အမှန်တကယ် အသားအရေလှပစေဖို့ဆိုရင် ဒီအချက်အလက်တွေကို လိုက်နာဖို့လိုပါတယ်။
– နေရောင်ခြည်ကို ရှောင်ကြဉ်ရပါမယ်။
– နေရောင်ခြည်ကို ရောင်ပြန်ဟပ်စေတဲ့ အပူစုပ်ယူမှု အားနည်းတဲ့အဝတ်အထည်လေးတွေကို ဝတ်ဆင်ရပါမယ်။
– နေရောင်ကာ ပစ္စည်းလေးတွေအဝတ်အစားတွေ ဝတ်ဆင်ရပါမယ်။
– ဆေးလိပ်မသောက်ပါနဲ့။
– Moisturizer သုံးပါ။
-ပက်လက်အိပ်ပါ။ တစ်ညပြီးတစ်ည အိပ်စက်နေတဲ့အိပ်စက်ပုံစံကြောင့်လည်း ပါးရေတွန့်ခြင်းကို သက်ရောက်မှုရှိနိုင်ပါတယ်။ ဘေးစောင်းအိပ်တဲ့အခါမှာပါးမို့နဲ့မေးစေ့မှာ အရေးအကြောင်းထင်ခြင်းတွေ ပိုဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ ပက်လက်အိပ်ပေးပါ။
– ဆယ်လမွန်ငါးပိုစားပါ။
ဆယ်လမွန်ငါးမှာ ပရိုတင်းဓာတ်များစွာပါဝင်တဲ့အတွက် အသားအရေအတွက် ကောင်းမွန်စေပါတယ်။ နောက်ပြီး Omega 3 ဖက်တီးအက်ဆစ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဖက်တီးအက်ဆစ်ဟာဆိုရင် အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးမြင်ပြီး အသားအရေတင်းရင်း ပြည့်ဖြိုးနုပျိုစေကာ အရေးအကြောင်းများကိုလည်း လျော့နည်းစေတယ်လို့ ကျွမ်းကျင်ပညာရှင်များက ပြောကြပါတယ်။
– မျက်မှောင်မကြုတ်ပါနဲ့။
မျက်နှာနဲ့ ပတ်သက်တဲ့ဖော်ပြချက်တိုင်းမှာ မျက်မှောင်အလွန်အကျွံကြုတ်တာဟာ မျက်နှာကြွက်သားတွေကို အလုပ်ပိုဖြစ်စေပြီး မျက်နှာအသားအရေလျော့တွဲစေတယ်လို့ သိရပါတယ်။ အသားအရေလျော့တွဲမှုကနေ အရေးအကြောင်းတွေဖြစ်စေပါတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ မျက်လုံးအကြည့်ကို ဂရုစိုက်သင့်ပါတယ်။
– မျက်မှန်လိုအပ်မယ်ဆိုရင် မျက်မှန်တပ်သင့်ပါတယ်။ နေရောင်ကာ မျက်မှန်တွေလည်း တပ်သင့်ပါတယ်။
အဲ့လိုမျက်မှန်တပ်ပေးခြင်းအားဖြင့် နေရောင်ကြောင့် ထိခိုက်မှုကိုလည်း ကာကွယ်ပေးပြီး မျက်မှောင်ကြုတ်မှုကိုလည်း လျော့နည်းစေပါတယ်။
– အယ်ဖာဟိုက်ဒြိုက် အက်ဆစ်(AHAs)ဒီသဘာဝအက်ဆစ်ဓာတ် (AHAs) ဟာဆိုရင် အရေပြားအပေါ်ယံအလွှာက ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။
(AHAs) ဓာတ်ဟာ ဆိုလို့ရှိရင် ချွေးပေါက်ကျယ်ခြင်းတွေကို လျော့ချပေးနိုင်ပြီးတော့ မျက်နှာပြင်အရေးကြောင်း အထူးသဖြင့် မျက်လုံးနားတဝိုက်က အရေးအကြောင်းတွေကို လျော့ချပေးပါတယ်။ (AHAs) ဟာ အသားအရေထဲမှာ ကိုလာဂျင်ထုတ်လုပ်မှုမြင့်တက်စေပြီး အသားအရေအတွက် ပရိုတိန်းဓာတ်အပြည့်အဝပေးတဲ့အတွက် အသားအရေကို ကြည်လင်လန်းဆန်းတင်းရင်းစေပါတယ်။
– မျက်နှာကို အလွန်အကျွံမသစ်ပါနဲ့။
မျက်နှာသစ်လိုက်ခြင်းအားဖြင့် မျက်နှာအရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်တဲ့ မျက်နှာမှာရှိတဲ့ အစိုဓာတ်တွေသဘာဝ အဆီအနှစ်တွေကို လျော့နည်းသွားစေပါတယ်။ ဒါ့ကြောင့် မို့မျက်နှာကို မကြာခဏဆေးမယ်ဆိုရင် အဲ့ဒီအစိုဓာတ်အဆီဓာတ်တွေကို ဖယ်ရှားပစ်လိုက်သလိုပါပဲ။ မျက်နှာသစ်တဲ့အခါမှာလည်း အစိုဓာတ်ပါတဲ့ ဆပ်ပြာ၊ ဂျယ်၊ ဒါမှမဟုတ် Cream cleanser လေးတွေ သုံးပေးစေချင်ပါတယ်။
– ဗီတာမင်စီအချို့သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအရ ဗီတာမင်စီဟာ အရေပြားထဲမှာ ကိုလာဂျင်ထုတ်လုပ်မှုကို တိုးတက်စေနိုင်တယ်လို့ သိရပါတယ်။
ဗီတာမင်စီဟာ ခရမ်းလွန်ရောင်ခြည်အေ (UVA) နဲ့ ဘီ (UVB) နှစ်မျိုးစလုံးကို ကာကွယ်ပေးနိုင်သည့်အပြင် အရေပြားနီမြန်းခြင်း၊ အမဲစက်ဖြစ်ခြင်းနဲ့ အသားအရောင် မညီညာခြင်းတွေကို လျော့ကျစေပါတယ်။ ဒါ့ကြောင့် ဗီတာမင်စီပါတဲ့ အလှကုန်တွေကို သုံးပေးစေချင်ပါတယ်။
– ကိုကိုးမှုန့်လေ့လာမှုအရ ကိုကိုးမှုန့်မှာ ဓာတ်တိုးဆန့်ကျင့်ပစ္စည်းတွေ မြင့်မားစွာပါတဲ့အတွက် မျက်နှာအရေးအကြောင်း၊ နေရောင်ကြောင့် အသားအရေပျက်စီးခြင်းတွေကို ကာကွယ်ပေးပါတယ်။ အရေပြားဆဲလ်တွေထဲကို သွေးစီးဆင်းမှုကောင်းမွန်စေပါတယ်။ အသားအရေအစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ အရေပြားကို ပိုမိုချောမွေ့စေပါတယ်။
Author: ဖြိုးသူဇာ, Healthcare Journal ,vol 8,no 39(13.10.17)