fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

မမဝဝတို႔ လွလွေစဖို႔

148
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/09/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

အဝလြန္တဲ့ပ်ိဳေမတို႔ဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ေလ်ာ့နည္းေစတတ္သလို သြယ္လ်သူေတြကိုေတြ႕ရင္ ပိုၿပီးစိတ္ဓာတ္က်တတ္ပါတယ္။ ဒါ့ျပင္ ကိုယ္အေလးခ်ိန္ ျမင့္တက္လာရင္ က်န္းမာေရးထိခိုက္ႏိုင္သလို အဝတ္အစား ဝတ္ရတာ အဆင္မေျပတာ ေနထိုင္သြားလာရတာ မေပါ့ပါးတာေတြ ျဖစ္တတ္ပါတယ္။ ေန႔စဥ္ စားေသာက္မႈေတြ၊ လႈပ္ရွားမႈေတြမွာ ဂ႐ုမျပဳမိတဲ့ သတိလက္လြတ္ေနမိလို႔ ဝ လာေစတဲ့ အေၾကာင္းေလးေတြကို ေဖာ္ျပလိုက္ရပါတယ္။

ေရဓာတ္အနည္းငယ္ ခမ္းေျခာက္ေနရင္ အမ်ိဳးသမီးေတြဟာ ႏုံးတာ၊ ေခါင္းကိုက္တာနဲ႔ အာ႐ုံစူးစိုက္မႈ ခက္ခဲတာေတြ ျဖစ္တတ္ပါတယ္။ ေရဓာတ္ခမ္းေျခာက္တာေၾကာင့္ ဗိုက္ဆာတာ၊ ပင္ပန္းတာနဲ႔ စိတ္တိုတာေတြ ျဖစ္တတ္လို႔ ကိုယ့္ရဲ႕ တစ္ေန႔တာ ေရေသာက္ႏႈန္းကို သတိထားၾကည့္ပါ။ တစ္ေန႔ကို ေရႏွစ္လီတာနဲ႔အထက္ ေသာက္သုံးဖို႔လိုအပ္ၿပီး အစာစားခ်င္စိတ္ကို ေလ်ာ့က်ဖို႔အတြက္ အစာမစားခင္ ေရတစ္ဖန္ခြက္လည္း ေသာက္သင့္ပါတယ္။ ေရေသာက္တာဟာ ခႏၶာကိုယ္ရဲ႕ ဇီဝ႐ုပ္ျဖစ္ပ်က္မႈကို ေကာင္းမြန္ေစတဲ့အျပင္ ခႏၶာကိုယ္ထဲက မေကာင္းတဲ့ အဆီေတြကို ေခ်ဖ်က္ေပးပါတယ္။ တစ္ေန႔ကို ေရအနည္းဆုံး ရွစ္ဖန္ခြက္ေသာက္ရင္ တစ္ႏွစ္အတြင္း ကိုယ္အေလးခ်ိန္ ရွစ္ေပါင္က်ေစတယ္ လို႔ ေလ့လာသူေတြက ဆိုပါတယ္။

ေန႔တစ္ေန႔ရဲ႕ ပထမဆုံးအစာျဖစ္တဲ့ မနက္စာကို မစားဘဲ ေက်ာ္သြားၾကသူေတြဟာ ကယ္လိုရီမ်ားတဲ့ အစာေတြကို ျမင္တဲ့အခါ ပိုၿပီးစိတ္လႈပ္ရွားေအာင္ ဦးေႏွာက္က လႈံ႕ေဆာ္ေပးၿပီး ပိုမိုစားတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ အဝလြန္ေစမယ့္ သေရစာေတြ စားသုံးခ်င္စိတ္ကို ေလွ်ာ့ခ်ဖို႔ မနက္စာကို ပုံမွန္စားသုံးေပးပါ။

ဗိုက္ပူၿပီး အဝလြန္မွာ စိုး႐ြံ႕သူေတြအေနနဲ႔ ကာဗြန္ပါတဲ့ အခ်ိဳရည္ေတြကို ေရွာင္သင့္ပါတယ္။ ေဆာ္ဒါအခ်ိဳရည္ ႏွစ္ခြက္နဲ႔အထက္ ေသာက္သူေတြဟာ မေသာက္တဲ့သူေတြထက္ ခါးအတိုင္းအတာ ေျခာက္ဆေလာက္ ပိုတုတ္လာတယ္လို႔ သိရပါတယ္။

အိုမီဂါ – ၃ဖက္တီးအက္ဆစ္ပါတဲ့ ဆယ္လ္မြန္ငါး၊ ဆားဒင္းငါးတို႔ကို တစ္ပတ္ႏွစ္ႀကိမ္ စားေပးပါ။ ဒါမွမဟုတ္ သၾကားသီးကို လက္တစ္ဆုပ္စာ စားေပးႏိုင္သလို ပန္းေဂၚဖီစိမ္း၊ ေဂၚဖီထုပ္၊ ပန္းေဂၚဖီ၊ ကၫြတ္၊ ပဲဝါ စတဲ့ အစားအစာေတြမွာလည္း ဗီတာမင္ေအ၊ စီနဲ႔ေကအျပင္ ေဖာလိတ္၊ ဘီတာကယ္႐ိုတင္၊ မဂၢနီစီယမ္၊ ကယ္လ္စီယမ္နဲ႔ အမွ်ဥ္ဓာတ္ေတြ ပါတဲ့အတြက္ ကိုယ္အေလးခ်ိန္ထိန္းဖို႔ အလြန္သင့္ေတာ္ပါတယ္။

ဒါ့ျပင္ အစာစားရင္ ေရေႏြးၾကမ္းက ကိုယ္အေလးခ်ိန္ေလ်ာ့က်ၿပီး အႏၲရာယ္ရွိ ဖက္တီးအက္ဆစ္ေတြ ေလ်ာ့နည္းတာကို ေတြ႕ရပါတယ္။ လက္ဖက္ေျခာက္ဟာ အစာေျခ လမ္းေၾကာင္းအတြင္း အဆီစုပ္ယူမႈကို တားဆီးေပးတဲ့ Polypthenol Antioxidant ေတြ မ်ားစြာပါရွိတာမို႔ ဇီဝ႐ုပ္ျဖစ္ပ်က္မႈကို ျမန္ေစပါတယ္။

အစာစားခ်ိန္မွာ စကားမေျပာဘဲ သင္စားတဲ့ အစာေပၚမွာပဲ အာ႐ုံစိုက္ၿပီး စားေပးပါ။ အစာစားဖို႔အခ်ိန္ မိနစ္ ၂၀ ေပးၿပီး ျဖည္းျဖည္းခ်င္းစားပါ။ အစာကို တစ္လုတ္ခ်င္း တစ္ကိုက္ခ်င္း အရသာခံစားပါ။ အစာစားေနစဥ္ TV ၾကည့္တာ၊ ကြန္ပ်ဴတာသုံးတာ၊ ဖုန္းေျပာတာေတြ မလုပ္မိပါေစနဲ႔။ ေနာက္တစ္ခုက ဘာပဲစားစား မစားခင္မွာ ကိုယ္စားမယ့္ အစားအေသာက္ကို ႏွစ္ပိုင္းခြဲပါ။ တစ္ဝက္ကို အရင္စားၿပီး ေနာက္တစ္ဝက္ကိုထပ္စားခ်င္ေသးလား ကိုယ့္ကိုယ္ကို ဆန္းစစ္ၿပီးမွ စားပါ။ ဗိုက္ျပည့္ေနၿပီထင္ရင္ ထပ္မစားပါနဲ႔။

စိတ္ဖိစီးမႈမ်ားကာ ရယ္ေမာဖို႔ ေမ့ေလ်ာ့ေနတတ္ရင္လည္း ကိုယ္အေလးခ်ိန္ ျမင့္တက္လာေစႏိုင္ပါတယ္။ ရယ္ေမာတာဟာ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစၿပီး ေသြးစီးဆင္းမႈ ေကာင္းမြန္ေစကာ ကယ္လိုရီေတြကိုလည္း ေလာင္ကြၽမ္းေစႏိုင္ပါတယ္။ အလုပ္ေတြ တာဝန္ေတြ အမ်ားအျပား ထမ္းေဆာင္ရင္ ဟက္ဟက္ပက္ပက္ ရယ္ေမာရင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနႏိုင္ေအာင္ ႀကိဳးစားပါ။

အိပ္ခ်ိန္ အလုံအေလာက္မရွိတာက စိတ္ဖိစီးမႈ ပိုခံရၿပီး ဗိုက္ပိုဆာတတ္ၾကပါတယ္။ တစ္ေန႔ကို အိပ္ခ်ိန္ ၇ နာရီ ဒါမွမဟုတ္ ၈ နာရီ ရွိသင့္ပါတယ္။ အိပ္ေရးပ်က္တဲ့အခါ ေနာက္တစ္ေန႔မွာ စိတ္ပိုင္းဆိုင္ရာ တက္ႂကြမႈ မရွိေတာ့ဘဲ အစာကို အလြန္အကြၽံ စားခ်င္တဲ့ဓာတ္ေတြ အထြက္မ်ားလာတာေၾကာင့္ အစာအစားသုံးမႈမ်ားၿပီး ကိုယ္အေလးခ်ိန္ တိုးလာေစႏိုင္ပါတယ္။ အိပ္စက္မႈပိုတာက အစာစားခ်င္စိတ္ကိုေလွ်ာ့ခ်ေပးတာေၾကာင့္ ကယ္လိုရီ ၆ ရာခိုင္ႏႈန္းေလာက္ က်ဆင္းေစပါတယ္။

ကဲ . . . အဝလြန္တဲ့ ပ်ိဳေမတို႔ေရ ကိုယ္ရဲ႕ ေနထိုင္စားေသာက္မႈပုံစံ ဘာေတြမွားေနလဲ ဆန္းစစ္ေနထိုင္ ျပဳျပင္လို႔ မမဝဝတို႔ လွလွႏိုင္ၾကပါေစ။

Author: ညီညီေက်ာ္, Healthcare Journal, vol 8,no 32 (25.8.17)

(Unicode)

အဝလွန်တဲ့ပျိုမေတို့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်းစေတတ်သလို သွယ်လျသူတွေကိုတွေ့ရင် ပိုပြီးစိတ်ဓာတ်ကျတတ်ပါတယ်။ ဒါ့ပြင် ကိုယ်အလေးချိန် မြင့်တက်လာရင် ကျန်းမာရေးထိခိုက်နိုင်သလို အဝတ်အစား ဝတ်ရတာ အဆင်မပြေတာ နေထိုင်သွားလာရတာ မပေါ့ပါးတာတွေ ဖြစ်တတ်ပါတယ်။ နေ့စဉ် စားသောက်မှုတွေ၊ လှုပ်ရှားမှုတွေမှာ ဂရုမပြုမိတဲ့ သတိလက်လွတ်နေမိလို့ ဝ လာစေတဲ့ အကြောင်းလေးတွေကို ဖော်ပြလိုက်ရပါတယ်။

ရေဓာတ်အနည်းငယ် ခမ်းခြောက်နေရင် အမျိုးသမီးတွေဟာ နုံးတာ၊ ခေါင်းကိုက်တာနဲ့ အာရုံစူးစိုက်မှု ခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာကြောင့် ဗိုက်ဆာတာ၊ ပင်ပန်းတာနဲ့ စိတ်တိုတာတွေ ဖြစ်တတ်လို့ ကိုယ့်ရဲ့ တစ်နေ့တာ ရေသောက်နှုန်းကို သတိထားကြည့်ပါ။ တစ်နေ့ကို ရေနှစ်လီတာနဲ့အထက် သောက်သုံးဖို့လိုအပ်ပြီး အစာစားချင်စိတ်ကို လျော့ကျဖို့အတွက် အစာမစားခင် ရေတစ်ဖန်ခွက်လည်း သောက်သင့်ပါတယ်။ ရေသောက်တာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အဆီတွေကို ချေဖျက်ပေးပါတယ်။ တစ်နေ့ကို ရေအနည်းဆုံး ရှစ်ဖန်ခွက်သောက်ရင် တစ်နှစ်အတွင်း ကိုယ်အလေးချိန် ရှစ်ပေါင်ကျစေတယ် လို့ လေ့လာသူတွေက ဆိုပါတယ်။

နေ့တစ်နေ့ရဲ့ ပထမဆုံးအစာဖြစ်တဲ့ မနက်စာကို မစားဘဲ ကျော်သွားကြသူတွေဟာ ကယ်လိုရီများတဲ့ အစာတွေကို မြင်တဲ့အခါ ပိုပြီးစိတ်လှုပ်ရှားအောင် ဦးနှောက်က လှုံ့ဆော်ပေးပြီး ပိုမိုစားတတ်ကြပါတယ်။ ဒါ့ကြောင့် အဝလွန်စေမယ့် သရေစာတွေ စားသုံးချင်စိတ်ကို လျှော့ချဖို့ မနက်စာကို ပုံမှန်စားသုံးပေးပါ။

ဗိုက်ပူပြီး အဝလွန်မှာ စိုးရွံ့သူတွေအနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဆော်ဒါအချိုရည် နှစ်ခွက်နဲ့အထက် သောက်သူတွေဟာ မသောက်တဲ့သူတွေထက် ခါးအတိုင်းအတာ ခြောက်ဆလောက် ပိုတုတ်လာတယ်လို့ သိရပါတယ်။

အိုမီဂါ – ၃ဖက်တီးအက်ဆစ်ပါတဲ့ ဆယ်လ်မွန်ငါး၊ ဆားဒင်းငါးတို့ကို တစ်ပတ်နှစ်ကြိမ် စားပေးပါ။ ဒါမှမဟုတ် သကြားသီးကို လက်တစ်ဆုပ်စာ စားပေးနိုင်သလို ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ ပဲဝါ စတဲ့ အစားအစာတွေမှာလည်း ဗီတာမင်အေ၊ စီနဲ့ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှဉ်ဓာတ်တွေ ပါတဲ့အတွက် ကိုယ်အလေးချိန်ထိန်းဖို့ အလွန်သင့်တော်ပါတယ်။

ဒါ့ပြင် အစာစားရင် ရေနွေးကြမ်းက ကိုယ်အလေးချိန်လျော့ကျပြီး အန္တရာယ်ရှိ ဖက်တီးအက်ဆစ်တွေ လျော့နည်းတာကို တွေ့ရပါတယ်။ လက်ဖက်ခြောက်ဟာ အစာခြေ လမ်းကြောင်းအတွင်း အဆီစုပ်ယူမှုကို တားဆီးပေးတဲ့ Polypthenol Antioxidant တွေ များစွာပါရှိတာမို့ ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေပါတယ်။

အစာစားချိန်မှာ စကားမပြောဘဲ သင်စားတဲ့ အစာပေါ်မှာပဲ အာရုံစိုက်ပြီး စားပေးပါ။ အစာစားဖို့အချိန် မိနစ် ၂၀ ပေးပြီး ဖြည်းဖြည်းချင်းစားပါ။ အစာကို တစ်လုတ်ချင်း တစ်ကိုက်ချင်း အရသာခံစားပါ။ အစာစားနေစဉ် TV ကြည့်တာ၊ ကွန်ပျူတာသုံးတာ၊ ဖုန်းပြောတာတွေ မလုပ်မိပါစေနဲ့။ နောက်တစ်ခုက ဘာပဲစားစား မစားခင်မှာ ကိုယ်စားမယ့် အစားအသောက်ကို နှစ်ပိုင်းခွဲပါ။ တစ်ဝက်ကို အရင်စားပြီး နောက်တစ်ဝက်ကိုထပ်စားချင်သေးလား ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီးမှ စားပါ။ ဗိုက်ပြည့်နေပြီထင်ရင် ထပ်မစားပါနဲ့။

စိတ်ဖိစီးမှုများကာ ရယ်မောဖို့ မေ့လျော့နေတတ်ရင်လည်း ကိုယ်အလေးချိန် မြင့်တက်လာစေနိုင်ပါတယ်။ ရယ်မောတာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး သွေးစီးဆင်းမှု ကောင်းမွန်စေကာ ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေနိုင်ပါတယ်။ အလုပ်တွေ တာဝန်တွေ အများအပြား ထမ်းဆောင်ရင် ဟက်ဟက်ပက်ပက် ရယ်မောရင်း ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင် ကြိုးစားပါ။

အိပ်ချိန် အလုံအလောက်မရှိတာက စိတ်ဖိစီးမှု ပိုခံရပြီး ဗိုက်ပိုဆာတတ်ကြပါတယ်။ တစ်နေ့ကို အိပ်ချိန် ၇ နာရီ ဒါမှမဟုတ် ၈ နာရီ ရှိသင့်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ နောက်တစ်နေ့မှာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု မရှိတော့ဘဲ အစာကို အလွန်အကျွံ စားချင်တဲ့ဓာတ်တွေ အထွက်များလာတာကြောင့် အစာအစားသုံးမှုများပြီး ကိုယ်အလေးချိန် တိုးလာစေနိုင်ပါတယ်။ အိပ်စက်မှုပိုတာက အစာစားချင်စိတ်ကိုလျှော့ချပေးတာကြောင့် ကယ်လိုရီ ၆ ရာခိုင်နှုန်းလောက် ကျဆင်းစေပါတယ်။

ကဲ . . . အဝလွန်တဲ့ ပျိုမေတို့ရေ ကိုယ်ရဲ့ နေထိုင်စားသောက်မှုပုံစံ ဘာတွေမှားနေလဲ ဆန်းစစ်နေထိုင် ပြုပြင်လို့ မမဝဝတို့ လှလှနိုင်ကြပါစေ။

Author: ညီညီကျော်, Healthcare Journal, vol 8,no 32 (25.8.17)

Previous Post

ကျောက်ချဉ်တို့ရဲ့ အသုံးဝင်ပုံ အမျိုးအစားအစုံ

Next Post

ချောကလက်ရဲ့ အကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
546
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
804

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ချောကလက်ရဲ့ အကြောင်းသိကောင်းစရာ

အဲယားကွန်း လေအေးပေးစက်များနဲ့ ကျန်းမာရေး ကောင်းကျိုး ဆိုးကျိုးများ

ကလေးတွေမှာ အနားယူဖို့ အချိန်ရှိသင့်တယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.