အရေပြားကျန်းမာရေးဟာ ခန္ဓာကိုယ်အတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်မှုရှိ၊ မရှိဆိုတဲ့ အချက်ပေါ်မှာ အများကြီးမူတည်နေသောကြောင့် အသားအရေ ကျန်းမာလှပရေးအတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက်တွေက –
မိတ်ကပ်လိမ်းခြယ်အိပ်ရင် အသားအရေကို ထိခိုက်စေပါတယ်။ မိတ်ကပ်ကြောင့် ချွေးပေါက်ပိတ်တာ၊ အရေးပြား ရောင်ရမ်းတာနဲ့ ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာမဝင်ခင်မှာ အရေးပြားကို နူးညံ့တဲ့ ဆပ်ပြာနဲ့ ဆေးကြောသန့်စင်ပေးပြီးမှသာ အိပ်သင့်ပါတယ်။
တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေကို စားသုံးလိုက်လို့ ခန္ဓာကိုယ်ထဲ ရောက်သွားချိန်မှာ အရေပြားရဲ့ ကျန်းမာရေးကို ကောင်းကျိုးမပေးတာကြောင့် တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေကို မစားသင့်ပါဘူး။
အိုမီဂါသရီးဖက်တီးအက်စစ်ဆိုတဲ့ အဆီကတော့ အသားအရေကို ကျန်းမာလှပစေပါတယ်။ ငါးနဲ့ ငါးအဆီပါဝင်တဲ့ အစာတွေကို စားတာက အသားအရေကို ကျန်းမာလှပစေပါတယ်။ သံလွင်ဆီကလည်း ကောင်းတဲ့အဆီဖြစ်တာကြောင့် ဟင်းလျာတွေကို ချက်ပြုတ်တဲ့အခါမှာ ထည့်သွင်းသင့်ပါတယ်။
မျက်နှာပေါ်က အဖုတွေကို လက်နဲ့ ပွတ်သပ်ထိတွေ့မှုကြောင့် အဖုအပိမ့်တွေကို ပိုဆိုးစေပြီး အနာကျက်ချိန်မှာ အမာရွတ်ထင်ကျန်စေပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အဖုအပိမ့်တွေရှိနေရင် အရေပြား အထူးကုဆရာဝန် ညွှန်ကြားတဲ့ ဝက်ခြံပျောက်ဆေးကို သုံးသင့်ပါတယ်။
ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှု ကြောင့် အရေပြားကင်ဆာနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတို့ကို ဖြစ်စေနိုင်တာမို့ နေပူစာကို အချိန်အကြာကြီး မလှုံသင့်ပါဘူး။
ရေကို အချိန်အကြာကြီး ချိုးတာနဲ့ ရေပူနဲ့ ချိုးတာတွေဟာ အရေးပြားကို ရေဓာတ်ခြောက်စေပါတယ်။ ဒါကြောင့် အချိန်တိုအတွင်း ရေချိုးပြီးအစိုဓာတ်ရှိအောင် အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးသင့်ပါတယ်။
ဆော်ဒါနဲ့ တခြားအချိုရည်တွေမှာ ကယ်လိုရီပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန်များစေနိုင်သလို အရေးပြားကို နွမ်းနယ်စေပါတယ်။
ညနေဘက် အပြင်ကနေ အိမ်ကိုပြန်ရောက်လာပြီဆိုရင် ဗက်ဆလင်းအလှဆီ Vasaline ကိုသုံးပြီး မျက်လုံးပေါ်က မိတ်ကပ်တွေကို ဖျက်သင့်ပါတယ်။ ဒီအလှဆီက မျက်လုံးကို ထိခိုက်မှု မဖြစ်စေဘဲ မျက်လုံးတစ်ဝိုက်က နူးညံ့တဲ့ အရေးပြားကို အကာအကွယ်ပေးပါတယ်။ နှုတ်ခမ်းသားတွေ ကွဲအက်နေရင် ဗက်ဆလင်းအလှဆီကို လိမ်းကာ သွားတိုက်တံ အဟောင်းတစ်ခုနဲ့ နှုတ်ခမ်းသားတွေကို နှိပ်နယ်ပွတ်တိုကပေးရပါမယ်။ တစ်နေ့ကို နှစ်ကြိမ်လောက်လုပ်ပေးလိုက်ရင် နှုတ်ခမ်းသားတွေက ပိုးသားလိုနူးညံ့ချောမွေ့သွားမှာပါ။
အမျိုးသမီးများအတွက် လက်ကိုင်အိတ်ထဲ မဖြစ်မနေဆောင်ထားသင့်တဲ့ အလှကုန်ပစ္စည်းတွေကတော့ နှုတ်ခမ်းဆိုးဆေးအဆီ Lip Gloss ဖြစ်ပါတယ်။ မျက်နှာပေါ်က အပြစ်အနာအဆာ ဖုံးကွယ်ဖို့နည်းကတော့ ကွန်ဆဲလ်လာကို သုံးရမှာ ဖြစ်ပါတယ်။ အသုံးပြုနည်းကတော့ လက်ခလယ်မှာ ဂွမ်းစတစ်စစွပ်ပြီး ကွန်ဆဲလ်လာတို့ကာ ဖုံးချင်တဲ့ အရေးပြားပေါ်မှာ ထိတွေ့ပေးပါ။ သတိပြုရမှာက နေရောင်ကာ ခရင်မ်လိမ်းသလို ဖောင်ဒေးရှင်း မိတ်ကပ်လိမ်းသလို ပွတ်ပြီး လိမ်းရမှာ မဟုတ်ပါဘူး။
နုပျိုလှပဖို့အတွက် ဈေးကွက်ထဲမှာ အသားအရေထိန်းပစ္စည်းတွေ မျိုးစုံရှိပါတယ်။ မိမိအသားအရေနဲ့ သင့်တော်တဲ့ အသားအရေထိန်းပစ္စည်းကိုသာ ရွေးဝယ်ပါလို့ အကြံပြုပါရစေ။
AUTHOR – ညီညီကျော်
Credit to Health Care Journal (Vol-7, No-23)