ဆီးခဏခဏသြားျခင္း´
`ဆီးခဏခဏသြားျခင္း´
ဆီးသည္ပုံမွန္ထက္ ခဏခဏသြားျခင္းသည္ ဘာေၾကာင့္လဲဟူေသာ ေမးခြန္းသည္ အေမးမ်ားပါတယ္။ဆီးအိမ္ပါ ေအာင့္၍ ဆီးခဏခဏသြားခ်င္သည္လည္း ျဖစ္ေလ့ရွိပါတယ္။ ဆီးမေအာင့္ထားႏိုင္ေအာင္ ခဏခဏသြားခ်င္စိတ္ ျဖစ္ေနတတ္ၾကသည္။
ဆီးခဏခဏ သြားခ်င္ရျခင္းရဲ႕ အဓိကအေၾကာင္းရင္းသည္ ဆီးပိုးဝင္ျခင္း ျဖစ္ပါတယ္။ အျခားျဖစ္ႏိုင္ေခ်မ်ားေသာ အေၾကာင္းရင္းမ်ားမွာ-
-ေရမ်ားမ်ားေသာက္ျခင္း
-လဘက္ရည္၊ ေကာ္ဖီ အေသာက္မ်ားျခင္း
-အရက္၊ ဘီယာေသာက္ျခင္း
-ဆီးခ်ိဳရွိျခင္း
-ကိုယ္ဝန္ေဆာင္စဥ္
-ဆီးက်ိတ္ႀကီးျခင္း
-ဆီးေဆးေသာက္ျခင္း
-ဆီးအိမ္ေရာင္ျခင္း
-ဆီးအိမ္အလုပ္ပိုလုပ္ျခင္း
-မမ်ိဳးပြားအဂၤါ ပိုးဝင္ျခင္းတို႔ပဲ ျဖစ္ပါတယ္။
အျခားျဖစ္ႏိုင္ေခ်ရွိေသာအေၾကာင္းရင္းမ်ားမွာ
-ဆီးပိုးဝင္ျခင္း
-ဆီးမေအာင့္ထားနိင္ျခင္း
-ေက်ာက္ကပ္ ေက်ာက္တည္ျခင္း
-ေသြးဆုံးခါနီး အေျခအေန
-ဆီးအိမ္ေက်ာက္တည္ျခင္းႏွင့္ ပိုးဝင္ျခင္း
-ဆီးအိမ္ထိပ္ ပိတ္ျခင္း
-ဆီးအိမ္ အလုပ္ပိုလုပ္ျခင္း
-ဆီးႁပြန္ပိုးဝင္ျခင္း
-ဆီးႁပြန္က်ဥ္းျခင္း
-ကင္ဆာျဖစ္ျခင္း
-ေက်ာက္ကပ္ပ်က္ျခင္း
-သားဥအိမ္ကင္ဆာျဖစ္ျခင္း
-အေရျပားေရာဂါမ်ား
-အက္ဆီတုံး အဆိပ္သင့္ျခင္း
-ေလျဖတ္ျခင္း
-ဓာတ္ေရာင္ျခည္ျဖင့္ ကုထားျခင္း စသည္တို႔ေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ အသက္ႀကီးသူမ်ားတြင္ညဘက္ ဆီးခဏခဏသြားရျခင္းမွာ ဆီးမသြားႏိုင္ေအာင္ တားေသာေဟာ္မုန္း ဓာတ္ေလ်ာ့က်ျခင္းႏွင့္ဆီးအိမ္က်ဳံ႔ဆန႔္မႈ နည္းလာျခင္းတို႔ေၾကာင့္ ျဖစ္ပါတယ္။
ဆီးခဏခဏသြားျခင္းသည္ ကုသမႈခံယူရန္ အၿမဲမလိုအပ္ေသာ္လည္း ေအာက္ခံတျခားေသာ ေရာဂါအေျခအေန တစ္ခုရွိခဲ့ေသာ္ ကုသမႈ ခံယူရန္ လိုအပ္ပါတယ္။ ဆီးသည္ ေသြးေရာင္ပါျခင္း၊ အနည္က်ျခင္း၊ အနံ႔နံျခင္း၊ ဆီးေအာင့္ျခင္း၊ ခ်မ္းတုန္ဖ်ားျခင္း၊ အန္ျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ပိန္ျခင္း၊အစားအေသာက္ပ်က္ျခင္း၊ မိန္းမကိုယ္မွ အျခားအရည္မ်ား ထြက္ျခင္း စသည့္ လကၡဏာမ်ား ခံစားရလွ်င္ ကုသမႈ ခံယူရန္ အေရးႀကီးပါတယ္။
ကုသနည္းမ်ားကေတာ့ ျဖစ္ရေသာအေၾကာင္းရင္းေပၚ မူတည္၍
(1)လူေနထိုင္မႈ ပုံစံေျပာင္းလဲ ျခင္း
အဆီအစိမ့္ေရွာင္ျခင္း၊ ေက်ာက္ကပ္ထိမည့္ အစားအစာေရွာင္ျခင္း၊ ေရမ်ားမ်ားေသာက္ျခင္း၊ ေအာက္ခံသန႔္ရွင္းေအာင္ထားျခင္း၊ ဆီးသြားတိုင္း ေရေဆးပါ၊ မလိုအပ္ပဲ ေဆးမေသာက္ရပါ၊ အရက္ဘီယာ၊ လဘက္ရည္၊ ေကာ္ဖီေရွာင္ျခင္းတို႔ပဲ ျဖစ္ပါတယ္။
(2)ပိုးသတ္ေဆးျဖင့္ ကုသျခင္းႏွင့္ ေရာဂါအေၾကာင္းရင္းကုသျခင္း စသည္တို႔ပဲ ျဖစ္ပါတယ္။
Author : Dr. ျပည့္ရွင္း
ဆီးခဏခဏသွားခြင်း´
`ဆီးခဏခဏသွားခြင်း´
ဆီးသည်ပုံမှန်ထက် ခဏခဏသွားခြင်းသည် ဘာကြောင့်လဲဟူသော မေးခွန်းသည် အမေးများပါတယ်။ဆီးအိမ်ပါ အောင့်၍ ဆီးခဏခဏသွားချင်သည်လည်း ဖြစ်လေ့ရှိပါတယ်။ ဆီးမအောင့်ထားနိုင်အောင် ခဏခဏသွားချင်စိတ် ဖြစ်နေတတ်ကြသည်။
ဆီးခဏခဏ သွားချင်ရခြင်းရဲ့ အဓိကအကြောင်းရင်းသည် ဆီးပိုးဝင်ခြင်း ဖြစ်ပါတယ်။ အခြားဖြစ်နိုင်ချေများသော အကြောင်းရင်းများမှာ-
-ရေများများသောက်ခြင်း
-လဘက်ရည်၊ ကော်ဖီ အသောက်များခြင်း
-အရက်၊ ဘီယာသောက်ခြင်း
-ဆီးချိုရှိခြင်း
-ကိုယ်ဝန်ဆောင်စဉ်
-ဆီးကျိတ်ကြီးခြင်း
-ဆီးဆေးသောက်ခြင်း
-ဆီးအိမ်ရောင်ခြင်း
-ဆီးအိမ်အလုပ်ပိုလုပ်ခြင်း
-မမျိုးပွားအင်္ဂါ ပိုးဝင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
အခြားဖြစ်နိုင်ချေရှိသောအကြောင်းရင်းများမှာ
-ဆီးပိုးဝင်ခြင်း
-ဆီးမအောင့်ထားနိင်ခြင်း
-ကျောက်ကပ် ကျောက်တည်ခြင်း
-သွေးဆုံးခါနီး အခြေအနေ
-ဆီးအိမ်ကျောက်တည်ခြင်းနှင့် ပိုးဝင်ခြင်း
-ဆီးအိမ်ထိပ် ပိတ်ခြင်း
-ဆီးအိမ် အလုပ်ပိုလုပ်ခြင်း
-ဆီးပြွန်ပိုးဝင်ခြင်း
-ဆီးပြွန်ကျဉ်းခြင်း
-ကင်ဆာဖြစ်ခြင်း
-ကျောက်ကပ်ပျက်ခြင်း
-သားဥအိမ်ကင်ဆာဖြစ်ခြင်း
-အရေပြားရောဂါများ
-အက်ဆီတုံး အဆိပ်သင့်ခြင်း
-လေဖြတ်ခြင်း
-ဓာတ်ရောင်ခြည်ဖြင့် ကုထားခြင်း စသည်တို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ အသက်ကြီးသူများတွင်ညဘက် ဆီးခဏခဏသွားရခြင်းမှာ ဆီးမသွားနိုင်အောင် တားသောဟော်မုန်း ဓာတ်လျော့ကျခြင်းနှင့်ဆီးအိမ်ကျုံ့ဆန့်မှု နည်းလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။
ဆီးခဏခဏသွားခြင်းသည် ကုသမှုခံယူရန် အမြဲမလိုအပ်သော်လည်း အောက်ခံတခြားသော ရောဂါအခြေအနေ တစ်ခုရှိခဲ့သော် ကုသမှု ခံယူရန် လိုအပ်ပါတယ်။ ဆီးသည် သွေးရောင်ပါခြင်း၊ အနည်ကျခြင်း၊ အနံ့နံခြင်း၊ ဆီးအောင့်ခြင်း၊ ချမ်းတုန်ဖျားခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပိန်ခြင်း၊အစားအသောက်ပျက်ခြင်း၊ မိန်းမကိုယ်မှ အခြားအရည်များ ထွက်ခြင်း စသည့် လက္ခဏာများ ခံစားရလျှင် ကုသမှု ခံယူရန် အရေးကြီးပါတယ်။
ကုသနည်းများကတော့ ဖြစ်ရသောအကြောင်းရင်းပေါ် မူတည်၍
(1)လူနေထိုင်မှု ပုံစံပြောင်းလဲ ခြင်း
အဆီအစိမ့်ရှောင်ခြင်း၊ ကျောက်ကပ်ထိမည့် အစားအစာရှောင်ခြင်း၊ ရေများများသောက်ခြင်း၊ အောက်ခံသန့်ရှင်းအောင်ထားခြင်း၊ ဆီးသွားတိုင်း ရေဆေးပါ၊ မလိုအပ်ပဲ ဆေးမသောက်ရပါ၊ အရက်ဘီယာ၊ လဘက်ရည်၊ ကော်ဖီရှောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
(2)ပိုးသတ်ဆေးဖြင့် ကုသခြင်းနှင့် ရောဂါအကြောင်းရင်းကုသခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။
Author : Dr. ပြည့်ရှင်း