ဇီဝကတို့တတွေ တစ်ခါတစ်လေ မိမိတို့ မျက်စိရှေ့မှာ အစက်အပြောက်ကလေးတွေ ဟိုသည် ရွေ့လျားနေတာ မြင်ဖူးကြမှာပါ။ ဘာလို့ဖြစ်တာလဲ
ဆိုရင် ဇီဝကတို့ မျက်လုံးမှာ ရှိတဲ့ အရောင်အဆင်းကင်းမဲ့တဲ့ မျက်နှစ် Vitreous Humor ကြောင့်ဖြစ်ရတာပါ။ ထိုကဲ့သို့ ဇီဝကတို့ မြင်ကွင်းထဲ ပေါ်လာတဲ့ အစက်အပြောက်လေးတွေကို ပေါလောပေါ် အစက် Floaters လို့ခေါ်နိုင်တယ် ။
ထိုပေါလောပေါ် အစက်ကလေးတွေဟာ အနက်အစက်အပြောက်ကလေးတွေ ၊ အညိုရောင် အစက်ကလေးတွေ ၊ အပ်ချည်မျှင် ပင့်ကူမျှင်လို အစဉ်း
ကြောင်းကလေးတွေ ၊ အကွင်းပုံကလေးတွေ အနေနဲ့ မြင်ရတတ်တယ်။ မျက်နှစ်ဟာ မျက်လုံးရဲ့ ၃ပုံ ၂ပုံ အထိ ပါဝင်ပါတယ်။ မျက်နှစ်ရဲ့ ၉၈ ရာခိုင်နှုန်းဟာ ရေပါ။ ဒါ့အပြင် ကိုလက်ဂျင် နဲ့ ပရိုတင်းဓာတ်များဖြင့် ဖွဲ့စည်းထားပါတယ်။
မျက်နှစ်ဟာ မျက်လုံးကို လုံးဝန်းစေပါတယ်။ မျက်စိပေါ်ကျရောကလာတဲ့ အားတွေကို မျက်လုံးနေရာအနှံ့ ပြန့်နှံ့စေခြင်းဖြင့် ဖိအားကို သက်သာ
စေပါတယ်။ ဆန့်နိုင် ကျုံ့နိုင်တဲ့ ကိုလက်ဂျင်များပါတဲ့အတွက် မျက်လုံးဖိအားများတဲ့အခါ ပေါက်ကွဲမထွက်အောင် ကာကွယ်ပေးထားပါတယ်။
မျက်နှစ်အထဲမှာရှိတဲ့ အရည်တွေဟာ အချိန်ကာလာကြာမြင့်လာရင် အနည်ထိုင်ကာ အင်မတန်သေးငယ်လှတဲ့ ထွင်းဖောက်မမြင်ရတဲ့ အတုံးကလေးတွေ
၊အမှုန်ကလေးတွေကို ဖြစ်ပေါ်စေပါတယ်။ မျက်လုံးဟာ ရွေ့လျားနေရတာကြောင့် ထိုသေးငယ်လှတဲ့ အမှုန်ကလေးတွေဟာ အရည်ထဲမှာ ပေါလောပေါ်လာပြီး ဇီဝကတို့ အနေနဲ့ အစက်အပြောက်အဖြစ် မြင်ရတာပါ။
အများစုမှာ ထိုပေါလောပေါ်နေတဲ့ အစက်အပြောက်ကလေးတွေဟာ မျက်စိအမြင်ကို ရှုပ်ထွေးစေလို့ စိတ်ညစ်စရာကောင်းတာကလွဲရင် တခြား
ဘာမှ မဖြစ်တတ်ပါ။ အချိန်ကြာလာတာနဲ့ အမျှ မှိန်ပြီး ပျောက်သွားတတ်ပါတယ်။ ဒါမှမဟုတ် မျက်စိကို အပေါ်အောက် ဘေး ဘယ်ညာ လှုပ်ရှားရင်လည်း ပျောက်သွားတတ်တယ်။
ဒါပေမယ့် အောက်ပါအချက်များရှိရင်တော့ သတိထားသင့်ပါတယ်၊ သင့်မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် ။
-ရုတ်တရက် ပေါလောပေါ် အစက်အပြောက်များ တိုးပွားလာရင်
-လျှပ်စီးလက်သလို မျက်စိထဲ မြင်ရရင်
-လိုက်ကာကို မျက်လုံးအပေါ်ကနေ ဆွဲချလိုက်သလို မြင်ကွင်း ကွယ်သွားရင်
-မျက်စိမြင်ကွင်း ဘေးဘက်တွေ မမြင်ရဘဲ ပစ္စည်းတွေ ခဏ ခဏ ဝင်တိုက်နေရင်
-မျက်စိခွဲစိတ်မှုပြုလုပ်ပြီးမှ ပေါလောပေါ် အစက်အပြောက်တွေ မြင်ရရင် မျက်စိ ဆရာဝန်နဲ့ ပြပါ ။
ဘာတွေကြောင့် ဖြစ်တာလဲ
-အများအားဖြင့် အသက် ၅၀ကျော် လူကြီးတွေ(အသက်ငယ်ရင်လည်း တွေ့ရတတ်)
-သွေးချို ဆီးချိုရောဂါ
-သွေးတိုးရောဂါ
-မျက်စိရောဂါများ(မျက်စိ အမြင်လွှာ ကွာကျခြင်း ၊မျက်စိအတွင်း သွေးယိုခြင်း၊ မျက်စိ ကင်ဆာအကျိတ်များ စသဖြင့်)
-မျက်စိကို ထိခိုက်မိသူများ
Author : ခေတ်သစ် ဇီဝက