fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး
အသားအရေ လှပစေဖို့ ရွေးချယ်စားသောက်ရမည့် အစားအစာများ အပိုင်း ၁
37
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/10/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A
(Zawgyi)
သံလွင်ဆီ
ခရမ်းချဉ်သီး
ချောကလက်
အသီးအနှံဆန်ပြုတ်
ဆာဒင်းငါး
(Unicode)
အသားအရေ နုပျိုလှပခြင်းကို လူတိုင်းသဘောကျကြမှာပါ။ ဒါကြောင့် အရင်တစ်ပတ်မှာ အသားအရေ လှပစေမယ့် သဘာဝနည်းလမ်းအချို့ကို ဖော်ပြခဲ့ပါတယ်။ ယခုပတ်မှာတော့ အသားအရေလှပစေဖို့ အစားအသောက် အချို့ကို ဖော်ပြပေးချင်ပါတယ်။
သံလွင်ဆီ
၂ဝ၁၂-ခုနှစ်မှာ အမျိုးသမီး ၁၂၆၄ ယောက်ကို လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရ တစ်နေ့ကို သံလွင်ဆီစားပွဲတစ်ဇွန်း နှစ်ဇွန်း (၈.၆)ဂရမ် စားသုံးတဲ့ အမျိုးသမီးတွေဟာ တစ်နေ့ကို သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း (၃.၈)ဂရမ် စားသုံးတဲ့ အမျိုးသမီးတွေထက် အိုမင်းရင့်ရော်မှု ၃၁ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီ ဖက်တီးအက်ဆစ် ၇၅ ရာခိုင်နှုန်းပါဝင်တဲ့ အတွက်ကြောင့် သံလွင်ဆီဟာ နေကြာဆီနဲ့ အုန်းဆီအပါအဝင် အခြားဆီများထက် ပိုမိုကောင်းမွန်ပါတယ်။
နောက်ပြီး သံလွင်ဆီမှာ အင်တီအောက်ဆီးဒင့်ဓာတ် (ဓာတ်တိုးဆန့်ကျင်ပစ္စည်း)ပါဝင်တဲ့အတွက် အရွယ်တင် နုပျို စေပါတယ်။
ခရမ်းချဉ်သီး
၂ဝဝ၈ခုနှစ်မှာ၊ UK (ဗြိတိန်)နိုင်ငံက လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရ ခရမ်းချဉ်သီး စားပွဲတင်ဇွန်း(၅)ဇွန်းနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း ရက်သတ္တပတ် (၁၂)ပတ်စာ စားသုံးပြီးတဲ့နောက် မစားသုံးတဲ့သူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ နေလောင်ဒဏ်ကို ၃၃ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ ခရမ်းချဉ်သီးမှာ လိုက်တိုပီးအင်တီအောက်ဆီးဒင့် ပါဝင်တဲ့အတွက်ကြောင့်ခရမ်းချဉ်သီးစားသုံးခြင်းကနေ အသားအရေအတွက် နေရောင်ခြည်ကို ကာကွယ်ပေး  နိုင်တဲ့ သဘာဝ SPE ကို ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် အသားအရေအလှအပအတွက် ခရမ်းချဉ်သီးကို စားသုံးပေးနိုင်ပါတယ်။
ချောကလက်
ချောကလက်မှာပါတဲ့ ကိုကိုးမှုန့်နဲ့ အပင်ဓာတ်ပေါင်းတွေမှာ အင်တီအောက်ဆီးဒင့် ပါတဲ့အတွက်ကြောင်း အသားအရေကို ရေဓာတ်ပြည့်ဝစေသည့်အပြင်  သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။
Flavanol cocoa powder ဖျော်ရည်ကို နေ့စဉ် သောက်သုံးတဲ့ အမျိုးသမီးတွေဟာ ၁၂ပတ်ကြာပြီးတဲ့နောက် ဖျော်ရည်မသောက်သုံးတဲ့ သူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ အသားအရေ ကြမ်းတမ်းမှုလျော့နည်းကြောင်း သိရပါတယ်။
အသီးအနှံဆန်ပြုတ်
နံနက်စာအတွက် ပေါင်မုန့်နဲ့ ကျောက်ကျောတွေထက် အသီးအနှံ ဆန်ပြုတ် (ဂျုံ၊ စပါး၊ စတဲ့ အသီးအနှံတွေနဲ့ ပြုတ်ထားတဲ့ ဆန်ပြုတ်)ကို ရွေးချယ်စားသောက်တာဟာ အကောင်းဆုံးပါပဲ။ သကြားဓာတ်ပါတဲ့ အစားအစာတွေကြောင့် အင်ဆူလင်စီးဝင်မှု လျင်မြန်စေပြီး ကျားဟော်မုန်းထုတ်လုပ်ခြင်းကို ပိုမိုမြင့်တက်မှုတွေ ဖြစ်နိုင်တဲ့ အတွက်ကြောင့် သကြားဓာတ်ပါတဲ့ အစားအစာဟာ အသားအရေအတွက် နှစ်ဆနီးပါး ပြဿနာရှိနိုင်ပါတယ်။ ကျားဟော်မုန်းမြင့်တက်      ခြင်း ကြောင့် အသားအရေထဲမှာရှိတဲ့ အဆီဂလင်းတွေကို လိုတာထက် ပိုပြီးစွန့်ထုတ်မှုဖြစ်ပေါ်ကာ ချွေးပေါက်ထဲမှာ အဆီတွေ ပိတ်မိပြီး ဝက်ခြံထွက်မှု    တွေ   ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် ဆန်ပြုတ်ပြုတ်တဲ့အခါ သကြားအစား အခြားသဘာဝ အချိုဓာတ် ရှိတဲ့ အသီးအနှံတွေထည့်ပြီး ပြုတ်ကာ စားစေချင်ပါတယ်။
ဆာဒင်းငါး
ဆာဒင်းငါးတစ်ခါပြင်စာ တစ်ပွဲစာ (၃.၅အောင်စ)မှာ Omega 3 ဖက်တီးအက်ဆစ် ၁.၅ ဂရမ်ပါဝင်ပါတယ်။ အဆီ ပေါတဲ့ငါးတွေမှာ ပုံမှန်အားဖြင့် ရောင်ရမ်းမှုကို လျော့နည်းစေတဲ့ Omega ပါဝင်ပါတယ်။ ရောင်ရမ်းမှုကနေ ဝက်ခြံတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ရောင်ရမ်းမှုကို လျော့နည်းစေတဲ့ Omega ၃ ဖက်တီးအက်စစ်ပါတဲ့ဆားဒင်းငါးကို စားသုံးပေးခြင်းအားဖြင့် ဝက်ခြံဖြစ်မှုလျော့နည်းစေပြီးအသားအရေကို ကြည်လင်လန်းဆန်းစေပါတယ်။ ဆက်ရန်……..
Author: ဖြိုးသူဇာ, Healthcare Journal, vol 8,no 33 (1.9.17)
Previous Post
သားအိမ်ခေါင်းကင်ဆာ မပေါ့ဆသင့်ပါ
Next Post
ကလေးအရိုးပျော့ရောဂါ
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About liposuction, which is becoming popular
ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း
1 year ago
546
About the biotin you should know
သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း
1 year ago
1.1k
How important is biotin for hair health?
ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?
2 years ago
804
မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း
2 years ago
1.5k
ဆံပင်တွေအရမ်းကျွတ်နေရင်
2 years ago
1.6k
To make the skin clear and white from the inside
အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့
2 years ago
2k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ကလေးအရိုးပျော့ရောဂါ
သွေးဆုံးချိန်
ပါးချိတ်ရောင်နာ မကြောက်ပါနဲ့
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.