fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အရေပြားအကြောင်းသိကောင်းစရာ

801
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/01/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အရေပြားဆိုတာဟာ ခန္ဓာကိုယ်ရဲ့အကြီးမား ကျယ်ပြန့်ဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကို ပြင်ပ ပတ်ဝန်းကျင်ရဲ့ အပူဒဏ် အအေးဒဏ် လေဒဏ်စတာတွေကနေ ကာကွယ်ပေးထားတဲ့ခံတပ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။

အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိသမျှ အရေပြား စုစုပေါင်းရဲ့ အလေးချိန်ဟာ အကြမ်းအားဖြင့် ၈ပေါင်ကနေ ၁၁ပေါင်လောက် ရှိနိုင်ပါတယ်။ အရေပြားရဲ့ အဓိကကျတဲ့လုပ်ဆောင်ချက်တွေကတော့

ပြင်ပကနေလာတဲ့ ပိုးမွှားတွေ၊ ဖုန်တွေ၊ အဆိပ်တောက် ဖြစ်စေတဲ့ဟာတွေကို ခန္ဓာကိုယ်ထဲကိုအလွယ်တကူ ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးတာနဲ့ ခန္ဓာကိုယ်ရဲ့အပူချိန်ကို ပတ်ဝန်းကျင် အပူချိန်ပေါ်လိုက်ပြီး မျှတအောင် ထိန်းပေးတာ ဖြစ်ပါတယ်။

အရေပြားမှာ ရေ ၇၀ ရာခိုင်နှုန်း၊ ပရိုတင်း ၂၅ ရာခိုင်နှုန်းနဲ့ အဆီဓါတ် ၅ ရာခိုင်နှုန်းခန့် ပါရှိပြီး အလွှာသုံးလွှာ ပါရှိပါတယ်။

၁။Epidermis အက်ပီဒါးမစ်လို့ခေါ်တဲ့ အပြင်ဆုံးလွှာ သို့မဟုတ် အပေါ်ဆုံးလွှာ

ထိုအလွှာကို ဆေးပညာအရ စထရာတန်ကော်နီယန် (Stratum corneum) လို့လည်း ခေါ်ပါတယ်။
ထိုအလွှာဟာ တချို့နေရာတွေ (ဥပမာ မျက်ခွံ)မှာ အလွန်ပါးပြီး တချို့နေရာတွေ (ဥပမာ ခြေဖဝါး၊လက်ဖဝါး)မှာ အလွန်ထူပါတယ်။ အရေပြား အသားရောင်ကို ဖော်ပြပေးတဲ့ melanocytes (မယ်လနင် ထုတ်ပေးသော ဆဲလ်များ)တွေဟာလည်း ဒီအလွှာထဲမှာ ရှိပါတယ်။ ထို melanocytes တွေက melanin Pigment လို့ခေါ်တဲ့ အနက်ရောင်ချယ်ဆေး ကို ထုတ်ပေးပြီး အသားအရောင် ကွဲ ပြားမှုကိုဖြစ်စေပါတယ်။

၂။ Dermis ဒါးမစ်လို့ခေါ်တဲ့ အလယ်လွှာ

ဒီ ဒါးမစ်လို့ခေါ်တဲ့အလယ်လွှာက အရေပြားအလွှာ သုံးလွှာထဲမှာ အထူဆုံးအလွှာ ဖြစ်ပါတယ်။ အထူဆုံးဖြစ်နေရတာကလည်း သူ့ထဲမှာ အာရုံကြောတွေ၊ သွေးကြောတွေ၊ အဆီဆဲလ်တွေ၊ ချွေးနဲ့ အဆီဂလင်းတွေ၊ အမွှေးထွက်အိတ်ကလေးတွေ (hair follicles) စသဖြင့် ပါရှိနေလို့ပါ။ ပူတဲ့အရာတစ်ခုခု (ဥပမာ မီးပူ၊ ရေနွေးပူအိုး၊ ဖယောင်းတိုင်မီး) ကို မတော်တဆ ထိမိတဲ့အခါမှာ လက်ကို ချက်ချင်းရုတ်သိမ်းတာဟာ ဒီဒါးမစ်အလွှာထဲမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်။

ဒါတွေအပြင် ဒီအလယ်လွှာမှာ ကိုလက်ဂျင် (Collagen)နဲ့ အီလက်စတင်(Elastin) ဆိုတဲ့ ပရိုတင်းနှစ်မျိုးလည်း ပါရှိပါတယ်။ ကိုလက်ဂျင်ပရိုတင်းကတော့ အရေပြားကိုသန်မာအောင် တာရှည်ခံအောင်လုပ်ဆောင်ပေးပြီး၊ အီလက်စတင် ပရိုတင်းကတော့ အရေပြားကို ကျုံနိုင်ဆန့်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။

၃။Hypodermis ဟိုက်ပိုဒါးမစ်လို့ခေါ်တဲ့ အတွင်းဆုံးအလွှာ

အတွင်းဆုံးအလွှာကိုတော့ အဆီ (fat) နဲ့ ကော်နစ်တစ်တသျှုး (connective tissue)ခေါ်ဆက်စပ်တသျှုး တွေနဲ့ဖွဲ့စည်းထားပါသည်။ အဆီလွှာကတော့ ခန္ဓာကိုယ်ရဲ့အပူချိန်ကို ထိန်းပေးပြီး ချော်လဲတာတွေ၊ ပြုတ်ကျတာတွေ ဖြစ်တဲ့အခါ အရိုးကို တိုက်ရိုက်ချက်ချင်း မထိအောင် အကာအကွယ်အလွှာအဖြစ်လဲ ကာကွယ်ပေးပါတယ်။

ကော်နစ်တစ်သျှုး ခေါ် ဆက်စပ်တစ်သျှုးတွေကတော့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို အရိုးတွေနဲ့ ချိတ်ဆက်ပေးတာပါ။

Author : Dr. 528

Previous Post

ကင်ဆာရောဂါအကြောင်း ပြောရအောင်

Next Post

ကလေးနို့တိုက်နည်း အနုပညာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
545
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
801

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးနို့တိုက်နည်း အနုပညာ

Variety of fresh raw organic fruits and vegetables in light blue containers sitting on bright blue wooden background

အသက်သတ်လွတ် စားခြင်းနဲ့ ကျန်းမာရေး

ရှက်လို့ကြိတ်ပြီး ခံစားတဲ့ ပရိုစတိတ်ဂလင်းကြီးထွားမှု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.