fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ခႏၶာကိုယ္က်စ္လ်စ္လွပေစဖို႔ေဆာင္ရန္၊ ေရွာင္ရန္အစားအစာမ်ား

102
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/10/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

မိန္းကေလးတိုင္း ခႏၶာကိုယ္ က်စ္လ်စ္လွပခ်င္ၾကပါ။ ခႏၶာကိုယ္မွာ အဆီပိုေတြမ်ားလာတဲ့အခါ က်စ္လ်စ္လွပတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ စားေသာက္မႈပုံစံ မမွန္ကန္တာနဲ႔အမွ် ခႏၶာကိုယ္မွာ အဆီေတြမ်ားလာႏိုင္ပါ တယ္။ ဒါေၾကာင့္ ခႏၶာကိုယ္မွာ အဆီအပိုအလိုမရွိ သြယ္လ်လွပေစဖို႔အတြက္ ေန႔စဥ္စားေသာက္တဲ့ အစားအစာမွာ ခႏၶာကိုယ္ဇီဝျဖစ္စဥ္ကို ညီမွ်ေစမယ့္ ကစီဓာတ္မ်ားတဲ့ အစားအစာ၊ သင့္တင့္တဲ့အဆီနဲ႔ ပ႐ိုတင္းဓာတ္ေတြကို စားေပးဖို႔လိုပါ တယ္။

တခ်ိဳ႕အစားအစာေတြမွာပါတဲ့ ဓာတ္သတၱိေတြဟာ အဆီပိုေတြကို ပယ္ဖ်က္ေပးမယ့္ တခ်ိဳ႕အစားအစာေတြမွာပါတဲ့ ဓာတ္သတၱိေတြကေတာ့ သင့္ရဲ႕သြယ္လ်လွပတဲ့ ခႏၶာကိုယ္ရဖို႔ အစီအစဥ္ေတြကို ေႏွာင့္ေႏွးေစႏိုင္ပါတယ္။ ဒါေၾကာင့္ အဆီအပိုအလိုမရွိေအာင္ ေ႐ြးခ်ယ္စားေသာက္ရမယ့္ အစားအစာနဲ႔ ေရွာင္ၾကဥ္ရမယ့္ အစားအစာအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ ပါတယ္။

အဆီပိုေတြေလ်ာ့က်ေစဖို႔ စားေသာက္ရမယ့္ အစားအစာ (၆)မ်ိဳး

၁။ အုတ္ဂ်ဳံ
ဗိုလ္ခ်ဳပ္လွပေစဖို႔အတြက္ အေကာင္းဆုံး အစားအစာေတြထဲမွာ အုတ္ဂ်ဳံလည္း အပါအဝင္ျဖစ္ပါတယ္။ အုတ္ဂ်ဳံမွာ အပါအဝင္ျဖစ္ပါတယ္။ အုတ္ဂ်ဳံမွာ အာဟာရဓာတ္နဲ႔ သတၱဳဓာတ္ေတြအျပင္ ကစီဓာတ္နဲ႔ အမွ်ဥ္ဓာတ္ေတြပါဝင္ပါတယ္။ အုတ္ဂ်ဳံမွာ မနက္စာအျဖစ္ စားသုံးေပးမယ္ဆိုရင္ ေန႔လည္စာ မစားခင္အခ်ိန္ထိ အစာမခံတဲ့အတြက္ သေရစာေတြစားမိ တာတို႔၊ အလြန္အကြၽံစားေသာက္မိတာတို႔ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဆာေလာင္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အုတ္ဂ်ဳံမႈန႔္ အနည္းငယ္စားေပးႏိုင္ပါတယ္။

၂။ ေထာပတ္သီး
ေထာပတ္သီးမွာ မျပည့္ဝဆီေတြပါဝင္ပါတယ္။ မျပည့္ဝဆီဟာ ခႏၶာကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ရာမွာ ကူညီေပးႏိုင္ ပါတယ္။ ေထာပတ္သီး တစ္ဝက္ေလာက္စားေပး႐ုံနဲ႔ ဆာေလာင္မြတ္သိပ္မႈကို ေျပေပ်ာက္ေစပါတယ္။ ေထာပတ္သီးကို ဒိန္ခဲ၊ ေထာပတ္နဲ႔ အျခားေပါင္မုန႔္ကဲ့သို႔ေသာ သေရစာေတြ အစားစားသုံးေပးျခင္းအားျဖင့္ ခႏၶာကိုယ္အေလးခ်ိန္ေလ်ာ့နည္း ေစၿပီး ခႏၶာကိုယ္က်စ္လ်စ္လွပေစမွာပါ။

၃။ မုန္ညင္းေစ့
ေအာက္စဖို႔တကၠသိုလ္က သိပၸံပညာရွင္ေတြရဲ႕ ေလ့လာခ်က္အရ မုန္ညင္းေစ့ စားပြဲတင္ဇြန္းတစ္ဝက္စာခန႔္ စားသုံးတာဟာ ကယ္လိုရီ ၂၅ ရာခိုင္ႏႈန္းကေန ၃ဝ ရာခိုင္ႏႈန္းအထိ ေလာင္ကြၽမ္းေစေၾကာင္း သိရပါသည္။ ဒါ့အျပင္ မုန္ညင္း ေစ့ကေနထုတ္ထားတဲ့ မုန္ညင္းဆီဟာ ႏွလုံးေရာဂါအတြက္လည္း ေကာင္းမြန္ေစပါသည္။ ဝမ္းဗိုက္ကို မုန္ညင္းဆီနဲ႔ ႏွမ္းဆီ ေရာၿပီး လိမ္းေပးျခင္းျဖင့္ အဆီပိုေတြကို ေလာင္ကြၽမ္းေစၿပီး အစာေခ်ဖ်က္အားေကာင္းမြန္ေစကာ ဝမ္းခ်ဳပ္ျခင္းကိုလည္း ကာကြယ္ေပးႏိုင္ေၾကာင္ သိရပါတယ္။

၄။ အက္ဆစ္ဓာတ္ပါေသာ အသီးမ်ား
လိေမၼာ္၊ သံပုရာနဲ႔ စပ်စ္စတဲ့ သဘာဝ အက္ဆစ္ဓာတ္ပါတဲ့ အသီးေတြဟာ အစာေျခဖ်က္စနစ္ကို ေႏွးေကြးေစတဲ့ အတြက္ အခ်ိန္အေတာ္ၾကာအစာခံေစမွာပါ။ ဒီအသီးေတြကို မနက္ပိုင္းမွာ မနက္စာအေနနဲ႔ေသာ္ လည္းေကာင္း၊ ညေန ဘက္ သေရစာအေနနဲ႔ေသာ္လည္းေကာင္း စားသုံးေပးႏိုင္ပါတယ္။

၅။ ပန္းေဂၚဖီစိမ္း (ဘ႐ိုကိုလီ)
ပန္းေဂၚဖီစိမ္း (ဘ႐ိုကိုလီ)မွာ ဗီတာမင္စီႂကြယ္ဝစြာ ပါဝင္ပါတယ္။ ဗီတာမင္စီဟာ ခႏၶာကိုယ္ထဲမွာရွိတဲ့ အစာ ေျခရည္ေတြကို ေထာက္ပံ့ေပးၿပီး ခႏၶာကိုယ္ဇီဝျဖစ္စဥ္ေတြကို မွန္ကန္ေစမွာပါ။ ဘ႐ိုကိုလီကဲ့သို႔ စိမ္းေမွာင္ေနတဲ့ အသီး အ႐ြက္ေတြဟာ ခႏၶာကိုယ္အဆီပိုေတြကို ေလ်ာ့ခ်ေပးႏိုင္ေၾကာင္း အာဟာရေဗဒဂ်ာနယ္မွာ ေဖာ္ျပထားတဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒါ့ေၾကာင့္ ခႏၶာကိုယ္က်စ္လ်စ္လွပေစဖို႔အတြက္ ပန္းေဂၚဖီအစိမ္း (ဘ႐ိုကိုလီကို)လည္း စားသုံးေပးရပါမယ္။

၆။ ဥအမ်ိဳးမ်ိဳး
အဆီပိုေတြကို ေလ်ာ့က်ေစဖို႔ဆိုရင္ ဥအမ်ိဳးမ်ိဳး – ၾကက္ဥ၊ ငုံးဥ၊ ဘဲဥစတဲ့ဥေတြကလည္း အေရးပါတဲ့ အစားအစာ ပါ။ ေလ့လာခ်က္တစ္ခုအရ ဥေတြမွာ ပ႐ိုတင္းဓာတ္ ႂကြယ္ဝစြာပါဝင္တဲ့ အတြက္ အဲဒီဥေတြကို မနက္စာအေနနဲ႔ စားသုံးေပး မယ္ဆိုရင္ တစ္ေန႔တာလုံး အလြန္အကြၽံ မစားေသာက္မိေအာင္ ထိန္းေပးႏိုင္ပါတယ္။ ဒါ့အျပင္ ၾကက္ဥ၊ ငုံးဥ၊ ဘဲဥစတဲ့ ဥေတြ မွာ အဆီကို ေလ်ာ့ခ်ေပးႏိုင္တဲ့ B 12နဲ႔ ဗီတာမင္ဒီေတြ ပါဝင္ပါတယ္။

အဆီပိုေတြေလ်ာ့က်ေစဖို႔ ေရွာင္က်ဥ္ရမယ့္အစားအစာ (၅)မ်ိဳး
အခ်ိဳ႕အစားအစာေတြဟာ အစာေျခဖ်က္မႈ ေကာင္းမြန္ေစေပမယ့္ ဇီဝျဖစ္စဥ္ကို ေႏွးေကြးေစပါတယ္။ အဲဒီလို ျဖစ္ေစတဲ့ အစားအစာေတြကို စားေသာက္မိတဲ့အခါ ဝမ္းဗိုက္နဲ႔ခါးေနရာမွာ အဆီပိုေတြပိုၿပီး စုၿပဳံလာေစပါတယ္။ ဒါ့ေၾကာင့္ အဲဒီလို အစားအစာေတြကို ေရွာင္ၾကဥ္ႏိုင္ေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ သစ္သီးေဖ်ာ္ရည္
သစ္သီးေဖ်ာ္ရည္ေတြေသာက္တဲ့အခါ ပါဝင္တဲ့ သၾကားဓာတ္ေတြေၾကာင့္ ခႏၶာကိုယ္မွာ အဆီပိုေတြ စုပုံလာႏိုင္ေစ ပါတယ္။ ဒါ့ေၾကာင့္ လတ္ဆတ္ၿပီး အမွ်င္ဓာတ္ႂကြယ္ဝတဲ့ သစ္သီးေတြကို စားသုံးေပးတာဟာ အေကာင္းဆုံးပါပဲ။

၂။ ကယ္လိုရီျမင့္မားတဲ့ အစားအစာေတြ
အသင့္အျမန္စား အစားအစာေတြမွာ အာဟာရဓာတ္နည္းပါးၿပီး ကယ္လိုရီေတြ ျမင့္မားစြာ ပါဝင္ပါတယ္။ ဒါ့ျပင္ မေကာင္းတဲ့ ကာဗြန္ဟိုက္ဒရိတ္ဓာတ္ေတြ ပါဝင္ေနတဲ့အတြက္ အူရဲ႕လုပ္ေဆာင္ခ်က္ေတြ ေလ်ာ့နည္းၿပီး လႈပ္ရွားမႈေတြ အနည္ထိုင္ကာ ခႏၶာကိုယ္အေလးခ်ိန္ကို ျမင့္တက္ေစပါသည္။

၃။ သန႔္စင္ျပဳျပင္ထားေသာ သၾကားျဖဴေခ်ာ
သန႔္စင္ျပဳျပင္ထားတဲ့ သၾကားျဖဴေခ်ာဟာ ခႏၶာကိုယ္ဇီဝျဖစ္စဥ္ က်န္းမာေရးအေပၚ သက္ေရာက္မႈရွိပါတယ္။ သၾကားဟာ ခႏၶာကိုယ္မွာ အဆီေတြကို စုပုံလာေစပါတယ္။ ဒါေၾကာင့္ လူတစ္ဦးဟာ တစ္ေန႔ကို သၾကားဓာတ္ ၂၅ဝ ဂရမ္ ထက္ ပိုမစားသင့္ေၾကာင္း WHO က အႀကံျပဳထားပါတယ္။ တစ္ကယ္လို႔ ဝိတ္က်ခ်င္တဲ့သူဆိုရင္ေတာ့ သၾကားအစား ပ်ားရည္ကို စားသုံးေပးသင့္ပါတယ္။

၄။ ဆားဓာတ္မ်ားတဲ့ အစားအစာ
ပိုေနတဲ့ ဆားေတြဟာ ဝမ္းဗိုက္ထဲမွာ ေရေတြကို ထိန္းသိမ္းထားပါတယ္။ ေနာက္ၿပီး အဲဒီေရေတြကို ဗိုက္သားေတြ ထဲမွာ သိုေလွာင္တဲ့အတြက္ ခႏၶာကိုယ္မက်စ္လစ္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ ခ်က္ျပဳတ္တဲ့အခါ ဟင္းေတြထဲမွာ ဆားကို တကယ္ လိုအပ္မွသာ ထည့္သင့္ပါတယ္။ အသင့္စား အစားအစာေတြနဲ႔ မုန႔္ပဲ သေရစာေတြမွာလည္း ဆားပါဝင္ႏႈန္းကို စစ္ေဆးၿပီးမွ စားသင့္ပါတယ္။

၅။ ဆန္ျဖဴေခ်ာ
ဆန္ျဖဴကဲ့သို႔ေသာ သန႔္စင္ထားတဲ့ ကစီဓာတ္ေတြဟာ အမွ်င္ဓာတ္ေတြေလ်ာ့နည္းၿပီး အစာေျခဖ်က္စနစ္ျမန္ေစ ကာ ေနာက္တစ္ျ ကိမ္ စားခ်င္စိတ္၊ ဆာေလာင္စိတ္ကို ျဖစ္ေစပါတယ္။ ဒါ့ျပင္ ခႏၶာကိုယ္ သၾကားဓာတ္ကို ႐ုတ္တရက္ ျမင့္တက္ေစၿပီး အဆီဓာတ္ေတြကို စုပုံလာေစပါတယ္။
ဝမ္းဗိုက္အဆီေတြကို ေျခဖ်က္ေပးႏိုင္တဲ့ အာဟာရဓာတ္ေတြကို စားသုံးေပးၿပီး က်စ္လ်စ္လွပတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆႏၵျပဳရင္း ဒီေဆာင္းပါးေလးကို နိဂုံးခ်ဳပ္အပ္ပါသည္။

Author: ၿဖိဳးသူဇာ, Healthcare Journal, vol 8,no 34 (8.9.17)

(Unicdoe)

မိန်းကလေးတိုင်း ခန္ဓာကိုယ် ကျစ်လျစ်လှပချင်ကြပါ။ ခန္ဓာကိုယ်မှာ အဆီပိုတွေများလာတဲ့အခါ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စားသောက်မှုပုံစံ မမှန်ကန်တာနဲ့အမျှ ခန္ဓာကိုယ်မှာ အဆီတွေများလာနိုင်ပါ တယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ အဆီအပိုအလိုမရှိ သွယ်လျလှပစေဖို့အတွက် နေ့စဉ်စားသောက်တဲ့ အစားအစာမှာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို ညီမျှစေမယ့် ကစီဓာတ်များတဲ့ အစားအစာ၊ သင့်တင့်တဲ့အဆီနဲ့ ပရိုတင်းဓာတ်တွေကို စားပေးဖို့လိုပါ တယ်။

တချို့အစားအစာတွေမှာပါတဲ့ ဓာတ်သတ္တိတွေဟာ အဆီပိုတွေကို ပယ်ဖျက်ပေးမယ့် တချို့အစားအစာတွေမှာပါတဲ့ ဓာတ်သတ္တိတွေကတော့ သင့်ရဲ့သွယ်လျလှပတဲ့ ခန္ဓာကိုယ်ရဖို့ အစီအစဉ်တွေကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါကြောင့် အဆီအပိုအလိုမရှိအောင် ရွေးချယ်စားသောက်ရမယ့် အစားအစာနဲ့ ရှောင်ကြဉ်ရမယ့် အစားအစာအချို့ကို ဖော်ပြပေးလိုက် ပါတယ်။

အဆီပိုတွေလျော့ကျစေဖို့ စားသောက်ရမယ့် အစားအစာ (၆)မျိုး

၁။ အုတ်ဂျုံ
ဗိုလ်ချုပ်လှပစေဖို့အတွက် အကောင်းဆုံး အစားအစာတွေထဲမှာ အုတ်ဂျုံလည်း အပါအဝင်ဖြစ်ပါတယ်။ အုတ်ဂျုံမှာ အပါအဝင်ဖြစ်ပါတယ်။ အုတ်ဂျုံမှာ အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေအပြင် ကစီဓာတ်နဲ့ အမျှဉ်ဓာတ်တွေပါဝင်ပါတယ်။ အုတ်ဂျုံမှာ မနက်စာအဖြစ် စားသုံးပေးမယ်ဆိုရင် နေ့လည်စာ မစားခင်အချိန်ထိ အစာမခံတဲ့အတွက် သရေစာတွေစားမိ တာတို့၊ အလွန်အကျွံစားသောက်မိတာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆာလောင်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် အုတ်ဂျုံမှုန့် အနည်းငယ်စားပေးနိုင်ပါတယ်။

၂။ ထောပတ်သီး
ထောပတ်သီးမှာ မပြည့်ဝဆီတွေပါဝင်ပါတယ်။ မပြည့်ဝဆီဟာ ခန္ဓာကိုယ်အလေးချိန် လျော့ချရာမှာ ကူညီပေးနိုင် ပါတယ်။ ထောပတ်သီး တစ်ဝက်လောက်စားပေးရုံနဲ့ ဆာလောင်မွတ်သိပ်မှုကို ပြေပျောက်စေပါတယ်။ ထောပတ်သီးကို ဒိန်ခဲ၊ ထောပတ်နဲ့ အခြားပေါင်မုန့်ကဲ့သို့သော သရေစာတွေ အစားစားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်အလေးချိန်လျော့နည်း စေပြီး ခန္ဓာကိုယ်ကျစ်လျစ်လှပစေမှာပါ။

၃။ မုန်ညင်းစေ့
အောက်စဖို့တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ မုန်ညင်းစေ့ စားပွဲတင်ဇွန်းတစ်ဝက်စာခန့် စားသုံးတာဟာ ကယ်လိုရီ ၂၅ ရာခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်းအထိ လောင်ကျွမ်းစေကြောင်း သိရပါသည်။ ဒါ့အပြင် မုန်ညင်း စေ့ကနေထုတ်ထားတဲ့ မုန်ညင်းဆီဟာ နှလုံးရောဂါအတွက်လည်း ကောင်းမွန်စေပါသည်။ ဝမ်းဗိုက်ကို မုန်ညင်းဆီနဲ့ နှမ်းဆီ ရောပြီး လိမ်းပေးခြင်းဖြင့် အဆီပိုတွေကို လောင်ကျွမ်းစေပြီး အစာချေဖျက်အားကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ကြောင် သိရပါတယ်။

၄။ အက်ဆစ်ဓာတ်ပါသော အသီးများ
လိမ္မော်၊ သံပုရာနဲ့ စပျစ်စတဲ့ သဘာဝ အက်ဆစ်ဓာတ်ပါတဲ့ အသီးတွေဟာ အစာခြေဖျက်စနစ်ကို နှေးကွေးစေတဲ့ အတွက် အချိန်အတော်ကြာအစာခံစေမှာပါ။ ဒီအသီးတွေကို မနက်ပိုင်းမှာ မနက်စာအနေနဲ့သော် လည်းကောင်း၊ ညနေ ဘက် သရေစာအနေနဲ့သော်လည်းကောင်း စားသုံးပေးနိုင်ပါတယ်။

၅။ ပန်းဂေါ်ဖီစိမ်း (ဘရိုကိုလီ)
ပန်းဂေါ်ဖီစိမ်း (ဘရိုကိုလီ)မှာ ဗီတာမင်စီကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အစာ ခြေရည်တွေကို ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေကို မှန်ကန်စေမှာပါ။ ဘရိုကိုလီကဲ့သို့ စိမ်းမှောင်နေတဲ့ အသီး အရွက်တွေဟာ ခန္ဓာကိုယ်အဆီပိုတွေကို လျော့ချပေးနိုင်ကြောင်း အာဟာရဗေဒဂျာနယ်မှာ ဖော်ပြထားတဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကျစ်လျစ်လှပစေဖို့အတွက် ပန်းဂေါ်ဖီအစိမ်း (ဘရိုကိုလီကို)လည်း စားသုံးပေးရပါမယ်။

၆။ ဥအမျိုးမျိုး
အဆီပိုတွေကို လျော့ကျစေဖို့ဆိုရင် ဥအမျိုးမျိုး – ကြက်ဥ၊ ငုံးဥ၊ ဘဲဥစတဲ့ဥတွေကလည်း အရေးပါတဲ့ အစားအစာ ပါ။ လေ့လာချက်တစ်ခုအရ ဥတွေမှာ ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အတွက် အဲဒီဥတွေကို မနက်စာအနေနဲ့ စားသုံးပေး မယ်ဆိုရင် တစ်နေ့တာလုံး အလွန်အကျွံ မစားသောက်မိအောင် ထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် ကြက်ဥ၊ ငုံးဥ၊ ဘဲဥစတဲ့ ဥတွေ မှာ အဆီကို လျော့ချပေးနိုင်တဲ့ B 12နဲ့ ဗီတာမင်ဒီတွေ ပါဝင်ပါတယ်။

အဆီပိုတွေလျော့ကျစေဖို့ ရှောင်ကျဉ်ရမယ့်အစားအစာ (၅)မျိုး
အချို့အစားအစာတွေဟာ အစာခြေဖျက်မှု ကောင်းမွန်စေပေမယ့် ဇီဝဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ အဲဒီလို ဖြစ်စေတဲ့ အစားအစာတွေကို စားသောက်မိတဲ့အခါ ဝမ်းဗိုက်နဲ့ခါးနေရာမှာ အဆီပိုတွေပိုပြီး စုပြုံလာစေပါတယ်။ ဒါ့ကြောင့် အဲဒီလို အစားအစာတွေကို ရှောင်ကြဉ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ သစ်သီးဖျော်ရည်
သစ်သီးဖျော်ရည်တွေသောက်တဲ့အခါ ပါဝင်တဲ့ သကြားဓာတ်တွေကြောင့် ခန္ဓာကိုယ်မှာ အဆီပိုတွေ စုပုံလာနိုင်စေ ပါတယ်။ ဒါ့ကြောင့် လတ်ဆတ်ပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေကို စားသုံးပေးတာဟာ အကောင်းဆုံးပါပဲ။

၂။ ကယ်လိုရီမြင့်မားတဲ့ အစားအစာတွေ
အသင့်အမြန်စား အစားအစာတွေမှာ အာဟာရဓာတ်နည်းပါးပြီး ကယ်လိုရီတွေ မြင့်မားစွာ ပါဝင်ပါတယ်။ ဒါ့ပြင် မကောင်းတဲ့ ကာဗွန်ဟိုက်ဒရိတ်ဓာတ်တွေ ပါဝင်နေတဲ့အတွက် အူရဲ့လုပ်ဆောင်ချက်တွေ လျော့နည်းပြီး လှုပ်ရှားမှုတွေ အနည်ထိုင်ကာ ခန္ဓာကိုယ်အလေးချိန်ကို မြင့်တက်စေပါသည်။

၃။ သန့်စင်ပြုပြင်ထားသော သကြားဖြူချော
သန့်စင်ပြုပြင်ထားတဲ့ သကြားဖြူချောဟာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ် ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပါတယ်။ သကြားဟာ ခန္ဓာကိုယ်မှာ အဆီတွေကို စုပုံလာစေပါတယ်။ ဒါကြောင့် လူတစ်ဦးဟာ တစ်နေ့ကို သကြားဓာတ် ၂၅ဝ ဂရမ် ထက် ပိုမစားသင့်ကြောင်း WHO က အကြံပြုထားပါတယ်။ တစ်ကယ်လို့ ဝိတ်ကျချင်တဲ့သူဆိုရင်တော့ သကြားအစား ပျားရည်ကို စားသုံးပေးသင့်ပါတယ်။

၄။ ဆားဓာတ်များတဲ့ အစားအစာ
ပိုနေတဲ့ ဆားတွေဟာ ဝမ်းဗိုက်ထဲမှာ ရေတွေကို ထိန်းသိမ်းထားပါတယ်။ နောက်ပြီး အဲဒီရေတွေကို ဗိုက်သားတွေ ထဲမှာ သိုလှောင်တဲ့အတွက် ခန္ဓာကိုယ်မကျစ်လစ်တော့ပါဘူး။ ဒါ့ကြောင့် ချက်ပြုတ်တဲ့အခါ ဟင်းတွေထဲမှာ ဆားကို တကယ် လိုအပ်မှသာ ထည့်သင့်ပါတယ်။ အသင့်စား အစားအစာတွေနဲ့ မုန့်ပဲ သရေစာတွေမှာလည်း ဆားပါဝင်နှုန်းကို စစ်ဆေးပြီးမှ စားသင့်ပါတယ်။

၅။ ဆန်ဖြူချော
ဆန်ဖြူကဲ့သို့သော သန့်စင်ထားတဲ့ ကစီဓာတ်တွေဟာ အမျှင်ဓာတ်တွေလျော့နည်းပြီး အစာခြေဖျက်စနစ်မြန်စေ ကာ နောက်တစ်ြ ကိမ် စားချင်စိတ်၊ ဆာလောင်စိတ်ကို ဖြစ်စေပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ် သကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေပြီး အဆီဓာတ်တွေကို စုပုံလာစေပါတယ်။
ဝမ်းဗိုက်အဆီတွေကို ခြေဖျက်ပေးနိုင်တဲ့ အာဟာရဓာတ်တွေကို စားသုံးပေးပြီး ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်အပ်ပါသည်။

Author: ဖြိုးသူဇာ, Healthcare Journal, vol 8,no 34 (8.9.17)

Previous Post

ရင်သားကင်ဆာ

Next Post

ခုခံအားကျဆင်းမှု ကူးစက်ရောဂါအကြောင်း သိကောင်းစရာ အပိုင်း ၁

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
545
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
801

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခုခံအားကျဆင်းမှု ကူးစက်ရောဂါအကြောင်း သိကောင်းစရာ အပိုင်း ၁

ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်း သိကောင်းစရာ အပိုင်း ၂

ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်း သိကောင်းစရာ အပိုင်း ၃

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.