တကယ်တမ်း သစ်သီးတွေ မှာ အဖိုးမဖျက်နိုင်တဲ့ ဗီတာမင် နှင့် သတ္တု ဓါတ်တွေ ပါဝင်ပြီးသားပါ။ ဒါကြောင့် မို့လည်း ကျွန်တော် တို့ တစ်နေ့တာ ကို အသီးအရွက် ကို သတ်မှတ်ထားတဲ့ ပမာဏ ကို ပြည့်မီအောင်စားဖို့ အကြံအမြဲပေးဖြစ်နေတာပါ။
ဒါပေမယ့် အသီးတွေ ကို ရေစိမ်ပြီး ၁ရက်ကြာထားတာ၊ ဒါမှ မဟုတ် နာရီပိုင်း ကြာထားပြီး သောက်တာက တော့ ထွေထွေထူးထူး အကျိုးအာနိသင် သက်ရောက်မှု ရှိတယ် ဆိုပြီး ဖော်ပြထားတာတော့ မရှိသေးပါဘူး။ ဒါတွေ သောက်မယ့်အစား အသီးတစ်လုံး လတ်လတ်ဆတ်ဆတ် စားတာက ဗီတာမင် နှင့် သတ္တု ဓါတ်ပြည့်ဝ စွာပို ရနိုင်ပါတယ်။
နောက်တစ်ခု အခုနောက်ပိုင်း ခေတ်စားလာတဲ့ detox water နဲ့ ၃ ရက်တာ ဘာမှ မစားဘဲ detox water ပဲသောက်ပြီး အူလမ်းကြောင်း ကို ဆေးပစ်တယ် ဆိုတာကလည်း လွဲမှားနေတဲ့ အတွက် လိုက်မလုပ်ကြဖို့ တိုက်တွန်းပါရစေ။
အူလမ်းကြောင်း ဆေးချင်ရင် လွယ်ပါတယ်။ တစ်နေ့တာ သတ်မှတ်ထားတဲ့ အသီးအရွက် ပမာဏ (ချက်ပြီးသား ဆိုရင် ထမင်း ပန်းကန်လုံး ၃ လုံး) (မချက်ရသေးတဲ့ အစိမ်း ဆိုရင် ထမင်း ပန်းကန်လုံး ၆လုံး) ပြည့်အောင် စားပေးခြင်းအားဖြင့် အူလမ်းကြောင်း မှာရှိနေတဲ့ ကင်ဆာ ဖြစ်စေတဲ့ ဓါတ်ပစ္စည်းတွေ ကို ဖယ်ရှားပေးခြင်းဖြင့် အူလမ်းကြောင်း သန့်ရှင်းပေးရာ ရောက်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်