ေဆးေလာကမွ တခ်ိဳ႕ ေရာဂါနာမည္မ်ား
၉၆ ပါးေရာဂါပဲျဖစ္ျဖစ္ ေရာဂါေပါင္း ေသာင္းေျခာက္ေထာင္ပဲျဖစ္ျဖစ္ ေရာဂါနာမည္ေတြ အမ်ားႀကီးရွိၾကတဲ့အထဲမွာမွ ေရာဂါနာမည္တိုင္းကို နားလည္ဖို႔ ခက္ပါလိမ့္မယ္။
လူနာတစ္ေယာက္အေနနဲ႔ကေတာ့ မိမိ ဘာေရာဂါျဖစ္ေနလဲဆိုတာ သိခ်င္မွာပဲ ခံစားေနရတာၾကာလာတာနဲ႔ အမွ် ေရာဂါကိုသိခ်င္လာတတ္ၾကတယ္။ အဲ့လိုအခါေတြ ေဆးခန္းေတြျပ လိုအပ္တာေတြစစ္ၿပီး ထြက္လာတဲ့ ေရာဂါ နာမည္ကို ေခါင္းစဥ္တပ္ဖို႔လည္းၾကည့္ေရာ ေရာဂါနာမည္က အဂၤလိပ္လို အေခၚအေဝၚႀကီး ျဖစ္ေနတတ္တယ္။
အေနာက္တိုင္း ေဆးပညာ ျဖစ္ေနတဲ့အခါက်ေတာ့ တစ္ခ်ိဳ႕ေရာဂါေတြကေတာ့ ဘာျဖစ္ေနတာလဲ ဆိုတာက ျမန္မာလို လြယ္လြယ္ကူကူ ဘာသာျပန္ဆိုထားေပမယ့္ ေရာဂါတိုင္းကို ျမန္မာလို ဘာသာျပန္ဖို႔ေတာ့ ခက္ပါလိမ့္မယ္။ ဒါ႐ိုက္တာတို႔ ေမာ္ေတာ္ကား ေမာ္ေတာ္ဆိုင္ကယ္ တို႔လိုပဲ အဂၤလိပ္ဘာသာကိုပဲ ေမြးစားၿပီး ေခၚလိုက္ရတာေတြလည္းရွိတယ္။
ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ ဆိုတာေတြက နာမည္သိလိုက္တာနဲ႔ ဘာျဖစ္တာလဲ တန္းၿပီးသိႏိုင္ပါတယ္။ တီဘီေရာဂါဆိုရင္ ျမန္မာႏိုင္ငံမွာေတာ့ လူတိုင္းသိေပမယ့္ ဒါက ျမန္မာနာမည္မဟုတ္ပါဘူး။ အဂၤလိုပ္လိုအေခၚအေဝၚျဖစ္တဲ့ Tuberculosis ကို အတိုေကာက္ TB လို႔ေခၚတာပါ။ ေဂါက္ေရာဂါလို႔ေျပာလိုက္ရင္ ႐ူးေနတယ္ လို႔ေျပာတာမဟုတ္ပါဘူး။ Gout လို႔ ေခၚတဲ့ အဆစ္အျမစ္ေရာင္ ေရာဂါတစ္မ်ိဳးကို ျမန္မာဘာသာနဲ႔ တိုက္႐ိုက္ေခၚလိုက္တာပါ။
Osteoarthritis ဆိုတဲ့ ေရာဂါမ်ိဳးဆိုရင္ အသက္ႀကီးပိုင္းေတြလည္း အျဖစ္မ်ားတယ္။ ျမန္မာလိုဘာသာျပန္ဆိုရင္လည္း ဘယ္လို ေခၚရမလဲ။ ေျပာရခက္တဲ့ေရာဂါေတြထဲက တစ္ခုပါ။ အသက္အရ အ႐ိုးေတြထဲမွာ ျဖစ္တတ္တဲ့ေရာဂါတစ္ခုပါပဲ။
ကိုယ္ခံအားစနစ္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိမိကိုယ္ခံအားကို ျပန္တိုက္တယ္ဆိုတဲ့ ေရာဂါေတြဆို ျမန္မာလို ဘာသာျပန္ဖို႔ ေတာ္ေတာ့္ကို ခက္ပါတယ္။ ဒါေတာင္ တခ်ိဳ႕ေရာဂါေတြ ဘာသာျပန္ေပးထားပါတယ္။ RA ဆိုရင္ ေသြးေလးဘက္နာတို႔ SLE ဆိုရင္ အေရျပားေလးဘက္နာတို႔ပါ ။
PSORIASIS လိုအေရျပားေရာဂါကေတာ့ အဂၤလိပ္အေခၚအေဝၚကိုပဲ တိုက္႐ိုက္ေမြးစားၿပီး ေခၚလိုက္တာပါ။ SCLERODERMA တို႔ SYSTEMIC SCLEROSIS တို႔ဆို အဂၤလိပ္လိုအေခၚအေဝၚပဲ အသုံးျပဳေနၾကပါတယ္။ MYASTHENIA GREVIS ေရာဂါလည္း ဒီလိုပါပဲ ႂကြက္သားေတြေပ်ာ့တဲ့ ေရာဂါတစ္မ်ိဳးပါ။ ကိုယ္ခံအားစနစ္ကို အလိုလိုျပန္တိုက္တဲ့ Antibody ေတြ ေၾကာင့္ျဖစ္တာပါ။ အဂၤလိပ္လိုပဲ တိုက္႐ိုက္ ေခၚပါတယ္။
Dermoid cyst လို႔ေခၚတဲ့ သားဥအိမ္ထဲမွာ ျဖစ္တတ္တဲ့ေရာဂါဆိုရင္ တခ်ိဳ႕သူေတြဆို တစ္ျခားသူက ျပဳစားထားလို႔ ဆိုၿပီးေတာင္ေျပာတယ္။ ဒီေရာဂါက်ေတာ့ သားဥအိမ္ အလုံးမွာ အထဲက ဆံပင္ေမႊးေတြေရာ အသားေတြေရာ သြားေတြေရာ အကုန္ပါေနေတာ့ ဒါျဖစ္တယ္ဆိုရင္ ျပဳစားခံရတယ္ ဆိုၿပီး ထင္မွတ္ေနတတ္ၾကတယ္။ တကယ္ကေတာ့ ေဟာ္မုန္းနဲ႔ဆိုင္တဲ့ ေရာဂါ တစ္မ်ိဳးပါပဲ။ သားဥအိမ္တင္မကဘဲ မ်က္ႏွာနဲ႔ ေက်ာေတြမွာလည္းျဖစ္တတ္ပါတယ္။
LEPTOSPIROSIS ေရာဂါဆိုရင္လည္း ျမန္မာလိုဘာသာျပန္ဖို႔ခက္ပါတယ္။ ေရာဂါပိုးရွိတဲ့ ႂကြက္ေသးကေန တဆင့္ကူးတာပါ။ အသားဝါတာေရာ ေက်ာက္ကပ္ေရာင္တာေရာ ျဖစ္တတ္ပါတယ္။ ႏွလုံးေရာဂါဆိုရင္လည္း အမ်ားႀကီးပါ။ ႏွလုံးအဆို႔ရွင္မလုံတဲ့ေရာဂါေတြ ေသြးေၾကာအပိုပါတဲ့ ေရာဂါေတြ အေပါက္အပိုပါတဲ့ ေရာဂါစသျဖင့္ပဲ နာမည္ တပ္လိုက္တာပါ။ တကယ့္ ေရာဂါအတိအက်က်ေတာ့ အဂၤလိပ္နာမည္နဲ႔ က်မွ ပိုတိက်တတ္ပါတယ္။
ေရာဂါေတြ မ်ားလြန္းေတာ့ လူတိုင္း ေသခ်ာမသိလိုက္ေပမယ့္ တကယ္ေရာဂါျဖစ္တဲ့သူေတြ အေနနဲ႔ကေတာ့ မိမိ ဘာေရာဂါျဖစ္ေနတယ္ဆိုတာ ေသခ်ာသိတတ္ၾကပါတယ္။ SLE ေရာဂါသည္ေတြ ဆို ကိုယ့္ကိုယ္ကို အေရျပားေလးဘက္နာျဖစ္တာလို႔မသုံးေတာ့ဘဲ SLE ရွိတယ္လို႔ပဲ ေျပာလိုက္တာပါပဲ။
ေရာဂါတိုင္း သိထားတာမမွားဘူးဆိုေပမယ့္ ေရာဂါတိုင္း ဘာသာျပန္ေနဖို႔ေတာ့ ခက္ပါတယ္။ မိမိခံစားရတဲ့ ေရာဂါအေၾကာင္းကို နာမည္ဘာသာျပန္ဖို႔ခက္ေနလည္း ဘယ္လိုေၾကာင့္ျဖစ္တယ္ ဘာေတြ ခံစားတတ္တယ္ ဘယ္လိုေနာက္ဆက္တြဲေတြျဖစ္တယ္ ဘယ္လိုကုႏိုင္တယ္ ဆိုတာ သိဖို႔ ေတာ့ အေရးႀကီးဆုံးပါပဲ။
Author : Dr. CST
၉၆ ပါးရောဂါပဲဖြစ်ဖြစ် ရောဂါပေါင်း သောင်းခြောက်ထောင်ပဲဖြစ်ဖြစ် ရောဂါနာမည်တွေ အများကြီးရှိကြတဲ့အထဲမှာမှ ရောဂါနာမည်တိုင်းကို နားလည်ဖို့ ခက်ပါလိမ့်မယ်။
လူနာတစ်ယောက်အနေနဲ့ကတော့ မိမိ ဘာရောဂါဖြစ်နေလဲဆိုတာ သိချင်မှာပဲ ခံစားနေရတာကြာလာတာနဲ့ အမျှ ရောဂါကိုသိချင်လာတတ်ကြတယ်။ အဲ့လိုအခါတွေ ဆေးခန်းတွေပြ လိုအပ်တာတွေစစ်ပြီး ထွက်လာတဲ့ ရောဂါ နာမည်ကို ခေါင်းစဉ်တပ်ဖို့လည်းကြည့်ရော ရောဂါနာမည်က အင်္ဂလိပ်လို အခေါ်အဝေါ်ကြီး ဖြစ်နေတတ်တယ်။
အနောက်တိုင်း ဆေးပညာ ဖြစ်နေတဲ့အခါကျတော့ တစ်ချို့ရောဂါတွေကတော့ ဘာဖြစ်နေတာလဲ ဆိုတာက မြန်မာလို လွယ်လွယ်ကူကူ ဘာသာပြန်ဆိုထားပေမယ့် ရောဂါတိုင်းကို မြန်မာလို ဘာသာပြန်ဖို့တော့ ခက်ပါလိမ့်မယ်။ ဒါရိုက်တာတို့ မော်တော်ကား မော်တော်ဆိုင်ကယ် တို့လိုပဲ အင်္ဂလိပ်ဘာသာကိုပဲ မွေးစားပြီး ခေါ်လိုက်ရတာတွေလည်းရှိတယ်။
နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ဆိုတာတွေက နာမည်သိလိုက်တာနဲ့ ဘာဖြစ်တာလဲ တန်းပြီးသိနိုင်ပါတယ်။ တီဘီရောဂါဆိုရင် မြန်မာနိုင်ငံမှာတော့ လူတိုင်းသိပေမယ့် ဒါက မြန်မာနာမည်မဟုတ်ပါဘူး။ အင်္ဂလိုပ်လိုအခေါ်အဝေါ်ဖြစ်တဲ့ Tuberculosis ကို အတိုကောက် TB လို့ခေါ်တာပါ။ ဂေါက်ရောဂါလို့ပြောလိုက်ရင် ရူးနေတယ် လို့ပြောတာမဟုတ်ပါဘူး။ Gout လို့ ခေါ်တဲ့ အဆစ်အမြစ်ရောင် ရောဂါတစ်မျိုးကို မြန်မာဘာသာနဲ့ တိုက်ရိုက်ခေါ်လိုက်တာပါ။
Osteoarthritis ဆိုတဲ့ ရောဂါမျိုးဆိုရင် အသက်ကြီးပိုင်းတွေလည်း အဖြစ်များတယ်။ မြန်မာလိုဘာသာပြန်ဆိုရင်လည်း ဘယ်လို ခေါ်ရမလဲ။ ပြောရခက်တဲ့ရောဂါတွေထဲက တစ်ခုပါ။ အသက်အရ အရိုးတွေထဲမှာ ဖြစ်တတ်တဲ့ရောဂါတစ်ခုပါပဲ။
ကိုယ်ခံအားစနစ်မှာ အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်ခံအားကို ပြန်တိုက်တယ်ဆိုတဲ့ ရောဂါတွေဆို မြန်မာလို ဘာသာပြန်ဖို့ တော်တော့်ကို ခက်ပါတယ်။ ဒါတောင် တချို့ရောဂါတွေ ဘာသာပြန်ပေးထားပါတယ်။ RA ဆိုရင် သွေးလေးဘက်နာတို့ SLE ဆိုရင် အရေပြားလေးဘက်နာတို့ပါ ။
PSORIASIS လိုအရေပြားရောဂါကတော့ အင်္ဂလိပ်အခေါ်အဝေါ်ကိုပဲ တိုက်ရိုက်မွေးစားပြီး ခေါ်လိုက်တာပါ။ SCLERODERMA တို့ SYSTEMIC SCLEROSIS တို့ဆို အင်္ဂလိပ်လိုအခေါ်အဝေါ်ပဲ အသုံးပြုနေကြပါတယ်။ MYASTHENIA GREVIS ရောဂါလည်း ဒီလိုပါပဲ ကြွက်သားတွေပျော့တဲ့ ရောဂါတစ်မျိုးပါ။ ကိုယ်ခံအားစနစ်ကို အလိုလိုပြန်တိုက်တဲ့ Antibody တွေ ကြောင့်ဖြစ်တာပါ။ အင်္ဂလိပ်လိုပဲ တိုက်ရိုက် ခေါ်ပါတယ်။
Dermoid cyst လို့ခေါ်တဲ့ သားဥအိမ်ထဲမှာ ဖြစ်တတ်တဲ့ရောဂါဆိုရင် တချို့သူတွေဆို တစ်ခြားသူက ပြုစားထားလို့ ဆိုပြီးတောင်ပြောတယ်။ ဒီရောဂါကျတော့ သားဥအိမ် အလုံးမှာ အထဲက ဆံပင်မွှေးတွေရော အသားတွေရော သွားတွေရော အကုန်ပါနေတော့ ဒါဖြစ်တယ်ဆိုရင် ပြုစားခံရတယ် ဆိုပြီး ထင်မှတ်နေတတ်ကြတယ်။ တကယ်ကတော့ ဟော်မုန်းနဲ့ဆိုင်တဲ့ ရောဂါ တစ်မျိုးပါပဲ။ သားဥအိမ်တင်မကဘဲ မျက်နှာနဲ့ ကျောတွေမှာလည်းဖြစ်တတ်ပါတယ်။
LEPTOSPIROSIS ရောဂါဆိုရင်လည်း မြန်မာလိုဘာသာပြန်ဖို့ခက်ပါတယ်။ ရောဂါပိုးရှိတဲ့ ကြွက်သေးကနေ တဆင့်ကူးတာပါ။ အသားဝါတာရော ကျောက်ကပ်ရောင်တာရော ဖြစ်တတ်ပါတယ်။ နှလုံးရောဂါဆိုရင်လည်း အများကြီးပါ။ နှလုံးအဆို့ရှင်မလုံတဲ့ရောဂါတွေ သွေးကြောအပိုပါတဲ့ ရောဂါတွေ အပေါက်အပိုပါတဲ့ ရောဂါစသဖြင့်ပဲ နာမည် တပ်လိုက်တာပါ။ တကယ့် ရောဂါအတိအကျကျတော့ အင်္ဂလိပ်နာမည်နဲ့ ကျမှ ပိုတိကျတတ်ပါတယ်။
ရောဂါတွေ များလွန်းတော့ လူတိုင်း သေချာမသိလိုက်ပေမယ့် တကယ်ရောဂါဖြစ်တဲ့သူတွေ အနေနဲ့ကတော့ မိမိ ဘာရောဂါဖြစ်နေတယ်ဆိုတာ သေချာသိတတ်ကြပါတယ်။ SLE ရောဂါသည်တွေ ဆို ကိုယ့်ကိုယ်ကို အရေပြားလေးဘက်နာဖြစ်တာလို့မသုံးတော့ဘဲ SLE ရှိတယ်လို့ပဲ ပြောလိုက်တာပါပဲ။
ရောဂါတိုင်း သိထားတာမမှားဘူးဆိုပေမယ့် ရောဂါတိုင်း ဘာသာပြန်နေဖို့တော့ ခက်ပါတယ်။ မိမိခံစားရတဲ့ ရောဂါအကြောင်းကို နာမည်ဘာသာပြန်ဖို့ခက်နေလည်း ဘယ်လိုကြောင့်ဖြစ်တယ် ဘာတွေ ခံစားတတ်တယ် ဘယ်လိုနောက်ဆက်တွဲတွေဖြစ်တယ် ဘယ်လိုကုနိုင်တယ် ဆိုတာ သိဖို့ တော့ အရေးကြီးဆုံးပါပဲ။
Author : Dr. CST