fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အစာအိမ်အတွက်ဆေး

437
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/07/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

နောက်ဆုံးလူနာကြည့်ပြီးလို့ ဆေးခန်းပိတ်ဖို့ပြင်နေတုန်း လမ်းထိပ်အိမ်က ဒေါ်အေးတစ်ယောက် ကပျာကယာနဲ့ ရောက်လာပြီး
‘တော်သေးတာပေါ့ ဆရာ မပြန်သေးလို့ ‘
‘ ဟုတ်ကဲ့ဗျ ဘာဖြစ်လို့လဲဗျ ကျွန်တော်ဆေးခန်းတောင် ပိတ်တော့မလို့’
‘ ဟုတ်တယ် ဆရာရေ အားနာလိုက်တာ ကျွန်မလည်း ဆရာ့ဆီလာမယ်ဆိုပြီး အလုပ်ရှုပ်နေတာနဲ့ အခုမှ သတိရတော့ ပြေးလာတာ’
ဆေးခန်းပိတ်လက်စကို ခဏရပ်ထားလိုက်ရင်း
‘ရပါတယ်ဗျာ ဘာများဖြစ်လို့လဲ’
‘ ဖြစ်တော့မဖြစ်သေးဘူးဆရာ ဖြစ်မှာစိုးလို့ ကျွန်မကြိုလာတာ’
‘ ဒေါ်အေးစကားက ဆန်းသားပဲဗျ’

‘ ဒီလိုပါ ဆရာရယ် အိမ်က အမျိုးသားက အလုပ်တော့လုပ်ပါရဲ့။ ညနေစောင်းဆို အရက်လေးနည်းနည်းတော့သောက်လိုက်ရမှ အကျင့်လိုဖြစ်နေတာ။ သောက်တော့လည်း အစာမပါ ဘာမပါနဲ့။ သောက်တာတော့ သိပ်မများပေမယ့် နေ့စဉ်ရက်ဆက်သောက်နေတာ ဖြတ်ဖို့ပြောတော့လည်း အလုပ်ပင်ပန်းတာကိုအကြောင်းပြပြီး လျှော့သောက်မယ်ပြောပြီး ဒုံရင်းပဲ’
‘ဟုတ်ကဲ့ခင်ဗျ ဆက်ပြောပါဦး’
‘ အဲဒါ ဆရာရေ ဟိုးတစ်ပတ်လောက်ကစပြီး ညဦးပိုင်းတွေမှာ ဗိုက်ထဲ ပူသလိုလိုအောင့်သလိုလိုပဲတဲ့ နောက်ပိုင်းတော့ အရက်လျှော့သောက်လာတော့ အောင့်တယ်တော့ ပြောသံမကြားရတော့ဘူး’
‘ဟုတ်ကဲ့ဗျ အခုအဒေါ့်အမျိုးသားရော’

‘သူက အိမ်မှာပါ။ ဆရာ သူကတော့ ကောင်းတယ်ပဲပြောတယ် ဆရာ။ ကျွန်မက စိတ်ပူလို့ အစာအိမ်တွေ ဘာတွေဖြစ်နေမှာစိုးလို့ပါ။ ဆရာ အဲဒါ ကျွန်မ ဘာများလုပ်ပေးလို့ရမလဲလို့ပါ ဆရာ့ကို လာတိုင်ပင်တာပါ’
‘ ဟုတ်ကဲ့ပါ အခု လောလောဆယ် အောင့်တာသက်သာနေတယ်ဆိုရင်တော့ ခဏစောင့်ကြည့်ပါဦး။ ဒီကြားထဲတော့ အရက်လည်းရအောင်လျှော့ပါ။ တဖြည်းဖြည်း ဖြတ်နိုင်အောင်ကြိုးစားပါ။ နည်းနည်းပါးပါးသောက်ဖြစ်တယ်ဆိုလည်း အစာတစ်ခုခုတွဲစားပါ။ အစားလည်းအချိန်မှန်စားဖို့လိုပါတယ်။ အောင့်ထားတာဆိုတော့ အပူအစပ်အမာတွေတော့ သိပ်မစားစေချင်ဘူး။’
‘ဟုတ်ကဲ့ပါ ဆရာ။ ဆေးတွေဘာတွေရော သောက်ဖို့လိုသေးလား ဆရာ။’
‘ မအောင့်ဘူးဆိုရင်တော့ မလိုပါဘူး။ အပေါ်ကပြောတာတွေပဲလုပ်ပေးပါ။ လေဆေးလေးတော့ ဆောင်ထားပါ။ အောင့်တယ်ဆိုတဲ့အခါတွေမှာ တစ်လုံးလောက် သေချာဝါးစားလိုက်ပါ။ အောင့်နေတဲ့ ရက်တွေဆို တစ်နေ့သုံးကြိမ်ထိ စားလို့ရတယ်။ လေဆေးရွေးတဲ့အခါမှာလည်း တချို့ဆေးတွေက လေထိုးလေအောင့်ပျောက်စေတဲ့ အာနိသင်ပဲ ပါတာရှိတယ်။ တချို့ဆေးတွေကျတော့ လေထိုးတာအတွက်ရော အစာအိမ်မကောင်းတာအတွက်ရော ကောင်းတယ်။ ဆရာ ဆေးရေးပေးထားပေးမယ်။’

‘ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ဆရာ။ ဒါနဲ့ အဲ့ဒီဆေးက ခါးလားဆရာ။ အမျိုးသားက အရက်သာသောက်တာ ဆေးဆိုအသေကြောက်တာ။ ဒါကြောင့်လည်း ဆေးခန်းတွေ မပြဖြစ်တာပါ’
‘ ဆေးက မခါးပါဘူး။ ချိုလည်းချိုတယ်။ မွှေးလည်းမွှေးပါတယ်။ ဝါးစားလိုက်ရုံပဲ’
‘ ဟုတ်ကဲ့ပါ ဆရာ ဝယ်ထားလိုက်ပါ့မယ်’
‘ နောက်တစ်ခုလောက်မေးချင်လို့ပါ ဆရာ’
‘ဟုတ်ကဲ့ပါ မေးပါ’


‘ သမီးအကြီးမကလည်း အခုစာမေးပွဲကြီးနီးတော့ စိုးရိမ်ပူပင်တာတွေများပြီး အစားစားချိန် မမှန်တော့ဘူး။ အဲဒါကြာလာရင်ဘအစာအိမ်ရောဂါ ဖြစ်မှာစိုးလို့ပါ။’ ‘စာဘယ်လောက်ပဲ ကျက်ကျက် ကြိုးစားပြီး အစားကိုအချိန်မှန်စားဖို့ပြောပါ။ စိတိဖိစီးတာတော့ အနည်းနဲ့အများရှိမှာပဲ။ တတ်နိုင်သလောက်တော့ စိတိအေးအေးထားဖို့ပြောပါ။ စိတ်ဖိစီးတာတွေ အစာစားချိန် မမှန်တာတွေ ပေါင်းပြီး အစာအိမ်ရောင်တတ်တယ်။’
‘ဟုတ်ကဲ့ ဆရာ ၊ ကျွန်မလည်း အဲလို ဖြစ်မှာ စိုးရိမ်တာ ၊ တကယ်လို့ ညဖက် ဗိုက်အောင့်တာတွေ ဘာတွေ ဖြစ်လာရင် ဆရာ ခုနက ရေးပေးထားတဲ့ဆေး တိုက်လို့ ရမလားဆရာ’
‘ရပါတယ်’
‘ဟုတ်ကဲ့ပါ ဆရာရယ်။ ကျေးဇူးတင်ပါတယ်။ ‘
‘ဟုတ်ကဲ့ပါ။ ဆေး ချည်းပဲတော့ မဟုတ်ဘူးနော်။ စောစောက ကျွန်တော်ပြောတဲ့ ဆောင်ရန်ရှောင်ရန်တွေလည်း သေချာလိုက်လုပ်ဖို့လိုပါတယ်’
‘ဟုတ်ကဲ့ပါ ဆရာ’
‘ ဒါတွေလည်းလုပ်တယ် အောင့်မြဲအောင့်သေးတယ်တယ်ဆိုရင်တော့ ဆေးခန်းပြပြီး သေချာစစ်ဆေးကြည့်ပါ’
‘ ဟုတ်ကဲ့ပါဆရာ ကျေးဇူးအများကြီးတင်ပါတယ်’
ဒေါ်အေးတစ်ယောက် ပြန်သွားတော့မှ ဆေးခန်းကို သေချာပြန်ပိတ်ရင်း ပြန်ဖို့ ပြင်ဆင်ရတော့တယ်

Author : Dr. CST

Previous Post

နဖူးပေါ်က ဝက်ခြံများ

Next Post

ဒေါင်းရောဂါအကြောင်းအပိုင်း၃-စမ်းသပ်စစ်ဆေးနည်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
835
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဒေါင်းရောဂါအကြောင်းအပိုင်း၃-စမ်းသပ်စစ်ဆေးနည်းများ

သားအိမ်မရှိတော့လျှင် ဘာဖြစ်မလဲ

ပခုံးလှုပ်မရသောပြဿနာ (သို့) Frozen Shoulder

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.