fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သင့်ကို ရင်တုန်စေသော အရာတွေက

160
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/11/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

သင့်ကို ရင်တုန်စေသော အရာတွေက

လူတစ်ယောက် အသက်ရှင် နေထိုင်ဖို့ ပုံမှန်အလုပ်လုပ်နေတဲ့ အရာတွေ ရှိပါတယ်။ အဲဒီအရာတွေထဲမှာ နှလုံး ၊ အဆုတ်တွေလည်း ပါဝင်ပါတယ်။ အချိန်တိုင်း အသက်ရှူနေကြတယ်၊ အချိန်တိုင်း နှလုံးခုန်နေပေမယ့် လူတော်တော်များများ သတိမပြုမိကြပါဘူး။ ဒီအလုပ်တွေက သူ့အလိုအလျှောက် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကို သတိထားမိတဲ့ အခါတွေမှာတော့ ကမောက်ကမတွေ ဖြစ်လာပါတော့တယ်။ နှလုံးခုန်တာကို သတိထားမိတဲ့အခါမှာ ရင်တုန်သလို ခံစားရတာ ၊ အသက်ရှူတာကို သတိထားမိလာတဲ့အခါမှာ အသက်ရှူမဝသလို ခံစားလာရတာတွေ ဖြစ်လာပါတော့တယ်။

ရင်တုန်တယ် ၊ နှလုံးတုန်တယ်ဆိုတဲ့ နေရာမှာ ပုံမှန် နှလုံးခုန်တာကို သတိထားမိတာ ရှိသလို ၊ နှလုံးခုန်မြန်တာ ၊ နှလုံးခုန်တာ ပုံမှန်စည်းချက် မမှန်တာကြောင့် ရင်တုန်သလို ခံစားရတာတွေ ရှိတယ်။ များသောအားဖြင့် ရင်တုန်ခြင်းကို ဖြစ်စေတာကတော့ ကဖင်းဓာတ်ပါတဲ့ အစားအစာတွေ ( ဥပမာ ကော်ဖီ၊ လက်ဖက်ရည်) တွေ အစားများတာ၊ အပူအစပ်တွေစားတာ၊ လေ့ကျင့်ခန်းတစ်ခုခု ပြင်းပြင်းထန်တန်လုပ်ပြီးရင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို မြန်စေတဲ့အတွက် နှလုံးခုန်မြန်စေပါတယ်။ အိပ်ရေးမဝခြင်း ၊ ဆေးလိပ်သောက်ခြင်းနှင့် အရက်သေစာ စားသုံးခြင်းတွေကြောင့်လည်း နှလုံးခုန် မြန်တတ်ပါတယ်။

နောက်တစ်ခုက စိတ်ဖိစီးမှု့တွေ ၊ စိတ်လှုပ်ရှားမှုတွေကလည်း ရင်တုန်တတ်ပါတယ်။ တစ်ခုခုကို ကြောက်လန့်နေတဲ့အချိန်မှာ ရင်တွေ တဒိန်းဒိန်းနဲ့ တုန်လာတာမျိုးတွေ ရှိပါတယ်။ ငယ်ငယ်က စာမေးခံရမှာစိုးလို့ ရင်တွေတုန်တာမျိုး ၊ အလုပ်အင်တာဗျူးဖြေရင်း ရင်တွေတုန်နေတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒါတွေက စိတ်လှုပ်ရှားလို့ ဖြစ်ရတာပါ။ စိတ်ဖိစီးမှု့တွေ ရှိနေတဲ့သူတွေဆိုလည်း ရင်တုန်သလို ခံစားရပါတယ်။ ဒီလိုတွေ မဖြစ်အောင် တရားထိုင်တာမျိုး ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

သင်သောက်နေတဲ့ ဆေးတွေကြောင့်လည်း ရင်တွေ တုန်နိုင်ပါသေးတယ်။ အများသိတာကတော့ ရင်ကြပ်ပျောက်ဆေးဖြစ်တဲ့ အမိုင်နိုသောက်ရင် ရင်တုန်တယ်ဆိုတာ အမှန်ကတော့ အမိုင်နိုတင် မကပါဘူး။ မှိုသတ်ဆေးတွေ ၊ နှာစေးပျောက်ဆေးတွေ နဲ့ ပိုးသတ်ဆေးတွေကြောင့်လည်း ရင်တုန်နိုင်ပါသေးတယ်။ တချို့သွေးပေါင်ကျဆေးတွေကလည်း ရင်တုန်ခြင်းကို ဖြစ်စေတတ်တယ်။

အမျိုးသမီးများအဖို့ ဟော်မုန်း အပြောင်းအလဲ အချိန်တွေဖြစ်တဲ့ ရာသီလာချိန်မျိုး ၊ ကိုယ်ဝန်ရှိချိန်မျိုး နဲ့ သွေးဆုံးခါနီး အချိန်တွေမှာ ရင်တုန်ခြင်းကို ခံစားရနိုင်ပါသေးတယ်။ ပြီးတော့ ချမ်းတုန်ဖျားတဲ့ အခါမျိုး ၊ အဖျားကြီးတဲ့ အခါမျိုး ၊ ခန္ဓာကိုယ်ရဲ့ နေရာတစ်ခုခုကို ပိုးဝင်လို့ သွေးဆိပ်သင့်နေတဲ့ အချိန်မျိုးတွေမှာလည်း နှလုံးခုန်မြန်ပြီး ရင်တွေ တုန်တတ်ပါတယ်။

ရင်တုန်ခြင်းကို ဖြစ်စေတဲ့ ရောဂါတွေကတော့ လည်ပင်းအကျိတ်က အဆိပ်ထုတ်တာများတဲ့ လည်ပင်းကြီးရောဂါ ၊ သွေးအားနည်း ရောဂါ နဲ့ သွေးပေါင်ကျခြင်းတွေကြောင့်လည်း ရင်တုန်တတ်ပါတယ်။ ဒါ့အပြင် သွေးထဲမှာ သကြားဓာတ်နည်းတာ ( ဘာမှ မစားဖြစ်တဲ့ အခြေအနေတွေ ၊ ဆီးချိုရောဂါသည်တွေ ဆေးများသွားတဲ့ အခြေအနေတွေ ၊ လူမမာတွေမှာ) ဖြစ်လေ့ရှိပါတယ်။

နှလုံးရောဂါတွေကလည်း ရင်တုန်ခြင်းနဲ့ ရောဂါလက္ခဏာ ပြတာမျိုး ရှိပါတယ်။ နှလုံးခုန်မမှန်ခြင်း ၊ နှလုံးခုန် ပရမ်းပရာဖြစ်ခြင်းတွေက တစ်ခါတစ်လေမှာ ရင်တုန်ခြင်းကို ဖြစ်စေရုံသာမက မေ့လဲတာတွေ ၊ အသက်အန္တရာယ်ထိ ဖြစ်စေတာတွေ ရှိပါတယ်။ အဲဒီအတွက် နှလုံးခုန် ရင်တုန်ပြီဆိုရင် ရင်ဘတ်အောင့်တာ ၊ ဇောချွေးတွေ ပြန်လာတာမျိုးတွေနဲ့ တွဲနေရင် မပေ့ါဆပဲ တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ သေချာတိုင်ပင် ကုသကြပါလို့ တိုက်တွန်းရင်း ……………………

Author : Dr. မေ

Previous Post

ဗီတာမင်အုပ်စု အကြောင်း သိကောင်းစရာ ( အပိုင်း ၄ )

Next Post

အရေပြား တီဘီ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေပြား တီဘီ

ရောဂါပိုးတွေဟာ ဘယ်လိုကူးစက်ကြသလဲ

ဆေးလောကမှ တချို့ ရောဂါနာမည်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.