fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဗုိက္ရစ္နာတာ အေျဖရွာ

366
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/09/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဗိုက်ရစ်နာတာ အဖြေရှာ

တစ်ခုခုကို လုပ်တော့မယ် ၊ ခရီးသွားတော့မယ်ဆိုမှ ဗိုက်ရစ်နာလာတဲ့ ဒုက္ခက တော်တော်ဆိုးပါတယ်။ တချို့လူတွေမှာတော့ ပုံမှန်အချိန်ဆို ဝမ်းချုပ်နေတတ်ပြီး ခရီးသွားတော့မယ်ဆိုမှ ဝမ်းသွားတာမျိုးတွေ လည်းရှိပါတယ်။ တစ်ခုခုဆို ဗိုက်ကြီးက လေတွေပွပြီး နာလာတာမျိုး ၊ အိမ်သာတက်ချင်လာတာမျိုးတွေဟာ လူနေမှု ဘဝပုံစံကို တော်တော်လေး စိတ်ကသိကအောင့် ဖြစ်စေတတ်ပါတယ်။

ဒီဆောင်းပါးလေးမှာ ဒီလို လက္ခဏာတွေကို ဖြစ်စေနိုင်တဲ့ ရောဂါတစ်ခုဖြစ်တဲ့ Irritable bowel syndrome ဆိုတဲ့ ရောဂါ အကြောင်းလေးပြောပြချင်ပါတယ်။ ဒီရောဂါဟာ အူမကြီးမှာ ဖြစ်တဲ့ ရောဂါတစ်ခုပါ။ ဘာကြောင့်ဖြစ်တယ် သေချာမသိရပေမယ့် အစာအိမ်ချေဖျက်မှု တစ်ခုခု မှားယွင်းနေတာ ဒါမှမဟုတ် အူက ဓာတ်တုန့်ပြန်မှု များလို့ ဖြစ်တာလို့ ယူဆပါတယ်။

ဒီရောဂါဟာ အသက်ငယ်တဲ့သူတွေ အသက် ၄၅ နှစ်အောက်မှာ ပိုအဖြစ်များပါတယ်။ ယောက်ကျားလေး မိန်းကလေး နှိုင်းယှဉ်ရင် မိန်းကလေးတွေမှာ ပိုအဖြစ်များပါတယ်။ မိသားစုမျိုးရိုး ရှိရင်လည်း ပိုဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုခံစားနေရသူတွေ ၊ စိတ်ကျရောဂါ ရှိနေသူတွေ၊ လူမှုဘဝပုံစံမှာ ပြဿနာရှိနေသူတွေ ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် နှိပ်စက်ခံထားရသူတွေမှာ ပိုဖြစ်နိုင်ချေ များပါတယ်။

ဒီရောဂါရဲ့ လက္ခဏာတွေကတော့ ဗိုက်ကို လိမ်ပြီး ဆွဲစုတ်နေသလိုမျိုး ဗိုက်ရစ်နာမယ် ၊ လေပွမယ် ၊ ပြည့်အင့်အင့်ကြီး ခံစားရမယ်။ ရောဂါ လက္ခဏာတွေဟာ ဝမ်းသွားလိုက်ရင် သက်သာသွားတတ်တယ်။  ဝမ်းသွားလိုက် ၊ ဝမ်းချုပ်လိုက်တွေ ဖြစ်နေမယ်။ ဝမ်းထဲမှာ အကျိအချွဲတွေ ပါနေတတ်တယ်။ တစ်ခါတလေ အိမ်သာသွားချင်ရင် ထိန်းမရတာမျိုးတွေ ထိဖြစ်တတ်ပါတယ်။

ဝမ်းသွားပြီးတဲ့အခါမှာလည်း ဝမ်းကျန်နေသလိုမျိုးတွေ ခံစားရတတ်တယ်။ ဝမ်းသွားပြီးသွားရင် နှုန်းသွားတာမျိုး ၊ အားမရှိတော့သလိုမျိုးတွေ ဖြစ်တတ်တယ်။ ခါးနာတာတွေနဲ့လည်း တွဲဖြစ်တတ်တယ်။ ဒါ့အပြင် ဆီးနဲ့ ပတ်သက်တဲ့ ပြဿနာတွေပါ ရှိနေတတ်တယ်။ ညဖက် ဆီးခဏခဏ သွားတာမျိုး ၊ ဆီးသွားချင်ရင် အောင့်ထားလို့ မရတာမျိုး ၊ ဆီးကုန်အောင် မသွားနိုင်ဘဲ ဆီးကျန်တာမျိုးတွေလည်း ဖြစ်တတ်တယ်။

IBS ရောဂါဟာ ကင်ဆာရောဂါကို မပြောင်းနိုင်ပေမယ့် ဒီရောဂါ ခံစားနေရနေရတဲ့သူတွေဟာ ပုံမှန်နေထိုင် လှုပ်ရှားမှုတွေမှာ အနှောက်အယှက် ပေးတာမျိုး ၊ စိတ်ဒဏ်ရာပေးတာမျိုးတွေ ဖြစ်လာနိုင်တယ်။ စိတ်ကျရောဂါ ပိုဆိုးသွားတာမျိုး ၊ ပုံမှန်လုပ်ငန်းဆောင်တာတွေ ထိခိုက်ရလောက်တဲ့အထိ ဆိုးလာရင်တော့ ဆေးကုသမှု ခံယူသင့်တယ်။

ဒီရောဂါ ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။

ပုံမှန်လူတစ်ယောက်ဟာ ဗိုက်နာတယ် ၊ လေထိုးလေအောင့်ဖြစ်တယ် ၊ ဝမ်းက သွားလိုက် ချုပ်လိုက်နဲ့ဖြစ်နေတယ် ဒီလိုလက္ခဏာတွေကို  ခံစားနေရတာ အနည်းဆုံး ၆ လလောက် ရှိနေပြီဆိုရင်တော့ ဒီရောဂါကို စဉ်းစားပါတယ်။ ဒါပေမယ့် ဒီ IBS ရောဂါဟာ တခြားရောဂါတွေဖြစ်တဲ့ အူမှာ အနာဖြစ်တဲ့ရောဂါ ( Ulcerative  colitis, Crohn’s disease ) တွေနဲ့ လက္ခဏာတွေ ဆင်တူနေလို့ ခွဲခြားဖို့ လိုပါတယ်။ ဒါ့အပြင် အူကင်ဆာ ရောဂါတွေမှာလည်း ဒီလက္ခဏာတွေ ရှိနေတဲ့အတွက် ခွဲခြားစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

ဝမ်းထဲမှာ သွေးပါလာတာ၊ ကိုယ်အလေးချိန်ကျဆင်းသွားတာ ၊ သွေးအားနည်းတာတွေ ရှိလာရင်တော့ အူကင်ဆာ ပိုပြီး ဖြစ်နိုင်လို့ပါ။ သွေးစစ်ကြည့်တာ ၊ တီဗွီဓာတ်မှန်ရိုက်ကြည့်တာ၊ ဝမ်းစစ်ကြည့်တာ၊ မှန်ပြောင်းကြည့်တာတွေ လုပ်လို့ရပါတယ်။ IBS ရောဂါဆိုရင်တော့ ကင်ဆာကို ပြောင်းနိုင်ချေ မရှိတဲ့အတွက် စိတ်ပူစရာ မလိုပါဘူး။

ဒါပေမယ့် ဒီရောဂါဟာ နာတာရှည် ရောဂါတစ်ခုဖြစ်ပြီး ဖြစ်လိုက်ပျောက်လိုက်ဖြစ်နေတတ်ပါတယ်။ ဒီ IBS ရောဂါရဲ့ နောက်ဆက်တွဲ အနေနဲ့ကတော့ လိပ်ခေါင်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒီ IBS ရောဂါသည်တွေ အနေနဲ့ အစားကို အချိန်မှန် စားသင့်ပါတယ်။ ရေများများသောက်ပြီး လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ကော်ဖီ လက်ဖက်ရည်တွေ ၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေက ရောဂါ လက္ခဏာတွေကို ပိုမိုဆိုးဝါးစေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

နိဂုံးချုပ်အနေနဲ့ မှာချင်တာက အမျှင်ဓာတ်ပါတဲ့ အစားအစာတွေဟာ ဒီရောဂါကို ခံစားနေရတဲ့သူတွေ အတွက် စားသုံးသင့်တဲ့ ဆေးတစ်လက်ပါပဲ။ ဒါပေမယ့် စ စားစားချင်းမှာ လေပွခြင်း ၊ ဗိုက်အင့်ခြင်း စတဲ့ လက္ခဏာတွေကို ပိုဆိုးစေတဲ့အတွက် နည်းနည်းနဲ့ စစားပြီး စားသောက်သည့် ပမာဏကို တဖြည်းဖြည်း တိုးတိုးစားသောက်သင့်ပါတယ်လို့ အကြံပြုရင်း ……….

Author : Dr. မေ

Previous Post

ရင်ဘတ်အောင့်တယ်ဆိုတာ

Next Post

မူမမှန်ဆင်းမယ် ကွက်တိကွက်ကြားဆင်းမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မူမမှန်ဆင်းမယ် ကွက်တိကွက်ကြားဆင်းမယ်

ကိုယ်ဝန်ဆောင်များနဲ့ အလှအပရေးရာ အမေးအဖြာဖြာ

တော်တော်စိတ်ဒုက္ခပေးတဲ့ အရေပြားရောဂါတွေ အရေပြားအပေါ်ယံလွှာထဲက အရည်အိတ်လေး ( အပိုင်း ၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.