(Zawgyi)
အဆင္မေျပမႈ႕ေတြ ႀကဳံလာတဲ့အခါမွာ စိတ္ညစ္တာေတြ ဝမ္းနည္းတာေတြကို ခံစားရေလ့ရွိပါတယ္။ ၿပိဳင္ဆိုင္မႈ႕ေတြေၾကာင့္ စိတ္ေတြဖိစီးလာတဲ့အခါ စိတ္ထြက္ေပါက္ေတြကို မရွာႏိုင္တဲ့အခါ လူမသိေအာင္ ႀကိတ္ငိုေႂကြးခဲ့ဖူးၾကပါလိမ့္မယ္။ စိတ္ညစ္တိုင္း ဝမ္းနည္းတိုင္း စိတ္က်ေရာဂါ ျဖစ္ေနတာလား။ စိတ္က်ေရာဂါဆိုတာ ဘာလဲဆိုတာ သိႏိုင္ေအာင္ ဒီေဆာင္းပါးေလးမွာ စိတ္က်ေရာဂါ အေၾကာင္းကို အနည္းအက်ဥ္း ေဆြးေႏြးခ်င္ပါတယ္။
စိတ္က်ေရာဂါဆိုတာဟာ ဝမ္းနည္းမႈ႕ေတြကို ခံစားေနရတာ၊ ေမွ်ာ္လင့္ခ်က္ေတြ ကင္းမဲ့ေနတာ၊ ကိုယ္စိတ္ဝင္စားတဲ့ အရာေတြေပၚမွာေတာင္ စိတ္ဝင္စားမႈ႕ေတြ ေပ်ာက္ဆုံးေနတာ ( အရင္က ကိုရီးယားကား ၾကည့္ရင္ ေပ်ာ္ေနတဲ့သူက TV ၾကည့္ဖို႔ေတာင္ စိတ္မဝင္စားေတာ့တာမ်ိဳးေပါ့) ေတြကို ၂ ပတ္ထက္ အထက္ ခံစားေနရတယ္ဆိုရင္ စိတ္က်ေရာဂါ ခံစားေနရၿပီလို႔ ဆိုႏိုင္ပါတယ္။စိတ္က်ေရာဂါ လို႔ဆိုတာမွာ အေပ်ာ့စား စိတ္က်ေရာဂါ ၊ အတန္အသင့္ ျပင္းထန္ေသာ စိတ္က်ေရာဂါ ႏွင့္ အျပင္းစား စိတ္က်ေရာဂါ ဆိုၿပီး ရွိပါတယ္။
အေပ်ာ့စား စိတ္က်ေရာဂါ
ဒီစိတ္က်ေရာဂါ အမ်ိဳးအစားကို လူေတာ္ေတာ္မ်ားမ်ား ခံစားေနရတတ္ပါတယ္။ ေရာဂါ လကၡဏာေတြကေတာ့
- စိတ္တိုစိတ္ဆတ္ လြယ္ေနတာ ၊ ေဒါသျဖစ္လြယ္ေနတာေတြ
- ေမွ်ာ္လင့္ခ်က္မဲ့ေနတာေတြ
- အျပစ္ရွိသလို ခံစားေနရတာေတြ
- ကိုယ့္ကိုကိုယ္ စက္ဆုပ္ ႐ြံရွာေနတာေတြ
- စိတ္ဝင္စားမႈ႕ေတြ ေပ်ာက္ဆုံးေနတာေတြ
- အလုပ္မွာ အာ႐ုံမစိုက္ႏိုင္တာေတြ
- တက္ႂကြ လန္းဆန္းမႈ႕ မရွိတာေတြ
- ႐ုတ္တရက္ တစ္ေယာက္တည္း ေနခ်င္လာတာေတြ
- ဘာေၾကာင့္မွန္းမသိဘဲနဲ႔ နာက်င္ကိုက္ခဲေနတာေတြ
- ေန႔ခင္းဘက္ေတြ အိပ္ငိုက္ေနတာ၊ ပင္ပန္းႏြမ္းနယ္ေနတာ
- အိပ္မေပ်ာ္တာ
- အစာစားခ်င္စိတ္ေတြ ေျပာင္းသြားတာ ( အရင္က သိပ္မစားတဲ့သူက အရမ္းစားေနတာမ်ိဳး ၊ အရင္က စားေနတဲ့သူက အစာစားခ်င္စိတ္ မရွိေတာ့တာမ်ိဳး)
- ကိုယ္အေလးခ်ိန္ေတြ ေျပာင္းသြားတာ( တခ်ိဳ႕မွာ ဝလာတာ၊ တခ်ိဳ႕မွာ ပိန္သြားတာ)
- အရာရာကို အေလးမထားသလို စိတ္ထားေတြ အျပဳအမူေတြ ရွိေနတတ္တယ္။
ကိုယ့္မွာ ဒီလို လကၡဏာေတြ ကို ၂ ပတ္ေက်ာ္ ခံစားေနရရင္ေတာ့ ျပဳမူေနထိုင္မႈ႕ပုံေတြကို ေျပာင္းလဲဖို႔ လိုေနပါၿပီ။ ေလ့က်င့္ခန္း တစ္ခုခုကို အခ်ိန္ေပးၿပီး ပုံမွန္လုပ္ေပးတာမ်ိဳး ၊ ဘယ္အခ်ိန္မွာ အိပ္မယ္ဆိုၿပီး အိပ္ေရးဝေအာင္ ႀကိဳးစားအိပ္ေပးတာမ်ိဳး၊ တရားထိုင္တာမ်ိဳးေတြ ျပဳလုပ္သင့္ပါတယ္။ အရက္ေသစာေတြ မူးယစ္ေဆးေတြ အဆီအစိမ့္မ်ားတဲ့ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အစားအစာေတြကို ေရွာင္ၾကဥ္ၿပီး အသီးအႏွံေတြ ဟင္းသီးဟင္း႐ြက္ေတြ မ်ားမ်ား စားေပးသင့္ပါတယ္။ စိတ္ဖိစီးမႈ႕ေတြက ေရာဂါ လကၡဏာေတြကို ပိုဆိုးေစတဲ့အတြက္ စိတ္ဖိစီးမႈ႕ေတြ ေလ်ာ့နည္းေအာင္ ျမဴးႂကြတဲ့ သီခ်င္းေတြ နားေထာင္တာမ်ိဳး ၊ ခရီးထြက္တာမ်ိဳးေတြ လုပ္သင့္ပါတယ္။
အတန္အသင့္ ျပင္းထန္ေသာ စိတ္က်ေရာဂါ
ဒီစိတ္က်ေရာဂါမွာေတာ့ အေပ်ာ့စား စိတ္က်ေရာဂါ လကၡဏာေတြအျပင္ အလုပ္မွာ စြမ္းေဆာင္ရည္ေတြ က်ဆင္းလာတာ၊ ကိုယ့္ကိုကိုယ္ အရမ္းအဆိုးျမင္ေနတာ၊ စိတ္ထိခိုက္ခံစားလြယ္တာ ေတြ ခံစားရတတ္တယ္။ ဒါ့အျပင္ အေၾကာင္းအရာ တစ္ခုခုအေပၚ အလြန္အမင္း စိတ္ပူေနတာမ်ိဳးလည္း ရွိတတ္တယ္။ ဒီအဆင့္မွာဆိုရင္ေတာ့ မိမိအလုပ္မွာေရာ ၊ ေနထိုင္မႈ႕ ဘဝထဲမွာပါ စိတ္က်ေရာဂါေၾကာင့္ အခက္ေတြ႕တာမ်ိဳးေတြ ရွိလာႏိုင္တယ္။ ေရာဂါ အေျခအေနေပၚ မူတည္ၿပီး ေဆးေသာက္ရႏိုင္တယ္။ တတ္ကြၽမ္းနားလည္တဲ့ စိတ္ေရာဂါကု ဆရာဝန္ေတြနဲ႔ စကားေျပာၿပီး စိတ္က်ေရာဂါကို သက္သာေအာင္ လုပ္တဲ့ talking therapy လည္း လုပ္လို႔ရတယ္။
ျပင္းထန္စိတ္က်ေရာဂါ
ျပင္းထန္စိတ္က်ေရာဂါဟာ မ်ားေသာအားျဖင့္ ေရာဂါ လကၡဏာေတြကို ၆ လႏွင့္ အထက္ ခံစားရတတ္တယ္။ အေပၚက လကၡဏာေတြအျပင္ ထင္ေယာင္ထင္မွားျဖစ္ေနတာေတြ၊ ေသြးေလ ေခ်ာက္ျခားေနတာေတြ ရွိတတ္တယ္။ ခံစားမႈ႕ေတြ ေလ်ာ့နည္းေနတာ ၊ အာ႐ုံခံစြမ္းေတြ နည္းေနတာမ်ိဳးေတြ ရွိတတ္တယ္။ ဘယ္သူနဲ႔မွ မေတြ႕ခ်င္ ဘယ္မွ မသြားခ်င္ဘဲ အိမ္မွာ တစ္ေယာက္တည္းေနခ်င္ေနတတ္တယ္။ ေသျခင္းတရား အေၾကာင္းကို မၾကာခဏ ေတြးတာ၊ ေသခ်င္ေနတာမ်ိဳးေတြ ရွိတတ္တယ္။ ကိုယ့္ကိုကိုယ္ ေသေၾကာင္းႀကံၿပီး သတ္ေသေလာက္တဲ့အထိ ဆိုးဝါးျပင္းထန္တတ္တယ္။
စိတ္က်ေရာဂါ ခံစားေနရသူေတြဟာ ပုံမွန္ထက္စာရင္ စကားေျပာတဲ့ေနရာ ၊ လႈပ္ရွားမႈ႕ေတြ ျပဳလုပ္တဲ့ေနရာေတြမွာ ေႏွးေကြးေလးလံေနတတ္တယ္။ ဝမ္းလည္း ခ်ဳပ္တတ္တယ္။ လိင္မႈ႕ကိစၥေတြမွာ စိတ္ဝင္စားမႈ႕ေတြ ကင္းမဲ့ေနတာ၊ စိတ္မပါတာမ်ိဳးေတြ ျဖစ္တယ္။ တခ်ိဳ႕ မိန္းကေလးေတြမွာဆိုရင္ ရာသီမလာေတာ့တာေတြ လာတဲ့ပုံစံ ေျပာင္းသြားတာေတြေတာင္ ရွိတယ္။
စိတ္က်ေရာဂါဆိုတာ ဆိုးဝါးျပင္းထန္လာတဲ့အခါမွာ မိမိအသက္ကိုေတာင္ ျပန္ၿပီး ရန္ရွာႏိုင္ေလာက္တဲ့ အထိ အႏၲရာယ္ရွိတာမို႔ စိတ္က်ေရာဂါ ျဖစ္ရင္ ကုသဖို႔ လိုတယ္။ လူနာအေနနဲ႔လည္း စိတ္ေရာ ကိုယ္ေရာ ေျပာင္းလဲလိုက္ဖို႔ လိုသလို လူနာရွင္ေတြ အေနနဲ႔လည္း ေဖးေဖးမမ စကားေျပာေပးတာမ်ိဳး ၊ အားေပးတာမ်ိဳးေတြ လုပ္ဖို႔လိုတယ္။
တခ်ိဳ႕လူေတြက်လည္း စိတ္ညစ္ေနတယ္၊ ဝမ္းနည္းေနတယ္ ငါေတာ့ စိတ္ဓာတ္က်ေနပါၿပီဆိုၿပီး ေတြးပူေနတာမ်ိဳးေတြ ရွိတယ္။ စိတ္ညစ္ေနတိုင္းလည္း စိတ္က်ေရာဂါ မဟုတ္ပါဘူး။ တစ္ခုခုကို အဆင္မေျပတဲ့အခါ ၊ ဆုံးရႈံးမႈ႕ေတြ ႀကဳံလာရတဲ့အခါ စိတ္ညစ္စရာဆိုတာ ႀကဳံရတတ္ပါတယ္။ စိတ္ညစ္တိုင္း၊ ဝမ္းနည္းတိုင္း စိတ္က်ေရာဂါ မဟုတ္ေၾကာင္း ေျပာၾကားရင္း ဒီေဆာင္းပါးေလးကို နိဂုံးခ်ဳပ္အပ္ပါတယ္။
Author : ႐ြက္သစ္
(Unicode)
အဆင်မပြေမှု့တွေ ကြုံလာတဲ့အခါမှာ စိတ်ညစ်တာတွေ ဝမ်းနည်းတာတွေကို ခံစားရလေ့ရှိပါတယ်။ ပြိုင်ဆိုင်မှု့တွေကြောင့် စိတ်တွေဖိစီးလာတဲ့အခါ စိတ်ထွက်ပေါက်တွေကို မရှာနိုင်တဲ့အခါ လူမသိအောင် ကြိတ်ငိုကြွေးခဲ့ဖူးကြပါလိမ့်မယ်။ စိတ်ညစ်တိုင်း ဝမ်းနည်းတိုင်း စိတ်ကျရောဂါ ဖြစ်နေတာလား။ စိတ်ကျရောဂါဆိုတာ ဘာလဲဆိုတာ သိနိုင်အောင် ဒီဆောင်းပါးလေးမှာ စိတ်ကျရောဂါ အကြောင်းကို အနည်းအကျဉ်း ဆွေးနွေးချင်ပါတယ်။
စိတ်ကျရောဂါဆိုတာဟာ ဝမ်းနည်းမှု့တွေကို ခံစားနေရတာ၊ မျှော်လင့်ချက်တွေ ကင်းမဲ့နေတာ၊ ကိုယ်စိတ်ဝင်စားတဲ့ အရာတွေပေါ်မှာတောင် စိတ်ဝင်စားမှု့တွေ ပျောက်ဆုံးနေတာ ( အရင်က ကိုရီးယားကား ကြည့်ရင် ပျော်နေတဲ့သူက TV ကြည့်ဖို့တောင် စိတ်မဝင်စားတော့တာမျိုးပေါ့) တွေကို ၂ ပတ်ထက် အထက် ခံစားနေရတယ်ဆိုရင် စိတ်ကျရောဂါ ခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။စိတ်ကျရောဂါ လို့ဆိုတာမှာ အပျော့စား စိတ်ကျရောဂါ ၊ အတန်အသင့် ပြင်းထန်သော စိတ်ကျရောဂါ နှင့် အပြင်းစား စိတ်ကျရောဂါ ဆိုပြီး ရှိပါတယ်။
အပျော့စား စိတ်ကျရောဂါ
ဒီစိတ်ကျရောဂါ အမျိုးအစားကို လူတော်တော်များများ ခံစားနေရတတ်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့
- စိတ်တိုစိတ်ဆတ် လွယ်နေတာ ၊ ဒေါသဖြစ်လွယ်နေတာတွေ
- မျှော်လင့်ချက်မဲ့နေတာတွေ
- အပြစ်ရှိသလို ခံစားနေရတာတွေ
- ကိုယ့်ကိုကိုယ် စက်ဆုပ် ရွံရှာနေတာတွေ
- စိတ်ဝင်စားမှု့တွေ ပျောက်ဆုံးနေတာတွေ
- အလုပ်မှာ အာရုံမစိုက်နိုင်တာတွေ
- တက်ကြွ လန်းဆန်းမှု့ မရှိတာတွေ
- ရုတ်တရက် တစ်ယောက်တည်း နေချင်လာတာတွေ
- ဘာကြောင့်မှန်းမသိဘဲနဲ့ နာကျင်ကိုက်ခဲနေတာတွေ
- နေ့ခင်းဘက်တွေ အိပ်ငိုက်နေတာ၊ ပင်ပန်းနွမ်းနယ်နေတာ
- အိပ်မပျော်တာ
- အစာစားချင်စိတ်တွေ ပြောင်းသွားတာ ( အရင်က သိပ်မစားတဲ့သူက အရမ်းစားနေတာမျိုး ၊ အရင်က စားနေတဲ့သူက အစာစားချင်စိတ် မရှိတော့တာမျိုး)
- ကိုယ်အလေးချိန်တွေ ပြောင်းသွားတာ( တချို့မှာ ဝလာတာ၊ တချို့မှာ ပိန်သွားတာ)
- အရာရာကို အလေးမထားသလို စိတ်ထားတွေ အပြုအမူတွေ ရှိနေတတ်တယ်။
ကိုယ့်မှာ ဒီလို လက္ခဏာတွေ ကို ၂ ပတ်ကျော် ခံစားနေရရင်တော့ ပြုမူနေထိုင်မှု့ပုံတွေကို ပြောင်းလဲဖို့ လိုနေပါပြီ။ လေ့ကျင့်ခန်း တစ်ခုခုကို အချိန်ပေးပြီး ပုံမှန်လုပ်ပေးတာမျိုး ၊ ဘယ်အချိန်မှာ အိပ်မယ်ဆိုပြီး အိပ်ရေးဝအောင် ကြိုးစားအိပ်ပေးတာမျိုး၊ တရားထိုင်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ အရက်သေစာတွေ မူးယစ်ဆေးတွေ အဆီအစိမ့်များတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီး အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ များများ စားပေးသင့်ပါတယ်။ စိတ်ဖိစီးမှု့တွေက ရောဂါ လက္ခဏာတွေကို ပိုဆိုးစေတဲ့အတွက် စိတ်ဖိစီးမှု့တွေ လျော့နည်းအောင် မြူးကြွတဲ့ သီချင်းတွေ နားထောင်တာမျိုး ၊ ခရီးထွက်တာမျိုးတွေ လုပ်သင့်ပါတယ်။
အတန်အသင့် ပြင်းထန်သော စိတ်ကျရောဂါ
ဒီစိတ်ကျရောဂါမှာတော့ အပျော့စား စိတ်ကျရောဂါ လက္ခဏာတွေအပြင် အလုပ်မှာ စွမ်းဆောင်ရည်တွေ ကျဆင်းလာတာ၊ ကိုယ့်ကိုကိုယ် အရမ်းအဆိုးမြင်နေတာ၊ စိတ်ထိခိုက်ခံစားလွယ်တာ တွေ ခံစားရတတ်တယ်။ ဒါ့အပြင် အကြောင်းအရာ တစ်ခုခုအပေါ် အလွန်အမင်း စိတ်ပူနေတာမျိုးလည်း ရှိတတ်တယ်။ ဒီအဆင့်မှာဆိုရင်တော့ မိမိအလုပ်မှာရော ၊ နေထိုင်မှု့ ဘဝထဲမှာပါ စိတ်ကျရောဂါကြောင့် အခက်တွေ့တာမျိုးတွေ ရှိလာနိုင်တယ်။ ရောဂါ အခြေအနေပေါ် မူတည်ပြီး ဆေးသောက်ရနိုင်တယ်။ တတ်ကျွမ်းနားလည်တဲ့ စိတ်ရောဂါကု ဆရာဝန်တွေနဲ့ စကားပြောပြီး စိတ်ကျရောဂါကို သက်သာအောင် လုပ်တဲ့ talking therapy လည်း လုပ်လို့ရတယ်။
ပြင်းထန်စိတ်ကျရောဂါ
ပြင်းထန်စိတ်ကျရောဂါဟာ များသောအားဖြင့် ရောဂါ လက္ခဏာတွေကို ၆ လနှင့် အထက် ခံစားရတတ်တယ်။ အပေါ်က လက္ခဏာတွေအပြင် ထင်ယောင်ထင်မှားဖြစ်နေတာတွေ၊ သွေးလေ ချောက်ခြားနေတာတွေ ရှိတတ်တယ်။ ခံစားမှု့တွေ လျော့နည်းနေတာ ၊ အာရုံခံစွမ်းတွေ နည်းနေတာမျိုးတွေ ရှိတတ်တယ်။ ဘယ်သူနဲ့မှ မတွေ့ချင် ဘယ်မှ မသွားချင်ဘဲ အိမ်မှာ တစ်ယောက်တည်းနေချင်နေတတ်တယ်။ သေခြင်းတရား အကြောင်းကို မကြာခဏ တွေးတာ၊ သေချင်နေတာမျိုးတွေ ရှိတတ်တယ်။ ကိုယ့်ကိုကိုယ် သေကြောင်းကြံပြီး သတ်သေလောက်တဲ့အထိ ဆိုးဝါးပြင်းထန်တတ်တယ်။
စိတ်ကျရောဂါ ခံစားနေရသူတွေဟာ ပုံမှန်ထက်စာရင် စကားပြောတဲ့နေရာ ၊ လှုပ်ရှားမှု့တွေ ပြုလုပ်တဲ့နေရာတွေမှာ နှေးကွေးလေးလံနေတတ်တယ်။ ဝမ်းလည်း ချုပ်တတ်တယ်။ လိင်မှု့ကိစ္စတွေမှာ စိတ်ဝင်စားမှု့တွေ ကင်းမဲ့နေတာ၊ စိတ်မပါတာမျိုးတွေ ဖြစ်တယ်။ တချို့ မိန်းကလေးတွေမှာဆိုရင် ရာသီမလာတော့တာတွေ လာတဲ့ပုံစံ ပြောင်းသွားတာတွေတောင် ရှိတယ်။
စိတ်ကျရောဂါဆိုတာ ဆိုးဝါးပြင်းထန်လာတဲ့အခါမှာ မိမိအသက်ကိုတောင် ပြန်ပြီး ရန်ရှာနိုင်လောက်တဲ့ အထိ အန္တရာယ်ရှိတာမို့ စိတ်ကျရောဂါ ဖြစ်ရင် ကုသဖို့ လိုတယ်။ လူနာအနေနဲ့လည်း စိတ်ရော ကိုယ်ရော ပြောင်းလဲလိုက်ဖို့ လိုသလို လူနာရှင်တွေ အနေနဲ့လည်း ဖေးဖေးမမ စကားပြောပေးတာမျိုး ၊ အားပေးတာမျိုးတွေ လုပ်ဖို့လိုတယ်။
တချို့လူတွေကျလည်း စိတ်ညစ်နေတယ်၊ ဝမ်းနည်းနေတယ် ငါတော့ စိတ်ဓာတ်ကျနေပါပြီဆိုပြီး တွေးပူနေတာမျိုးတွေ ရှိတယ်။ စိတ်ညစ်နေတိုင်းလည်း စိတ်ကျရောဂါ မဟုတ်ပါဘူး။ တစ်ခုခုကို အဆင်မပြေတဲ့အခါ ၊ ဆုံးရှုံးမှု့တွေ ကြုံလာရတဲ့အခါ စိတ်ညစ်စရာဆိုတာ ကြုံရတတ်ပါတယ်။ စိတ်ညစ်တိုင်း၊ ဝမ်းနည်းတိုင်း စိတ်ကျရောဂါ မဟုတ်ကြောင်း ပြောကြားရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်အပ်ပါတယ်။
Author : ရွက်သစ်