖစ္လိုက္၊ ေပ်ာက္သြားလိုက္ ျပန္ျဖစ္လိုက္ဆိုသလို ခပ္ၾကာၾကာေနတဲ့ အေရျပားေရာဂါျဖစ္ပါတယ္။ ေခါင္းမွာ၊ မ်က္ႏွာမွာ၊ လူျမင္ကြင္းျဖစ္တဲ့ ကိုယ္အဂၤါအစိတ္အပိုင္းေတြမွာ၊ လူျမင္ကြယ္ရာေနရာေတြမွာ စသျဖင့္ ကိုယ္ခႏၶာအႏွံ႔ျဖစ္တတ္တာမို႔လို႔ ခံစားေနရတဲ့သူေတြမွာ မိမိကိုယ္ကို ယုံၾကည္မႈေလ်ာ့က်တာ စိတ္ဖိစီးမႈမ်ားတာ စတဲ့စိတ္ဒုကၡအမ်ိဳးမ်ိဳးကို ျဖစ္ေစႏိုင္တာပါ။ ၿပီးခဲ့တဲ့ေဆာင္းပါးမွာ ဆိုရီးယားစစ္ေရာဂါရဲ႕ သြင္ျပင္လကၡဏာေတြ၊ ျဖစ္ေစတဲ့ အေၾကာင္းရင္းခံေတြနဲ႔ ျဖစ္ပြားတတ္တဲ့ ကိုယ္အဂၤါ အစိတ္အပိုင္းေတြအေၾကာင္းကို ေျပာျပခဲ့ပါတယ္။

ဒီတစ္ပတ္မွာေတာ့ ဆိုရီးယားစစ္ ေရာဂါမ်ိဳးကြဲေတြ ကုသမႈေတြ စတာေတြကို ဆက္ၿပီးေျပာျပပါရေစ။ ဆိုရီးယားစစ္ ေရာဂါမ်ိဳးကြဲေတြ ဆိုတဲ့ေနရာမွာ အေရျပားေပၚမွာ ေတြ႕ရတဲ့ အသြင္အျပင္နဲ႔ ေရာဂါရဲ႕ျဖစ္စဥ္ စတာေတြေပၚမူတည္ၿပီး ခြဲျခားထားတဲ့ မ်ိဳးကြဲေတြကို ေျပာျပခ်င္ပါတယ္။ ႐ုတ္တရက္ အေရအတြက္ ခပ္မ်ားမ်ား အနီကြက္ ခပ္ေသးေသ တစ္ကိုယ္လုံးအႏွံ႔ ျဖစ္လာတတ္တဲ့ ဆိုရီးယားစစ္ကို မိုးစက္ေတြနဲ႔တူတဲ့ ဆိုရီးယားစစ္ (Acute Guttate Psorissis) လို႔ေခၚပါတယ္။ ဒီအမ်ိဳးအစားဟာ ကေလးေတြနဲ႔ လူငယ္ပိုင္းမွာ အျဖစ္မ်ားတာေတြ႕ရပါတယ္။ ဒီမိုးစက္ေတြနဲ႔တူတဲ့ ဆိုရီးယားစစ္ဟာ Streptococcus ဆိုတဲ့ ဘက္တီးရီးယားပိုးေၾကာင့္ျဖစ္တဲ့ လည္ေခ်ာင္းနာတာျဖစ္အၿပီးမွာ စျဖစ္လာတတ္တာကိုလည္း ေတြ႕ရပါတယ္။

အစပိုင္းမွာ အေၾကးခြံ သိပ္မထူတာကိုလည္း ေတြ႕ရပါတတ္ပါတယ္။ ကိုယ္လုံးနဲ႔ လက္ေမာင္း၊ ေပါင္စတဲ့ေနရာေတြမွာ ျဖစ္တာမ်ားပါတယ္။ ဒီအမ်ိဳးအစား ဆိုရီးယားစစ္ဟာ ပ်မ္းမွ်အားျဖင့္ ၃ လေလာက္မွာ ျပန္ေပ်ာက္သြားတယ္လို႔ အၾကမ္းဖ်င္း ယူဆၾကပါတယ္။ အနည္းစုမွာေတာ့ ၾကာရွည္ျဖစ္တဲ့ ဆိုရီးယားစစ္အျဖစ္ ကူးေျပာင္းသြားတာကို ေတြ႕ရတတ္ပါတယ္။ေနာက္မ်ိဳးကြဲ ဒါမွမဟုတ္ အသစ္တစ္ခုကေတာ့ မတည္ၿငိမ္ (သို႔) လႈပ္ရွားေနတဲ့ ဆိုရီးယားစစ္ (Unstable or active Psoriasis) ျဖစ္ပါတယ္။ ဒီအေျခအေနမွာ ဆိုရီးယားစစ္ဟာ ပိုၿပီးနီေနတာ၊ ဆိုရီးယားစစ္အနာေတြ ပိုၿပီးႀကီးလာေနတာ၊ အသစ္ေတြ အမ်ားႀကီး ထြက္လာတာေတြကို ေတြ႕ရတတ္ပါတယ္။

ဆိုရီးယားစစ္အကြက္ေတြက နာလာတာ၊ ယားလာတာေတြလဲ ျဖစ္ေနတတ္ပါတယ္။ ဒီလိုျဖစ္ေစတဲ့ အေၾကာင္းရင္းေတြထဲမွာ စတီး႐ြိဳက္ေဆးေတြ ေသာက္ေနရာကေန ရပ္လိုက္တာ၊ စတီး႐ြိဳက္ေဆး လိမ္းေဆးခပ္ျပင္းျပင္းေတြ လိမ္းမိတာ၊ အေရျပားကို လႈံ႕ေဆာ္တဲ့ ကတၱရာလို လိမ္းေဆးေတြ လိမ္းမိတာ၊ ေရာဂါပိုးဝင္တာ စတာေတြ ပါဝင္ပါတယ္။ စိတ္ထိခိုက္မႈ ျပင္းျပင္းထန္ထန္ ျဖစ္တာဟာလဲ ျဖစ္ေစတဲ့ အေၾကာင္းရင္းတစ္ခုလို႔ ဆိုၾကပါတယ္။ တစ္ကိုယ္လုံးနီရဲေနတဲ့ ဆိုရီးယားစစ္ကေတာ့ ေနာက္ထပ္မ်ိဳးကြဲတစ္ခု ျဖစ္ပါတယ္။ ဆိုရီးယားစစ္ေရာဂါရွင္ ၁၂ ရာခိုင္ႏႈန္းေလာက္မွာ ျဖစ္တတ္တဲ့ အျဖစ္နည္းတဲ့မ်ိဳးကြဲပါ။ တစ္ကိုယ္လုံး အေရျပားဟာ ထူပိန္းပိန္းရဲရဲနီေနတာမ်ိဳးပါ။ အေရျပားဟာ ထူပိန္းပိန္းျဖစ္ေနေပမယ့္ မူလအကာအကြယ္ေပးႏိုင္စြမ္း ေလ်ာ့နည္းေနတာပါ။

အပူအေအးဒဏ္ မခံႏိုင္ျဖစ္ေနၿပီး ဆိုရီးယားစစ္အျပင္ အျခားေသာ အေၾကာင္းရင္းေရာဂါေတြေၾကာင့္လဲ ျဖစ္လာႏိုင္တဲ့ အေျခအေနတစ္ခုပါ။ ဆိုရီးယားစစ္ေၾကာင့္ျဖစ္တဲ့ ဒီတစ္ကိုယ္လုံးနီရဲေနတဲ့ အေျခအေန ( Psoriasis) ဟာ တခ်ိဳ႕လူေတြမွာ ခပ္ၾကာၾကာျဖစ္ေနတတ္ပါတယ္။ တစ္ကိုယ္လုံးနီရဲေနတဲ့ အေျခအေနမွာ ဆိုရီးယားစစ္ရဲ႕ မူလသြင္ျပင္ရွိတဲ့ အကြက္ေတြ နည္းနည္းမွ မက်န္ေတာ့ပဲ တစ္ကိုယ္လုံးနီရဲသြားတဲ့ အေျခအေနမ်ိဳးလဲ ျဖစ္ႏိုင္ပါေသးတယ္။ အဲဒီလို အေျခအေနကေတာ့ ဖ်ားတာ၊ တျခားေသာ ကိုယ္ခႏၶာရဲ႕ စနစ္ေတြ (ေသြးလွည့္ပတ္မႈ အဖြဲ႕အစည္း၊ ေက်ာက္ကပ္စသည္)ပါ ထိခိုက္တာေတြနဲ႔ တြဲၿပီးျဖစ္တတ္ပါတယ္။

ဒီလိုအေျခအေနဆိုရင္ေတာ့ စိုးရိမ္စရာအေျခအေနလို႔ ေျပာရမွာျဖစ္ပါတယ္။ေနာက္မ်ိဳးကြဲတစ္ခုကေတာ့ ျပည္ဖုေလးေတြျဖစ္တဲ့ ဆိုရီးယာစစ္ (Pustular) ျဖစ္ပါတယ္။ ေနရာကြက္ၿပီးျဖစ္တဲ့ (လက္၊ ေျခေတြမွာ အဓိကျဖစ္တဲ့) အမ်ိဳးအစားနဲ႔ တစ္ကိုယ္လုံးျဖစ္တဲ့ အမ်ိဳးအစားဆိုၿပီး ထပ္ခြဲႏိုင္ပါေသးတယ္။ ဒီျပည္ဖုေလးေတြျဖစ္တဲ့ အမ်ိဳးအစားဟာလဲ စတီး႐ြိဳက္ေဆးေတြ ေသာက္မိတာကေန သာမန္ဆိုရီးယားစစ္ အေျခအေနက ျပည္ဖုေတြျဖစ္လာတာမ်ိဳးလဲ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္သာမန္ ဆိုရီးယားစစ္ အေျခအေနမွာ စတီး႐ြိဳက္ေဆးေသာက္ေဆး၊ ထိုးေဆးေတြဟာ ေရွာင္ၾကဥ္ရမယ့္ ေတာ္ေတာ္ေလး သတိထားၿပီး အသုံးျပဳရမယ့္ေဆး ျဖစ္ပါတယ္။

စတီး႐ြိဳက္ ေသာက္ေဆး၊ ထိုးေဆးေတြကို ဆိုရီးယားစစ္ေရာဂါရွိေနတဲ့သူေတြမွာ မျဖစ္မေနသုံးကိုသုံးရမယ့္ အေျခအေနမဟုတ္ရင္ မေပးသင့္တာပါ။ ေနာက္ထပ္ ေတြ႕ရႏိုင္ေသးတဲ့ ဆိုရီးယားစစ္ရဲ႕ မ်ိဳးကြဲေတြထဲမွာ အေၾကးခြံ အထူႀကီးျဖစ္လာတတ္တဲ့ ဆိုရီးယားစစ္၊ ခ႐ုခြံနဲ႔တူတဲ့ ဆိုရီးယားစစ္၊ တစ္ေၾကာင္းတည္းျဖစ္တဲ့ ဆိုရီးယားစစ္ ဒါမွမဟုတ္ ကိုယ္ခႏၶာရဲ႕ အစိတ္အပိုင္းတစ္ခုလုံးမွာျဖစ္တဲ့ ဆိုရီးယားစစ္ စတာေတြပါဝင္ပါတယ္။ တစ္ကိုယ္လုံး နီရဲၿပီးျဖစ္တဲ့ ဆိုရီးယားစစ္နဲ႔ ျပည္ဖုေတြျဖစ္တဲ့ ဆိုရီးယားစစ္၊ ဒီႏွစ္ခုဟာ ဆိုရီးယားစစ္ေရာဂါရွင္ေတြထဲမွာ ျပင္းထန္တဲ့၊ အသက္အႏၲရာယ္ရွိႏိုင္တဲ့ မ်ိဳးကြဲေတြျဖစ္ၿပီး တစ္ျခားမ်ိဳးကြဲေတြကေတာ့ ျဖစ္ေပၚလာတဲ့ျဖစ္စဥ္၊ ပုံသ႑ာန္ စတာေတြအေပၚ မူတည္ၿပီး အမည္တပ္ ခြဲျခားထားတာ ျဖစ္ပါတယ္။

Author: Dr.ေက (အေရျပား), Healthcare Journal, vol 8,no 29 (4.8.17)

(Unicode)

ဆိုရီးယားစစ်ဆိုတဲ့ အရေပြားရောဂါဟာ ခံစားနေရသူတွေကို အတော်လေး စိတ်ဒုက္ခပေးတတ်တဲ့ အရေပြားရောဂါတစ်ခုပါ။ သက်သာလိုက် ပြန်ဖြစ်လိုက်၊ ပျောက်သွားလိုက် ပြန်ဖြစ်လိုက်ဆိုသလို ခပ်ကြာကြာနေတဲ့ အရေပြားရောဂါဖြစ်ပါတယ်။ ခေါင်းမှာ၊ မျက်နှာမှာ၊ လူမြင်ကွင်းဖြစ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ၊ လူမြင်ကွယ်ရာနေရာတွေမှာ စသဖြင့် ကိုယ်ခန္ဓာအနှံ့ဖြစ်တတ်တာမို့လို့ ခံစားနေရတဲ့သူတွေမှာ မိမိကိုယ်ကို ယုံကြည်မှုလျော့ကျတာ စိတ်ဖိစီးမှုများတာ စတဲ့စိတ်ဒုက္ခအမျိုးမျိုးကို ဖြစ်စေနိုင်တာပါ။ ပြီးခဲ့တဲ့ဆောင်းပါးမှာ ဆိုရီးယားစစ်ရောဂါရဲ့ သွင်ပြင်လက္ခဏာတွေ၊ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေနဲ့ ဖြစ်ပွားတတ်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေအကြောင်းကို ပြောပြခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ ဆိုရီးယားစစ် ရောဂါမျိုးကွဲတွေ ကုသမှုတွေ စတာတွေကို ဆက်ပြီးပြောပြပါရစေ။ ဆိုရီးယားစစ် ရောဂါမျိုးကွဲတွေ ဆိုတဲ့နေရာမှာ အရေပြားပေါ်မှာ တွေ့ရတဲ့ အသွင်အပြင်နဲ့ ရောဂါရဲ့ဖြစ်စဉ် စတာတွေပေါ်မူတည်ပြီး ခွဲခြားထားတဲ့ မျိုးကွဲတွေကို ပြောပြချင်ပါတယ်။ ရုတ်တရက် အရေအတွက် ခပ်များများ အနီကွက် ခပ်သေးသေ တစ်ကိုယ်လုံးအနှံ့ ဖြစ်လာတတ်တဲ့ ဆိုရီးယားစစ်ကို မိုးစက်တွေနဲ့တူတဲ့ ဆိုရီးယားစစ် (Acute Guttate Psorissis) လို့ခေါ်ပါတယ်။ ဒီအမျိုးအစားဟာ ကလေးတွေနဲ့ လူငယ်ပိုင်းမှာ အဖြစ်များတာတွေ့ရပါတယ်။ ဒီမိုးစက်တွေနဲ့တူတဲ့ ဆိုရီးယားစစ်ဟာ Streptococcus ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာဖြစ်အပြီးမှာ စဖြစ်လာတတ်တာကိုလည်း တွေ့ရပါတယ်။

အစပိုင်းမှာ အကြေးခွံ သိပ်မထူတာကိုလည်း တွေ့ရပါတတ်ပါတယ်။ ကိုယ်လုံးနဲ့ လက်မောင်း၊ ပေါင်စတဲ့နေရာတွေမှာ ဖြစ်တာများပါတယ်။ ဒီအမျိုးအစား ဆိုရီးယားစစ်ဟာ ပျမ်းမျှအားဖြင့် ၃ လလောက်မှာ ပြန်ပျောက်သွားတယ်လို့ အကြမ်းဖျင်း ယူဆကြပါတယ်။ အနည်းစုမှာတော့ ကြာရှည်ဖြစ်တဲ့ ဆိုရီးယားစစ်အဖြစ် ကူးပြောင်းသွားတာကို တွေ့ရတတ်ပါတယ်။နောက်မျိုးကွဲ ဒါမှမဟုတ် အသစ်တစ်ခုကတော့ မတည်ငြိမ် (သို့) လှုပ်ရှားနေတဲ့ ဆိုရီးယားစစ် (Unstable or active Psoriasis) ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဆိုရီးယားစစ်ဟာ ပိုပြီးနီနေတာ၊ ဆိုရီးယားစစ်အနာတွေ ပိုပြီးကြီးလာနေတာ၊ အသစ်တွေ အများကြီး ထွက်လာတာတွေကို တွေ့ရတတ်ပါတယ်။

ဆိုရီးယားစစ်အကွက်တွေက နာလာတာ၊ ယားလာတာတွေလဲ ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ စတီးရွိုက်ဆေးတွေ သောက်နေရာကနေ ရပ်လိုက်တာ၊ စတီးရွိုက်ဆေး လိမ်းဆေးခပ်ပြင်းပြင်းတွေ လိမ်းမိတာ၊ အရေပြားကို လှုံ့ဆော်တဲ့ ကတ္တရာလို လိမ်းဆေးတွေ လိမ်းမိတာ၊ ရောဂါပိုးဝင်တာ စတာတွေ ပါဝင်ပါတယ်။ စိတ်ထိခိုက်မှု ပြင်းပြင်းထန်ထန် ဖြစ်တာဟာလဲ ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုလို့ ဆိုကြပါတယ်။ တစ်ကိုယ်လုံးနီရဲနေတဲ့ ဆိုရီးယားစစ်ကတော့ နောက်ထပ်မျိုးကွဲတစ်ခု ဖြစ်ပါတယ်။ ဆိုရီးယားစစ်ရောဂါရှင် ၁၂ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်တဲ့ အဖြစ်နည်းတဲ့မျိုးကွဲပါ။ တစ်ကိုယ်လုံး အရေပြားဟာ ထူပိန်းပိန်းရဲရဲနီနေတာမျိုးပါ။ အရေပြားဟာ ထူပိန်းပိန်းဖြစ်နေပေမယ့် မူလအကာအကွယ်ပေးနိုင်စွမ်း လျော့နည်းနေတာပါ။

အပူအအေးဒဏ် မခံနိုင်ဖြစ်နေပြီး ဆိုရီးယားစစ်အပြင် အခြားသော အကြောင်းရင်းရောဂါတွေကြောင့်လဲ ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခုပါ။ ဆိုရီးယားစစ်ကြောင့်ဖြစ်တဲ့ ဒီတစ်ကိုယ်လုံးနီရဲနေတဲ့ အခြေအနေ ( Psoriasis) ဟာ တချို့လူတွေမှာ ခပ်ကြာကြာဖြစ်နေတတ်ပါတယ်။ တစ်ကိုယ်လုံးနီရဲနေတဲ့ အခြေအနေမှာ ဆိုရီးယားစစ်ရဲ့ မူလသွင်ပြင်ရှိတဲ့ အကွက်တွေ နည်းနည်းမှ မကျန်တော့ပဲ တစ်ကိုယ်လုံးနီရဲသွားတဲ့ အခြေအနေမျိုးလဲ ဖြစ်နိုင်ပါသေးတယ်။ အဲဒီလို အခြေအနေကတော့ ဖျားတာ၊ တခြားသော ကိုယ်ခန္ဓာရဲ့ စနစ်တွေ (သွေးလှည့်ပတ်မှု အဖွဲ့အစည်း၊ ကျောက်ကပ်စသည်)ပါ ထိခိုက်တာတွေနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။

ဒီလိုအခြေအနေဆိုရင်တော့ စိုးရိမ်စရာအခြေအနေလို့ ပြောရမှာဖြစ်ပါတယ်။နောက်မျိုးကွဲတစ်ခုကတော့ ပြည်ဖုလေးတွေဖြစ်တဲ့ ဆိုရီးယာစစ် (Pustular) ဖြစ်ပါတယ်။ နေရာကွက်ပြီးဖြစ်တဲ့ (လက်၊ ခြေတွေမှာ အဓိကဖြစ်တဲ့) အမျိုးအစားနဲ့ တစ်ကိုယ်လုံးဖြစ်တဲ့ အမျိုးအစားဆိုပြီး ထပ်ခွဲနိုင်ပါသေးတယ်။ ဒီပြည်ဖုလေးတွေဖြစ်တဲ့ အမျိုးအစားဟာလဲ စတီးရွိုက်ဆေးတွေ သောက်မိတာကနေ သာမန်ဆိုရီးယားစစ် အခြေအနေက ပြည်ဖုတွေဖြစ်လာတာမျိုးလဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့်သာမန် ဆိုရီးယားစစ် အခြေအနေမှာ စတီးရွိုက်ဆေးသောက်ဆေး၊ ထိုးဆေးတွေဟာ ရှောင်ကြဉ်ရမယ့် တော်တော်လေး သတိထားပြီး အသုံးပြုရမယ့်ဆေး ဖြစ်ပါတယ်။

စတီးရွိုက် သောက်ဆေး၊ ထိုးဆေးတွေကို ဆိုရီးယားစစ်ရောဂါရှိနေတဲ့သူတွေမှာ မဖြစ်မနေသုံးကိုသုံးရမယ့် အခြေအနေမဟုတ်ရင် မပေးသင့်တာပါ။ နောက်ထပ် တွေ့ရနိုင်သေးတဲ့ ဆိုရီးယားစစ်ရဲ့ မျိုးကွဲတွေထဲမှာ အကြေးခွံ အထူကြီးဖြစ်လာတတ်တဲ့ ဆိုရီးယားစစ်၊ ခရုခွံနဲ့တူတဲ့ ဆိုရီးယားစစ်၊ တစ်ကြောင်းတည်းဖြစ်တဲ့ ဆိုရီးယားစစ် ဒါမှမဟုတ် ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတစ်ခုလုံးမှာဖြစ်တဲ့ ဆိုရီးယားစစ် စတာတွေပါဝင်ပါတယ်။ တစ်ကိုယ်လုံး နီရဲပြီးဖြစ်တဲ့ ဆိုရီးယားစစ်နဲ့ ပြည်ဖုတွေဖြစ်တဲ့ ဆိုရီးယားစစ်၊ ဒီနှစ်ခုဟာ ဆိုရီးယားစစ်ရောဂါရှင်တွေထဲမှာ ပြင်းထန်တဲ့၊ အသက်အန္တရာယ်ရှိနိုင်တဲ့ မျိုးကွဲတွေဖြစ်ပြီး တစ်ခြားမျိုးကွဲတွေကတော့ ဖြစ်ပေါ်လာတဲ့ဖြစ်စဉ်၊ ပုံသဏ္ဍာန် စတာတွေအပေါ် မူတည်ပြီး အမည်တပ် ခွဲခြားထားတာ ဖြစ်ပါတယ်။

Author: Dr.ကေ (အရေပြား), Healthcare Journal, vol 8,no 29 (4.8.17)

Previous Post

တရှူးရှူး တရှဲရှဲနဲ့ ကင်တဲ့ အကင်များနဲ့ ကျန်းမာရေး

Next Post

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေ ဆိုရီးယားစစ် (၃)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
546
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
803

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေ ဆိုရီးယားစစ် (၃)

ဂနိုကျလို့ မငိုကြဖို့

နား ကျန်းမာရေး ဂရုစိုက်ပေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.