(Zawgyi)
ဘုရားပြဲေဈးမ်ားလည္း ျမန္မာႏိုင္ငံေနရာအႏွံ စတင္က်င္းပေတာ့မည္။ ယခုေခတ္ လူငယ္မ်ားအဖို႔ပြဲေဈးတေလ်ာက္ရွိ တက္တူးဆိုင္မ်ားတြင္ ျပည့္ေနၾကပါလိမ့္မည္။ ယခုေခတ္ တက္တူးထိုးျခင္းသည္ လူငယ္မ်ားအၾကား အရွိနိအဟုန္ျပင္းစြာ ေရပန္းစားလ်က္ ရွိသည္။ ဒီဇိုင္းအဆန္းမ်ားႏွင့္ မိမိလိုခ်င္ေသာဒီဇိုင္းမ်ား စိတ္ႀကိဳက္ ေ႐ြးခ်ယ္ပိုင္ခြင့္ ရွိၾကပါသည္။
ယခင္ႏွစ္ကာလမ်ားတြင္ တက္တူးသည္ လူဆိုး လူရမ္းကားမ်ားရဲ႕ သေကၤတဟု လူမႈအဖြဲ႕အစည္းက သတ္မွတ္ခဲ့ၾကပါသည္။ ယခုေခတ္ေတာ့ ထိုကဲသို႔ မသတ္မွတ္ပဲ ကိုယ္ခႏၶာအႏုပညာသဖြယ္ ယူဆလာခဲ့ၾကပါတယ္။ လူငယ္မွအစ လူႀကီးမ်ားသည္လည္း တက္တူးထိုးျခင္းကို အႏုပညာအလုပ္သဖြယ္ လုပ္ကိုင္လာၾကပါတယ္။
တက္တူးထိုးျခင္းသည္ က်န္းမာေရးႏွင့္ပတ္သတ္ဆက္ႏြယ္ပါသလား:?
တက္တူးထိုးလွ်င္ က်န္းမာေရးဆိုးက်ိဳးဘာျဖစ္ႏိုင္မလဲ? ဟု Ondr မွာလူငယ္မ်ား အေမးမ်ားပါတယ္။
-တက္တူးထိုးျခင္းသည္ မိမိအေရျပားေပၚကိုအပ္ျဖင့္ထိုးကာ မိမိအေရျပား မူရင္းအေရာင္ကို လိုသလိုေဆးေရာင္ျခယ္ ေျပာင္းလဲျခင္းျဖစ္ပါတယ္။ အဆိုပါ ေဆးေရာင္မ်ားသည္ အၿမဲထာဝရစြဲ ၿမဲေစပါတယ္။
ပုံမွန္အားျဖင့္ တက္တူးထိုးျခင္းသည္ မိမိကိုယ္မိမိယုံၾကည္မႈပိုကာ က်န္းမာေရးအတြက္ မထိခိုက္ႏိုင္ဟု ယူဆ၍ရသကဲ့သို႔ မိမိအသားအေရအပၚ ဓာတုပစၥည္းေဆးေရာင္ ထိုးသြင္းျခင္းသည္အႏၲရာယ္မ်ားႏိုင္မလားဟု သံသယျဖစ္ဖြယ္ စိုးရိမ္ရသည့္ေမးခြန္း ျဖစ္ပါတယ္။ အေရျပားသည္ မိမိကိုယ္ခႏၶာရဲ႕ အႀကီးမားဆုံး အဂၤါအစိတ္အပိုင္းျဖစ္သည့္အျပင္ ေရာဂါပိုးဝင္ေရာက္မႈအတြက္ ပထမဦးဆုံး တြန္းလွန္ကာကြယ္ေပးသည့္ ကိုယ္ခံအား အစိတ္အပိုင္း ျဖစ္ပါတယ္။
တက္တူးထိုးျခင္းရဲ႕ ျဖစ္ႏိုင္ေသာ က်န္းမာေရးဆိုးက်ိဳးမ်ားမွာ
-တက္တူးထိုးရာတြင္ သုံးေသာအပ္မ်ားမွတဆင့္ ေရာဂါပိုးဝင္ေရာက္ႏိုင္ျခင္း (ဥပမာ HIVပိုး–တစ္ခါသုံးအပ္မ်ားသုံးသည္ဟု ဆိုေသာ္ျငားလည္း အခ်ိဳ႕ေနရာမ်ားတြင္ စိတ္ခ်ယုံ ၾကည္မႈ အျပည့္အဝမရွိပါ/ မွ်ေဝသုံးစြဲ ျခင္း / ေဆးရည္စိမ္ျပန္သုံးျခင္းမ်ားသည္ က်န္းမာေရးအတြက္ အလြန္အႏၲရာယ္မ်ားပါသည္။)
-ထို႔အျပင္ တက္တူးဒီဇိုင္းမ်ား၊ အေရာင္အေသြးမ်ား စုံလင္စြာ ရွိပါတယ္။ တက္တူးထိုးေသာ မင္ရဲ႕ quality ႏွင့္ ဓာတုေဗဒပါဝင္မႈသည္ ဘယ္ေလာက္ထိ စိတ္ခ်ရမည္နည္းကို ေသခ်ာေလ့လာရန္ လိုအပ္ပါတယ္။ သင္ေတြးထင္တာထက္ ဓာတုေဗဒပစၥည္းမ်ားစြာ ပါဝင္ေနတတ္ပါတယ္။ တက္တူးထိုးေသာမွင္ရဲ႕စိတ္ခ်ရမႈကို ေဆးဝါး အလွကုန္မ်ားကဲ့သို႔ ထိန္းခ်ဳပ္ထားျခင္း မရွိပါ။ Bradford တကၠသိုလ္သုေတသနအရ တက္တူးမင္သည္ အႏၲရာယ္ကင္းသည္ဟု သတ္မွတ္မရပါ။
မင္သည္ အေရျပားရဲ႕ေကာ္လက္ဂ်င္ကို အၿမဲအေနနဲ႔ ေျပာင္းလဲပစ္ၿပီး အေရျပားရဲ႕ တုံျပန္မႈကိုလဲ သက္ေရာက္မႈ ရွိေစပါတယ္။ သင္ထိုးေသာတက္တူး ဒီဇိုင္းႀကီးေလေလ အေရာင္စုံေလေလ သင့္အေရျပားဆဲလ္မ်ား မူမမွန္ႀကီးထြားဖို႔ႏွင့္ ေကာ္လက္ဂ်င္ပ်က္ဆီးမႈ မ်ားေလေလ ျဖစ္ပါတယ္။ တက္တူးမင္ေၾကာင့္ ဓာတ္မတည့္မႈမွတဆင့္ အေရျပားကင္ဆာထိ ျဖစ္လာႏိုင္ေခ် ရွိပါတယ္။
တက္တူးထိုးသင့္သလား?
အဆိုပါေမးခြန္းသည္ လူတစ္ဦးတစ္ေယာက္ရဲ႕ အခြင့္အေရးႏွင့္ သက္ဆိုင္ပါတယ္။ လူ႔ဘဝမွာ မျမင္ႏိုင္ေသာ က်န္းမာေရးဆိုးက်ိဳးမ်ား ျပည့္ႏွက္ေနေသာေၾကာင့္ ဆိုးက်ိဳးရွိသည္ကို သိလ်က္ ထိုးမည္လားဟူေသာ ဆုံးျဖတ္ခ်က္သည္ မွန္ကန္ဖို႔ လိုအပ္ပါတယ္။ အကယ္၍ သင့္ဆႏၵျပင္းျပစြာ ျပဳလုပ္မည္ဆိုပါကတက္တူးထိုးေပးမည္သူႏွင့္ ေသခ်ာစြာ တိုင္ပင္ေဆြးေႏြးကာ စီစဥ္တက်ထိုးသင့္ပါတယ္။
Author : Dr. ျပည့္ရွင္း
(Unicode)
ဘုရားပွဲဈေးများလည်း မြန်မာနိုင်ငံနေရာအနှံ စတင်ကျင်းပတော့မည်။ ယခုခေတ် လူငယ်များအဖို့ပွဲဈေးတလျောက်ရှိ တက်တူးဆိုင်များတွင် ပြည့်နေကြပါလိမ့်မည်။ ယခုခေတ် တက်တူးထိုးခြင်းသည် လူငယ်များအကြား အရှိနိအဟုန်ပြင်းစွာ ရေပန်းစားလျက် ရှိသည်။ ဒီဇိုင်းအဆန်းများနှင့် မိမိလိုချင်သောဒီဇိုင်းများ စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့် ရှိကြပါသည်။
ယခင်နှစ်ကာလများတွင် တက်တူးသည် လူဆိုး လူရမ်းကားများရဲ့ သင်္ကေတဟု လူမှုအဖွဲ့အစည်းက သတ်မှတ်ခဲ့ကြပါသည်။ ယခုခေတ်တော့ ထိုကဲသို့ မသတ်မှတ်ပဲ ကိုယ်ခန္ဓာအနုပညာသဖွယ် ယူဆလာခဲ့ကြပါတယ်။ လူငယ်မှအစ လူကြီးများသည်လည်း တက်တူးထိုးခြင်းကို အနုပညာအလုပ်သဖွယ် လုပ်ကိုင်လာကြပါတယ်။
တက်တူးထိုးခြင်းသည် ကျန်းမာရေးနှင့်ပတ်သတ်ဆက်နွယ်ပါသလား:?
တက်တူးထိုးလျှင် ကျန်းမာရေးဆိုးကျိုးဘာဖြစ်နိုင်မလဲ? ဟု Ondr မှာလူငယ်များ အမေးများပါတယ်။
-တက်တူးထိုးခြင်းသည် မိမိအရေပြားပေါ်ကိုအပ်ဖြင့်ထိုးကာ မိမိအရေပြား မူရင်းအရောင်ကို လိုသလိုဆေးရောင်ခြယ် ပြောင်းလဲခြင်းဖြစ်ပါတယ်။ အဆိုပါ ဆေးရောင်များသည် အမြဲထာဝရစွဲ မြဲစေပါတယ်။
ပုံမှန်အားဖြင့် တက်တူးထိုးခြင်းသည် မိမိကိုယ်မိမိယုံကြည်မှုပိုကာ ကျန်းမာရေးအတွက် မထိခိုက်နိုင်ဟု ယူဆ၍ရသကဲ့သို့ မိမိအသားအရေအပါ် ဓာတုပစ္စည်းဆေးရောင် ထိုးသွင်းခြင်းသည်အန္တရာယ်များနိုင်မလားဟု သံသယဖြစ်ဖွယ် စိုးရိမ်ရသည့်မေးခွန်း ဖြစ်ပါတယ်။ အရေပြားသည် မိမိကိုယ်ခန္ဓာရဲ့ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်သည့်အပြင် ရောဂါပိုးဝင်ရောက်မှုအတွက် ပထမဦးဆုံး တွန်းလှန်ကာကွယ်ပေးသည့် ကိုယ်ခံအား အစိတ်အပိုင်း ဖြစ်ပါတယ်။
တက်တူးထိုးခြင်းရဲ့ ဖြစ်နိုင်သော ကျန်းမာရေးဆိုးကျိုးများမှာ
-တက်တူးထိုးရာတွင် သုံးသောအပ်များမှတဆင့် ရောဂါပိုးဝင်ရောက်နိုင်ခြင်း (ဥပမာ HIVပိုး–တစ်ခါသုံးအပ်များသုံးသည်ဟု ဆိုသော်ငြားလည်း အချို့နေရာများတွင် စိတ်ချယုံ ကြည်မှု အပြည့်အဝမရှိပါ/ မျှဝေသုံးစွဲ ခြင်း / ဆေးရည်စိမ်ပြန်သုံးခြင်းများသည် ကျန်းမာရေးအတွက် အလွန်အန္တရာယ်များပါသည်။)
-ထို့အပြင် တက်တူးဒီဇိုင်းများ၊ အရောင်အသွေးများ စုံလင်စွာ ရှိပါတယ်။ တက်တူးထိုးသော မင်ရဲ့ quality နှင့် ဓာတုဗေဒပါဝင်မှုသည် ဘယ်လောက်ထိ စိတ်ချရမည်နည်းကို သေချာလေ့လာရန် လိုအပ်ပါတယ်။ သင်တွေးထင်တာထက် ဓာတုဗေဒပစ္စည်းများစွာ ပါဝင်နေတတ်ပါတယ်။ တက်တူးထိုးသောမှင်ရဲ့စိတ်ချရမှုကို ဆေးဝါး အလှကုန်များကဲ့သို့ ထိန်းချုပ်ထားခြင်း မရှိပါ။ Bradford တက္ကသိုလ်သုတေသနအရ တက်တူးမင်သည် အန္တရာယ်ကင်းသည်ဟု သတ်မှတ်မရပါ။
မင်သည် အရေပြားရဲ့ကော်လက်ဂျင်ကို အမြဲအနေနဲ့ ပြောင်းလဲပစ်ပြီး အရေပြားရဲ့ တုံပြန်မှုကိုလဲ သက်ရောက်မှု ရှိစေပါတယ်။ သင်ထိုးသောတက်တူး ဒီဇိုင်းကြီးလေလေ အရောင်စုံလေလေ သင့်အရေပြားဆဲလ်များ မူမမှန်ကြီးထွားဖို့နှင့် ကော်လက်ဂျင်ပျက်ဆီးမှု များလေလေ ဖြစ်ပါတယ်။ တက်တူးမင်ကြောင့် ဓာတ်မတည့်မှုမှတဆင့် အရေပြားကင်ဆာထိ ဖြစ်လာနိုင်ချေ ရှိပါတယ်။
တက်တူးထိုးသင့်သလား?
အဆိုပါမေးခွန်းသည် လူတစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးနှင့် သက်ဆိုင်ပါတယ်။ လူ့ဘဝမှာ မမြင်နိုင်သော ကျန်းမာရေးဆိုးကျိုးများ ပြည့်နှက်နေသောကြောင့် ဆိုးကျိုးရှိသည်ကို သိလျက် ထိုးမည်လားဟူသော ဆုံးဖြတ်ချက်သည် မှန်ကန်ဖို့ လိုအပ်ပါတယ်။ အကယ်၍ သင့်ဆန္ဒပြင်းပြစွာ ပြုလုပ်မည်ဆိုပါကတက်တူးထိုးပေးမည်သူနှင့် သေချာစွာ တိုင်ပင်ဆွေးနွေးကာ စီစဉ်တကျထိုးသင့်ပါတယ်။
Author : Dr. ပြည့်ရှင်း