fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေ ဆိုရီးယားစစ် (၃)

197
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/09/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

ဆိုရီးယားစစ္ေရာဂါရွင္ အမ်ားစုကေတာ့ ၾကာရွည္ျဖစ္တဲ့ ဆိုရီးယားစစ္မ်ိဳးကို ခံစားေနၾကရတာျဖစ္ပါတယ္။ ဒီၾကာရွည္ျဖစ္တဲ့ အမ်ိဳးကေတာ့ ႏွစ္ေတြၾကာလာလဲ ေျပာင္းလဲမႈ နည္းနည္းေလာက္ပဲ ရွိတတ္တာ ျဖစ္ပါတယ္။ ဒီေနရာမွာ ဆိုရီးယားစစ္အတြက္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၅၀ ေလာက္က ဆို႐ိုးတစ္ခုကို ေျပာျပခ်င္ပါတယ္။

ဆိုရီးယားစစ္လူနာတစ္ေယာက္ကို ေရာဂါျဖစ္ေနတာ ဘယ္ေလာက္ၾကာမလဲ၊ ဘယ္အခ်ိန္မွာ ပိုဆိုးလာတာ၊ ျပန္ျဖစ္တာမ်ိဳး ျဖစ္မွာလဲ၊ ဘယ္ေလာက္ၾကာၾကာ ေရာဂါမေပၚပဲေနတာျဖစ္မလဲ ဆိုတာေတြဟာ ဘယ္လိုမွ အတိအက် ခန႔္မွန္းေျပာျပလို႔ မရဘူးဆိုတာ ျဖစ္ပါတယ္။ ဆိုရီးယားစစ္ေရာဂါျဖစ္ေနသူေတြရဲ႕ သုံးပုံတစ္ပုံကေန တစ္ဝက္ေလာက္အထိဟာ သူ႔ဟာသူ ျပန္ေပ်ာက္ႏိုင္တယ္ဆိုတဲ့ ေလ့လာေတြ႕ရွိမႈလည္း ရွိပါတယ္။ ဆိုရီးယားစစ္ဟာ အႏွစ္ ၅၀ ေက်ာ္အထိ ေတာက္ေလွ်ာက္ျဖစ္ေနတာမ်ိဳးလည္း ရွိပါတယ္။ ဒီေနရာမွာ ဘာေၾကာင့္ ဆိုရီးယားစစ္ဟာ သူ႔ဟာသူေပ်ာက္သြားသလဲဆိုတာကို အေျဖတိတိက်က် မသိၾကပါဘူး။

အၾကမ္းဖ်င္းအားျဖင့္ေတာ့ ဆိုရီးယားစစ္ဟာ ေပ်ာက္သြားလိုက္ ျပန္ျဖစ္လိုက္ ျဖစ္တတ္တဲ့ အေရျပားေရာဂါလို႔ပဲ နားလည္ထားၾကတာပါ။ ေပ်ာက္ေနတဲ့ အခ်ိန္ၾကာေအာင္ ကုသမႈေတြျပဳရတာပါ။ ဒါေပမဲ့ ဘယ္အခ်ိန္ ျပန္ျဖစ္သလဲဆိုတာေတာ့ ဘယ္သူမွ အတိအက် မေျပာႏိုင္ေသးတဲ့ မေျပာတတ္ေသးတဲ့အရာပါ။ လူတစ္ဦးနဲ႔တစ္ဦး ကုသမႈတစ္ခုနဲ႔ တစ္ခုအေပၚ မူတည္ၿပီး ဘယ္အခ်ိန္ျပန္ျဖစ္ႏိုင္တယ္ ဆိုတာဟာ တစ္ဦးနဲ႔တစ္ဦး ကြာျခားတယ္လို႔ပဲ အၾကမ္းဖ်င္း မွတ္ယူထားၾကပါတယ္။ ေယဘုယ်အားျဖင့္ေတာ့ ၆လ ၁ႏွစ္ေလာက္ ဆိုရီးယားစစ္ေပ်ာက္ေနတာမ်ိဳးေတြက အေတြ႕ရမ်ားၿပီး ၅ႏွစ္ေလာက္ တဆက္တည္း ဆိုရီးယားစစ္ေပ်ာက္ေနတယ္ ဆိုတာမ်ိဳးက အေတာ္ေလးနည္းပါတယ္။

ဆိုရီးယားစစ္ရဲ႕မ်ိဳးကြဲေတြနဲ႔ ေရာဂါရဲ႕လားရာကို ေျပာျပၿပီးတဲ့ေနာက္မွာ ကုသမႈေလးေတြ အေၾကာင္း ဆက္ေျပာျပခ်င္ပါတယ္။ ဆိုရီးယားစစ္ေရာဂါရဲ႕ ကုသမႈဟာ ေရာဂါျဖစ္ေနသူရဲ႕ အသက္၊ က်ား၊ မ၊ အလုပ္အကိုင္၊ က်န္းမာေရး အေျခအေန၊ ဘ႑ာေရးအေျခအေန စတဲ့အခ်က္ေတြေပၚ မူတည္သလို ျဖစ္ေနတဲ့ ဆိုရီးယားစစ္ရဲ႕ အမ်ိဳးအစား၊ ဘယ္ေလာက္မ်ားသလဲ၊ ဘယ္ေနရာေတြမွာ ျဖစ္ေနတာလဲ၊ ဘယ္ေလာက္ၾကာၿပီလဲ စတဲ့ေရာဂါျဖစ္ေနသူနဲ႔ ေရာဂါရဲ႕အေျခအေန၊ အခ်က္အလက္ေတြေပၚ မူတည္ၿပီး ကြဲျပားပါတယ္။ ကိုယ္ခႏၶာ အသြင္အျပင္ကို ဂ႐ုသိပ္မစိုက္တဲ့သူအတြက္ ဆိုရီးယားစစ္အကြက္ အမ်ားႀကီးဟာ ျပႆနာမဟုတ္ေပမယ့္ တစ္ခ်ိဳ႕သူေတြအတြက္ေတာ့ လူျမင္ကြင္းက ဆိုရီးယားစစ္အကြက္ ေသးေသးေလးတစ္ကြက္ဟာ ျပႆနာအႀကီးႀကီး ျဖစ္ေနႏိုင္တယ္။

ဒါမ်ိဳးကိုလဲ ထည့္သြင္းစဥ္းစားၾကရမွာပါ။ ဒါ့ေၾကာင့္မို႔လို႔ ကုသတဲ့ေနရာမွာ ဆိုရီးယားစစ္ရဲ႕ ဘယ္ေလာက္ထိျဖစ္မလဲဆိုတာနဲ႔ ဘယ္ေလာက္အထိ ထိခိုက္မႈျဖစ္ေစသလဲဆိုတာသာ အဓိကက်တဲ့ အခ်က္ျဖစ္ပါတယ္။ ဆိုရီးယားစစ္ကုသမႈမွာ ဆိုရီးယားစစ္ဆိုတာ ကူးစက္တတ္တဲ့ေရာဂါ မဟုတ္ေၾကာင္းနဲ႔ ကင္ဆာေရာဂါတစ္မ်ိဳး မဟုတ္ေၾကာင္း ေသေသခ်ာခ်ာ ရွင္းျပၾကရမွာပါ။ ကုထုံးေတြ အမ်ားႀကီးရွိတဲ့အေၾကာင္းကိုလည္း ေသေသခ်ာခ်ာ ရွင္းျပၾကရမွာ ျဖစ္ပါတယ္။ ႏွစ္သိမ့္အားေပးတာ၊ ျဖစ္ေပၚေနတဲ့ စိတ္ဖိအားေတြ သက္သာေအာင္လဲ ရွင္းျပေျပာျပၾကရမွာပါ။ ဆိုရီးယားစစ္ေၾကာင့္ ျဖစ္ေပၚေနတဲ့ စိတ္ခံစားမႈ၊ စိတ္ဖိအားေတြကို သက္သာေအာင္ ျပဳလုပ္ေပးႏိုင္ျခင္းဟာ ဆိုရီးယားစစ္အကြက္ေတြကို ကုသသက္သာေစျခင္းနဲ႔ ဆက္စပ္ေနတာေၾကာင့္ အဲဒီလို စိတ္ဖိအားေတြကို သက္သာေအာင္ ျပဳလုပ္ေပးႏိုင္ျခင္းဟာ ဆိုရီးယားစစ္ကုသမႈရဲ႕ မပါမျဖစ္ အစိတ္အပိုင္းတစ္ခုလို႔ ေျပာရမွာျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ ဆိုရီးယားစစ္ကုသရာမွာ လူနာမွာရွိေနႏိုင္တဲ့ တျခားေသာေရာဂါေတြကိုပါ ထည့္သြင္းစဥ္းစားဖို႔ ျဖစ္ပါတယ္။

ေရာဂါရွင္ရဲ႕ ေန႔စဥ္ ေနပုံထိုင္ပုံနဲ႔ က်န္းမာေရးဆိုင္ရာ အျပဳအမူေတြကိုလဲ စူူးစမ္းၿပီး ျဖစ္သင့္တဲ့ ျပဳမူေဆာင္႐ြက္မႈေတြ ျဖစ္ေအာင္ ေျပာျပၾကရမွာ ျဖစ္ပါတယ္။ ဥပမာ – ကိုယ္အေလးခ်ိန္ထိန္းသိမ္းတာ၊ ေဆးလိပ္ျဖတ္တာ စတာေတြျဖစ္ပါတယ္။ ဆိုရီးယားစစ္ဟာ ေပ်ာက္လိုက္ ျပန္ျဖစ္လိုက္ ျဖစ္ေနတတ္တဲ့ေရာဂါမ်ိဳး ျဖစ္တဲ့အေၾကာင္းနဲ႔ အဲဒီအတြက္ ျဖစ္သင့္တဲ့ကုသမႈ ပန္းတိုင္ကို လူနာနားလည္ေအာင္ ႀကိဳတင္ေဆြးေႏြးၾကရမွာ ျဖစ္ပါတယ္။ ေန႔စဥ္ ေနထိုင္မႈဘဝမွာ စိတ္ဖိစီးမႈေတြ သက္သာေအာင္ မရွိေအာင္ တတ္ႏိုင္သေလာက္ ျပဳလုပ္ေပးၾကရမွာပါ။ ဒီအတြက္ ယထာဘူတက်တဲ့ ကုသမႈပန္းတိုင္ကို ေမွ်ာ္မွန္းဖို႔ဆိုတဲ့ အခ်က္ကို လူနာနားလည္ေအာင္ ေျပာျပၿပီး အဲဒီကိုေရာက္ေအာင္ ကုသမႈေပးၾကရမွာ ျဖစ္ပါတယ္။ ဆိုရီးယားစစ္ကုသမႈမွာ စစခ်င္းသက္သာေအာင္ ကုေပးမႈနဲ႔ အဲဒါကို တတ္ႏိုင္သေလာက္ ေရရွည္ျဖစ္ေအာင္ ထိန္းသိမ္းဖို႔လိုၿပီး ကုသမႈေပးၾကရမွာ ျဖစ္ပါတယ္။ ဒီေနရာမွာ ကုသမႈကုန္က်စရိတ္ကိုလဲ ထည့္သြင္းစဥ္းစားၿပီး အားလုံးအေကာင္းဆုံးျဖစ္ေအာင္ ခ်ိန္ညႇိၾကရမွာ ျဖစ္ပါတယ္။

ဆိုရီးယားစစ္ကုသမႈမွာ လိမ္းေဆးေတြနဲ႔ ေသာက္ေဆးေတြ အေၾကာင္းလဲ နဲနဲေလာက္ထပ္ၿပီး ေျပာျပခ်င္ပါတယ္။ လိမ္းေဆးေတြလို႔ဆိုရာမွာ အေရျပားေျခာက္ေနမႈကို သက္သာေစတဲ့ ေရေငြ႕ထိန္းအဆီေတြ၊ စတီး႐ြိဳက္လိမ္းေဆးေတြ၊ ဗီတာမင္ဒီနဲ႔ ဆက္ႏြယ္တဲ့ လိမ္းေဆးေတြ၊ ကတၱရာလိမ္းေဆးေတြ၊ dithranol လိမ္းေဆးေတြနဲ႔ ဗီတာမင္ေအနဲ႔ ပတ္သက္တဲ့ လိမ္းေဆးေတြ စသျဖင့္ လိမ္းေဆးအမ်ိဳးမ်ိဳးထဲကေန သင့္ေတာ္ရာကို ေ႐ြးခ်ယ္အသုံးျပဳေလ့ရွိၾကပါတယ္။ လိမ္းေဆးကို အသုံးျပဳရာမွာ ဂ႐ုျပဳသင့္တဲ့ အခ်က္တစ္ခုက စတီး႐ြိဳက္လိမ္းေဆးကို အသုံးျပဳရာမွာ ျပင္းအားအမ်ိဳးမ်ိဳးရွိတဲ့အတြက္ ေရာဂါရဲ႕ အေျခအေနနဲ႔ သင့္ေတာ္တဲ့ ျပင္းအားကို ေျပာင္းလဲအသုံးျပဳဖို႔နဲ႔ ေဘးထြက္ဆိုးက်ိဳးေတြ မရေအာင္ ဂ႐ုစိုက္ဖို႔ ျဖစ္ပါတယ္။ ဆိုရီးယားစစ္ေရာဂါ ကုသရာမွာ ေနာက္ထပ္အသုံးျပဳႏိုင္တဲ့ ကုသမႈတစ္ခုကေတာ့ အလင္းျပတဲ့ကုထုံး ျဖစ္ပါတယ္။

ခရမ္းလြန္ေရာင္ျခည္ျပသၿပီး ဆိုရီးယားစစ္ေရာဂါကို ကုသတာျဖစ္ပါတယ္။ NBUVB, PVVA စသည္ျဖင့္ အလင္းျပကုထုံးေတြကို ေရာဂါအေျခအေနအလိုက္ သင့္ေတာ္သလို အသုံးျပဳကုသရတာ ျဖစ္ပါတယ္။ ေနာက္ထပ္ကေတာ့ ဆိုရီးယားစစ္ေရာဂါ ကုသရာမွာ အသုံးျပဳတဲ့ ေသာက္ေဆး ထိုးေဆးေတြ ျဖစ္ပါတယ္။ အၾကမ္းဖ်င္းအားျဖင့္ေတာ့ ျပင္းထန္တဲ့ ဆိုရီးယားစစ္ ဒါမွမဟုတ္ လိမ္းေဆးတို႔ အလင္းကုထုံးတို႔နဲ႔ မသက္သာတဲ့ ဆိုရီးယားစစ္ေတြမွာ ေသာက္ေဆး၊ လိမ္းေဆးေတြကို အသုံးျပဳၾကတာ ျဖစ္ပါတယ္။ အဓိကအသုံးျပဳေနတဲ့ေဆးေတြကို ေျပာျပရမယ္ဆိုရင္ေတာ့ Methotrexate, Autretin, Fumaric acid ester နဲ႔ Hydroxycarbamide စတာေတြ ျဖစ္ပါတယ္။ ဒီေနရာမွာလဲ ဆိုရီးယားစစ္ရဲ႕ အေျခအေန။ လူနာရဲ႕အေျခအေန စတာေတြကို ၾကည့္ရႈၿပီး၊ အသင့္ေတာ္ဆုံး ျဖစ္ႏိုင္မယ့္ေဆးကို ေ႐ြးခ်ယ္ၿပီး ကုသၾကရမွာ ျဖစ္ပါတယ္။ ဆိုရီးယားစစ္ဆိုတဲ့ ေတာ္ေတာ္ေလး စိတ္ဒုကၡေပးႏိုင္တဲ့ အေရျပားေရာဂါ ျဖစ္ေနတဲ့သူေတြ တတ္ႏိုင္သေလာက္ စိတ္ဒုကၡေတြ ေလ်ာ့ပါးႏိုင္ၾကပါေစလို႔ ဆုေတာင္းရင္း . . . . . . ။

Author: Dr.ေက (အေရျပား), Healthcare Journal, vol 8,no 29 (4.8.17)

 

(Unicode)

ဆိုရီးယားစစ်ရောဂါရှင် အများစုကတော့ ကြာရှည်ဖြစ်တဲ့ ဆိုရီးယားစစ်မျိုးကို ခံစားနေကြရတာဖြစ်ပါတယ်။ ဒီကြာရှည်ဖြစ်တဲ့ အမျိုးကတော့ နှစ်တွေကြာလာလဲ ပြောင်းလဲမှု နည်းနည်းလောက်ပဲ ရှိတတ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဆိုရီးယားစစ်အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်က ဆိုရိုးတစ်ခုကို ပြောပြချင်ပါတယ်။

ဆိုရီးယားစစ်လူနာတစ်ယောက်ကို ရောဂါဖြစ်နေတာ ဘယ်လောက်ကြာမလဲ၊ ဘယ်အချိန်မှာ ပိုဆိုးလာတာ၊ ပြန်ဖြစ်တာမျိုး ဖြစ်မှာလဲ၊ ဘယ်လောက်ကြာကြာ ရောဂါမပေါ်ပဲနေတာဖြစ်မလဲ ဆိုတာတွေဟာ ဘယ်လိုမှ အတိအကျ ခန့်မှန်းပြောပြလို့ မရဘူးဆိုတာ ဖြစ်ပါတယ်။ ဆိုရီးယားစစ်ရောဂါဖြစ်နေသူတွေရဲ့ သုံးပုံတစ်ပုံကနေ တစ်ဝက်လောက်အထိဟာ သူ့ဟာသူ ပြန်ပျောက်နိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိမှုလည်း ရှိပါတယ်။ ဆိုရီးယားစစ်ဟာ အနှစ် ၅၀ ကျော်အထိ တောက်လျှောက်ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ ဒီနေရာမှာ ဘာကြောင့် ဆိုရီးယားစစ်ဟာ သူ့ဟာသူပျောက်သွားသလဲဆိုတာကို အဖြေတိတိကျကျ မသိကြပါဘူး။

အကြမ်းဖျင်းအားဖြင့်တော့ ဆိုရီးယားစစ်ဟာ ပျောက်သွားလိုက် ပြန်ဖြစ်လိုက် ဖြစ်တတ်တဲ့ အရေပြားရောဂါလို့ပဲ နားလည်ထားကြတာပါ။ ပျောက်နေတဲ့ အချိန်ကြာအောင် ကုသမှုတွေပြုရတာပါ။ ဒါပေမဲ့ ဘယ်အချိန် ပြန်ဖြစ်သလဲဆိုတာတော့ ဘယ်သူမှ အတိအကျ မပြောနိုင်သေးတဲ့ မပြောတတ်သေးတဲ့အရာပါ။ လူတစ်ဦးနဲ့တစ်ဦး ကုသမှုတစ်ခုနဲ့ တစ်ခုအပေါ် မူတည်ပြီး ဘယ်အချိန်ပြန်ဖြစ်နိုင်တယ် ဆိုတာဟာ တစ်ဦးနဲ့တစ်ဦး ကွာခြားတယ်လို့ပဲ အကြမ်းဖျင်း မှတ်ယူထားကြပါတယ်။ ယေဘုယျအားဖြင့်တော့ ၆လ ၁နှစ်လောက် ဆိုရီးယားစစ်ပျောက်နေတာမျိုးတွေက အတွေ့ရများပြီး ၅နှစ်လောက် တဆက်တည်း ဆိုရီးယားစစ်ပျောက်နေတယ် ဆိုတာမျိုးက အတော်လေးနည်းပါတယ်။

ဆိုရီးယားစစ်ရဲ့မျိုးကွဲတွေနဲ့ ရောဂါရဲ့လားရာကို ပြောပြပြီးတဲ့နောက်မှာ ကုသမှုလေးတွေ အကြောင်း ဆက်ပြောပြချင်ပါတယ်။ ဆိုရီးယားစစ်ရောဂါရဲ့ ကုသမှုဟာ ရောဂါဖြစ်နေသူရဲ့ အသက်၊ ကျား၊ မ၊ အလုပ်အကိုင်၊ ကျန်းမာရေး အခြေအနေ၊ ဘဏ္ဍာရေးအခြေအနေ စတဲ့အချက်တွေပေါ် မူတည်သလို ဖြစ်နေတဲ့ ဆိုရီးယားစစ်ရဲ့ အမျိုးအစား၊ ဘယ်လောက်များသလဲ၊ ဘယ်နေရာတွေမှာ ဖြစ်နေတာလဲ၊ ဘယ်လောက်ကြာပြီလဲ စတဲ့ရောဂါဖြစ်နေသူနဲ့ ရောဂါရဲ့အခြေအနေ၊ အချက်အလက်တွေပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ကိုယ်ခန္ဓာ အသွင်အပြင်ကို ဂရုသိပ်မစိုက်တဲ့သူအတွက် ဆိုရီးယားစစ်အကွက် အများကြီးဟာ ပြဿနာမဟုတ်ပေမယ့် တစ်ချို့သူတွေအတွက်တော့ လူမြင်ကွင်းက ဆိုရီးယားစစ်အကွက် သေးသေးလေးတစ်ကွက်ဟာ ပြဿနာအကြီးကြီး ဖြစ်နေနိုင်တယ်။

ဒါမျိုးကိုလဲ ထည့်သွင်းစဉ်းစားကြရမှာပါ။ ဒါ့ကြောင့်မို့လို့ ကုသတဲ့နေရာမှာ ဆိုရီးယားစစ်ရဲ့ ဘယ်လောက်ထိဖြစ်မလဲဆိုတာနဲ့ ဘယ်လောက်အထိ ထိခိုက်မှုဖြစ်စေသလဲဆိုတာသာ အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။ ဆိုရီးယားစစ်ကုသမှုမှာ ဆိုရီးယားစစ်ဆိုတာ ကူးစက်တတ်တဲ့ရောဂါ မဟုတ်ကြောင်းနဲ့ ကင်ဆာရောဂါတစ်မျိုး မဟုတ်ကြောင်း သေသေချာချာ ရှင်းပြကြရမှာပါ။ ကုထုံးတွေ အများကြီးရှိတဲ့အကြောင်းကိုလည်း သေသေချာချာ ရှင်းပြကြရမှာ ဖြစ်ပါတယ်။ နှစ်သိမ့်အားပေးတာ၊ ဖြစ်ပေါ်နေတဲ့ စိတ်ဖိအားတွေ သက်သာအောင်လဲ ရှင်းပြပြောပြကြရမှာပါ။ ဆိုရီးယားစစ်ကြောင့် ဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှု၊ စိတ်ဖိအားတွေကို သက်သာအောင် ပြုလုပ်ပေးနိုင်ခြင်းဟာ ဆိုရီးယားစစ်အကွက်တွေကို ကုသသက်သာစေခြင်းနဲ့ ဆက်စပ်နေတာကြောင့် အဲဒီလို စိတ်ဖိအားတွေကို သက်သာအောင် ပြုလုပ်ပေးနိုင်ခြင်းဟာ ဆိုရီးယားစစ်ကုသမှုရဲ့ မပါမဖြစ် အစိတ်အပိုင်းတစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဆိုရီးယားစစ်ကုသရာမှာ လူနာမှာရှိနေနိုင်တဲ့ တခြားသောရောဂါတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ ဖြစ်ပါတယ်။

ရောဂါရှင်ရဲ့ နေ့စဉ် နေပုံထိုင်ပုံနဲ့ ကျန်းမာရေးဆိုင်ရာ အပြုအမူတွေကိုလဲ စူူးစမ်းပြီး ဖြစ်သင့်တဲ့ ပြုမူဆောင်ရွက်မှုတွေ ဖြစ်အောင် ပြောပြကြရမှာ ဖြစ်ပါတယ်။ ဥပမာ – ကိုယ်အလေးချိန်ထိန်းသိမ်းတာ၊ ဆေးလိပ်ဖြတ်တာ စတာတွေဖြစ်ပါတယ်။ ဆိုရီးယားစစ်ဟာ ပျောက်လိုက် ပြန်ဖြစ်လိုက် ဖြစ်နေတတ်တဲ့ရောဂါမျိုး ဖြစ်တဲ့အကြောင်းနဲ့ အဲဒီအတွက် ဖြစ်သင့်တဲ့ကုသမှု ပန်းတိုင်ကို လူနာနားလည်အောင် ကြိုတင်ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ နေ့စဉ် နေထိုင်မှုဘဝမှာ စိတ်ဖိစီးမှုတွေ သက်သာအောင် မရှိအောင် တတ်နိုင်သလောက် ပြုလုပ်ပေးကြရမှာပါ။ ဒီအတွက် ယထာဘူတကျတဲ့ ကုသမှုပန်းတိုင်ကို မျှော်မှန်းဖို့ဆိုတဲ့ အချက်ကို လူနာနားလည်အောင် ပြောပြပြီး အဲဒီကိုရောက်အောင် ကုသမှုပေးကြရမှာ ဖြစ်ပါတယ်။ ဆိုရီးယားစစ်ကုသမှုမှာ စစချင်းသက်သာအောင် ကုပေးမှုနဲ့ အဲဒါကို တတ်နိုင်သလောက် ရေရှည်ဖြစ်အောင် ထိန်းသိမ်းဖို့လိုပြီး ကုသမှုပေးကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကုသမှုကုန်ကျစရိတ်ကိုလဲ ထည့်သွင်းစဉ်းစားပြီး အားလုံးအကောင်းဆုံးဖြစ်အောင် ချိန်ညှိကြရမှာ ဖြစ်ပါတယ်။

ဆိုရီးယားစစ်ကုသမှုမှာ လိမ်းဆေးတွေနဲ့ သောက်ဆေးတွေ အကြောင်းလဲ နဲနဲလောက်ထပ်ပြီး ပြောပြချင်ပါတယ်။ လိမ်းဆေးတွေလို့ဆိုရာမှာ အရေပြားခြောက်နေမှုကို သက်သာစေတဲ့ ရေငွေ့ထိန်းအဆီတွေ၊ စတီးရွိုက်လိမ်းဆေးတွေ၊ ဗီတာမင်ဒီနဲ့ ဆက်နွယ်တဲ့ လိမ်းဆေးတွေ၊ ကတ္တရာလိမ်းဆေးတွေ၊ dithranol လိမ်းဆေးတွေနဲ့ ဗီတာမင်အေနဲ့ ပတ်သက်တဲ့ လိမ်းဆေးတွေ စသဖြင့် လိမ်းဆေးအမျိုးမျိုးထဲကနေ သင့်တော်ရာကို ရွေးချယ်အသုံးပြုလေ့ရှိကြပါတယ်။ လိမ်းဆေးကို အသုံးပြုရာမှာ ဂရုပြုသင့်တဲ့ အချက်တစ်ခုက စတီးရွိုက်လိမ်းဆေးကို အသုံးပြုရာမှာ ပြင်းအားအမျိုးမျိုးရှိတဲ့အတွက် ရောဂါရဲ့ အခြေအနေနဲ့ သင့်တော်တဲ့ ပြင်းအားကို ပြောင်းလဲအသုံးပြုဖို့နဲ့ ဘေးထွက်ဆိုးကျိုးတွေ မရအောင် ဂရုစိုက်ဖို့ ဖြစ်ပါတယ်။ ဆိုရီးယားစစ်ရောဂါ ကုသရာမှာ နောက်ထပ်အသုံးပြုနိုင်တဲ့ ကုသမှုတစ်ခုကတော့ အလင်းပြတဲ့ကုထုံး ဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ပြသပြီး ဆိုရီးယားစစ်ရောဂါကို ကုသတာဖြစ်ပါတယ်။ NBUVB, PVVA စသည်ဖြင့် အလင်းပြကုထုံးတွေကို ရောဂါအခြေအနေအလိုက် သင့်တော်သလို အသုံးပြုကုသရတာ ဖြစ်ပါတယ်။ နောက်ထပ်ကတော့ ဆိုရီးယားစစ်ရောဂါ ကုသရာမှာ အသုံးပြုတဲ့ သောက်ဆေး ထိုးဆေးတွေ ဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ပြင်းထန်တဲ့ ဆိုရီးယားစစ် ဒါမှမဟုတ် လိမ်းဆေးတို့ အလင်းကုထုံးတို့နဲ့ မသက်သာတဲ့ ဆိုရီးယားစစ်တွေမှာ သောက်ဆေး၊ လိမ်းဆေးတွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။ အဓိကအသုံးပြုနေတဲ့ဆေးတွေကို ပြောပြရမယ်ဆိုရင်တော့ Methotrexate, Autretin, Fumaric acid ester နဲ့ Hydroxycarbamide စတာတွေ ဖြစ်ပါတယ်။ ဒီနေရာမှာလဲ ဆိုရီးယားစစ်ရဲ့ အခြေအနေ။ လူနာရဲ့အခြေအနေ စတာတွေကို ကြည့်ရှုပြီး၊ အသင့်တော်ဆုံး ဖြစ်နိုင်မယ့်ဆေးကို ရွေးချယ်ပြီး ကုသကြရမှာ ဖြစ်ပါတယ်။ ဆိုရီးယားစစ်ဆိုတဲ့ တော်တော်လေး စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါ ဖြစ်နေတဲ့သူတွေ တတ်နိုင်သလောက် စိတ်ဒုက္ခတွေ လျော့ပါးနိုင်ကြပါစေလို့ ဆုတောင်းရင်း . . . . . . ။

Author: Dr.ကေ (အရေပြား), Healthcare Journal, vol 8,no 29 (4.8.17)

Previous Post

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေ

Next Post

ဂနိုကျလို့ မငိုကြဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
590
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

2 years ago
1.2k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
865

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဂနိုကျလို့ မငိုကြဖို့

နား ကျန်းမာရေး ဂရုစိုက်ပေး

ဒီဦးနှောက်စားတဲ့ပြဿနာကို သတိပြုဆင်ခြင်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.