Zawgyi
အခုတေလာ online မွာ ဝိတ္ခ်ဖို႔အတြက္ ေဆးဝါးေတြကတစ္မ်ိဳး အစားအေသာက္ေတြကတစ္မ်ိဳး ေၾကာ္ျငာလာပါတယ္။ တစ္ခ်ိဳ႕ဆို ရက္အနည္းငယ္ပဲစားၿပီး ၁ဝ ေပါင္ ၁၅ ေပါင္ေလာက္က်တယ္လို႔ေတာင္ေရးၿပီးေရာင္းလာၾကပါတယ္။ တကယ္တမ္း ဒီလိုက်တယ္ဆိုရင္ ေတာ္ေတာ္အႏၲရာယ္မ်ားပါတယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ ဓါတုပစၥည္းတစ္ခုခု ပါေနတက္လို႔ပါ။ (ဥပမာ – ကဖိန္း (Caffine) ဓါတ္အမ်ားႀကီးပါေနတာ၊ သိုင္းရႈိက္ေဟာ္မုန္း (Thyroid Hormone) ထည့္ထားတာ၊ အက္ဖဒရင္း (Ephedrine) လို႔ေခၚတဲ့ အႏၲရာယ္မ်ားတဲ့ ဓါတုပစၥည္းထည့္ထားတာမ်ိဳး ေတြျဖစ္ေနတဲ့အတြက္ေၾကာင့္ပါ) ေဘးထြက္ဆိုးက်ိဳး အေနနဲ႔ စိတ္ကေယာင္ကတန္းျဖစ္တာ၊ ေအာ့အန္တာ၊ ရင္တုန္တာ ေနာက္ဆုံး ႏွလုံးခုန္ႏႈန္း မမွန္ေတာ့ဘဲ အသက္ဆုံးရႈံးသည္ အထိျဖစ္ႏိုင္ပါတယ္။
ဒါဆိုရင္ ကြၽန္ေတာ္တို႔ သဘာဝအစားအစာနဲ႔ တစ္ေန႔တာလိုအပ္တဲ့ ကယ္လိုရီပမာဏကို ျမင့္တင္ၿပီး ဝိတ္က်ေအာင္ ဘယ္လိုလုပ္ၾကမလဲ? အဓိက ကေတာ့ Basal Metabolic Rate (BMR) ကို တက္ေစမယ့္ အစားအစာေတြကို ေ႐ြးခ်ယ္ေပးဖို႔လိုအပ္ပါတယ္။
(၁) Proten (အသားဓါတ္)
– ဝိတ္ခ်ေနတဲ့ သူေတြမွာ အသားဓါတ္မ်ားမ်ား စားေပးဖို႔လိုပါတယ္။ ဘာျဖစ္လိုလဲဆိုေတာ့ စားလိုက္တဲ့အသားဓါတ္ကို ကိုယ္ခႏၶာက ေခ်ျဖတ္တဲ့ေနရာမွာ Energy (ကယ္လိုရီ) မ်ားမ်ားလိုအပ္တဲ့ အတြက္ေၾကာင့္ျဖစ္ပါတယ္။ သို႔ေပမယ့္ ေကာင္းက်ိဳးရွိသလို ဆိုးက်ိဳးလဲရွိပါတယ္။
အသားမ်ားမ်ားစားရင္ စြန႔္ပစ္ပစၥည္းျဖစ္တဲ့ (Urea Creatinine) ေတြဟာ ပုံမွန္ထက္ ပိုမ်ားလာတဲ့အတြက္ ေက်ာက္ကပ္ေရာဂါ ရွိတဲ့လူေတြအေနနဲ႔ ဒီနည္းကလုံးဝ မသင့္ေတာ္ပါဘူး။ သာမန္လူေတြ အေနနဲ႔လည္း အသားဓါတ္ မ်ားမ်ားစားၿပီးရင္ ေရမ်ားမ်ား ျပန္ေသာက္ဖို႔က အေရးႀကီးပါတယ္။ အသားဓါတ္ဆိုေတာ့ ဘာေတြစားၾကမလဲ။ ၾကက္သား၊ ငါး၊ ဝက္သား၊ အမဲသား၊ ပဲ၊ ၾကက္ဥ စသည္ျဖင့္ လူေတာ္ေတာ္မ်ားမ်ားကေတာ့ သိၿပီးသားပါ။
ကြၽန္ေတာ္အေနနဲ႔ အႀကံေပးခ်င္တာကေတာ့ အသားစားတဲ့ေနရာမွာ က်န္တဲ့အသားေတြအစား ကယ္လိုရီလည္းနည္းၿပီး အူမႀကီးကင္ဆာ ျဖစ္ပြားႏႈန္းလည္းနည္းတဲ့ ၾကက္သားနဲ႔ ငါးကို ပိုစားေစခ်င္ပါတယ္။ ၾကက္ဥစားတဲ့ေနရာမွာလည္း အႏွစ္ကို တစ္လုံးပဲစားၿပီး က်န္အလုံးေတြကို အကာပဲစားပါ။ ၾကက္ဥတစ္လုံးက ကယ္လိုရီနည္းေပမယ့္ အႏွစ္မွာပါတဲ့ ကိုလတ္စထေရာကေတာ့ တစ္လုံးထက္ပိုၿပီး မစားသင့္ပါဘူး။
(၂) ၾကက္႐ိုး ျပဳတ္ရည္
– ၾကက္ျပဳတ္ရည္မွာ Amino Acid (အမိုင္ႏို အက္ဆစ္) မ်ားစြာပါတဲ့အတြက္ ဝိတ္ခ်ေနတဲ့လူေတြမွာ ျဖစ္တက္တဲ့ ႂကြက္သားတြဲက်တာ၊ ႂကြက္သား ေသးသြားတာေတြကို ကာကြယ္ေပးတဲ့အတြက္ တစ္ေန႔တာလိုအပ္တဲ့ ကယ္လိုရီပမဏကို ျမင့္တက္လာေစပါတယ္။
(၃) ခ်ယ္ရီသီး
– ခ်ယ္ရီသီးမွာေတာ့ ဓါတ္တိုး ဆန႔္က်င္သတၱိပါဝင္တဲ့အျပင္ ကိုယ္ခႏၶာက အဆီေတြကိုေခ်ျဖတ္တဲ့ ေနရာမွာလည္း ပါဝင္ကူညီေပးပါတယ္။ ထို႔အျပင္ Melatonin (မလက္တိုနင္) ဆိုတဲ့ဓါတ္ပစၥည္းပါဝင္တဲ့အတြက္ ေန႔ႏွင့္ည အိပ္ခ်ိန္ပုံမွန္မျဖစ္ေနသူမ်ားအတြက္ လြန္စြာအသုံးဝင္တဲ့ နည္းတစ္မ်ိဳးပါ။
(၄) ဂရိတ္ဖ႐ု
– သူကေတာ့ BMR ကိုတက္ေစတဲ့အတြက္ တစ္ေန႔တာလိုအပ္တဲ့ Energy (ကယ္လိုရီ) ပမာဏကို တက္ေစတဲ့အတြက္ ဝိတ္ခ်ေနသူမ်ားအတြက္ စားသင့္တဲ့အသီးပါ။ သို႔ေသာ္ ေရာဂါတစ္ခုခုရွိေနလို႔ေဆးေတြေသာက္ေနရပါက သက္ဆိုင္ရာ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွစားပါ။ ဂ႐ိုတ္ဖ႐ုက ေဆးေတာ္ေတာ္မ်ားမ်ားရဲ႕ အာနိသင္ကို ေလ်ာ့ေစတဲ့အတြက္ ေဆးကုသတဲ့ေနရာမွာ မထိေရာက္ဘဲျဖစ္တက္ပါတယ္။
(၅) အသီးအ႐ြက္မ်ား
– အခုဆိုရင္ေတာ့ ကြၽန္ေတာ္လည္း အသီးအ႐ြက္စားဖို႔ေျပာတာခဏခဏျဖစ္လာတဲ့အတြက္ အေတာ္အသင့္ေတာ့ သတိထားမိၾကၿပီ ထင္ပါတယ္။ အသီးအ႐ြက္ေတြကို ကြၽန္ေတာ္တို႔ လူေတြရဲ႕ အစာအိမ္နဲ႔ အူလမ္းေၾကာင္းက ေတာ္ေတာ္နဲ႔ မေခ်ျဖတ္ႏိုင္တဲ့အတြက္ အခ်ိန္အေတာ္အၾကာအထိ ဗိုက္ျပည့္ေစပါတယ္။
အသီးအ႐ြက္ကိုတစ္ေန႔တာ အေနနဲ႔ တ႐ုတ္ပန္းကန္လုံး ၃ ခြက္ (ခ်က္ၿပီးသား) သို႔မဟုတ္ ၆ ခြက္ (မခ်က္ရေသး) အနည္းဆုံးစားသင့္ပါတယ္။ အသီးအ႐ြက္စားျခင္းဟာ အူမႀကီးကင္ဆာ ျဖစ္ပြားမႈ႕ကို ေလွ်ာ့ခ်ေစသည့္အျပင္ ဝမ္းမွန္ေစၿပီး ခႏၶာကိုယ္ အတြင္းရွိ ကိုလက္စထေရာ (Cholesterol) ပမာဏကိုလည္းေလွ်ာ့ခ်ေပးပါတယ္။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္
Unicode
အခုတလော online မှာ ဝိတ်ချဖို့အတွက် ဆေးဝါးတွေကတစ်မျိုး အစားအသောက်တွေကတစ်မျိုး ကြော်ငြာလာပါတယ်။ တစ်ချို့ဆို ရက်အနည်းငယ်ပဲစားပြီး ၁ဝ ပေါင် ၁၅ ပေါင်လောက်ကျတယ်လို့တောင်ရေးပြီးရောင်းလာကြပါတယ်။ တကယ်တမ်း ဒီလိုကျတယ်ဆိုရင် တော်တော်အန္တရာယ်များပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဓါတုပစ္စည်းတစ်ခုခု ပါနေတက်လို့ပါ။ (ဥပမာ – ကဖိန်း (Caffine) ဓါတ်အများကြီးပါနေတာ၊ သိုင်းရှိုက်ဟော်မုန်း (Thyroid Hormone) ထည့်ထားတာ၊ အက်ဖဒရင်း (Ephedrine) လို့ခေါ်တဲ့ အန္တရာယ်များတဲ့ ဓါတုပစ္စည်းထည့်ထားတာမျိုး တွေဖြစ်နေတဲ့အတွက်ကြောင့်ပါ) ဘေးထွက်ဆိုးကျိုး အနေနဲ့ စိတ်ကယောင်ကတန်းဖြစ်တာ၊ အော့အန်တာ၊ ရင်တုန်တာ နောက်ဆုံး နှလုံးခုန်နှုန်း မမှန်တော့ဘဲ အသက်ဆုံးရှုံးသည် အထိဖြစ်နိုင်ပါတယ်။
ဒါဆိုရင် ကျွန်တော်တို့ သဘာဝအစားအစာနဲ့ တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီပမာဏကို မြင့်တင်ပြီး ဝိတ်ကျအောင် ဘယ်လိုလုပ်ကြမလဲ? အဓိက ကတော့ Basal Metabolic Rate (BMR) ကို တက်စေမယ့် အစားအစာတွေကို ရွေးချယ်ပေးဖို့လိုအပ်ပါတယ်။
(၁) Proten (အသားဓါတ်)
– ဝိတ်ချနေတဲ့ သူတွေမှာ အသားဓါတ်များများ စားပေးဖို့လိုပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ စားလိုက်တဲ့အသားဓါတ်ကို ကိုယ်ခန္ဓာက ချေဖြတ်တဲ့နေရာမှာ Energy (ကယ်လိုရီ) များများလိုအပ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ သို့ပေမယ့် ကောင်းကျိုးရှိသလို ဆိုးကျိုးလဲရှိပါတယ်။
အသားများများစားရင် စွန့်ပစ်ပစ္စည်းဖြစ်တဲ့ (Urea Creatinine) တွေဟာ ပုံမှန်ထက် ပိုများလာတဲ့အတွက် ကျောက်ကပ်ရောဂါ ရှိတဲ့လူတွေအနေနဲ့ ဒီနည်းကလုံးဝ မသင့်တော်ပါဘူး။ သာမန်လူတွေ အနေနဲ့လည်း အသားဓါတ် များများစားပြီးရင် ရေများများ ပြန်သောက်ဖို့က အရေးကြီးပါတယ်။ အသားဓါတ်ဆိုတော့ ဘာတွေစားကြမလဲ။ ကြက်သား၊ ငါး၊ ဝက်သား၊ အမဲသား၊ ပဲ၊ ကြက်ဥ စသည်ဖြင့် လူတော်တော်များများကတော့ သိပြီးသားပါ။
ကျွန်တော်အနေနဲ့ အကြံပေးချင်တာကတော့ အသားစားတဲ့နေရာမှာ ကျန်တဲ့အသားတွေအစား ကယ်လိုရီလည်းနည်းပြီး အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းလည်းနည်းတဲ့ ကြက်သားနဲ့ ငါးကို ပိုစားစေချင်ပါတယ်။ ကြက်ဥစားတဲ့နေရာမှာလည်း အနှစ်ကို တစ်လုံးပဲစားပြီး ကျန်အလုံးတွေကို အကာပဲစားပါ။ ကြက်ဥတစ်လုံးက ကယ်လိုရီနည်းပေမယ့် အနှစ်မှာပါတဲ့ ကိုလတ်စထရောကတော့ တစ်လုံးထက်ပိုပြီး မစားသင့်ပါဘူး။
(၂) ကြက်ရိုး ပြုတ်ရည်
– ကြက်ပြုတ်ရည်မှာ Amino Acid (အမိုင်နို အက်ဆစ်) များစွာပါတဲ့အတွက် ဝိတ်ချနေတဲ့လူတွေမှာ ဖြစ်တက်တဲ့ ကြွက်သားတွဲကျတာ၊ ကြွက်သား သေးသွားတာတွေကို ကာကွယ်ပေးတဲ့အတွက် တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီပမဏကို မြင့်တက်လာစေပါတယ်။
(၃) ချယ်ရီသီး
– ချယ်ရီသီးမှာတော့ ဓါတ်တိုး ဆန့်ကျင်သတ္တိပါဝင်တဲ့အပြင် ကိုယ်ခန္ဓာက အဆီတွေကိုချေဖြတ်တဲ့ နေရာမှာလည်း ပါဝင်ကူညီပေးပါတယ်။ ထို့အပြင် Melatonin (မလက်တိုနင်) ဆိုတဲ့ဓါတ်ပစ္စည်းပါဝင်တဲ့အတွက် နေ့နှင့်ည အိပ်ချိန်ပုံမှန်မဖြစ်နေသူများအတွက် လွန်စွာအသုံးဝင်တဲ့ နည်းတစ်မျိုးပါ။
(၄) ဂရိတ်ဖရု
– သူကတော့ BMR ကိုတက်စေတဲ့အတွက် တစ်နေ့တာလိုအပ်တဲ့ Energy (ကယ်လိုရီ) ပမာဏကို တက်စေတဲ့အတွက် ဝိတ်ချနေသူများအတွက် စားသင့်တဲ့အသီးပါ။ သို့သော် ရောဂါတစ်ခုခုရှိနေလို့ဆေးတွေသောက်နေရပါက သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှစားပါ။ ဂရိုတ်ဖရုက ဆေးတော်တော်များများရဲ့ အာနိသင်ကို လျော့စေတဲ့အတွက် ဆေးကုသတဲ့နေရာမှာ မထိရောက်ဘဲဖြစ်တက်ပါတယ်။
(၅) အသီးအရွက်များ
– အခုဆိုရင်တော့ ကျွန်တော်လည်း အသီးအရွက်စားဖို့ပြောတာခဏခဏဖြစ်လာတဲ့အတွက် အတော်အသင့်တော့ သတိထားမိကြပြီ ထင်ပါတယ်။ အသီးအရွက်တွေကို ကျွန်တော်တို့ လူတွေရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက တော်တော်နဲ့ မချေဖြတ်နိုင်တဲ့အတွက် အချိန်အတော်အကြာအထိ ဗိုက်ပြည့်စေပါတယ်။
အသီးအရွက်ကိုတစ်နေ့တာ အနေနဲ့ တရုတ်ပန်းကန်လုံး ၃ ခွက် (ချက်ပြီးသား) သို့မဟုတ် ၆ ခွက် (မချက်ရသေး) အနည်းဆုံးစားသင့်ပါတယ်။ အသီးအရွက်စားခြင်းဟာ အူမကြီးကင်ဆာ ဖြစ်ပွားမှု့ကို လျှော့ချစေသည့်အပြင် ဝမ်းမှန်စေပြီး ခန္ဓာကိုယ် အတွင်းရှိ ကိုလက်စထရော (Cholesterol) ပမာဏလည်းလျှော့ချပေးပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်